မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုမြင့်တက်လာခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် စိုးရိမ်မှု မြင့်တက်နေဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူပြော

 896

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ် သည် မြန်မာနိုင်ငံအတွင်း ပြီးခဲ့သော လမှစတင်ပြီး လက်နက်ကိုင် ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည့်အပေါ် စိုးရိမ်နေကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ က ထုတ်ဖော်ပြောဆို လိုက်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ကယား၊ မွန်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ရာ လူပေါင်း ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်နေရသူ ၂ သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာဥပဒေကို လေးစားလိုက်နာရန် နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ရန်တို့ကိုလည်း တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ဖော်ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် လက်ရှိအချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးရ သူအရေအတွက် ၂ သန်းကျော် ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က " ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂ဝ၂၂) နဲ့ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက် အာဆီယံအဖွဲ့၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆက်လက်လက်တွဲလုပ်ဆောင်ဖို့ကတိပြုထားတယ်။ ပြည်သူများကို အကာအကွယ်ပေးဖို့နဲ့ ဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားမႈျမင့္တက္လာျခင္းအေပၚ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ စိုးရိမ္မႈ ျမင့္တက္ေနဟု ၎၏ ေျပာေရးဆိုခြင့္ရွိသူေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ဂူတာရက္စ္ သည္ ျမန္မာႏိုင္ငံအတြင္း ၿပီးခဲ့ေသာ လမွစတင္ၿပီး လက္နက္ကိုင္ ပဋိပကၡမ်ား တိုးျမင့္ျဖစ္ပြားေနသည့္အေပၚ စိုးရိမ္ေနေၾကာင္း ၎၏ ေျပာေရးဆိုခြင့္ရွိသူ က ထုတ္ေဖာ္ေျပာဆို လိုက္သည္။

ၿပီးခဲ့ေသာ ေအာက္တိုဘာ ၂၇ ရက္မွစတင္ၿပီး ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္၊ စစ္ကိုင္း၊ ကယား၊ မြန္ျပည္နယ္ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသမ်ားတြင္ တိုက္ပြဲျဖစ္ပြားမႈ အရွိန္ျမင့္တက္လာခဲ့ရာ လူေပါင္း ၂ သိန္းေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရၿပီး၊ ျမန္မာႏိုင္ငံတြင္ ေနရပ္စြန႔္ခြာေနထိုင္ေနရသူ ၂ သန္းခန႔္ရွိလာေၾကာင္း ကုလသမဂၢက ေျပာသည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ဂူတာရက္စ္က သက္ဆိုင္သူအားလုံးအေနျဖင့္ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ ဆိုင္ရာဥပေဒကို ေလးစားလိုက္နာရန္ ႏွင့္ အရပ္သားျပည္သူမ်ားအား ကာကြယ္ေစာင့္ေရွာက္ေရး အစြမ္းကုန္ ေဆာင္႐ြက္ရန္တို႔ကိုလည္း ေတာင္းဆိုလိုက္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က ထုတ္ေဖာ္ေျပာလိုက္သည္။

ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနျခင္းေၾကာင့္ လက္ရွိအခ်ိန္အထိ ေနရပ္စြန႔္ခြာထြက္ေျပးရ သူအေရအတြက္ ၂ သန္းေက်ာ္ ရွိေနေၾကာင္း ကုလသမဂၢအဖြဲ႕က ေျပာသည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က " ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ဟာ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္ ၂၆၆၉ (၂ဝ၂၂) နဲ႔ အၾကမ္းဖက္မႈမ်ား အဆုံးသတ္ေစေရးအတြက္ အာဆီယံအဖြဲ႕၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ မိတ္ဖက္ အဖြဲ႕အစည္းေတြနဲ႔ ဆက္လက္လက္တြဲလုပ္ေဆာင္ဖို႔ကတိျပဳထားတယ္။ ျပည္သူမ်ားကို အကာအကြယ္ေပးဖို႔နဲ႔ ဥပေဒကို ခ်ိဳးေဖာက္မႈမ်ားအတြက္ တာဝန္ရွိသူမ်ားကိုလည္း တာဝန္ခံမႈ၊ တာဝန္ယူမႈ ရွိေစေရး လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္" ဟု ေျပာသည္။

Picture

Htoo Myat Thu

16/11/2023 22:08

You already know who set the fire and you have no right to reveal it.

Related news

© 2021. All rights reserved.