ရွှေကျင်မြို့နယ်ရှိ ချောင်းကူးတံတားတစ်စင်းအား KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နစက ထုတ်ပြန်

908
Pearl (NP News) - နိုဝင်ဘာ ၂၉
ရွှေကျင်မြို့နယ်ရှိ ချောင်းကူးတံတားတစ်စင်းအား KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နစက ကသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၇) ရက်၊ နံနက် (၃) နာရီခန့်တွင် ပဲခူတိုင်း၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ တံတားအမှတ်(၁/၁၀၇) “ကျုံပကူ” ချောင်းကူးတံတားအား KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါတံတား၏ တောင်ဘက်ကမ်းကပ်ခုံဘက်မှ တံတားကြမ်းခင်း ၄ ပေခန့် နှင့် ဝဲ/ယာတံတား လက်ရန်း ၆ ပေခန့် ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
လက်ရှိတွင် ပျက်စီးခဲ့သည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများက ပြင်ဆင်ခြင်းများဆောင်ရွက်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သောကာလများအတွင်းကလည်း KNU၊ PDF ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်း၊ ကျောက်ကြီး၊ နတ်သံကွင်းတကြောရှိ တံတားများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
zawgyi version
ေ႐ႊက်င္ၿမိဳ႕နယ္ရွိ ေခ်ာင္းကူးတံတားတစ္စင္းအား KNU၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း နစက ထုတ္ျပန္
Pearl (NP News) - ႏိုဝင္ဘာ ၂၉
ေ႐ႊက်င္ၿမိဳ႕နယ္ရွိ ေခ်ာင္းကူးတံတားတစ္စင္းအား KNU၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း နစက ကသတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၂၇) ရက္၊ နံနက္ (၃) နာရီခန႔္တြင္ ပဲခူတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္၊ ေ႐ႊက်င္-သိမ္ဇရပ္သြားကားလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေ႐ႊက်င္-သိမ္ဇရပ္သြားကားလမ္းေပၚရွိ တံတားအမွတ္(၁/၁၀၇) “က်ဳံပကူ” ေခ်ာင္းကူးတံတားအား KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့မႈေၾကာင့္ အဆိုပါတံတား၏ ေတာင္ဘက္ကမ္းကပ္ခုံဘက္မွ တံတားၾကမ္းခင္း ၄ ေပခန႔္ ႏွင့္ ဝဲ/ယာတံတား လက္ရန္း ၆ ေပခန႔္ ပ်က္စီးခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရေၾကာင္း သိရသည္။
လက္ရွိတြင္ ပ်က္စီးခဲ့သည့္ တံတားအား အမ်ားျပည္သူ ျပန္လည္အသုံးျပဳႏိုင္ရန္ တာဝန္ရွိသူမ်ားက ျပင္ဆင္ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ၿပီးခဲ့ေသာကာလမ်ားအတြင္းကလည္း KNU၊ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ပဲခူးတိုင္း၊ ေက်ာက္ႀကီး၊ နတ္သံကြင္းတေၾကာရွိ တံတားမ်ားကို မိုင္းခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။