စစ်မှုထမ်းဆောင်ရန် စစ်ပြေးအပါအဝင် စစ်မှုထမ်းဟောင်းထောင်နှင့်ချီကာ ဆက်သွယ်လာကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

17280
ကျော် (NP News) - ဒီဇင်ဘာ ၅
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ဆန္ဒပြုဆက်သွယ်လာသည့် စစ်ပြေးအပါအဝင် စစ်မှုထမ်းဟောင်းဦးရေသည် ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်)နေ့လည်ပိုင်းအထိ ထောင်ချီရှိကြောင်း နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်မှုထမ်းဟောင်းများ၊ ကျန်းမာရေးအခြေအနေအရ တပ်မတော်မှထွက်ခွင့်ရထားသည့် စစ်သည်တော်ဟောင်းများ၊ ခွင့်မဲ့၊ စစ်ပြေးဖြစ်နေသောစစ်သည်များက ၎င်းတို့တတ်နိုင်သည့် စစ်ဆင်ရေးတာဝန်၊ လုံခြုံရေးတာဝန်များ ထမ်းဆောင်ချင်သည်ဟုဆိုကာ စာရေးသားဆန္ဒပြုလာခြင်းများရှိကြောင်း ၎င်းကပြောသည်။
"စစ်သားဆိုတာ တစ်ခါစစ်သားဖြစ်ဖူးရင် အမြဲတမ်းစစ်သားဆိုတဲ့ စိတ်ဓာတ်မျိုးခံယူထားတဲ့သူတွေဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ကြောင့် သတ်မှတ်ကာလနှင့်အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ(သို့မဟုတ်) နီးစပ်ရာတပ်များ၌ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကာ စစ်မှုထမ်းရန်ဆန္ဒပြုသော သာမန်ပြစ်မှုကျူးလွန်သော တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ပြောသည်။
"ဒီဇင်ဘာလ(၃)ရက်ရဲ့အရှေ့ပိုင်းရက်တွေမှာ ခွင့်မဲ့ပျက်ကွက်ကြေညာခံထားရသူတွေအနေနဲ့ တပ်မှာစစ်မှုပြန်ထမ်းဖို့ ရည်ရွယ်ချက်နဲ့ပြန်လာမယ်ဆိုရင် စစ်ပြေးအဖြစ်မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်အဖြစ်သတ်မှတ်ပြီး စစ်မှုပြန်ထမ်းဖို့ လက်ခံပေးသွားမှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့အတူ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်မထွက်မီအချိန်အထိ တပ်မတော်တွင်တာဝန်ပြန်လည်ထမ်းဆောင်ရန် စာနှင့်ဆန္ဒပြုခြင်း၊ ကိုယ်တိုင်ဆန္ဒပြုခြင်းများပြုလုပ်ခဲ့သော ခွင့်မဲ့စစ်ပြေးများ၊ စစ်မှုထမ်းဟောင်းများ၊ ဆေးကျန်းမာရေးအခြေအနေအရ ထွက်ခွင့်ကျထားသူများ စုစုပေါင်း ၅၀၀ ဦးကျော်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
"ကြေညာချက်ထွက်ပြီးတဲ့နေ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ နေ့လည်ပိုင်းအထိက တပ်မတော်မှာစစ်မှုထမ်းဆောင်ဖို့ ဆက်သွယ်လာတဲ့လူပေါင်းက ထောင်ချီရှိပါပြီ။ အဲဒီထဲမှာ တချို့ အသက်ကြီးနေပေမယ့်လည်း သူ့တို့ကိုစစ်ဆင်ရေးတာဝန်ပဲပေးပါ။ ကျန်တဲ့တာဝန် မထမ်းဆောင်ချင်ဘူးလို့ပြောတာတွေလည်းရှိတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နစက မှ ဒီဇင်ဘာလ ၃ ရက်က တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆက်သွယ်လာသည့် ခွင့်မဲ့/စစ်ပြေးစစ်သည်များအနက် သတ်မှတ်ကာလနှင့်အကျုံးဝင်သော စစ်သည်များကို သက်ဆိုင်ရာ (သို့မဟုတ်) နီးစပ်ရာတပ်များ၌ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ စစ်မှုပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုလာသည့် သာမန်ပြစ်မှုကျူးလွန်သော တပ်မတော်သားများကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
စစ္မႈထမ္းေဆာင္ရန္ စစ္ေျပးအပါအဝင္ စစ္မႈထမ္းေဟာင္းေထာင္ႏွင့္ခ်ီကာ ဆက္သြယ္လာေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၅
ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးတာဝန္ထမ္းေဆာင္ရန္ ဆႏၵျပဳဆက္သြယ္လာသည့္ စစ္ေျပးအပါအဝင္ စစ္မႈထမ္းေဟာင္းဦးေရသည္ ယမန္ေန႔(ဒီဇင္ဘာလ ၄ ရက္)ေန႔လည္ပိုင္းအထိ ေထာင္ခ်ီရွိေၾကာင္း နစက ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
စစ္မႈထမ္းေဟာင္းမ်ား၊ က်န္းမာေရးအေျခအေနအရ တပ္မေတာ္မွထြက္ခြင့္ရထားသည့္ စစ္သည္ေတာ္ေဟာင္းမ်ား၊ ခြင့္မဲ့၊ စစ္ေျပးျဖစ္ေနေသာစစ္သည္မ်ားက ၎တို႔တတ္ႏိုင္သည့္ စစ္ဆင္ေရးတာဝန္၊ လုံၿခဳံေရးတာဝန္မ်ား ထမ္းေဆာင္ခ်င္သည္ဟုဆိုကာ စာေရးသားဆႏၵျပဳလာျခင္းမ်ားရွိေၾကာင္း ၎ကေျပာသည္။
"စစ္သားဆိုတာ တစ္ခါစစ္သားျဖစ္ဖူးရင္ အၿမဲတမ္းစစ္သားဆိုတဲ့ စိတ္ဓာတ္မ်ိဳးခံယူထားတဲ့သူေတြျဖစ္ပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထို႔ေၾကာင့္ သတ္မွတ္ကာလႏွင့္အက်ဳံးဝင္သည့္ စစ္သည္မ်ားကို သက္ဆိုင္ရာ(သို႔မဟုတ္) နီးစပ္ရာတပ္မ်ား၌ ျပန္လည္လက္ခံေပးသြားမည္ျဖစ္ကာ စစ္မႈထမ္းရန္ဆႏၵျပဳေသာ သာမန္ျပစ္မႈက်ဴးလြန္ေသာ တပ္မေတာ္သားမ်ားကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးမည္ျဖစ္ေၾကာင္း ေျပာသည္။
"ဒီဇင္ဘာလ(၃)ရက္ရဲ႕အေရွ႕ပိုင္းရက္ေတြမွာ ခြင့္မဲ့ပ်က္ကြက္ေၾကညာခံထားရသူေတြအေနနဲ႔ တပ္မွာစစ္မႈျပန္ထမ္းဖို႔ ရည္႐ြယ္ခ်က္နဲ႔ျပန္လာမယ္ဆိုရင္ စစ္ေျပးအျဖစ္မသတ္မွတ္ဘဲ ခြင့္မဲ့ပ်က္ကြက္အျဖစ္သတ္မွတ္ၿပီး စစ္မႈျပန္ထမ္းဖို႔ လက္ခံေပးသြားမွာပါ"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထို႔အတူ ဒီဇင္ဘာလ ၃ ရက္က ထုတ္ျပန္ခဲ့သည့္ ေၾကညာခ်က္မထြက္မီအခ်ိန္အထိ တပ္မေတာ္တြင္တာဝန္ျပန္လည္ထမ္းေဆာင္ရန္ စာႏွင့္ဆႏၵျပဳျခင္း၊ ကိုယ္တိုင္ဆႏၵျပဳျခင္းမ်ားျပဳလုပ္ခဲ့ေသာ ခြင့္မဲ့စစ္ေျပးမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ ေဆးက်န္းမာေရးအေျခအေနအရ ထြက္ခြင့္က်ထားသူမ်ား စုစုေပါင္း ၅၀၀ ဦးေက်ာ္ရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။
"ေၾကညာခ်က္ထြက္ၿပီးတဲ့ေန႔ ဒီဇင္ဘာလ ၄ ရက္ေန႔၊ ေန႔လည္ပိုင္းအထိက တပ္မေတာ္မွာစစ္မႈထမ္းေဆာင္ဖို႔ ဆက္သြယ္လာတဲ့လူေပါင္းက ေထာင္ခ်ီရွိပါၿပီ။ အဲဒီထဲမွာ တခ်ိဳ႕ အသက္ႀကီးေနေပမယ့္လည္း သူ႔တို႔ကိုစစ္ဆင္ေရးတာဝန္ပဲေပးပါ။ က်န္တဲ့တာဝန္ မထမ္းေဆာင္ခ်င္ဘူးလို႔ေျပာတာေတြလည္းရွိတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
နစက မွ ဒီဇင္ဘာလ ၃ ရက္က တပ္မေတာ္တြင္ ျပန္လည္တာဝန္ထမ္းေဆာင္ရန္ ဆက္သြယ္လာသည့္ ခြင့္မဲ့/စစ္ေျပးစစ္သည္မ်ားအနက္ သတ္မွတ္ကာလႏွင့္အက်ဳံးဝင္ေသာ စစ္သည္မ်ားကို သက္ဆိုင္ရာ (သို႔မဟုတ္) နီးစပ္ရာတပ္မ်ား၌ ျပန္လည္လက္ခံေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
ထို႔အတူ စစ္မႈျပန္လည္ထမ္းေဆာင္ရန္ ဆႏၵျပဳလာသည့္ သာမန္ျပစ္မႈက်ဴးလြန္ေသာ တပ္မေတာ္သားမ်ားကိုလည္း ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးသြားမည္ဟုလည္း အသိေပးထုတ္ျပန္ထားသည္။