နိုဝင်ဘာလအတွင်းက ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် (၂)သိန်းနီးပါးတင်ပို့ထားပြီး ယခင်လထက် တန်ချိန်(၅)သောင်းကျော်ပိုမို တင်ပို့နိုင်ခဲ့

 626

ယွန်း (NP News) - ဒီဇင်ဘာ ၅

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၂)သိန်းနီးပါးတင်ပို့ထားပြီး ယခင်(အောက်တိုဘာလ)ထက် တန်ချိန် (၅၀၀၀၀) ကျော် ပို၍တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဒီဇင်ဘာလ(၄)ရက်တွင် အထက် ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန်(၉၄၂၀၃)တန်ရှိခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန်(၈၁၇၈၇)တန်ရှိခဲ့ရာ စုစုပေါင်း မက်ထရစ်တန်ချိန်(၁၇၅၉၉၀)တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများအနက် မက်ထရစ်တန်ချိန်(၁၅၇၀၇၀)တန်ကို ပင်လယ်ရေကြောင်းမှတင်ပို့ခဲ့ပြီး မက်ထရစ်တန်ချိန်(၁၈၉၂၀)တန်ကို နယ်စပ် ကုန်သွယ်ရေးမှ တင်ပို့ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း အင်ဒိုနီးရှားနိုင်ငံကို ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန် နှင့် မလေးရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဆန်ကွဲတင်ပို့မှုတွင်လည်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း (၁၃)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၉၀) ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန်(၁၁၉၅၂၆)တန်ရှိခဲ့သည့်အတွက် နိုဝင်ဘာလတွင် တန်ချိန်(၅၆၄၆၄)တန် ပို၍တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၂၂-၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှုတွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၅)နေရာတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ (၈)လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်(၆၀၁၆၆၇)တန် တင်ပို့ထားကြောင်း သိရသည်။

zawgyi version
ႏိုဝင္ဘာလအတြင္းက ျပည္ပသို႔ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၂)သိန္းနီးပါးတင္ပို႔ထားၿပီး ယခင္လထက္ တန္ခ်ိန္(၅)ေသာင္းေက်ာ္ပိုမို တင္ပို႔ႏိုင္ခဲ့

ယြန္း (NP News) - ဒီဇင္ဘာ ၅

ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္းက ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၂)သိန္းနီးပါးတင္ပို႔ထားၿပီး ယခင္(ေအာက္တိုဘာလ)ထက္ တန္ခ်ိန္ (၅၀၀၀၀) ေက်ာ္ ပို၍တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ဒီဇင္ဘာလ(၄)ရက္တြင္ အထက္ ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ႏိုဝင္ဘာလအတြင္း ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္(၉၄၂၀၃)တန္ရွိခဲ့ၿပီး ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္(၈၁၇၈၇)တန္ရွိခဲ့ရာ စုစုေပါင္း မက္ထရစ္တန္ခ်ိန္(၁၇၅၉၉၀)တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။

တင္ပို႔မႈမ်ားအနက္ မက္ထရစ္တန္ခ်ိန္(၁၅၇၀၇၀)တန္ကို ပင္လယ္ေရေၾကာင္းမွတင္ပို႔ခဲ့ၿပီး မက္ထရစ္တန္ခ်ိန္(၁၈၉၂၀)တန္ကို နယ္စပ္ ကုန္သြယ္ေရးမွ တင္ပို႔ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါကာလအတြင္း အင္ဒိုနီးရွားႏိုင္ငံကို ဆန္တင္ပို႔မႈအမ်ားဆုံးျဖစ္ၿပီး ဖိလစ္ပိုင္၊ တ႐ုတ္၊ ပိုလန္ ႏွင့္ မေလးရွားႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံေပါင္း (၂၅) ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။

အလားတူ ဆန္ကြဲတင္ပို႔မႈတြင္လည္း တ႐ုတ္ႏိုင္ငံကို အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ၿပီး ဘယ္လ္ဂ်ီယံ၊ နယ္သာလန္၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္နမ္ႏိုင္ငံမ်ား အပါ အဝင္ ႏိုင္ငံေပါင္း (၁၃)ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

ႏိုဝင္ဘာလအတြင္း ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္း (၉၀) ရရွိထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္း ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္(၁၁၉၅၂၆)တန္ရွိခဲ့သည့္အတြက္ ႏိုဝင္ဘာလတြင္ တန္ခ်ိန္(၅၆၄၆၄)တန္ ပို၍တင္ပို႔ထားႏိုင္ခဲ့ေၾကာင္း သိရသည္။

၂ဝ၂၂-၂ဝ၂၃ ခုႏွစ္ ကမာၻ႔ဆန္တင္ပို႔မႈတြင္ ျမန္မာႏိုင္ငံသည္ ဆန္တန္ခ်ိန္ေပါင္း ၂ ဒသမ ၄ သန္း တင္ပို႔ႏိုင္ခဲ့ၿပီး ကမာၻ႔အဆင့္(၅)ေနရာတြင္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အေနျဖင့္ ယခု ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္လည္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ႏွစ္သန္း တင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားၿပီး ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကုန္အထိ (၈)လအတြင္း ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္(၆၀၁၆၆၇)တန္ တင္ပို႔ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.