ရန်ကုန်-မန္တလေးအမြန်လမ်း၌ Hijet ကားအား Van ကားတစ်စီးမှဝင်တိုက်ခဲ့ရာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

 1920

စော(NP News) - ဒီဇင်ဘာ ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်း၌ Hijet ကားအား Van ကားတစ်စီးမှ ဝင်တိုက်ခဲ့ရာ လူ(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် (၇)နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြင်စည်အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

“မောင်းရင်းနဲ့ အရှိန်မထိန်းဘဲ နောက်ကဝင်တိုက်တာပါ။ ဝင်တိုက်တာက Nissan Caravan ကားပါ။ အတိုက်ခံရတာက Hijet ပါ”ဟု ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ကြောင့် Hijet ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၉)ဦး စုစုပေါင်း (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ပြင်စည်လူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သို့သော် Nissan Caravan ကားပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္း၌ Hijet ကားအား Van ကားတစ္စီးမွဝင္တိုက္ခဲ့ရာ (၁၀)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ

ေစာ(NP News) - ဒီဇင္ဘာ ၂၁

ရန္ကုန္-မႏၲေလးအျမန္လမ္း၌ Hijet ကားအား Van ကားတစ္စီးမွ ဝင္တိုက္ခဲ့ရာ လူ(၁၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၁ ရက္)၊ နံနက္ (၇)နာရီခြဲအခ်ိန္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၃၂၄/၅)တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျပင္စည္အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

“ေမာင္းရင္းနဲ႔ အရွိန္မထိန္းဘဲ ေနာက္ကဝင္တိုက္တာပါ။ ဝင္တိုက္တာက Nissan Caravan ကားပါ။ အတိုက္ခံရတာက Hijet ပါ”ဟု ျပင္စည္အျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေၾကာင့္ Hijet ယာဥ္ေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသား (၁)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦး စုစုေပါင္း (၁၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ျပင္စည္လူနာတင္ယာဥ္ျဖင့္ ႏြားထိုးႀကီးေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ Nissan Caravan ကားေပၚလိုက္ပါလာသူမ်ား ထိခိုက္ဒဏ္ရာမရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.