မြန်မာနေရှင်နယ်လိဂ်တွင် တချိန်က ပရိသတ်များ သဘောကျနှစ်ခြိုက်ခဲ့ရသော ကျော်ကိုကို-ကြည်လင်း တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရမည်

 1657

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၆

မြန်မာနေရှင်နယ်လိဂ်(MNL)တွင် တချိန်က ပရိသတ်များသဘောကျနှစ်ခြိုက်ခဲ့ရသော ကျော်ကိုကို-ကြည်လင်း တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ယူနိုက်တက်သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားဟောင်းဖြစ်သည့် နာမည် ကျော် ကျော်ကိုကို ကိုခေါ်ယူခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်တွင် နာမည်ကျော်မြန်မာ့လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း ကြည်လင်းနှင့် တစ်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးခဲရာ ယခင်က မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းတို့တွင် အတွဲညီခဲ့ကြသည့် ကျော်ကိုကို-ကြည်လင်းတိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။

ယခင်က မြန်မာ့လက်ရွေးစင်အသင်းတွင် “ကေသုံးလုံး” တိုက်စစ်ဟုလူသိများခဲ့သည့် ကျော်ကိုကို-ကြည်လင်း-ကျော်ဇေယျာဝင်းတို့ပါဝင်ခဲ့ပြီး ယခုအခါ ကျော်ကိုကိုနှင့် ကြည်လင်းတို့ တစ်သင်းထဲတွင် တွဲဖက်မိသွားခြင်းဖြစ်ရာ ၎င်းတို့(၂)ဦး၏ ကွင်းအတွင်း ကစားကွက် မည်မျှတွဲဖက်နိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ် သည်။

ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် ကျော်ကိုကို၊ ကြည်လင်း၊ ကောင်းစည်သူ၊ သီဟထက်အောင် နှင့် နန်းဝေမင်း တို့ကဲ့သို့ နာမည်ရှိ ဝါရင့်ကစားသမားကောင်း များစွာကိုလည်း ခေါ်ယူအားဖြည့်ထားပြီး နည်းစနစ်ပိုင်းအတွက် အာဖရိကမော်ရင်ဟိုဟု နာမည်ပြောင်ပေးခဲ့ရသည် နိုင်ငံခြားသား နည်းပြတစ်ဦးဖြစ်သည့် ပေါ်တူဂီလူမျိုးနည်းပြ Paulo Jorge Silva ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခေါ်ယူခဲ့ သည်။

ထို့ပြင် ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်တွင် ကစားသမားလစာကို ကြေညာခေါ်ယူသည့် ပထမဆုံးအသင်းတစ်သင်းဖြစ်သည်။
ပြီးခဲ့သည့်ဘောလုံးရာသီ၌ အဆင့်(၈)နေရာနှင့်သာ ကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်သည် ယခုနှစ်အပြောင်း အရွေ့ရာသီ၌ ကစားသမားကောင်းများနှင့်ပြန်လည်စုဖွဲ့လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ရလဒ်ကောင်းများ ရရှိရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

Zawgyi Version;
ျမန္မာေနရွင္နယ္လိဂ္တြင္ တခ်ိန္က ပရိသတ္မ်ား သေဘာက်ႏွစ္ၿခိဳက္ခဲ့ရေသာ ေက်ာ္ကိုကို-ၾကည္လင္း တိုက္စစ္ အတြဲကို ျပန္လည္ျမင္ေတြ႕ရမည္
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၆

ျမန္မာေနရွင္နယ္လိဂ္(MNL)တြင္ တခ်ိန္က ပရိသတ္မ်ားသေဘာက်ႏွစ္ၿခိဳက္ခဲ့ရေသာ ေက်ာ္ကိုကို-ၾကည္လင္း တိုက္စစ္အတြဲကို ျပန္လည္ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း သိရသည္။

ရခိုင္ယူႏိုက္တက္သည္ ၿပီးခဲ့သည့္ရက္ပိုင္းက ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးကစားသမားေဟာင္းျဖစ္သည့္ နာမည္ ေက်ာ္ ေက်ာ္ကိုကို ကိုေခၚယူခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၅ ရက္တြင္ နာမည္ေက်ာ္ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံး ကစားသမားေဟာင္း ၾကည္လင္းႏွင့္ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသိေပးခဲရာ ယခင္က ျမန္မာ့ လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ျမန္မာ့လက္ေ႐ြးစင္ ယူ-၂၁ ေဘာလုံးအသင္းတို႔တြင္ အတြဲညီခဲ့ၾကသည့္ ေက်ာ္ကိုကို-ၾကည္လင္းတိုက္စစ္အတြဲကို ျပန္လည္ျမင္ေတြ႕ရေတာ့မည္ျဖစ္သည္။

ယခင္က ျမန္မာ့လက္ေ႐ြးစင္အသင္းတြင္ “ေကသုံးလုံး” တိုက္စစ္ဟုလူသိမ်ားခဲ့သည့္ ေက်ာ္ကိုကို-ၾကည္လင္း-ေက်ာ္ေဇယ်ာဝင္းတို႔ပါဝင္ခဲ့ၿပီး ယခုအခါ ေက်ာ္ကိုကိုႏွင့္ ၾကည္လင္းတို႔ တစ္သင္းထဲတြင္ တြဲဖက္မိသြားျခင္းျဖစ္ရာ ၎တို႔(၂)ဦး၏ ကြင္းအတြင္း ကစားကြက္ မည္မွ်တြဲဖက္ႏိုင္မည္ကို ဆက္လက္ေစာင့္ၾကည့္ရမည့္ အေနအထားျဖစ္ သည္။

ရခိုင္ယူႏိုက္တက္အသင္းသည္ ျမန္မာ့လက္ေ႐ြးစင္ကစားသမားေဟာင္းမ်ားျဖစ္သည့္ ေက်ာ္ကိုကို၊ ၾကည္လင္း၊ ေကာင္းစည္သူ၊ သီဟထက္ေအာင္ ႏွင့္ နန္းေဝမင္း တို႔ကဲ့သို႔ နာမည္ရွိ ဝါရင့္ကစားသမားေကာင္း မ်ားစြာကိုလည္း ေခၚယူအားျဖည့္ထားၿပီး နည္းစနစ္ပိုင္းအတြက္ အာဖရိကေမာ္ရင္ဟိုဟု နာမည္ေျပာင္ေပးခဲ့ရသည္ ႏိုင္ငံျခားသား နည္းျပတစ္ဦးျဖစ္သည့္ ေပၚတူဂီလူမ်ိဳးနည္းျပ Paulo Jorge Silva ကို ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ေခၚယူခဲ့ သည္။

ထို႔ျပင္ ရခိုင္ယူႏိုက္တက္အသင္းသည္ ျမန္မာေနရွင္နယ္လိဂ္တြင္ ကစားသမားလစာကို ေၾကညာေခၚယူသည့္ ပထမဆုံးအသင္းတစ္သင္းျဖစ္သည္။
ၿပီးခဲ့သည့္ေဘာလုံးရာသီ၌ အဆင့္(၈)ေနရာႏွင့္သာ ေက်နပ္ခဲ့ရသည့္ ရခိုင္ယူႏိုက္တက္သည္ ယခုႏွစ္အေျပာင္း အေ႐ြ႕ရာသီ၌ ကစားသမားေကာင္းမ်ားႏွင့္ျပန္လည္စုဖြဲ႕လာခဲ့ၿပီး ျမန္မာေနရွင္နယ္လိဂ္တြင္ ရလဒ္ေကာင္းမ်ား ရရွိရန္ ႀကိဳးပမ္းလ်က္ရွိသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.