စင်ကာပူရဲ့တရုတ်နှစ်သစ်ကူးမှာ e-hongbao များ ရေပန်းစားခဲ့

 754

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၅

ဒစ်ဂျစ်တယ်အနီရောင် စာအိတ်များ (သို့မဟုတ်) e-hongbao ဟာ စင်ကာပူရဲ့တရုတ်နှစ်သစ်ကူးကာလမှာ ရေပန်းစားလာခဲ့ပြီး ဘဏ်တွေမှာ ပွဲတော်ရာသီအတွင်း ၂၀၂၄ ခုနှစ်ရဲ့အီလက်ထရွန်းနစ် ငွေလွှဲမှုတွေဟာ ၂၀၂၃ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ပိုမိုမြင့်တက်လာတာကို တွေ့မြင်လာရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ QR Ang Bao eGift တို့မှ ဒေါ်လာ ၁၇.၅ သန်းကျော် လွှဲပြောင်းပေးခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးလာတယ်လို့ DBS ဘဏ်က ဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ အဆိုပါ e- hongbao ပေးတဲ့နည်းလမ်းကိုအသုံးပြုတဲ့ သုံးစွဲသူ အရေအတွက်ဟာ ၂၀၂၃ ခုနှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် နှစ်ဆတိုးလာတာကိုလည်း တွေ့ရပါတယ်လို့ ဆိုပါတယ်။

OCBC ဘဏ်ကလည်း နှစ်သစ်သစ်ကူး ပထမသုံးရက်အတွင်းပေးပို့တဲ့အရေအတွက်ဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဒသမ ၅ ဆ တိုးလာတယ်လို့ ဆိုပါတယ်။ အလားတူပဲ UOB ဘဏ်ကလည်း ၎င်းရဲ့ PayNow နဲ့ e-hongbao ပေးပို့တဲ့ သုံးစွဲသူအရေအတွက် သုံးပုံတစ်ပုံထိ တိုးလာတယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ကျရောက်ခဲ့တာဖြစ်ပြီး တရုတ်ရိုးရာမှာ ကံအကောင်းဆုံးနဂါးနှစ်ကူးဖြစ်တာကြောင့် hangbao ပေးခြင်း၊ ကလေးယူခြင်းများ အရင်နှစ်တွေထက် မြင့်တက်လာတာတွေ့ရပါတယ်။

Zawgyi Version;
စင္ကာပူရဲ႕တ႐ုတ္ႏွစ္သစ္ကူးမွာ e-hongbao မ်ား ေရပန္းစားခဲ့
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၅

ဒစ္ဂ်စ္တယ္အနီေရာင္ စာအိတ္မ်ား (သို႔မဟုတ္) e-hongbao ဟာ စင္ကာပူရဲ႕တ႐ုတ္ႏွစ္သစ္ကူးကာလမွာ ေရပန္းစားလာခဲ့ၿပီး ဘဏ္ေတြမွာ ပြဲေတာ္ရာသီအတြင္း ၂၀၂၄ ခုႏွစ္ရဲ႕အီလက္ထ႐ြန္းနစ္ ေငြလႊဲမႈေတြဟာ ၂၀၂၃ ခုႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ပိုမိုျမင့္တက္လာတာကို ေတြ႕ျမင္လာရတယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီ ၉ ရက္မွ ၁၂ ရက္အထိ QR Ang Bao eGift တို႔မွ ေဒၚလာ ၁၇.၅ သန္းေက်ာ္ လႊဲေျပာင္းေပးခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ၃၀ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ DBS ဘဏ္က ဆိုပါတယ္။ ဇန္နဝါရီ ၁၅ ရက္မွ ေဖေဖာ္ဝါရီ ၁၂ ရက္အထိ အဆိုပါ e- hongbao ေပးတဲ့နည္းလမ္းကိုအသုံးျပဳတဲ့ သုံးစြဲသူ အေရအတြက္ဟာ ၂၀၂၃ ခုႏွစ္ အလားတူကာလနဲ႔ႏႈိင္းယွဥ္ရင္ ႏွစ္ဆတိုးလာတာကိုလည္း ေတြ႕ရပါတယ္လို႔ ဆိုပါတယ္။

OCBC ဘဏ္ကလည္း ႏွစ္သစ္သစ္ကူး ပထမသုံးရက္အတြင္းေပးပို႔တဲ့အေရအတြက္ဟာ ၂၀၂၃ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ၂ ဒသမ ၅ ဆ တိုးလာတယ္လို႔ ဆိုပါတယ္။ အလားတူပဲ UOB ဘဏ္ကလည္း ၎ရဲ႕ PayNow နဲ႔ e-hongbao ေပးပို႔တဲ့ သုံးစြဲသူအေရအတြက္ သုံးပုံတစ္ပုံထိ တိုးလာတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၂၄ ခုႏွစ္၊ တ႐ုတ္ႏွစ္သစ္ကူးေန႔ဟာ ေဖေဖာ္ဝါရီ ၁၀ ရက္မွာ က်ေရာက္ခဲ့တာျဖစ္ၿပီး တ႐ုတ္႐ိုးရာမွာ ကံအေကာင္းဆုံးနဂါးႏွစ္ကူးျဖစ္တာေၾကာင့္ hangbao ေပးျခင္း၊ ကေလးယူျခင္းမ်ား အရင္ႏွစ္ေတြထက္ ျမင့္တက္လာတာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.