အမေရိကန်မှာ အသက် ၉ နှစ်အရွယ် ကလေးက ကျောင်းကို ကားမောင်းခဲ့လာပြီး ရဲကားနဲ့ ဝင်တိုက်

6677
ရောင်နီ (NP News) - ဧပြီ ၁
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ဗီးလ်မြို့မှာ မတ်လ ၂၇ ရက်၊ မနက်ပိုင်းက အသက် ကိုးနှစ် အရွယ် ကလေးငယ်တစ်ဦးဟာ မိခင်ရဲ့မီးခိုးရောင် Volkswagen ဆီဒင်ကားကို ခိုးမောင်းပြီး ကျောင်းတက်လာခဲ့ပါ တယ်။
ဒါကို ကယ်လီဖိုးနီးယား အဝေးပြေးကင်းစောင့် (CHP) မှ အရာရှိတွေက လမ်းဆုံအလယ်မှာ မောင်းနှင်ပုံ ပုံစံမမှန်တဲ့ ၎င်းရဲ့ကားကို သတိပြုမိပြီး နောက်ကလိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ကားရပ်ဖို့ ညွှန်ကြားချိန်မှာ ကလေးက ကားကို ပြောင်းပြန်ကွေ့လိုက်တာကြောင့် နောက်က ရဲကားကို ဝင်တိုက်ခဲ့တယ်လို့ CHP မှ ပြောကြားပါတယ်။
ကံကောင်းစွာနဲ့ပဲ ယာဉ်နှစ်စီးလုံး ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အာဏာပိုင်တွေက လိုအပ်တဲ့အခြေအနေတွေကို မှတ်တမ်းတင်ပြီးနောက် ကလေးကို ကျောင်းပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမနက်က ကလေးဟာ ကားနဲ့ ကားသော့တွေနဲ့အတူ ပျောက်သွားတာကြောင့် မိသားစုက စိုးရိမ်ထိတ်လန့်ခဲ့ရပြီး အခုကလေးကလည်း သူ့လုပ်ရပ်အတွက် ထပ်ခါတလဲလဲ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္မွာ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးက ေက်ာင္းကို ကားေမာင္းခဲ့လာၿပီး ရဲကားနဲ႔ ဝင္တိုက္
ေရာင္နီ (NP News) - ဧၿပီ ၁
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေအာ္ဗီးလ္ၿမိဳ႕မွာ မတ္လ ၂၇ ရက္၊ မနက္ပိုင္းက အသက္ ကိုးႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦးဟာ မိခင္ရဲ႕မီးခိုးေရာင္ Volkswagen ဆီဒင္ကားကို ခိုးေမာင္းၿပီး ေက်ာင္းတက္လာခဲ့ပါ တယ္။
ဒါကို ကယ္လီဖိုးနီးယား အေဝးေျပးကင္းေစာင့္ (CHP) မွ အရာရွိေတြက လမ္းဆုံအလယ္မွာ ေမာင္းႏွင္ပုံ ပုံစံမမွန္တဲ့ ၎ရဲ႕ကားကို သတိျပဳမိၿပီး ေနာက္ကလိုက္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က ကားရပ္ဖို႔ ၫႊန္ၾကားခ်ိန္မွာ ကေလးက ကားကို ေျပာင္းျပန္ေကြ႕လိုက္တာေၾကာင့္ ေနာက္က ရဲကားကို ဝင္တိုက္ခဲ့တယ္လို႔ CHP မွ ေျပာၾကားပါတယ္။
ကံေကာင္းစြာနဲ႔ပဲ ယာဥ္ႏွစ္စီးလုံး ထိခိုက္မႈ အနည္းငယ္သာ ရွိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ အာဏာပိုင္ေတြက လိုအပ္တဲ့အေျခအေနေတြကို မွတ္တမ္းတင္ၿပီးေနာက္ ကေလးကို ေက်ာင္းျပန္ပို႔ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီမနက္က ကေလးဟာ ကားနဲ႔ ကားေသာ့ေတြနဲ႔အတူ ေပ်ာက္သြားတာေၾကာင့္ မိသားစုက စိုးရိမ္ထိတ္လန္႔ခဲ့ရၿပီး အခုကေလးကလည္း သူ႔လုပ္ရပ္အတြက္ ထပ္ခါတလဲလဲ ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။