ကျိုင်းတုံမြို့နယ်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း ရပ်ထားသောကားပေါ်မှ ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 820

သန့်ဇင် (NP News) - ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း ရပ်ထားသော ကားပေါ်မှ ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်၊ နံနက် ၁ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဟွေဟိကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ မအားမီ၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့တို့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ရှေ့ခြံဝန်းတစ်ခုအတွင်း ရပ်တန့်ထားသည့် MITSUBISHI PAJERO ကားပေါ်မှ ငွေကျပ် ၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၄၂၇ ကီလိုကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မအားမီကို သက်ဆိုင်ရာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
က်ိဳင္းတုံၿမိဳ႕နယ္ရွိ ေနအိမ္ၿခံဝင္းတစ္ခုအတြင္း ရပ္ထားေသာကားေပၚမွ ေငြက်ပ္(၄)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္ရွိ ေနအိမ္ၿခံဝင္းတစ္ခုအတြင္း ရပ္ထားေသာ ကားေပၚမွ ေငြက်ပ္(၄)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ ဩဂုတ္လ ၂၂ ရက္၊ နံနက္ ၁ နာရီအခ်ိန္တြင္ က်ိဳင္းတုံၿမိဳ႕နယ္၊ ေဟြဟိေက်း႐ြာရွိ ေနအိမ္ၿခံဝန္းတစ္ခုအတြင္း၌ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာရွိ မအားမီ၏ ေနအိမ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ႕တပ္ဖြဲ႕ ႏွင့္ ပူးေပါင္းအဖြဲ႕တို႔က သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္ေရွ႕ၿခံဝန္းတစ္ခုအတြင္း ရပ္တန႔္ထားသည့္ MITSUBISHI PAJERO ကားေပၚမွ ေငြက်ပ္ ၄ ဒသမ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂ ဒသမ ၅ သိန္းႏွင့္ စိတ္ေျပာင္းေဆးဝါး ကက္တမင္း ၄၂၇ ကီလိုကို သိမ္း ဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မအားမီကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.