စစ်သားအယောင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က အရပ်သားတစ်ဦးကို နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် နောက်တစ်ရက်တွင် သေဆုံးလျက်ပြန်တွေ့

2766

နာမူ (NP News) - ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် စစ်သားအယောင်ဆောင်ထားသည့်အဖွဲ့တစ်ဖွဲ့က အရပ်သားတစ်ဦးကို နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် နောက်တစ်ရက်တွင် သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်၊ ည ၁၂နာရီခွဲအချိန်ခန့်က ငဖဲမြို့၊ ပင်ဦးကျေးရွာအုပ်စု၊ ကံသာရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကံသာရွာတွင် နေထိုင်သူ ဦးစန်းနိုင်ကို စစ်သားအယောင်ဆောင်ထားသည့် အဖွဲ့ဝင် (၄) ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ၎င်း၏နေအိမ်သို့ရောက်ရှိလာကာ ဗိုလ်မှူးကတွေ့ချင်၍ ခေါ်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြော၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကလည်း စစ်ယူနီဖောင်းနဲ့ဆိုတော့ စစ်သားမဟုတ်ဘူးဆိုတာကို မသိဘူး။ ဝတ်လာတာက စစ်သားလိုပဲ။ ခါးပတ်တွေ၊ ခါးပတ်ကြိုးတွေဘာတွေနဲ့” ဟု အထက်ပါ သတင်းအရင်းအမြစ်က NP News ကို ပြောသည်။ အဆိုပါ အဖွဲ့တွင် အသက် (၂၀)နှင့် (၂၀) ဝန်းကျင်အရွယ် အဖွဲ့ဝင်(၄) ဦးပါဝင်ကြောင်းလည်း သိရသည်။
“အသက်(၂၀)လောက်အရွယ် (၄)ယောက် ။ စစ်ပြောက်ကျား ယူနီဖောင်းနဲ့။ သေနတ်က အတိုတွေပါလာတယ်။ ပြီးတော့ ကိုစန်းနိုင်ကို အိပ်ရာထဲကနေ ခေါ်သွားတယ်။ ရွာအပြင်ရောက်တော့ မင်းဖုန်းပါလားဆိုပြီးတော့ မေးတယ်။ ပြီးတော့ စစ်ယူနီဖောင်းဝတ်ထားတဲ့ အဖွဲ့ဝင်တစ်ယောက်က အိမ်ကို ဖုန်းဆိုပြီး ပြန်လာယူတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၈ ရက်တွင် ဦးစန်းနိုင်မှာ အိမ်သို့ ပြန်မလာသဖြင့် ၎င်း၏ ဇနီးဖြစ်သူက ပင်ဦးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှာဖွေစုံစမ်းရာ ခေါင်းနှင့် လက်ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးစန်းနိုင်၏ ရုပ်အလောင်းကို ရွှေစက်တော်၊ ပုသိမ်-မုံရွာလမ်းပိုင်းရှိ နတ်မတောင်နားတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။
သေဆုံးသူ ဦးစန်းနိုင်မှာ အသက်အားဖြင့် (၅၀)နှစ်ဝန်းကျင်ရှိပြီး စစ်ထောက်လှမ်းရေးသတင်းပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးကာ ၂၀၀၄ ခုနှစ်၊ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီးနောက် သာမာန်အရပ်သားအဖြစ်သာ နေထိုင်ခဲ့သူဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။

zawgyi version
စစ္သားအေယာင္ေဆာင္ထားသည့္ အဖြဲ႕တစ္ဖြဲ႕က အရပ္သားတစ္ဦးကို ေနအိမ္မွ ေခၚေဆာင္သြားၿပီးေနာက္ ေနာက္တစ္ရက္တြင္ ေသဆုံးလ်က္ျပန္ေတြ႕
နာမူ (NP News) - ဒီဇင္ဘာ ၉
မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္တြင္ စစ္သားအေယာင္ေဆာင္ထားသည့္အဖြဲ႕တစ္ဖြဲ႕က အရပ္သားတစ္ဦးကို ေနအိမ္မွ ေခၚေဆာင္သြားၿပီးေနာက္ ေနာက္တစ္ရက္တြင္ ေသဆုံးလ်က္ျပန္ေတြ႕ခဲ့ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၇ ရက္၊ ည ၁၂နာရီခြဲအခ်ိန္ခန႔္က ငဖဲၿမိဳ႕၊ ပင္ဦးေက်း႐ြာအုပ္စု၊ ကံသာ႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ကံသာ႐ြာတြင္ ေနထိုင္သူ ဦးစန္းႏိုင္ကို စစ္သားအေယာင္ေဆာင္ထားသည့္ အဖြဲ႕ဝင္ (၄) ဦးပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕က ၎၏ေနအိမ္သို႔ေရာက္ရွိလာကာ ဗိုလ္မႉးကေတြ႕ခ်င္၍ ေခၚခိုင္းလိုက္ျခင္းျဖစ္ေၾကာင္း ေျပာ၍ ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူကလည္း စစ္ယူနီေဖာင္းနဲ႔ဆိုေတာ့ စစ္သားမဟုတ္ဘူးဆိုတာကို မသိဘူး။ ဝတ္လာတာက စစ္သားလိုပဲ။ ခါးပတ္ေတြ၊ ခါးပတ္ႀကိဳးေတြဘာေတြနဲ႔” ဟု အထက္ပါ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။ အဆိုပါ အဖြဲ႕တြင္ အသက္ (၂၀)ႏွင့္ (၂၀) ဝန္းက်င္အ႐ြယ္ အဖြဲ႕ဝင္(၄) ဦးပါဝင္ေၾကာင္းလည္း သိရသည္။
“အသက္(၂၀)ေလာက္အ႐ြယ္ (၄)ေယာက္ ။ စစ္ေျပာက္က်ား ယူနီေဖာင္းနဲ႔။ ေသနတ္က အတိုေတြပါလာတယ္။ ၿပီးေတာ့ ကိုစန္းႏိုင္ကို အိပ္ရာထဲကေန ေခၚသြားတယ္။ ႐ြာအျပင္ေရာက္ေတာ့ မင္းဖုန္းပါလားဆိုၿပီးေတာ့ ေမးတယ္။ ၿပီးေတာ့ စစ္ယူနီေဖာင္းဝတ္ထားတဲ့ အဖြဲ႕ဝင္တစ္ေယာက္က အိမ္ကို ဖုန္းဆိုၿပီး ျပန္လာယူတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ထိုသို႔ ေခၚေဆာင္သြားၿပီးေနာက္ ဒီဇင္ဘာလ ၈ ရက္တြင္ ဦးစန္းႏိုင္မွာ အိမ္သို႔ ျပန္မလာသျဖင့္ ၎၏ ဇနီးျဖစ္သူက ပင္ဦးေက်း႐ြာအုပ္စု၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ သြားေရာက္တိုင္ၾကားခဲ့ရာ သက္ဆိုင္ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစုံစမ္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ရွာေဖြစုံစမ္းရာ ေခါင္းႏွင့္ လက္ထိခိုက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ ဦးစန္းႏိုင္၏ ႐ုပ္အေလာင္းကို ေ႐ႊစက္ေတာ္၊ ပုသိမ္-မုံ႐ြာလမ္းပိုင္းရွိ နတ္မေတာင္နားတြင္ ျပန္လည္ေတြ႕ရွိခဲ့ရေၾကာင္း ၎ကဆိုသည္။
ေသဆုံးသူ ဦးစန္းႏိုင္မွာ အသက္အားျဖင့္ (၅၀)ႏွစ္ဝန္းက်င္ရွိၿပီး စစ္ေထာက္လွမ္းေရးသတင္းေပးအျဖစ္ လုပ္ကိုင္ခဲ့ဖူးကာ ၂၀၀၄ ခုႏွစ္၊ စစ္ေထာက္လွမ္းေရးကို ဖ်က္သိမ္းၿပီးေနာက္ သာမာန္အရပ္သားအျဖစ္သာ ေနထိုင္ခဲ့သူျဖစ္ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။