ကျေးလက်ဒေသတွင် လယ်ယာလုပ်သားရှားပါးကာ လုပ်ခဈေးနှုန်းများလည်း (၂)ဆကျော်မြင့်တက်နေ

 146

သန့်ဇင် (NP News)-မေ ၂၅
ကျေးလက်ဒေသများတွင် လယ်ယာလုပ်သားရှားပါးလာကာ လုပ်ခဈေးနှုန်းများလည်း (၂)ဆ မြင့်တက်လာနေကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက် များအရ သိရသည်။
လက်ရှိနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် မိုးသီးနှံများနှင့် မိုးစပါးစိုက်ပျိုးရန်အတွက် ပြန်လည် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးသီးနှံစိုက်ပျိုးခြင်းနှင့် မိုးစပါးပြန် လည်စိုက်ပျိုးရန်အတွက် ပြင်ဆင်နေချိန်တွင် တောင် သူများအနေဖြင့် လယ်ယာလုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရလျက်ရှိကာ ငှားရမ်းရရှိသည့်လုပ်သား များမှာလည်း ယခင်နှစ်ထက် လုပ်ခဈေးနှုန်း(၂)ဆခန့်မြင့်တက်လာကြောင်း သိရသည်။
“ မြေပဲကတော့ နုတ်ဆွတ်တစ်တင်းကို အရင်က ကျပ်(၆၀ဝဝ)ပေးရတယ်။ အခုနှစ်ဈေး တက် တယ်။ အခုနှစ်ဆိုတော့ ကျပ်(၁၀ဝဝဝ) ကျော် တယ်။ နေ့စားခကတစ်ရက်ကို ကျပ်(၁၅၀ဝဝ)ပေး ရ တယ်။ တစ်နေ့ကုန်လုပ်ရတာပေါ့နော်။ လုပ်ငန်းများ တဲ့သူတွေက ပိုပြီးအလုပ်သမားခပိုကုန်တာပေါ့ နော်။ ဒီကြားထဲ ဓာတ်မြေဩဇာဈေးကလည်းတက်တယ်။ တောင်သူတွေလုပ်နေတဲ့ စပါး၊ မြေပဲ၊ နှမ်းနဲ့ ပဲ တွေက ဈေးကောင်းဦးမှ။ မကောင်းရင်အရှုံးပေါ်တာပေါ့။ အခုက အလုပ်သမားကလည်းရှားလာပြီ။ တချို့နေရာတွေဆိုရင် အသက်ကြီးတဲ့သူတွေက လုပ်ကိုင်နေရတာတွေတောင်ရှိတယ်”ဟု ပဲခူးတိုင်းမှ တောင်သူတစ်ဦးက ဆိုသည်။
လယ်ယာလုပ်သားရှားပါးလာရခြင်းသည် ဒေသတွင်း၌တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေနည်းပါးမှုအပါအဝင် အခြားသောပြဿနာ များကြောင့်လည်း ဖြစ်နိုင်ကြောင်း အခြားသောတောင် သူများက သုံးသပ်ပြောဆိုထားသည်။
“ လူငယ်တွေဆိုရင်မရှိတော့ဘူး။ လယ် လုပ်ဖို့က အရမ်းကြီးမခက်ပေမယ့် ပဲ၊ နှမ်းလုပ်ရင် လုပ် သားရှားတာက တော်တော်အခက်အခဲဖြစ် တယ်။ ရွာဘက်တွေမှာကလည်း ဘယ်နေ့တိုက်ပွဲဖြစ်မလဲ ဖြစ်မလဲနဲ့ စိတ်ပူရတာတွေရယ်။ စစ်မှုထမ်း အခေါ်ခံရမှာတွေကြောင့်လည်း ပါတာနေမှာပေါ့။ အခုဆိုရင် တရုတ်ဘက်ကို အလုပ်သွားလုပ်ကြတဲ့ သူတွေမနည်းဘူး။ ဒီမှာ သီးနှံပေါ်မှီနေရတဲ့ ဝင်ငွေပဲရှိတာ ဆို တော့ အစစအရာရာဈေးတွေကလည်း တက်တော့ စားဝတ်နေရေးကြောင့် တချို့မိသားစုတွေဆို အဆင် မပြေလို့ မိသားစုလိုက်သွားကြတာတောင်ရှိတယ်”ဟု အခြားသောတောင်သူတစ်ဦးက ပြောသည်။
(၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ (၂၅)ရက်အထိ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀) ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
အလားတူ ဧရာဝတီတိုင်းအတွင်းရှိ ငါးမွေးမြူရေးကန်များတွင်လည်း ကန်လုပ်သားရှားပါးလာ ခြင်းနှင့် ရင်ဆိုင်နေရပြီး လုပ်သားခဈေးနှုန်းများလည်း ညှိနှိုင်းလုပ်ဆောင်နေရမှုများရှိနေကြောင်း ငါး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ငါးကန်လုပ်သားတွေကတော့ တစ်နေ့ကို ကျပ်(၇၀ဝဝ)နှုန်းနဲ့တော့ အရင်တုန်းကလုပ်ကြတာ ပေါ့နော်။ အခုနောက်ပိုင်းတော့ မိသားစုနဲ့ စားဝတ်နေရေးအခက်အခဲအဆင်မပြေတော့ ဒီလုပ်ငန်းနဲ့ အဆင်မပြေတော့ လုပ်ခတိုးတောင်း လာတဲ့အခါ လုပ်ငန်းရှင်တွေကလည်း အဆင်ပြေ အောင်ညှိနှိုင်းပြီး တော့ လုပ်ပေးကြရတာပေါ့နော်။ တချို့ကလည်း ကန်မှာ ဘဲမွေး၊ တချို့ကလည်း ကြက်မွေးဖို့ အဲဒီလို ခွင့်ပြုပေးတာတွေလည်းရှိလာ တယ်။ နောက်ပြီးတော့ ရာသီပေါ်သီးနှံစိုက်ဖို့လည်းခွင့်ပြုပေးတာတွေ တော့ လုပ်ပေးတာတွေရှိတယ်။ အလုပ်သမားပျော်‌အောင်နဲ့ အလုပ်သမားမြဲအောင် ရှိဆဲ အလုပ်သမား ကိုတော့အဲဒီလိုပြန်ဆွဲချုပ်ရတာတွေတော့ရှိတယ်”ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်က ပြောသည်။

Zawgyi Version:
ေက်းလက္ေဒသတြင္ လယ္ယာလုပ္သားရွားပါးကာ လုပ္ခေဈးႏႈန္းမ်ားလည္း (၂)ဆေက်ာ္ျမင့္တက္ေန
သန႔္ဇင္ (NP News)-ေမ ၂၅
ေက်းလက္ေဒသမ်ားတြင္ လယ္ယာလုပ္သားရွားပါးလာကာ လုပ္ခေဈးႏႈန္းမ်ားလည္း (၂)ဆ ျမင့္တက္လာေနေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္ မ်ားအရ သိရသည္။
လက္ရွိႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ မိုးသီးႏွံမ်ားႏွင့္ မိုးစပါးစိုက္ပ်ိဳးရန္အတြက္ ျပန္လည္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ မိုးသီးႏွံစိုက္ပ်ိဳးျခင္းႏွင့္ မိုးစပါးျပန္ လည္စိုက္ပ်ိဳးရန္အတြက္ ျပင္ဆင္ေနခ်ိန္တြင္ ေတာင္ သူမ်ားအေနျဖင့္ လယ္ယာလုပ္သားရွားပါးမႈႏွင့္ ရင္ဆိုင္ေနရလ်က္ရွိကာ ငွားရမ္းရရွိသည့္လုပ္သား မ်ားမွာလည္း ယခင္ႏွစ္ထက္ လုပ္ခေဈးႏႈန္း(၂)ဆခန႔္ျမင့္တက္လာေၾကာင္း သိရသည္။
“ ေျမပဲကေတာ့ ႏုတ္ဆြတ္တစ္တင္းကို အရင္က က်ပ္(၆၀ဝဝ)ေပးရတယ္။ အခုႏွစ္ေဈး တက္ တယ္။ အခုႏွစ္ဆိုေတာ့ က်ပ္(၁၀ဝဝဝ) ေက်ာ္ တယ္။ ေန႔စားခကတစ္ရက္ကို က်ပ္(၁၅၀ဝဝ)ေပး ရ တယ္။ တစ္ေန႔ကုန္လုပ္ရတာေပါ့ေနာ္။ လုပ္ငန္းမ်ား တဲ့သူေတြက ပိုၿပီးအလုပ္သမားခပိုကုန္တာေပါ့ ေနာ္။ ဒီၾကားထဲ ဓာတ္ေျမဩဇာေဈးကလည္းတက္တယ္။ ေတာင္သူေတြလုပ္ေနတဲ့ စပါး၊ ေျမပဲ၊ ႏွမ္းနဲ႔ ပဲ ေတြက ေဈးေကာင္းဦးမွ။ မေကာင္းရင္အရႈံးေပၚတာေပါ့။ အခုက အလုပ္သမားကလည္းရွားလာၿပီ။ တခ်ိဳ႕ေနရာေတြဆိုရင္ အသက္ႀကီးတဲ့သူေတြက လုပ္ကိုင္ေနရတာေတြေတာင္ရွိတယ္”ဟု ပဲခူးတိုင္းမွ ေတာင္သူတစ္ဦးက ဆိုသည္။
လယ္ယာလုပ္သားရွားပါးလာရျခင္းသည္ ေဒသတြင္း၌တိုက္ပြဲမ်ားျဖစ္ပြားလာမည္ကို စိုးရိမ္ျခင္း၊ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္း၊ အလုပ္အကိုင္ႏွင့္ ဝင္ေငြနည္းပါးမႈအပါအဝင္ အျခားေသာျပႆနာ မ်ားေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း အျခားေသာေတာင္ သူမ်ားက သုံးသပ္ေျပာဆိုထားသည္။
“ လူငယ္ေတြဆိုရင္မရွိေတာ့ဘူး။ လယ္ လုပ္ဖို႔က အရမ္းႀကီးမခက္ေပမယ့္ ပဲ၊ ႏွမ္းလုပ္ရင္ လုပ္ သားရွားတာက ေတာ္ေတာ္အခက္အခဲျဖစ္ တယ္။ ႐ြာဘက္ေတြမွာကလည္း ဘယ္ေန႔တိုက္ပြဲျဖစ္မလဲ ျဖစ္မလဲနဲ႔ စိတ္ပူရတာေတြရယ္။ စစ္မႈထမ္း အေခၚခံရမွာေတြေၾကာင့္လည္း ပါတာေနမွာေပါ့။ အခုဆိုရင္ တ႐ုတ္ဘက္ကို အလုပ္သြားလုပ္ၾကတဲ့ သူေတြမနည္းဘူး။ ဒီမွာ သီးႏွံေပၚမွီေနရတဲ့ ဝင္ေငြပဲရွိတာ ဆို ေတာ့ အစစအရာရာေဈးေတြကလည္း တက္ေတာ့ စားဝတ္ေနေရးေၾကာင့္ တခ်ိဳ႕မိသားစုေတြဆို အဆင္ မေျပလို႔ မိသားစုလိုက္သြားၾကတာေတာင္ရွိတယ္”ဟု အျခားေသာေတာင္သူတစ္ဦးက ေျပာသည္။
(၂၀၂၄ -၂၀၂၅) ဘ႑ာႏွစ္၊ ဧၿပီလမွ ေအာက္တိုဘာလ (၂၅)ရက္အထိ ျပည္ပသို႔ လယ္ယာထြက္ ကုန္ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္းေပါင္း (၂၇၅၀) ေက်ာ္ရရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အလားတူ ဧရာဝတီတိုင္းအတြင္းရွိ ငါးေမြးျမဴေရးကန္မ်ားတြင္လည္း ကန္လုပ္သားရွားပါးလာ ျခင္းႏွင့္ ရင္ဆိုင္ေနရၿပီး လုပ္သားခေဈးႏႈန္းမ်ားလည္း ညႇိႏႈိင္းလုပ္ေဆာင္ေနရမႈမ်ားရွိေနေၾကာင္း ငါး ေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
“ငါးကန္လုပ္သားေတြကေတာ့ တစ္ေန႔ကို က်ပ္(၇၀ဝဝ)ႏႈန္းနဲ႔ေတာ့ အရင္တုန္းကလုပ္ၾကတာ ေပါ့ေနာ္။ အခုေနာက္ပိုင္းေတာ့ မိသားစုနဲ႔ စားဝတ္ေနေရးအခက္အခဲအဆင္မေျပေတာ့ ဒီလုပ္ငန္းနဲ႔ အဆင္မေျပေတာ့ လုပ္ခတိုးေတာင္း လာတဲ့အခါ လုပ္ငန္းရွင္ေတြကလည္း အဆင္ေျပ ေအာင္ညႇိႏႈိင္းၿပီး ေတာ့ လုပ္ေပးၾကရတာေပါ့ေနာ္။ တခ်ိဳ႕ကလည္း ကန္မွာ ဘဲေမြး၊ တခ်ိဳ႕ကလည္း ၾကက္ေမြးဖို႔ အဲဒီလို ခြင့္ျပဳေပးတာေတြလည္းရွိလာ တယ္။ ေနာက္ၿပီးေတာ့ ရာသီေပၚသီးႏွံစိုက္ဖို႔လည္းခြင့္ျပဳေပးတာေတြ ေတာ့ လုပ္ေပးတာေတြရွိတယ္။ အလုပ္သမားေပ်ာ္‌ေအာင္နဲ႔ အလုပ္သမားၿမဲေအာင္ ရွိဆဲ အလုပ္သမား ကိုေတာ့အဲဒီလိုျပန္ဆြဲခ်ဳပ္ရတာေတြေတာ့ရွိတယ္”ဟု ငါးေမြးျမဴေရးလုပ္ငန္းရွင္က ေျပာသည္။

Related news

© 2021. All rights reserved.