မကွေးမြို့နယ်တွင် ဥစားကြက်မွေးမြူရေးဇုန် ဆောင်ရွက်နေမှု(၅၀)ရာခိုင်နှုန်းပြီးစီး

 124

Pearl (NP News) - မေ ၂၅

မကွေးမြို့နယ်တွင် ဥစားကြက်မွေးမြူရေးဇုန် ဆောင်ရွက်နေမှု(၅၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။


လက်ရှိတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ရှားပင်လှ ကျေးရွာအနီးတွင် ဥစားကြက်မွေးမြူရေးဇုန်နှင့် ဧက(၁၅၀) စနစ်ကျလယ်ယာမြေ ဖော်ထုတ် နေကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေရန် ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေရန်အတွက် ရှားပင်လှကျေးရွာအနီး မြေဧက(၄၈.၀၆)ဧက ပေါ်တွင် ဥစားကြက်မွေးမြူရေး ဇုန် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးလုပ်ငန်းရှင်(၁၂)ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀)ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လက်ရှိ(၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း စိုက်ဧက စုစုပေါင်း (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ချ ဆောင်ရွက်နေကြောင်းလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
မေကြးၿမိဳ႕နယ္တြင္ ဥစားၾကက္ေမြးျမဴေရးဇုန္ ေဆာင္႐ြက္ေနမႈ(၅၀)ရာခိုင္ႏႈန္းၿပီးစီး
Pearl (NP News) - ေမ ၂၅

မေကြးၿမိဳ႕နယ္တြင္ ဥစားၾကက္ေမြးျမဴေရးဇုန္ ေဆာင္႐ြက္ေနမႈ(၅၀)ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။


လက္ရွိတြင္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ရွားပင္လွ ေက်း႐ြာအနီးတြင္ ဥစားၾကက္ေမြးျမဴေရးဇုန္ႏွင့္ ဧက(၁၅၀) စနစ္က်လယ္ယာေျမ ေဖာ္ထုတ္ ေနေၾကာင္း သိရသည္။

မေကြးၿမိဳ႕နယ္အတြင္း အသားက႑ဖူလုံေစရန္ ေဘးအႏၲရာယ္ျဖစ္ေစသည့္ အသားငါးမ်ား ေလ်ာ့နည္းေစရန္အတြက္ ရွားပင္လွေက်း႐ြာအနီး ေျမဧက(၄၈.၀၆)ဧက ေပၚတြင္ ဥစားၾကက္ေမြးျမဴေရး ဇုန္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေမြးျမဴေရးလုပ္ငန္းရွင္(၁၂)ဦးမွ တစ္ဦးလွ်င္ ဥစားၾကက္ အေကာင္ေရ(၃၀၀၀)ျဖင့္ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီး လက္ရွိ(၅၀)ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၌ ယခုႏွစ္အတြင္း စိုက္ဧက စုစုေပါင္း (၆၅)သိန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ေရး စီမံခ်က္ခ် ေဆာင္႐ြက္ေနေၾကာင္းလည္း မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.