၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့

196

Pearl (NP News)- မေ ၂၅
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ၏အချက်အလက်များ အရ သိရသည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ပြီးခဲ့သည့် မေလ ၂၃ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုကြောင့် အချိန်တိုအတွင်း၌ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အခြေအနေရောက်ရှိ ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင်ဆောင် ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် ရန်ကုန်-ကော့သောင်း - ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းအား ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ကုန်သွယ်မှုစာရင်းများအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း ကုန်သွယ်မှုပိုငွေရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်တွန်းပြောကြားထားသည်။
ထို့အပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေးများ၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှုများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်မှုအခြေအနေများ၊ CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္ လမ္းေၾကာင္းမွ ကုန္သြယ္မႈပိုေငြ အေမရိကန္ ေဒၚလာ ၂ ဘီလ်ံေက်ာ္ ရရွိခဲ့
Pearl (NP News)- ေမ ၂၅
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္ လမ္းေၾကာင္းမွ ကုန္သြယ္မႈပိုေငြ အေမရိကန္ ေဒၚလာ ၂ ဘီလ်ံေက်ာ္ ရရွိခဲ့ေၾကာင္း ကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ားမွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီ ၏အခ်က္အလက္မ်ား အရ သိရသည္။
ကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ားမွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီ (၂/၂၀၂၅)ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး ကို ၿပီးခဲ့သည့္ ေမလ ၂၃ရက္က က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ ကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ားမွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခဲ့မႈေၾကာင့္ ကုန္သြယ္မႈႏွင့္ကုန္စည္ စီးဆင္းမႈမ်ား ျပတ္ေတာက္မႈမရွိေစေရး သက္ဆိုင္ရာဌာနမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့မႈေၾကာင့္ အခ်ိန္တိုအတြင္း၌ ကုန္သြယ္မႈလုပ္ငန္းမ်ား ပုံမွန္အေျခအေနေရာက္ရွိ ရန္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ကုန္သြယ္မႈလ်ာထားခ်က္မ်ား ျပည့္မီေက်ာ္လြန္ေအာင္ေဆာင္ ႐ြက္ႏိုင္ေရးအတြက္ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ား လ်င္ျမန္ေခ်ာေမြ႕ေစေရး ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိၿပီး နယ္စပ္ကုန္သြယ္ေရးနည္းလမ္း (Border Trade Method) ျဖင့္ ရန္ကုန္-ေကာ့ေသာင္း - ရေနာင္းႏွင့္ ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္သို႔ နယ္စပ္ကုန္သြယ္မႈနည္းလမ္း ကြန္တိန္နာစနစ္ျဖင့္ တင္ပို႔/တင္သြင္းျခင္းအား ၂၀၂၄ ခုႏွစ္ ဇြန္လမွ စတင္ေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ကုန္သြယ္မႈစာရင္းမ်ားအရ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈပိုေငြ အေမရိကန္ ေဒၚလာ ၂ ဒသမ ၃ ဘီလီယံေက်ာ္ရွိခဲ့ၿပီး ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္လည္း ကုန္သြယ္မႈပိုေငြရရွိေစေရးအတြက္ ပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တိုက္တြန္းေျပာၾကားထားသည္။
ထို႔အျပင္ ပို႔ကုန္တင္ပို႔ၿပီး ပို႔ကုန္ရေငြမ်ား အခ်ိန္မီျပန္လည္ဝင္ေရာက္ေရးမ်ား၊ စက္သုံးဆီ/ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးမႈမ်ား အဆင္ေျပေခ်ာေမြ႕ေစေရး ေဆာင္႐ြက္မႈအေျခအေနမ်ား၊ CMP လုပ္ငန္းမ်ား ပိုမိုတင္ပို႔ႏိုင္ေရးမ်ားကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။