တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး စျေးကွက်သုံးသပ်ချက်

231

ပြည့်ဖြိုး (NP News)
ပြည်တွင်းဈေးကွက်အတွင်းအပြောင်းအလဲနည်းပါးသော်လည်းအထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်မြင့်တက် နေဆဲဖြစ်သည်။ တန်ဖိုးမြင့်ကုန်စည်များဖြစ်သော အိမ်ခြံ မြေ၊ ရွှေ၊ နိုင်ငံခြားငွေနှင့် ကားဈေးကွက်များမှာ အရောင်းအဝယ်အေးနေသော်လည်း ဈေးအမြင့်ပိုင်း တွင် တည်ရှိနေကြသည်။ အခြေခံစားသောက်ကုန်နှင့် အထွေထွေလူမှုစရိတ်များမှာ သင်္ကြန်ကာလအပြီး ကတည်းက ဆက်တိုက်မြင့်တက်နေရာ လက်ရှိတွင် (၂၀)ရာခိုင်နှုန်းခန့် ယခင်နှစ်ထက် မြင့်တက်လာ ကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးသည် အနည်းငယ်ပြန်လည်ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေးမှာလည်း အတက်အကျတည်ငြိမ်နေကြောင်းသိရ သည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိ ကန်ဒေါ်လာ ဈေး အနည်းငယ်ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဆက်လက်မြင့်တက်နိုင်သောအခြေအနေတွင် ရောက်ရှိနေသည်။ တရားဝင်ငွေလဲလိုင်စင်လုပ်ကိုင်ခွင့်ရဘဏ်များအကြား အရောင်းအဝယ် ဖြစ်သော ငွေလဲ ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့် တက်နေရာ အခြေခံစားသောက်ကုန်များအထိ သက် ရောက်မှုရှိလာနိုင်သည်။ အခြေခံစားသောက်ကုန်များတွင် အသား/ငါးဈေးနှုန်းများ ပြန်လည် မြင့်တက် လာပြီး ကုန်စိမ်းဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလာသည်။ စားအုန်းဆီဈေးကွက်တွင် တရားဝင်ဖြန့်ချီ သောဈေးမှာတစ်ပိဿာလျှင် (၇၀ဝဝ) ကျပ် ဝန်းကျင်ဖြင့်တည်ငြိမ်နေပြီး ပြင်ပဈေးကွက်တွင်မှု စားအုန်းဆီတစ်ပိဿာ (၁၂၀ဝဝ)ကျပ် ဝန်းကျင်ဖြင့် အပြောင်းအလဲနည်းပါးကြောင်းသိရသည်။ ပြည်ပမှအဓိကတင်သွင်းနေရသည့် စက်သုံးဆီဈေးမှာ ယခင်တစ်ပတ်ကထက်ဈေးနှုန်း အနည်း ငယ်ကျဆင်းလာပြီး စင်ကာပူရှိစက်သုံးဆီ အရောင်းဒိုင်များတွင် စက်သုံးဆီဈေးကျဆင်းနေခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာ့စက်သုံးဆီဈေးကွက်အတွင်း အပြောင်းအလဲများသည် အာရှဈေးကွက်အထိပါ သက် ရောက်မှုရှိလာပြီး လတ်တလောဈေးနှုန်းများ ကျဆင်းနေခြင်းဖြစ်သည်။ မိုးဦးကျကာလသို့ရောက်ရှိလာ ပြီဖြစ်ရာ အိမ်ပြင်ဆင်ဆောက်လုပ်မှုများလာပြီး ဆောက်လုပ်ရေးပစ္စည်းများမှာ ဈေးနှုန်းအတက်ပိုင်း သို့ရောက်ရှိနေသည်။ လက်ရှိအချိန်အထိဘိလပ်မြေဈေးမှာကျဆင်းသွားခြင်းမရှိသည့်အပြင် အုတ်၊ သဲ၊ ကျောက်နှင့် သံတို့မှာလည်း ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။ ထူးခြား ချက်အနေဖြင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက် ခြင်း၏နောက်ဆက်တွဲပြဿနာဖြစ်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၏ လုပ်ခလစာတိုးမြင့် တောင်းခံမှု ယခုတစ်ပတ်အတွင်း ပေါ်ပေါက်လာပြီး ဖြေရှင်းနိုင်ရန်ခက်ခဲမည်ဖြစ်ကြောင်း ကျွမ်းကျင်သူ များကခန့်မှန်းထားကြသည်။ အလုပ်သမားများ၏ အခြေခံအနိမ့်ဆုံးလုပ်ခလစာမှာ ပြောင်းလဲခြင်းမရှိ သောကြောင့် အလုပ်သမားဆန္ဒပြပွဲများ ဖြစ်ပေါ်နေ ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီမဖြေရှင်းနိုင်ပါက အခြားစက်ရုံအလုပ်ရုံများအထိပျံ့နှံ့လာနိုင်သည်။
ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးဈေးကွက်
ပြည်တွင်းဒေါ်လာဈေးကွက်နှင့် ရွှေဈေးကွက်မှာ အပြောင်းအလဲကြီးကြီးမားမားမရှိသော်လည်း ဈေးနှုန်းများအနည်းငယ်ပြောင်းလဲလာ ကြောင်းဈေးကွက်အတွင်းမှသိရသည်။ ပြည်တွင်း ဒေါ်လာဈေး မှာ တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး (၄၄၃၀)ကျပ်အထိ မြင့်တက်နေပြီး ယခင်တစ်ပတ်က ထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။ ဒေါ်လာဈေးမှာ မေလ(၁၄)ရက်တွင် တစ်ဒေါ်လာ လျှင် (၄၄၀ဝ)ကျပ် ဝန်းကျင်ရှိနေရာမှ မေလ (၂၀) ရက်တွင် (၄၄၃၀)ကျပ်အထိ ပြင်ပဈေးများမြင့်တက်နေ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trad- ing Platform) မှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ထုတ်ရောင်းနေပြီး ငွေလဲနှုန်း (၁၃၁) ကျပ်နှင့် ထိုင်း ဘတ် (၁ ဒသမ ၅၂၆) သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၆၇) သန်းနှင့် သွင်းကုန်လုပ်ငန်းရှင် များအတွက် ထိုင်းဘတ် သန်း(၅၀) ရောင်းချပေးမည်ဟု မေ(၁၃)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည် ။ ထုတ်ရောင်းပေးမည့် ငွေပမာဏ အတွက် ရည်ညွှန်းငွေလဲနှုန်းကို သီးခြားဖော်ပြခဲ့ခြင်းမရှိကြောင်း သိရ သည်။ မေ (၁၅) ရက်တွင် ငွေလဲနှုန်း (၃၆၀၆) ကျပ်ဖြင့် အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ရှစ် ထောင့်ငါးရာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ငွေလဲနှုန်း (၁၃၁ ဒသမ ၇၈) ကျပ်ဖြင့် ထိုင်း ဘတ် (၃ ဒသမ ဝ၅၅) သန်းကိုလည်းကောင်း မေ (၁၆) ရက်တွင် ငွေလဲနှုန်း (၃၆၀၆) ကျပ်ဖြင့် အမေရိ ကန်ဒေါ်လာ သုံးသိန်းကို ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့ ကြောင်းသိရသည်။ ထို့ပြင် ငွေလဲနှုန်း (၁၃၁ ဒသမ ၇၈) ကျပ်ဖြင့် ထိုင်းဘတ် (၁ ဒသမ ၆၀၂)သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထား သည်။ လက်ရှိ ငွေကြေး ဈေးကွက်အတွင်း၌ စင်ကာပူဒေါ်လာမှာ (၃၃၈၀) ဝန်းကျင်နဲ့ ဈေးနှုန်းကျဆင်း နေပြီး တရုတ်ယွမ်မှာ (၆၁၅)ဝန်းကျင်နဲ့ ဈေးမြင့်တက်နေသည်။ အိန္ဒိယရူပီး (၅၁)ကျပ် ဝန်းကျင်၊ ထိုင်း ဘတ် (၁၃၃) ဝန်းကျင်ဖြင့် ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ဆက်လက်ရပ်တည် နေသည်။ လာမည့် ရက် ပိုင်းအတွင်း အမေရိကန်ဒေါ် လာဈေး ဆက်လက်မြင့်တက်နိုင်ပြီး တရုတ်ငွေဈေး နှင့် စင်ကာပူ ဒေါ်လာ မှာလည်း အပြောင်းအလဲအချို့ရှိနိုင်ကြောင်းကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
ဈေးအနည်းငယ်ကျဆင်းသွားသည့် ပြည်တွင်းရွှေဈေး
ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေဈေးများ ကျဆင်းနေရာ ယခုတစ်ပတ်တွင်လည်း ပြည်တွင်း ရွှေဈေးများကျဆင်းလာကြောင်းဈေးကွက်အတွင်းမှ သိရသည်။ မေလ(၁၄)ရက်ဝန်းကျင်က ကမ္ဘာ့ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ(၃၂၅၃) ဒေါ်လာအထိမြင့်တက်နေသော ရွှေဈေးသည် မေလ(၂၀)ရက်တွင် (၃၂၁၂)ဒေါ်လာ အထိပြန်လည် ကျဆင်းလာသည်။ ဈေးနှုန်းကွာခြားချက်အနေဖြင့် (၄၁)ဒေါ်လာဝန်းကျင်ရှိနေရာ ပြည်တွင်းရွှေဈေး ကွက် အပေါ်သက်ရောက်မှုရှိလာခြင်းဖြစ်သည်။ ပြည် တွင်းရွှေဈေးကွက်တွင် ပြင်ပရွှေဈေးကွက်က ဦး ဆောင်နေပြီး မေလ(၁၄)ရက်ဝန်းကျင်က အခေါက် ရွှေတစ်ကျပ်သားလျှင် (၇၅)သိန်းဝန်းကျင်ပေါက်ဈေး ရှိခဲ့သည်။ မေလ(၂၀)ရက်တွင်မှု အခေါက်ရွှေတစ် ကျပ်သားလျှင် (၇၄)သိန်းခြောက်သောင်းခန့် အထိ ဈေးကျဆင်းလာရာ တစ်ပတ်အတွင်း ငွေကျပ်လေး သောင်းခန့်ကျဆင်းသွားခြင်းဖြစ်သည်။ (၁၅)ပဲရည် ရွှေဈေးကွက်မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ရှိ နေပြီး တစ်ကျပ်သားလျှင် သိန်း(၇၀)နှစ်သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။ လာ မည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ အပြောင်းအလဲရှိနိုင်သော်လည်း အကျဈေး ဘက်တွင် အားသာနိုင်ကြောင်း သိရသည်။
အထွေထွေကုန်ဈေးနှုန်းနှင့်အခြခံစားသောက်ကုန်
သင်္ကြန်ကာလအပြီးကတည်းကဆက် တိုက်မြင့်တက်နေသော စားသောက်ကုန်များတွင် အသား/ငါးဈေးနှုန်းမှာ အမြင့်ပိုင်းတွင်ရောက်ရှိ နေသည်။ လတ်တလောအခြေခံစားသောက်ကုန် ဈေး ကွက်ထဲတွင် ကုန်စိမ်းအချို့ ဈေးကျနေပြီး ကြက်ဥ၊ ဘဲဥဈေးများမှာ အမြင့်ဈေးအတိုင်း ရှိနေဆဲ ဖြစ် သည်။ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် မေ (၁၉) ရက်မှ (၂၅) ရက်အထိ ရန်ကုန်အထိုင် စား အုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ လျှင် (၆၅၂၅)ကျပ်အဖြစ် သတ်မှတ်ထားပြီး အရင်တစ်ပတ်ကထက် (၉၅)ကျပ် ထပ်မံ ကျဆင်း လာကြောင်း သိရသည်။ ပြင်ပဈေးကွက်၏ စား အုန်းဆီဈေးမှာ ကျပ်တစ်သောင်းနှစ်ထောင် ဝန်းကျင်တွင်ဆက်လက် ရပ်တည်နေပြီး ဆီစာအုပ်ဖြင့် (၁၀) ရက် တစ်ကြိမ်စီ၊ တစ်ပိဿာနှုန်း ရောင်းချပေးသော ဆီထုတ်ဈေးက တော့ ကျပ် (၇၀ဝဝ)ဝန်းကျင်ဖြင့် အရင်တစ်ပတ်ဈေးနှုန်းအတိုင်း ဆက်လက်ရပ်တည်နေကြောင်း သိရ သည်။ ဆန်ဈေးကွက်မှာ ဆန်အမျိုး အစားတချို့ ဈေးမြင့်တက်လျက်ရှိပြီး ဆန်ကြမ်းဖြစ်သော ရက် (၉၀) ထူးရှယ်သစ်တစ်အိတ် ရှစ် သောင်း ခြောက်ထောင်ကျပ်၊ ဆင်းသွယ် တစ်အိတ် တစ်သိန်းတစ်သောင်း လေးထောင်ကျပ် ဝန်းကျင်ဖြင့် ပေါက်ဈေးရှိနေသည်။ ဆန်ချောများတွင် ပုသိမ်ပေါ် ဆန်း (ရိုးရိုးအသစ်) တစ်အိတ် ကျပ်တစ်သိန်း၊ ဧရာ ရွှေဘို(အသစ်) တစ်အိတ် တစ်သိန်းငါးသောင်း လေးထောင်ကျပ် ဝန်း ကျင်တွင်ရှိနေကြောင်းသိရသည်။ကြက်ဥ၊ ဘဲဥဈေးကွက်မှာ ကြက်ဥအရွယ်အစား အလိုက် တစ်လုံး ကို (၅၀ဝ) ကျပ်ကနေ (၆၀ဝ) ကျပ်ဝန်းကျင်အထိ ရှိနေဆဲဖြစ်ပြီး ဘဲဥဈေးမှာ အရွယ်အစားအလိုက် တစ်လုံး (၅၅၀) ကျပ်ကနေ (၇၀ဝ)ကျပ်ဝန်းကျင်အထိ ရှိနေသည်။ ကုန်ခြောက် ဈေးကွက်မှာ အာလူးနဲ့ ကြက်သွန် နီတွေ ဈေးပြန် တက်နေပြီး ကြက်သွန်ဖြူမှာ ဈေးပြန်ကျလာသည်။ အာလူး တစ်ပိဿာ (၁၀ဝဝဝ) ကျပ် ဝန်းကျင်ဖြစ်ပြီး ကြက်သွန်နီမှာ အမျိုးအစားအလိုက် တစ်ပိဿာ (၂၅၀ဝ)ကျပ်မှ (၃၀ဝဝ) ကျပ်ဝန်းကျင် ရှိနေသည်။ ကြက်သွန်ဖြူမှာ အမျိုးအစားအလိုက် တစ်ပိဿာ တစ်သောင်း နှစ်ထောင်ကျပ်မှ တစ် သောင်း လေးထောင်ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေ ကြောင်းသိရသည်။ ကုန်စိမ်းဈေးကွက်မှာ ဂေါ်ဖီထုပ် တထုပ် ၁၀ဝ၀ ကျပ်ဝန်းကျင်ဖြင့် ဈေးထပ်ကျနေပြီး ပန်းဂေါ်ဖီမှာလည်း တစ်ပွင့် (၁၅၀ဝ - ၂၀ဝဝ) ကျပ် ဝန်းကျင်ဖြင့် ဈေးကျလာခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်း ကလည်း တစ်ပွင့် (၂၅၀ဝ) ကျပ်ဝန်းကျင် ဈေးကျနေ နေပြီး တရုတ်ကန်စွန်းရွက်တစ်စီး (၅၀ဝ)ကျပ်၊ ရိုးရိုးကန်စွန်းရွက်တစ်စည်း (၃၀ဝ)ကျပ်ဝန်းကျင်ဖြင့် ဈေးပြန်ကျနေသည်။ ထို့အတူ ခရမ်းချဉ်သီးကလည်း တစ်ပိဿာ (၂၀ဝဝ)ကျပ် ဝန်းကျင်ဖြင့် ဈေးကျနေ သည်။
အသားငါးဈေးကွက်မှာ ငါး၊ ပုစွန်ဈေးများ မြင့်တက်နေပြီး ငါးမြစ်ချင်း တစ်ပိဿာကျပ် နှစ် သောင်းဝန်းကျင်၊ ငါးကြင်းတစ်ပိဿာ ကျပ် နှစ် သောင်းခွဲဝန်းကျင်ဈေးရှိနေသည်။ ပုစွန်ဈေးများမှာ အမျိုးအစားအလိုက် တစ်ပိဿာကျပ် သုံးသောင်းခွဲမှ ခြောက်သောင်းခွဲဝန်းကျင်အထိ ရှိနေသည်။ ကြက် သားမှာ တစ်ပိဿာ ကျပ်နှစ်သောင်းဝန်းကျင်ဖြင့် အနည်းငယ်ဈေးကျလာသော်လည်း ဝက်သား တစ် ပိဿာ ကျပ်သုံးသောင်းလေးထောင်ဝန်းကျင်ဖြင့် ဈေးအနည်းငယ်တက်လာကြောင်းသိရသည်။
အမဲသား တစ်ပိဿာ ကျပ်သုံးသောင်း သုံးထောင်ဝန်းကျင်ဖြင့် ဈေးထပ်တက်နေပြီး ဆိတ်သား မှာ တစ်ပိဿာ ကျပ်လေးသောင်း ခြောက်ထောင်ဝန်းကျင်ဖြင့် ဈေးတက်နေကြောင်းသိရသည်။ အ ထက်ပါ ဈေးနှုန်းများမှာ ရန်ကုန်မြို့အခြေပြုကာ လေ့လာထားသောပေါက်ဈေးများဖြစ်ကြပြီး နေရာ ဒေသ အလိုက် အပြောင်းအလဲရှိ နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်း ကြောင့် အခြေခံစားသောက်ကုန်များသည် ဈေးနှုန်းအမြင့်ပိုင်း တွင်ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအထိ အပြောင်းအလဲနည်းပါးနိုင်သည်။
အခြေခံ လုပ်ခလစာနှင့် စက်ရုံအလုပ်သမား ပြဿနာများ
အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများဖြစ်ပွားလာခြင်း၏ နောက် ဆက်တွဲ ပြဿနာအဖြစ် အမြဲကြုံတွေ့ရသော ပြဿနာမှာ အလုပ်သမားများ၏ လုပ်ခ လစာတိုးမြှင့် တောင်းခံခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံလုပ်ခလစာကို (၄၈၀ဝ)ကျပ်ဖြင့် (၂၀၁၈) ခုနှစ်ဝန်း ကျင်ကတည်းက သတ်မှတ်ခဲ့ရာ၌ ဥပဒေအရ နှစ်နှစ်လျှင်တစ်ကြိမ် ပြန် လည်ပြင်ဆင်သတ်မှတ်ရမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် လတ်တလော အခြေခံကုန်ဈေး နှုန်းများ မြင့်တက်လာချိန်တွင် စက်ရုံအလုပ်သမားများ၏ လုပ်ခလစာမှာ တစ်ရက်အသုံးစရိတ်ပင်ကာမိ ခြင်း မရှိသောကြောင့် လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုမှုများဖြစ်ပွားလာခြင်းဖြစ်သည်။ နစက လက် ထက်တွင် ရှားပါး စရိတ်နှင့်ထောက်ပံကြေးနှစ်ထောင် ထပ်တိုးသတ် မှတ်ခဲ့ရာ တစ်ရက်လုပ်ခမှာ (၆၈၀ဝ) ကျပ်အထိ တရားဝင်သတ်မှတ်ထားသည်။ ယင်းသို့သတ်မှတ် ခြင်းသည် အခြေခံ လုပ်ခလစာကို တိုးမြှင့်ပေးခြင်း မဟုတ်သောကြောင့် လုပ်ငန်းခွင်အတွင်း အချိန်ပိုကြေးသတ်မှတ်ရာတွင် ယခင်သတ် မှတ်ခဲ့သော တစ်ရက်လုပ်ခ (၄၈၀ဝ)ကျပ်ဖြင့် ဆက်လက်တွက် ချက်နေကြဆဲဖြစ်သည်။ ထိုကြောင့် အခြေခံ လုပ်ခလစာသည် တွက်ချက်ရန်ပိုမိုရှုပ်ထွေးလာပြီး အလုပ်သမားများ၏ လုပ်ခလစာ တိုးမြင့် တောင်းဆို ဆန္ဒပြမှုများပါ ဆက်လက်ကြုံတွေ့ နေရခြင်းဖြစ် သည်။ လတ်တလော ရန်ကုန်မြို့ရှိ CMP ဖိနပ် စက်ရုံတစ်ခုမှ အလုပ်သမားများ အခြေခံလုပ်ခလစာအတွက် ဆန္ဒပြတောင်းဆိုမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လုပ်ခလစာ တစ်သောင်းနှစ်ထောင်အထိ တိုးမြှင့်တောင်းခံခဲ့သည်။ အလုပ်သမားများ၏ တောင်းဆိုမှုသည် ခေတ်ကာလ အထွေထွေကုန်ဈေးနှုန်းဖြင့်နှိုင်း ယှဉ်ပါက သင့်တော်သော တောင်း ဆိုမှုဖြစ်သော်လည်း ဥပဒေအရ အကျုံးမဝင်ပေ။ ထို့ကြောင့် အခြေခံလုပ်ခလစာ သတ်မှတ်ချက်ကို တိုးမြှင့်နိုင်မှသာ စက်ရုံအလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် အခြေခံလုပ်သား ခုနစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။ ယင်းအခြေခံ လုပ်သားများသည် အနိမ်ဆုံးလုပ်ခ လစာ သတ်မှတ် ချက် (၄၈၀ဝ)နှင့် ရှားပါးစရိတ်ထောက်ပံကြေး (၂၀ဝဝ)တို့ဖြင့်သာ နေစဉ်လူမှုဘဝကို ဖြတ် ကျော်နေရဆဲဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အခြေခံလုပ် ခလစာကို တိုးမြှင့်ပေးခြင်းမရှိပါက အလုပ် သမားများ၏ ဆန္ဒပြတောင်းဆိုမှုများ ဆက်လက်ဖြစ်ပွားလာ ဦးမည်ဖြစ်သည်။ လတ်တလော တရားဝင် ငွေလဲ လိုင်စင်ရဘဏ်များအကြား အရောင်းအဝယ်ပြုလုပ် သော အမေရိကန်ဒေါ်လာပေါက်ဈေးမှာ တစ် ဒေါ်လာ လျှင် (၃၆၀ဝ)ကျပ်ဝန်းကျင် ဖြစ်သည်။ ထို့ကြောင့် အခြေခံအလုပ်သမားတစ်ဦး၏ လုပ်ခ လစာမှာ နှစ်ဒေါ်လာပင် မရှိသောကြောင့် နည်းပါးလွန်းသော ဝင်ငွေစာရင်းတွင် ပါဝင်နေသည်။ ပြင်ပ ဒေါ်လာ ပေါက်ဈေးဖြင့်နှိုင်းယှဉ်ပါက ပိုမိုနည်းပါးသွားမည် ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဝင်ငွေ အဆင့် အတန်း သတ်မှတ်ချက်အရ လူတစ်ဦး၏ ပျမ်းမျှ အနည်းဆုံး လုပ်ခလစာမှာ နှစ်ဒေါ်လာ အောက် ရောက်ရှိနေပါက ဆင်းရဲမွဲတေမှုအဖြစ်သတ်မှတ်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေခံလုပ်ခ လစာအရ အလုပ်သမား များသည် ဆင်းရဲမွဲတေသော လုပ်ခလစာဖြင့် အလုပ်လုပ်ကိုင်နေရဆဲဖြစ် သည်။ သက်ဆိုင်ရာအနေဖြင့် အခြေခံလုပ်ခလစာကို အမြန်ဆုံး ပြင်ဆင်သတ်မှတ်နိုင်မှသာ အလုပ် သမားများ၏ ဆန္ဒထုတ်ဖော်မှုများကို အချိန်မီဖြေရှင်းနိုင်မည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေစ်းကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျပည္တြင္းေဈးကြက္အတြင္းအေျပာင္းအလဲနည္းပါးေသာ္လည္းအေထြေထြကုန္ေဈးႏႈန္းျမင့္တက္မႈမွာ ရပ္တန႔္ျခင္းမရွိဘဲ ဆက္တိုက္ျမင့္တက္ ေနဆဲျဖစ္သည္။ တန္ဖိုးျမင့္ကုန္စည္မ်ားျဖစ္ေသာ အိမ္ၿခံ ေျမ၊ ေ႐ႊ၊ ႏိုင္ငံျခားေငြႏွင့္ ကားေဈးကြက္မ်ားမွာ အေရာင္းအဝယ္ေအးေနေသာ္လည္း ေဈးအျမင့္ပိုင္း တြင္ တည္ရွိေနၾကသည္။ အေျခခံစားေသာက္ကုန္ႏွင့္ အေထြေထြလူမႈစရိတ္မ်ားမွာ သၾကၤန္ကာလအၿပီး ကတည္းက ဆက္တိုက္ျမင့္တက္ေနရာ လက္ရွိတြင္ (၂၀)ရာခိုင္ႏႈန္းခန႔္ ယခင္ႏွစ္ထက္ ျမင့္တက္လာ ေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးသည္ အနည္းငယ္ျပန္လည္က်ဆင္းလာၿပီး ကမာၻ႔ေ႐ႊေဈးမွာလည္း အတက္အက်တည္ၿငိမ္ေနေၾကာင္းသိရ သည္။ ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း အေမရိ ကန္ေဒၚလာ ေဈး အနည္းငယ္ဆက္လက္ျမင့္တက္ေနဆဲျဖစ္ၿပီး ဆက္လက္ျမင့္တက္ႏိုင္ေသာအေျခအေနတြင္ ေရာက္ရွိေနသည္။ တရားဝင္ေငြလဲလိုင္စင္လုပ္ကိုင္ခြင့္ရဘဏ္မ်ားအၾကား အေရာင္းအဝယ္ ျဖစ္ေသာ ေငြလဲ ေဈးႏႈန္းမ်ားမွာလည္း အနည္းငယ္ျမင့္ တက္ေနရာ အေျခခံစားေသာက္ကုန္မ်ားအထိ သက္ ေရာက္မႈရွိလာႏိုင္သည္။ အေျခခံစားေသာက္ကုန္မ်ားတြင္ အသား/ငါးေဈးႏႈန္းမ်ား ျပန္လည္ ျမင့္တက္ လာၿပီး ကုန္စိမ္းေဈးႏႈန္းမွာ အနည္းငယ္ က်ဆင္းလာသည္။ စားအုန္းဆီေဈးကြက္တြင္ တရားဝင္ျဖန႔္ခ်ီ ေသာေဈးမွာတစ္ပိႆာလွ်င္ (၇၀ဝဝ) က်ပ္ ဝန္းက်င္ျဖင့္တည္ၿငိမ္ေနၿပီး ျပင္ပေဈးကြက္တြင္မႈ စားအုန္းဆီတစ္ပိႆာ (၁၂၀ဝဝ)က်ပ္ ဝန္းက်င္ျဖင့္ အေျပာင္းအလဲနည္းပါးေၾကာင္းသိရသည္။ ျပည္ပမွအဓိကတင္သြင္းေနရသည့္ စက္သုံးဆီေဈးမွာ ယခင္တစ္ပတ္ကထက္ေဈးႏႈန္း အနည္း ငယ္က်ဆင္းလာၿပီး စင္ကာပူရွိစက္သုံးဆီ အေရာင္းဒိုင္မ်ားတြင္ စက္သုံးဆီေဈးက်ဆင္းေနျခင္းေၾကာင့္ ျဖစ္သည္။ ကမာၻ႔စက္သုံးဆီေဈးကြက္အတြင္း အေျပာင္းအလဲမ်ားသည္ အာရွေဈးကြက္အထိပါ သက္ ေရာက္မႈရွိလာၿပီး လတ္တေလာေဈးႏႈန္းမ်ား က်ဆင္းေနျခင္းျဖစ္သည္။ မိုးဦးက်ကာလသို႔ေရာက္ရွိလာ ၿပီျဖစ္ရာ အိမ္ျပင္ဆင္ေဆာက္လုပ္မႈမ်ားလာၿပီး ေဆာက္လုပ္ေရးပစၥည္းမ်ားမွာ ေဈးႏႈန္းအတက္ပိုင္း သို႔ေရာက္ရွိေနသည္။ လက္ရွိအခ်ိန္အထိဘိလပ္ေျမေဈးမွာက်ဆင္းသြားျခင္းမရွိသည့္အျပင္ အုတ္၊ သဲ၊ ေက်ာက္ႏွင့္ သံတို႔မွာလည္း ေဈးႏႈန္းအျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနေၾကာင္း သိရသည္။ ထူးျခား ခ်က္အေနျဖင့္ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္ ျခင္း၏ေနာက္ဆက္တြဲျပႆနာျဖစ္ေသာ စက္႐ုံ၊ အလုပ္႐ုံ အလုပ္သမားမ်ား၏ လုပ္ခလစာတိုးျမင့္ ေတာင္းခံမႈ ယခုတစ္ပတ္အတြင္း ေပၚေပါက္လာၿပီး ေျဖရွင္းႏိုင္ရန္ခက္ခဲမည္ျဖစ္ေၾကာင္း ကြၽမ္းက်င္သူ မ်ားကခန႔္မွန္းထားၾကသည္။ အလုပ္သမားမ်ား၏ အေျခခံအနိမ့္ဆုံးလုပ္ခလစာမွာ ေျပာင္းလဲျခင္းမရွိ ေသာေၾကာင့္ အလုပ္သမားဆႏၵျပပြဲမ်ား ျဖစ္ေပၚေန ျခင္းျဖစ္ၿပီး သက္ဆိုင္ရာမွ အခ်ိန္မီမေျဖရွင္းႏိုင္ပါက အျခားစက္႐ုံအလုပ္႐ုံမ်ားအထိပ်ံ႕ႏွံ႔လာႏိုင္သည္။
ေဒၚလာအပါအဝင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္
ျပည္တြင္းေဒၚလာေဈးကြက္ႏွင့္ ေ႐ႊေဈးကြက္မွာ အေျပာင္းအလဲႀကီးႀကီးမားမားမရွိေသာ္လည္း ေဈးႏႈန္းမ်ားအနည္းငယ္ေျပာင္းလဲလာ ေၾကာင္းေဈးကြက္အတြင္းမွသိရသည္။ ျပည္တြင္း ေဒၚလာေဈး မွာ တစ္ေဒၚလာလွ်င္ ျပင္ပေပါက္ေဈး (၄၄၃၀)က်ပ္အထိ ျမင့္တက္ေနၿပီး ယခင္တစ္ပတ္က ထက္ အနည္းငယ္ျမင့္တက္လာျခင္းျဖစ္သည္။ ေဒၚလာေဈးမွာ ေမလ(၁၄)ရက္တြင္ တစ္ေဒၚလာ လွ်င္ (၄၄၀ဝ)က်ပ္ ဝန္းက်င္ရွိေနရာမွ ေမလ (၂၀) ရက္တြင္ (၄၄၃၀)က်ပ္အထိ ျပင္ပေဈးမ်ားျမင့္တက္ေန ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္ (FX Trad- ing Platform) မွတစ္ဆင့္ ႏိုင္ငံျခားေငြေၾကးမ်ား ထုတ္ေရာင္းေနၿပီး ေငြလဲႏႈန္း (၁၃၁) က်ပ္ႏွင့္ ထိုင္း ဘတ္ (၁ ဒသမ ၅၂၆) သန္းကိုလည္း ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။ ဆက္လက္ၿပီး ဗဟိုဘဏ္အေနျဖင့္ စက္သုံးဆီ လုပ္ငန္းရွင္မ်ားအတြက္ အေမရိကန္ေဒၚလာ (၂၃ ဒသမ ၆၇) သန္းႏွင့္ သြင္းကုန္လုပ္ငန္းရွင္ မ်ားအတြက္ ထိုင္းဘတ္ သန္း(၅၀) ေရာင္းခ်ေပးမည္ဟု ေမ(၁၃)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္ ။ ထုတ္ေရာင္းေပးမည့္ ေငြပမာဏ အတြက္ ရည္ၫႊန္းေငြလဲႏႈန္းကို သီးျခားေဖာ္ျပခဲ့ျခင္းမရွိေၾကာင္း သိရ သည္။ ေမ (၁၅) ရက္တြင္ ေငြလဲႏႈန္း (၃၆၀၆) က်ပ္ျဖင့္ အေမရိကန္ေဒၚလာ တစ္သိန္းသုံးေသာင္း ရွစ္ ေထာင့္ငါးရာကို ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေငြလဲႏႈန္း (၁၃၁ ဒသမ ၇၈) က်ပ္ျဖင့္ ထိုင္း ဘတ္ (၃ ဒသမ ဝ၅၅) သန္းကိုလည္းေကာင္း ေမ (၁၆) ရက္တြင္ ေငြလဲႏႈန္း (၃၆၀၆) က်ပ္ျဖင့္ အေမရိ ကန္ေဒၚလာ သုံးသိန္းကို ဗဟိုဘဏ္က ထုတ္ေရာင္းေပးခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ ေငြလဲႏႈန္း (၁၃၁ ဒသမ ၇၈) က်ပ္ျဖင့္ ထိုင္းဘတ္ (၁ ဒသမ ၆၀၂)သန္းကိုလည္း ေရာင္းခ်ေပးခဲ့ေၾကာင္း ထုတ္ျပန္ထား သည္။ လက္ရွိ ေငြေၾကး ေဈးကြက္အတြင္း၌ စင္ကာပူေဒၚလာမွာ (၃၃၈၀) ဝန္းက်င္နဲ႔ ေဈးႏႈန္းက်ဆင္း ေနၿပီး တ႐ုတ္ယြမ္မွာ (၆၁၅)ဝန္းက်င္နဲ႔ ေဈးျမင့္တက္ေနသည္။ အိႏၵိယ႐ူပီး (၅၁)က်ပ္ ဝန္းက်င္၊ ထိုင္း ဘတ္ (၁၃၃) ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ ေဈးႏႈန္းအတိုင္း ဆက္လက္ရပ္တည္ ေနသည္။ လာမည့္ ရက္ ပိုင္းအတြင္း အေမရိကန္ေဒၚ လာေဈး ဆက္လက္ျမင့္တက္ႏိုင္ၿပီး တ႐ုတ္ေငြေဈး ႏွင့္ စင္ကာပူ ေဒၚလာ မွာလည္း အေျပာင္းအလဲအခ်ိဳ႕ရွိႏိုင္ေၾကာင္းကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားၾကသည္။
ေဈးအနည္းငယ္က်ဆင္းသြားသည့္ ျပည္တြင္းေ႐ႊေဈး
ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးမ်ား က်ဆင္းေနရာ ယခုတစ္ပတ္တြင္လည္း ျပည္တြင္း ေ႐ႊေဈးမ်ားက်ဆင္းလာေၾကာင္းေဈးကြက္အတြင္းမွ သိရသည္။ ေမလ(၁၄)ရက္ဝန္းက်င္က ကမာၻ႔ ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ ေဒၚလာ(၃၂၅၃) ေဒၚလာအထိျမင့္တက္ေနေသာ ေ႐ႊေဈးသည္ ေမလ(၂၀)ရက္တြင္ (၃၂၁၂)ေဒၚလာ အထိျပန္လည္ က်ဆင္းလာသည္။ ေဈးႏႈန္းကြာျခားခ်က္အေနျဖင့္ (၄၁)ေဒၚလာဝန္းက်င္ရွိေနရာ ျပည္တြင္းေ႐ႊေဈး ကြက္ အေပၚသက္ေရာက္မႈရွိလာျခင္းျဖစ္သည္။ ျပည္ တြင္းေ႐ႊေဈးကြက္တြင္ ျပင္ပေ႐ႊေဈးကြက္က ဦး ေဆာင္ေနၿပီး ေမလ(၁၄)ရက္ဝန္းက်င္က အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၇၅)သိန္းဝန္းက်င္ေပါက္ေဈး ရွိခဲ့သည္။ ေမလ(၂၀)ရက္တြင္မႈ အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ (၇၄)သိန္းေျခာက္ေသာင္းခန႔္ အထိ ေဈးက်ဆင္းလာရာ တစ္ပတ္အတြင္း ေငြက်ပ္ေလး ေသာင္းခန႔္က်ဆင္းသြားျခင္းျဖစ္သည္။ (၁၅)ပဲရည္ ေ႐ႊေဈးကြက္မွာ ပုံမွန္အတိုင္း အေရာင္းအဝယ္ရွိ ေနၿပီး တစ္က်ပ္သားလွ်င္ သိန္း(၇၀)ႏွစ္ေသာင္းက်ပ္ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။ လာ မည့္ရက္ပိုင္းအတြင္း ကမာၻ႔ေ႐ႊေဈးအေပၚမူတည္ကာ အေျပာင္းအလဲရွိႏိုင္ေသာ္လည္း အက်ေဈး ဘက္တြင္ အားသာႏိုင္ေၾကာင္း သိရသည္။
အေထြေထြကုန္ေဈးႏႈန္းႏွင့္အျခခံစားေသာက္ကုန္
သၾကၤန္ကာလအၿပီးကတည္းကဆက္ တိုက္ျမင့္တက္ေနေသာ စားေသာက္ကုန္မ်ားတြင္ အသား/ငါးေဈးႏႈန္းမွာ အျမင့္ပိုင္းတြင္ေရာက္ရွိ ေနသည္။ လတ္တေလာအေျခခံစားေသာက္ကုန္ ေဈး ကြက္ထဲတြင္ ကုန္စိမ္းအခ်ိဳ႕ ေဈးက်ေနၿပီး ၾကက္ဥ၊ ဘဲဥေဈးမ်ားမွာ အျမင့္ေဈးအတိုင္း ရွိေနဆဲ ျဖစ္ သည္။ စားသုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ ေမ (၁၉) ရက္မွ (၂၅) ရက္အထိ ရန္ကုန္အထိုင္ စား အုန္းဆီ အေျခခံလက္ကားရည္ၫႊန္းေဈးမွာ တစ္ပိႆာ လွ်င္ (၆၅၂၅)က်ပ္အျဖစ္ သတ္မွတ္ထားၿပီး အရင္တစ္ပတ္ကထက္ (၉၅)က်ပ္ ထပ္မံ က်ဆင္း လာေၾကာင္း သိရသည္။ ျပင္ပေဈးကြက္၏ စား အုန္းဆီေဈးမွာ က်ပ္တစ္ေသာင္းႏွစ္ေထာင္ ဝန္းက်င္တြင္ဆက္လက္ ရပ္တည္ေနၿပီး ဆီစာအုပ္ျဖင့္ (၁၀) ရက္ တစ္ႀကိမ္စီ၊ တစ္ပိႆာႏႈန္း ေရာင္းခ်ေပးေသာ ဆီထုတ္ေဈးက ေတာ့ က်ပ္ (၇၀ဝဝ)ဝန္းက်င္ျဖင့္ အရင္တစ္ပတ္ေဈးႏႈန္းအတိုင္း ဆက္လက္ရပ္တည္ေနေၾကာင္း သိရ သည္။ ဆန္ေဈးကြက္မွာ ဆန္အမ်ိဳး အစားတခ်ိဳ႕ ေဈးျမင့္တက္လ်က္ရွိၿပီး ဆန္ၾကမ္းျဖစ္ေသာ ရက္ (၉၀) ထူးရွယ္သစ္တစ္အိတ္ ရွစ္ ေသာင္း ေျခာက္ေထာင္က်ပ္၊ ဆင္းသြယ္ တစ္အိတ္ တစ္သိန္းတစ္ေသာင္း ေလးေထာင္က်ပ္ ဝန္းက်င္ျဖင့္ ေပါက္ေဈးရွိေနသည္။ ဆန္ေခ်ာမ်ားတြင္ ပုသိမ္ေပၚ ဆန္း (႐ိုး႐ိုးအသစ္) တစ္အိတ္ က်ပ္တစ္သိန္း၊ ဧရာ ေ႐ႊဘို(အသစ္) တစ္အိတ္ တစ္သိန္းငါးေသာင္း ေလးေထာင္က်ပ္ ဝန္း က်င္တြင္ရွိေနေၾကာင္းသိရသည္။ၾကက္ဥ၊ ဘဲဥေဈးကြက္မွာ ၾကက္ဥအ႐ြယ္အစား အလိုက္ တစ္လုံး ကို (၅၀ဝ) က်ပ္ကေန (၆၀ဝ) က်ပ္ဝန္းက်င္အထိ ရွိေနဆဲျဖစ္ၿပီး ဘဲဥေဈးမွာ အ႐ြယ္အစားအလိုက္ တစ္လုံး (၅၅၀) က်ပ္ကေန (၇၀ဝ)က်ပ္ဝန္းက်င္အထိ ရွိေနသည္။ ကုန္ေျခာက္ ေဈးကြက္မွာ အာလူးနဲ႔ ၾကက္သြန္ နီေတြ ေဈးျပန္ တက္ေနၿပီး ၾကက္သြန္ျဖဴမွာ ေဈးျပန္က်လာသည္။ အာလူး တစ္ပိႆာ (၁၀ဝဝဝ) က်ပ္ ဝန္းက်င္ျဖစ္ၿပီး ၾကက္သြန္နီမွာ အမ်ိဳးအစားအလိုက္ တစ္ပိႆာ (၂၅၀ဝ)က်ပ္မွ (၃၀ဝဝ) က်ပ္ဝန္းက်င္ ရွိေနသည္။ ၾကက္သြန္ျဖဴမွာ အမ်ိဳးအစားအလိုက္ တစ္ပိႆာ တစ္ေသာင္း ႏွစ္ေထာင္က်ပ္မွ တစ္ ေသာင္း ေလးေထာင္က်ပ္ဝန္းက်င္အထိ ေပါက္ေဈးရွိေန ေၾကာင္းသိရသည္။ ကုန္စိမ္းေဈးကြက္မွာ ေဂၚဖီထုပ္ တထုပ္ ၁၀ဝ၀ က်ပ္ဝန္းက်င္ျဖင့္ ေဈးထပ္က်ေနၿပီး ပန္းေဂၚဖီမွာလည္း တစ္ပြင့္ (၁၅၀ဝ - ၂၀ဝဝ) က်ပ္ ဝန္းက်င္ျဖင့္ ေဈးက်လာျခင္းျဖစ္သည္။ ပန္းေဂၚဖီစိမ္း ကလည္း တစ္ပြင့္ (၂၅၀ဝ) က်ပ္ဝန္းက်င္ ေဈးက်ေန ေနၿပီး တ႐ုတ္ကန္စြန္း႐ြက္တစ္စီး (၅၀ဝ)က်ပ္၊ ႐ိုး႐ိုးကန္စြန္း႐ြက္တစ္စည္း (၃၀ဝ)က်ပ္ဝန္းက်င္ျဖင့္ ေဈးျပန္က်ေနသည္။ ထို႔အတူ ခရမ္းခ်ဥ္သီးကလည္း တစ္ပိႆာ (၂၀ဝဝ)က်ပ္ ဝန္းက်င္ျဖင့္ ေဈးက်ေန သည္။
အသားငါးေဈးကြက္မွာ ငါး၊ ပုစြန္ေဈးမ်ား ျမင့္တက္ေနၿပီး ငါးျမစ္ခ်င္း တစ္ပိႆာက်ပ္ ႏွစ္ ေသာင္းဝန္းက်င္၊ ငါးၾကင္းတစ္ပိႆာ က်ပ္ ႏွစ္ ေသာင္းခြဲဝန္းက်င္ေဈးရွိေနသည္။ ပုစြန္ေဈးမ်ားမွာ အမ်ိဳးအစားအလိုက္ တစ္ပိႆာက်ပ္ သုံးေသာင္းခြဲမွ ေျခာက္ေသာင္းခြဲဝန္းက်င္အထိ ရွိေနသည္။ ၾကက္ သားမွာ တစ္ပိႆာ က်ပ္ႏွစ္ေသာင္းဝန္းက်င္ျဖင့္ အနည္းငယ္ေဈးက်လာေသာ္လည္း ဝက္သား တစ္ ပိႆာ က်ပ္သုံးေသာင္းေလးေထာင္ဝန္းက်င္ျဖင့္ ေဈးအနည္းငယ္တက္လာေၾကာင္းသိရသည္။
အမဲသား တစ္ပိႆာ က်ပ္သုံးေသာင္း သုံးေထာင္ဝန္းက်င္ျဖင့္ ေဈးထပ္တက္ေနၿပီး ဆိတ္သား မွာ တစ္ပိႆာ က်ပ္ေလးေသာင္း ေျခာက္ေထာင္ဝန္းက်င္ျဖင့္ ေဈးတက္ေနေၾကာင္းသိရသည္။ အ ထက္ပါ ေဈးႏႈန္းမ်ားမွာ ရန္ကုန္ၿမိဳ႕အေျချပဳကာ ေလ့လာထားေသာေပါက္ေဈးမ်ားျဖစ္ၾကၿပီး ေနရာ ေဒသ အလိုက္ အေျပာင္းအလဲရွိ ႏိုင္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ စီးပြားေရး အက်ပ္အတည္း ေၾကာင့္ အေျခခံစားေသာက္ကုန္မ်ားသည္ ေဈးႏႈန္းအျမင့္ပိုင္း တြင္ဆက္လက္တည္ရွိေနမည္ျဖစ္ၿပီး လာမည့္ရက္ပိုင္းအထိ အေျပာင္းအလဲနည္းပါးႏိုင္သည္။
အေျခခံ လုပ္ခလစာႏွင့္ စက္႐ုံအလုပ္သမား ျပႆနာမ်ား
အေထြေထြ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းႏွင့္ ေငြေၾကးေဖာင္းပြမႈမ်ားျဖစ္ပြားလာျခင္း၏ ေနာက္ ဆက္တြဲ ျပႆနာအျဖစ္ အၿမဲႀကဳံေတြ႕ရေသာ ျပႆနာမွာ အလုပ္သမားမ်ား၏ လုပ္ခ လစာတိုးျမႇင့္ ေတာင္းခံျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ အေျခခံလုပ္ခလစာကို (၄၈၀ဝ)က်ပ္ျဖင့္ (၂၀၁၈) ခုႏွစ္ဝန္း က်င္ကတည္းက သတ္မွတ္ခဲ့ရာ၌ ဥပေဒအရ ႏွစ္ႏွစ္လွ်င္တစ္ႀကိမ္ ျပန္ လည္ျပင္ဆင္သတ္မွတ္ရမည္ ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ျပင္ဆင္ႏိုင္ျခင္းမရွိေပ။ ထို႔ေၾကာင့္ လတ္တေလာ အေျခခံကုန္ေဈး ႏႈန္းမ်ား ျမင့္တက္လာခ်ိန္တြင္ စက္႐ုံအလုပ္သမားမ်ား၏ လုပ္ခလစာမွာ တစ္ရက္အသုံးစရိတ္ပင္ကာမိ ျခင္း မရွိေသာေၾကာင့္ လုပ္ခလစာတိုးျမင့္ေပးရန္ေတာင္းဆိုမႈမ်ားျဖစ္ပြားလာျခင္းျဖစ္သည္။ နစက လက္ ထက္တြင္ ရွားပါး စရိတ္ႏွင့္ေထာက္ပံေၾကးႏွစ္ေထာင္ ထပ္တိုးသတ္ မွတ္ခဲ့ရာ တစ္ရက္လုပ္ခမွာ (၆၈၀ဝ) က်ပ္အထိ တရားဝင္သတ္မွတ္ထားသည္။ ယင္းသို႔သတ္မွတ္ ျခင္းသည္ အေျခခံ လုပ္ခလစာကို တိုးျမႇင့္ေပးျခင္း မဟုတ္ေသာေၾကာင့္ လုပ္ငန္းခြင္အတြင္း အခ်ိန္ပိုေၾကးသတ္မွတ္ရာတြင္ ယခင္သတ္ မွတ္ခဲ့ေသာ တစ္ရက္လုပ္ခ (၄၈၀ဝ)က်ပ္ျဖင့္ ဆက္လက္တြက္ ခ်က္ေနၾကဆဲျဖစ္သည္။ ထိုေၾကာင့္ အေျခခံ လုပ္ခလစာသည္ တြက္ခ်က္ရန္ပိုမိုရႈပ္ေထြးလာၿပီး အလုပ္သမားမ်ား၏ လုပ္ခလစာ တိုးျမင့္ ေတာင္းဆို ဆႏၵျပမႈမ်ားပါ ဆက္လက္ႀကဳံေတြ႕ ေနရျခင္းျဖစ္ သည္။ လတ္တေလာ ရန္ကုန္ၿမိဳ႕ရွိ CMP ဖိနပ္ စက္႐ုံတစ္ခုမွ အလုပ္သမားမ်ား အေျခခံလုပ္ခလစာအတြက္ ဆႏၵျပေတာင္းဆိုမႈတစ္ခုျဖစ္ေပၚခဲ့ၿပီး တစ္ရက္လုပ္ခလစာ တစ္ေသာင္းႏွစ္ေထာင္အထိ တိုးျမႇင့္ေတာင္းခံခဲ့သည္။ အလုပ္သမားမ်ား၏ ေတာင္းဆိုမႈသည္ ေခတ္ကာလ အေထြေထြကုန္ေဈးႏႈန္းျဖင့္ႏႈိင္း ယွဥ္ပါက သင့္ေတာ္ေသာ ေတာင္း ဆိုမႈျဖစ္ေသာ္လည္း ဥပေဒအရ အက်ဳံးမဝင္ေပ။ ထို႔ေၾကာင့္ အေျခခံလုပ္ခလစာ သတ္မွတ္ခ်က္ကို တိုးျမႇင့္ႏိုင္မွသာ စက္႐ုံအလုပ္သမားမ်ားအတြက္ အဆင္ေျပမည္ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ စက္႐ုံ အလုပ္႐ုံမ်ားတြင္ လုပ္ကိုင္ေနသည့္ အေျခခံလုပ္သား ခုနစ္သိန္းဝန္းက်င္ခန႔္ရွိေၾကာင္း အလုပ္သမား ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။ ယင္းအေျခခံ လုပ္သားမ်ားသည္ အနိမ္ဆုံးလုပ္ခ လစာ သတ္မွတ္ ခ်က္ (၄၈၀ဝ)ႏွင့္ ရွားပါးစရိတ္ေထာက္ပံေၾကး (၂၀ဝဝ)တို႔ျဖင့္သာ ေနစဥ္လူမႈဘဝကို ျဖတ္ ေက်ာ္ေနရဆဲျဖစ္သည္။ ႏိုင္ငံေတာ္အေနျဖင့္ အေျခခံလုပ္ ခလစာကို တိုးျမႇင့္ေပးျခင္းမရွိပါက အလုပ္ သမားမ်ား၏ ဆႏၵျပေတာင္းဆိုမႈမ်ား ဆက္လက္ျဖစ္ပြားလာ ဦးမည္ျဖစ္သည္။ လတ္တေလာ တရားဝင္ ေငြလဲ လိုင္စင္ရဘဏ္မ်ားအၾကား အေရာင္းအဝယ္ျပဳလုပ္ ေသာ အေမရိကန္ေဒၚလာေပါက္ေဈးမွာ တစ္ ေဒၚလာ လွ်င္ (၃၆၀ဝ)က်ပ္ဝန္းက်င္ ျဖစ္သည္။ ထို႔ေၾကာင့္ အေျခခံအလုပ္သမားတစ္ဦး၏ လုပ္ခ လစာမွာ ႏွစ္ေဒၚလာပင္ မရွိေသာေၾကာင့္ နည္းပါးလြန္းေသာ ဝင္ေငြစာရင္းတြင္ ပါဝင္ေနသည္။ ျပင္ပ ေဒၚလာ ေပါက္ေဈးျဖင့္ႏႈိင္းယွဥ္ပါက ပိုမိုနည္းပါးသြားမည္ ျဖစ္သည္။ ကမာၻ႔ကုလသမဂၢ၏ ဝင္ေငြ အဆင့္ အတန္း သတ္မွတ္ခ်က္အရ လူတစ္ဦး၏ ပ်မ္းမွ် အနည္းဆုံး လုပ္ခလစာမွာ ႏွစ္ေဒၚလာ ေအာက္ ေရာက္ရွိေနပါက ဆင္းရဲမြဲေတမႈအျဖစ္သတ္မွတ္ႏိုင္သည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ အေျခခံလုပ္ခ လစာအရ အလုပ္သမား မ်ားသည္ ဆင္းရဲမြဲေတေသာ လုပ္ခလစာျဖင့္ အလုပ္လုပ္ကိုင္ေနရဆဲျဖစ္ သည္။ သက္ဆိုင္ရာအေနျဖင့္ အေျခခံလုပ္ခလစာကို အျမန္ဆုံး ျပင္ဆင္သတ္မွတ္ႏိုင္မွသာ အလုပ္ သမားမ်ား၏ ဆႏၵထုတ္ေဖာ္မႈမ်ားကို အခ်ိန္မီေျဖရွင္းႏိုင္မည္ျဖစ္သည္။