မလက္ကာရေလက်ကြားနဲ့ ရေကြောင်းဗဟိုချက် စင်ကာပူရဲ့ အကျိုးစီးပွား

606

တင်ဇာ (NP News)
အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ထားတဲ့ မိုင် (၅၀ဝ) ရှည်လျားတဲ့ မလက္ကာ ရေလက်ကြားဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေပြီး ပင်လယ် ရေကြောင်းကုန်သွယ်မှုရဲ့ (၆၀) ရာခိုင်နှုန်းကျော်က ဒီရေလက်ကြားကို ဖြတ်သန်းသွားလာနေရတာပါ။ သူရဲ့ (၂ ဒသမ ၈) ကီလိုမီတာပဲကျယ်ဝန်းတဲ့ Chokepoint ဟာ နှစ်စဉ် ဒေါ်လာ (၁) ထရီလီယံ တန်ဖိုးရှိ ကုန်သွယ်မှုတွေကို အထောက်အပံ့ပေးနေ ပါတယ်။ မလက္ကာရေလက်ကြားဟာ မဟာဗျူဟာ မြောက်ရော၊ စီးပွားရေးအရပါ အရေးပါဆုံးဒေသ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ သင်္ဘော တွေသာ ဒီလမ်းကြောင်းကနေကွေ့ဝိုက်သွားမယ် ဆိုရင် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၉) သန်း ကနေ သန်း (၉၀) အထိ ကုန်ကျနိုင်ပါတယ်။ ဒါက မိုင် (၅၀ဝ) သာရှိတဲ့ ဒီရေလက်ကြားဟာ ကမ္ဘာ့စီး ပွားရေးရဲ့ အစိတ်အပိုင်းအတော်များများအတွက် ဘာကြောင့် ဒီလောက်အရေးကြီးတယ်ဆိုတာကို သက်သေပြနေတာပါပဲ။
ကမ္ဘာပေါ်မှာ ဒုတိယလည်ပတ်မှုအများဆုံး ရေကြောင်းလမ်းအဖြစ် မလက္ကာရေလက်ကြားဟာ ရှေးခေတ်ကတည်းက ရောမ၊ ဂရိ၊ တရုတ်နဲ့ အိန္ဒိယ ကုန်သည်တွေ အဆက်မပြတ်အသုံးပြုခဲ့ကြတဲ့ သဘာဝ ရေကြောင်းလမ်းပါ။ သူ့ရဲ့ မဟာဗျူဟာမြောက် အရေးပါမှုကြောင့် (၁၅) ရာစုကနေ ယနေ့ခေတ် အထိ နိုင်ငံတကာပဋိပက္ခတွေရဲ့ ရင်းမြစ်တစ်ခု လည်းဖြစ်ခဲ့ပါတယ်။ မလက္ကာရေလက်ကြားက အိန္ဒိယ သမုဒ္ဒရာကို ပစိဖိတ်သမုဒ္ဒရာနဲ့ဆက်သွယ် ပေးထားပါတယ်။ သူက အရှေ့မြောက်ဘက်မှာ မလေး ကျွန်း ဆွယ်နဲ့ အနောက်တောင်ဘက်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူမားတြားကျွန်းတို့ကြားမှာတည်ရှိပြီး အန်ဒမန် ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့ကို ချိတ်ဆက်ပေးထားပါတယ်။
မလက္ကာရေလက်ကြားဟာ အရှေ့အလယ်ပိုင်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ပေးသွင်းသူတွေ အပါ အဝင် အရှေ့နဲ့ အရှေ့တောင်အာရှရဲ့ ကြီးထွားလာနေတဲ့ဈေးကွက်တွေကြားမှာ အနီးဆုံး ရွေးချယ်စရာ လမ်းကြောင်းထက် (၃) ပုံ (၁) ပုံကျော် ပိုတိုတဲ့ အတိုဆုံး ပင်လယ်ရေကြောင်းလမ်းလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကျော်နဲ့ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ တစ်ဝက်လောက်ဟာ မလက္ကာရေ လက်ကြားကနေ ဖြတ်သန်းသွားလာနေပါတယ်။ ဒီထဲမှာ ဂျပန်နိုင်ငံရဲ့ ရေနံတင်သွင်းမှု (၈၀) ရာခိုင်နှုန်း၊ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှု (၈၀) ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားရဲ့ ရေနံတင်သွင်းမှု (၉၉) ရာခိုင်နှုန်း တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသူတွေဖြစ်တဲ့ ဂျပန် နဲ့ တောင်ကိုရီးယားကို ဦးတည်တဲ့ LNG တင်သင်္ဘောတွေ အများအပြားလည်း ဒီရေကြောင်းလမ်းကနေ ဖြတ်သန်းသွားလာလျက်ရှိပါတယ်။
မလက္ကာရေလက်ကြားနဲ့ ထိစပ်နေတဲ့ နိုင်ငံသုံးနိုင်ငံကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူ တို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ ရေလက်ကြားရဲ့ အိန္ဒိယသမုဒ္ဒရာဘက်အဝင်ဝမှာ တည်ရှိပါတယ်။ ရေလက်ကြားရဲ့ အကျဉ်းဆုံးနေရာက စင်ကာပူအနီးက ဖိလစ်လမ်းကြောင်း (Phillip Channel) မှာရှိပြီး ရေမိုင် (၁ ဒသမ ၅) မိုင် (၂ ဒသမ ၈ ကီလိုမီတာ) ပဲ ကျယ်ပါတယ်။ ရေလက်ကြားရဲ့ အစိတ်အပိုင်း အများစုအတွက် ပင်လယ်ရေ ကြောင်းနယ်နိမိတ် သဘောတူညီချက်တွေရှိပေမယ့် အားလုံးတော့ မပါဝင် ပါဘူး။ အများအားဖြင့် ကမ်းရိုးတန်းနိုင်ငံတွေဟာ ရေလက်ကြားရဲ့ အစိတ်အပိုင်း တော်တော်များများမှာ နယ်နိမိတ်တွေ ဖန်တီးသတ်မှတ်ဖို့အတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မလက္ကာ ရေလက်ကြားအတွင်း အင်ဒို နီးရှားနဲ့ မလေးရှားကြား ရေပြင်နယ်နိမိတ်မရှိတာအပြင် ကုန်းမြေနေရာ တွေပတ်လည်မှာ နယ်မြေပိုင်နက်အငြင်းပွားမှုတွေလို မဖြေရှင်းရသေးတဲ့ ပြဿနာတချို့တော့ ရှိနေပါ သေးတယ်။
ဒီနေရာမှာ စင်ကာပူဆိပ်ကမ်းဟာ သူရဲ့ မဟာဗျူဟာမြောက်တည်နေရာကြောင့် ကုန်စည် စီးဆင်းမှုရဲ့ (၅၀) ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားပြီး ဥရောပနဲ့ အာရှလမ်းကြောင်းတွေကြား ကုန်စည် တွေ ကိုချိတ်ဆက်ပေးတဲ့ ဒေသတွင်း အရေးအကြီးဆုံး ကုန်စည်ပို့ဆောင်ရေး ဗဟိုချက်အဖြစ် တည်ရှိနေ ပါတယ်။ သူ့ကုန်စည်စီးဆင်းမှုရဲ့ (၈၅) ရာခိုင်နှုန်းဟာ ဒေသတွင်း ကုန်စည်ပို့ဆောင်မှု ဝန်ဆောင်မှုတွေ အပြင် ကုန်တင်သင်္ဘောကြီးတွေကြား ကုန်စည်အလဲအလှယ် ပို့ဆောင်မှုတွေလိုမျိုး ကုန်စည်လွှဲပြောင်းမှု တွေနဲ့ ပတ်သက်နေပါတယ်။ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း မလေးရှားက နေ ခွဲထွက်ပြီးနောက် စင်ကာပူဟာ သူ့ရဲ့စီးပွားရေးကို ပင်လယ်ပြင်ကို ဗဟိုပြုဖို့ အာရုံစိုက်ခဲ့ပါတယ်။ ကမ္ဘာ့အစည်းကားဆုံး ရေလမ်းကြောင်းပေါ်မှာရှိတဲ့ သူ့ရဲ့ပထဝီအနေအထားကို အသုံးချပြီး ကုန်စည် လွှဲပြောင်းရေးဗဟိုချက် (transshipment hub) တစ်ခုဖြစ်အောင် ဖန်တီးပြောင်းလဲခဲ့ပါတယ်။ စင်ကာပူ ဟာ ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ကွန်တိန်နာစနစ်ပေါ်ပေါက်လာ တာက ဒီပင်လယ်ရေကြောင်းမြို့ပြနိုင်ငံကို အထင်ကြီးစရာကောင်းတဲ့တိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိစေခဲ့ပါတယ်။ ဒါ့အပြင် စင်ကာပူဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း ဆန်းသစ်တီထွင်မှု စုပေါင်းစနစ်တွေထဲက တစ်ခုကို တည်ဆောက်ခဲ့ပြီး သင်္ဘောဆီဖြည့်တာက နေစလို့ သင်္ဘောပြုပြင်ခြင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ ခုံသမာဓိစီရင်ခြင်းအထိ ပင်လယ်ရေကြောင်း အထောက်အကူပြုဝန်ဆောင် မှုတွေကို ပေးအပ်လျက်ရှိပါတယ်။
စင်ကာပူနိုင်ငံဟာ ခေတ်မီဆန်းပြားတဲ့ ဆိပ်ကမ်းဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ ကမ္ဘာ့ အဆင့်မီ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေကြောင့် ကမ္ဘာ့ရေကြောင်း ဗဟိုအဖြစ် အသိအမှတ်ပြုခံထားရတာကြာပြီဖြစ် ပါတယ်။ စင်ကာပူဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ အစည်ကားဆုံး ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၁၂၃) နိုင်ငံရှိ ဆိပ်ကမ်းပေါင်း (၆၀ဝ) ကျော်ကို ချိတ်ဆက် ပေးတဲ့ ကုန်စည်ပြောင်းလဲ တင်ပို့ရာ ဗဟိုချက်မအဖြစ် ဆောင်ရွက်ပါတယ်။ အဓိကရေလမ်းကြောင်း တွေရဲ့ လမ်းဆုံလမ်းခွမှာ မဟာဗျူဟာမြောက်တည်ရှိနေတာရယ်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေစေတဲ့ မူဝါဒတွေကြောင့်ရယ် စင်ကာပူဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အဓိကနေရာကနေ ပါဝင် နေပါတယ်။ ဒါ့ပြင် စင်ကာပူရဲ့အဆင့်မြင့်နည်းပညာနဲ့ ထိရောက်တဲ့အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေ က ကုန်စည်တွေကို မြန်မြန်ဆန်ဆန်နဲ့ စိတ်ချယုံကြည်ရစွာ ကိုင်တွယ်ဆောင်ရွက်ပေးနိုင်တာကြောင့် သင်္ဘောကုမ္ပဏီတွေအတွက် ဦးစားပေးရွေးချယ်စရာဖြစ်နေပါတယ်။
ဒါ့အပြင် စင်ကာပူဆိပ်ကမ်းမှာ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ဆိပ်ခံတံတား (၅၇) ခုကို လည် ပတ်ဆောင်ရွက်နေပြီး တစ်ခုချင်းစီမှာ အမျိုးမျိုးသော ကုန်စည်တွေကို ကိုင်တွယ်ဖို့အတွက် ခေတ်မီ ပစ္စည်းကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ စင်ကာပူကို တကယ်ထူးခြားစေတာကတော့ နှစ်စဉ် TEU (Twenty-foot Equivalent Units) သန်း (၄၀) ကိုကိုင်တွယ်နိုင်တဲ့ စွမ်းရည်ပါပဲ။ ဒီကြီးမားတဲ့ စွမ်း ဆောင်ရည်က ဆိပ်ကမ်းကို နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ကွန်တိန်နာ အသွားအလာအများအပြားကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စေပါတယ်။ ဒီစွမ်းဆောင်ရည်ကို မြင်သာအောင် ပြောရမယ်ဆိုရင် TEU တစ်ခုက ပေ (၂၀) ရှည်တဲ့သင်္ဘောကွန်တိန်နာ တစ်လုံးကို ကိုယ်စားပြုပါတယ်။ တစ်နှစ်ကို ဒီကွန်တိန် နာ သန်း (၄၀) ကို ကိုင်တွယ်နိုင်စွမ်းရှိတာကြောင့် စင်ကာပူဆိပ်ကမ်းဟာ ကွန်တိန်နာတွေကို တစ်ခုနဲ့ တစ်ခုဆက်ပြီးထားမယ်ဆိုရင် ကီလိုမီတာ (၂၄၀,ဝဝဝ) ကျော်အထိ ရှည်လျားမယ့် ကွန်တိန်နာ တန်း ကြီးကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပါတယ်။ ဒီအရှည်ပမာဏဟာ ကမ္ဘာကြီးကို ခြောက်ကြိမ်ပတ် တာထက်တောင် ပိုပါတယ်။
စင်ကာပူဆိပ်ကမ်းရဲ့အရေးပါမှုဟာ ရုပ်ပိုင်းဆိုင်ရာနယ်နိမိတ်တွေကိုကျော်လွန်ပြီး ပိုမိုကျယ်ပြန့် ပါတယ်။ ၎င်းဟာ စင်ကာပူရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီး နိုင်ငံရဲ့ GDP နဲ့ အလုပ်အကိုင် ဖန်တီးမှုတွေမှာ သိသိသာသာအထောက်အပံ့ပေးပါတယ်။ ဆိပ်ကမ်းရဲ့လုပ်ငန်းဆောင် တာတွေကနေ အဓိကမောင်းနှင်တဲ့ ရေကြောင်းကဏ္ဍဟာ စင်ကာပူ GDP ရဲ့ (၇) ရာခိုင်နှုန်းလောက်ရှိပြီး လူပေါင်း (၁၇၀,ဝဝဝ) ကျော်ကို အလုပ်အကိုင်ပေးထားပါတယ်။
ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ (၄၀) ရာခိုင်နှုန်းခန့်ဟာ မလက္ကာရေလက်ကြားကနေ ဖြတ်သန်း သွားလာနေပြီး တစ်နှစ်ကို သင်္ဘောပေါင်း (၁၂၆ယဝဝဝ) ခန့်ဟာ စင်ကာပူဆိပ်ကမ်းကို ဝင်ရောက်ပါ တယ်။ ဒါကြောင့် စင်ကာပူဟာ ရေကြောင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးရဲ့ ဦးဆောင်နေရာမှာ ရောက်ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး ဆီဖြည့်ဆိပ်ကမ်းအနေနဲ့ စင်ကာပူဟာ စွမ်းအင်ကူးပြောင်းမှုဘက် ကိုဦးတည်နေပြီး အနာဂတ်မှာ နိုင်ငံတကာသင်္ဘောလုပ်ငန်းတွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ပုံစံမျိုးစုံသုံး လောင်စာဆီတွေ ဖြည့်ဆည်းဖို့အတွက် သူ့ရဲ့ စွမ်း ဆောင်ရည်တွေကို မြှင့်တင်နေပါတယ်။ ဒါ့အပြင် ရွေး ချယ်စရာ လောင်စာဆီတွေရရှိနိုင်ဖို့၊ ဘေးကင်းစွာကိုင်တွယ်နိုင်ဖို့နဲ့ အသုံးပြုနိုင်ဖို့တွေမှာလည်း ဦး ဆောင်နေပါတယ်။ (၂၀၂၄) ခုနှစ်မှာ စင်ကာပူဟာ ရိုးရိုးလောင်စာဆီတွေအပြင် LNG (၄၆၄) တန်၊ ဇီဝ လောင်စာဆီ (၈၈၃) တန်နဲ့ မက်သနော (၁ ဒသမ ၆) တန် အပါအဝင်ရွေးချယ်စရာ လောင်စာဆီတွေကို စံချိန်တင်ပမာဏအထိ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါကြောင့် မလက္ကာရေလက်ကြားအပေါ် အမှီပြုပြီး စင်ကာပူဟာ သူရဲ့ဆိပ်ကမ်းတွေကို ကမ္ဘာ အဆင့်မီမြှင့်တင်ခဲ့ပြီး နိုင်ငံရဲ့ GDP ကို အများကြီးအထောက်အကူပြုနိုင်အောင် စွမ်းဆောင်လျက်ရှိ ကြောင်း တွေ့ရပါတယ်။ မလက္ကာရေလက်ကြားရဲ့ အခန်းကဏ္ဍက ပတ်ဝန်းကျင်ဒေသတွေရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလျက်ရှိပါတယ်။ ဤသို့အားဖြင့် စင်ကာပူဆိပ်ကမ်း၊ မလေးရှားနိုင်ငံက Port Klang နဲ့ Tanjung Pelepas လို အဓိက ဆိပ်ကမ်းတွေဟာ အရေးပါတဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်စည်လွှဲပြောင်းရေး ဗဟိုချက်တွေအဖြစ် ပေါ်ထွက်လာပါတယ်။ ဒီဆိပ် ကမ်းတွေဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့များပြားတဲ့ပမာဏကို ကိုင်တွယ်ဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စီးပွားရေးကြွယ်ဝချမ်းသာမှုကို အထောက်အကူပြုနေပါတယ်။

Zawgyi Version:
မလကၠာေရလက္ၾကားနဲ႔ ေရေၾကာင္းဗဟိုခ်က္ စင္ကာပူရဲ႕ အက်ိဳးစီးပြား
တင္ဇာ (NP News)
အိႏၵိယသမုဒၵရာနဲ႔ ပစိဖိတ္သမုဒၵရာေတြကို ဆက္သြယ္ထားတဲ့ မိုင္ (၅၀ဝ) ရွည္လ်ားတဲ့ မလကၠာ ေရလက္ၾကားဟာ ကမာၻလုံးဆိုင္ရာ ကုန္သြယ္ေရးမွာ အေရးပါတဲ့ အခန္းက႑ကပါဝင္ေနၿပီး ပင္လယ္ ေရေၾကာင္းကုန္သြယ္မႈရဲ႕ (၆၀) ရာခိုင္ႏႈန္းေက်ာ္က ဒီေရလက္ၾကားကို ျဖတ္သန္းသြားလာေနရတာပါ။ သူရဲ႕ (၂ ဒသမ ၈) ကီလိုမီတာပဲက်ယ္ဝန္းတဲ့ Chokepoint ဟာ ႏွစ္စဥ္ ေဒၚလာ (၁) ထရီလီယံ တန္ဖိုးရွိ ကုန္သြယ္မႈေတြကို အေထာက္အပံ့ေပးေန ပါတယ္။ မလကၠာေရလက္ၾကားဟာ မဟာဗ်ဴဟာ ေျမာက္ေရာ၊ စီးပြားေရးအရပါ အေရးပါဆုံးေဒသ တစ္ခုအျဖစ္ ဆက္လက္တည္ရွိေနပါတယ္။ သေဘၤာ ေတြသာ ဒီလမ္းေၾကာင္းကေနေကြ႕ဝိုက္သြားမယ္ ဆိုရင္ တစ္ရက္ကို အေမရိကန္ေဒၚလာ (၉) သန္း ကေန သန္း (၉၀) အထိ ကုန္က်ႏိုင္ပါတယ္။ ဒါက မိုင္ (၅၀ဝ) သာရွိတဲ့ ဒီေရလက္ၾကားဟာ ကမာၻ႔စီး ပြားေရးရဲ႕ အစိတ္အပိုင္းအေတာ္မ်ားမ်ားအတြက္ ဘာေၾကာင့္ ဒီေလာက္အေရးႀကီးတယ္ဆိုတာကို သက္ေသျပေနတာပါပဲ။
ကမာၻေပၚမွာ ဒုတိယလည္ပတ္မႈအမ်ားဆုံး ေရေၾကာင္းလမ္းအျဖစ္ မလကၠာေရလက္ၾကားဟာ ေရွးေခတ္ကတည္းက ေရာမ၊ ဂရိ၊ တ႐ုတ္နဲ႔ အိႏၵိယ ကုန္သည္ေတြ အဆက္မျပတ္အသုံးျပဳခဲ့ၾကတဲ့ သဘာဝ ေရေၾကာင္းလမ္းပါ။ သူ႔ရဲ႕ မဟာဗ်ဴဟာေျမာက္ အေရးပါမႈေၾကာင့္ (၁၅) ရာစုကေန ယေန႔ေခတ္ အထိ ႏိုင္ငံတကာပဋိပကၡေတြရဲ႕ ရင္းျမစ္တစ္ခု လည္းျဖစ္ခဲ့ပါတယ္။ မလကၠာေရလက္ၾကားက အိႏၵိယ သမုဒၵရာကို ပစိဖိတ္သမုဒၵရာနဲ႔ဆက္သြယ္ ေပးထားပါတယ္။ သူက အေရွ႕ေျမာက္ဘက္မွာ မေလး ကြၽန္း ဆြယ္နဲ႔ အေနာက္ေတာင္ဘက္မွာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ဆူမားၾတားကြၽန္းတို႔ၾကားမွာတည္ရွိၿပီး အန္ဒမန္ ပင္လယ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္တို႔ကို ခ်ိတ္ဆက္ေပးထားပါတယ္။
မလကၠာေရလက္ၾကားဟာ အေရွ႕အလယ္ပိုင္းက ေရနံနဲ႔သဘာဝဓာတ္ေငြ႕ေပးသြင္းသူေတြ အပါ အဝင္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွရဲ႕ ႀကီးထြားလာေနတဲ့ေဈးကြက္ေတြၾကားမွာ အနီးဆုံး ေ႐ြးခ်ယ္စရာ လမ္းေၾကာင္းထက္ (၃) ပုံ (၁) ပုံေက်ာ္ ပိုတိုတဲ့ အတိုဆုံး ပင္လယ္ေရေၾကာင္းလမ္းလည္း ျဖစ္ပါတယ္။ ဒီကေန႔ ကမာၻ႔ကုန္သြယ္မႈရဲ႕ သုံးပုံတစ္ပုံေက်ာ္နဲ႔ ကမာၻ႔ေရနံတင္ပို႔မႈရဲ႕ တစ္ဝက္ေလာက္ဟာ မလကၠာေရ လက္ၾကားကေန ျဖတ္သန္းသြားလာေနပါတယ္။ ဒီထဲမွာ ဂ်ပန္ႏိုင္ငံရဲ႕ ေရနံတင္သြင္းမႈ (၈၀) ရာခိုင္ႏႈန္း၊ တ႐ုတ္ႏိုင္ငံရဲ႕ ေရနံတင္သြင္းမႈ (၈၀) ရာခိုင္ႏႈန္းနဲ႔ ေတာင္ကိုရီးယားရဲ႕ ေရနံတင္သြင္းမႈ (၉၉) ရာခိုင္ႏႈန္း တို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ ကမာၻ႔အႀကီးဆုံး သဘာဝဓာတ္ေငြ႕ရည္ (LNG) တင္သြင္းသူေတြျဖစ္တဲ့ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားကို ဦးတည္တဲ့ LNG တင္သေဘၤာေတြ အမ်ားအျပားလည္း ဒီေရေၾကာင္းလမ္းကေန ျဖတ္သန္းသြားလာလ်က္ရွိပါတယ္။
မလကၠာေရလက္ၾကားနဲ႔ ထိစပ္ေနတဲ့ ႏိုင္ငံသုံးႏိုင္ငံကေတာ့ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ စင္ကာပူ တို႔ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံကေတာ့ ေရလက္ၾကားရဲ႕ အိႏၵိယသမုဒၵရာဘက္အဝင္ဝမွာ တည္ရွိပါတယ္။ ေရလက္ၾကားရဲ႕ အက်ဥ္းဆုံးေနရာက စင္ကာပူအနီးက ဖိလစ္လမ္းေၾကာင္း (Phillip Channel) မွာရွိၿပီး ေရမိုင္ (၁ ဒသမ ၅) မိုင္ (၂ ဒသမ ၈ ကီလိုမီတာ) ပဲ က်ယ္ပါတယ္။ ေရလက္ၾကားရဲ႕ အစိတ္အပိုင္း အမ်ားစုအတြက္ ပင္လယ္ေရ ေၾကာင္းနယ္နိမိတ္ သေဘာတူညီခ်က္ေတြရွိေပမယ့္ အားလုံးေတာ့ မပါဝင္ ပါဘူး။ အမ်ားအားျဖင့္ ကမ္း႐ိုးတန္းႏိုင္ငံေတြဟာ ေရလက္ၾကားရဲ႕ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားမွာ နယ္နိမိတ္ေတြ ဖန္တီးသတ္မွတ္ဖို႔အတြက္ ႏွစ္ႏိုင္ငံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမဲ့ မလကၠာ ေရလက္ၾကားအတြင္း အင္ဒို နီးရွားနဲ႔ မေလးရွားၾကား ေရျပင္နယ္နိမိတ္မရွိတာအျပင္ ကုန္းေျမေနရာ ေတြပတ္လည္မွာ နယ္ေျမပိုင္နက္အျငင္းပြားမႈေတြလို မေျဖရွင္းရေသးတဲ့ ျပႆနာတခ်ိဳ႕ေတာ့ ရွိေနပါ ေသးတယ္။
ဒီေနရာမွာ စင္ကာပူဆိပ္ကမ္းဟာ သူရဲ႕ မဟာဗ်ဴဟာေျမာက္တည္ေနရာေၾကာင့္ ကုန္စည္ စီးဆင္းမႈရဲ႕ (၅၀) ရာခိုင္ႏႈန္းေလာက္ကို လႊမ္းမိုးထားၿပီး ဥေရာပနဲ႔ အာရွလမ္းေၾကာင္းေတြၾကား ကုန္စည္ ေတြ ကိုခ်ိတ္ဆက္ေပးတဲ့ ေဒသတြင္း အေရးအႀကီးဆုံး ကုန္စည္ပို႔ေဆာင္ေရး ဗဟိုခ်က္အျဖစ္ တည္ရွိေန ပါတယ္။ သူ႔ကုန္စည္စီးဆင္းမႈရဲ႕ (၈၅) ရာခိုင္ႏႈန္းဟာ ေဒသတြင္း ကုန္စည္ပို႔ေဆာင္မႈ ဝန္ေဆာင္မႈေတြ အျပင္ ကုန္တင္သေဘၤာႀကီးေတြၾကား ကုန္စည္အလဲအလွယ္ ပို႔ေဆာင္မႈေတြလိုမ်ိဳး ကုန္စည္လႊဲေျပာင္းမႈ ေတြနဲ႔ ပတ္သက္ေနပါတယ္။ ၿဗိတိသွ်လက္ေအာက္ကေန လြတ္လပ္ေရးရၿပီးေနာက္ပိုင္း မေလးရွားက ေန ခြဲထြက္ၿပီးေနာက္ စင္ကာပူဟာ သူ႔ရဲ႕စီးပြားေရးကို ပင္လယ္ျပင္ကို ဗဟိုျပဳဖို႔ အာ႐ုံစိုက္ခဲ့ပါတယ္။ ကမာၻ႔အစည္းကားဆုံး ေရလမ္းေၾကာင္းေပၚမွာရွိတဲ့ သူ႔ရဲ႕ပထဝီအေနအထားကို အသုံးခ်ၿပီး ကုန္စည္ လႊဲေျပာင္းေရးဗဟိုခ်က္ (transshipment hub) တစ္ခုျဖစ္ေအာင္ ဖန္တီးေျပာင္းလဲခဲ့ပါတယ္။ စင္ကာပူ ဟာ ဆိပ္ကမ္းဆိုင္ရာ အေျခခံအေဆာက္အအုံေတြမွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ကြန္တိန္နာစနစ္ေပၚေပါက္လာ တာက ဒီပင္လယ္ေရေၾကာင္းၿမိဳ႕ျပႏိုင္ငံကို အထင္ႀကီးစရာေကာင္းတဲ့တိုးတက္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိေစခဲ့ပါတယ္။ ဒါ့အျပင္ စင္ကာပူဟာ ကမာၻ႔အႀကီးဆုံး ပင္လယ္ေရေၾကာင္း ဆန္းသစ္တီထြင္မႈ စုေပါင္းစနစ္ေတြထဲက တစ္ခုကို တည္ေဆာက္ခဲ့ၿပီး သေဘၤာဆီျဖည့္တာက ေနစလို႔ သေဘၤာျပဳျပင္ျခင္း၊ ပင္လယ္ေရေၾကာင္းဆိုင္ရာ ခုံသမာဓိစီရင္ျခင္းအထိ ပင္လယ္ေရေၾကာင္း အေထာက္အကူျပဳဝန္ေဆာင္ မႈေတြကို ေပးအပ္လ်က္ရွိပါတယ္။
စင္ကာပူႏိုင္ငံဟာ ေခတ္မီဆန္းျပားတဲ့ ဆိပ္ကမ္းဆိုင္ရာ အေထာက္အကူျပဳပစၥည္းေတြနဲ႔ ကမာၻ႔ အဆင့္မီ ေထာက္ပံ့ပို႔ေဆာင္ေရး အေျခခံအေဆာက္အအုံေတြေၾကာင့္ ကမာၻ႔ေရေၾကာင္း ဗဟိုအျဖစ္ အသိအမွတ္ျပဳခံထားရတာၾကာၿပီျဖစ္ ပါတယ္။ စင္ကာပူဆိပ္ကမ္းဟာ ကမာၻေပၚမွာ အစည္ကားဆုံး ဆိပ္ကမ္းေတြထဲက တစ္ခုျဖစ္ၿပီး ႏိုင္ငံေပါင္း (၁၂၃) ႏိုင္ငံရွိ ဆိပ္ကမ္းေပါင္း (၆၀ဝ) ေက်ာ္ကို ခ်ိတ္ဆက္ ေပးတဲ့ ကုန္စည္ေျပာင္းလဲ တင္ပို႔ရာ ဗဟိုခ်က္မအျဖစ္ ေဆာင္႐ြက္ပါတယ္။ အဓိကေရလမ္းေၾကာင္း ေတြရဲ႕ လမ္းဆုံလမ္းခြမွာ မဟာဗ်ဴဟာေျမာက္တည္ရွိေနတာရယ္၊ စီးပြားေရးလုပ္ငန္းေတြအတြက္ အဆင္ေျပေစတဲ့ မူဝါဒေတြေၾကာင့္ရယ္ စင္ကာပူဟာ ကမာၻ႔ကုန္သြယ္ေရးမွာ အဓိကေနရာကေန ပါဝင္ ေနပါတယ္။ ဒါ့ျပင္ စင္ကာပူရဲ႕အဆင့္ျမင့္နည္းပညာနဲ႔ ထိေရာက္တဲ့အေကာက္ခြန္လုပ္ထုံးလုပ္နည္းေတြ က ကုန္စည္ေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ စိတ္ခ်ယုံၾကည္ရစြာ ကိုင္တြယ္ေဆာင္႐ြက္ေပးႏိုင္တာေၾကာင့္ သေဘၤာကုမၸဏီေတြအတြက္ ဦးစားေပးေ႐ြးခ်ယ္စရာျဖစ္ေနပါတယ္။
ဒါ့အျပင္ စင္ကာပူဆိပ္ကမ္းမွာ ဆိပ္ကမ္း အာဏာပိုင္အဖြဲ႕က ဆိပ္ခံတံတား (၅၇) ခုကို လည္ ပတ္ေဆာင္႐ြက္ေနၿပီး တစ္ခုခ်င္းစီမွာ အမ်ိဳးမ်ိဳးေသာ ကုန္စည္ေတြကို ကိုင္တြယ္ဖို႔အတြက္ ေခတ္မီ ပစၥည္းကိရိယာေတြ တပ္ဆင္ထားပါတယ္။ ဒါေပမဲ့ စင္ကာပူကို တကယ္ထူးျခားေစတာကေတာ့ ႏွစ္စဥ္ TEU (Twenty-foot Equivalent Units) သန္း (၄၀) ကိုကိုင္တြယ္ႏိုင္တဲ့ စြမ္းရည္ပါပဲ။ ဒီႀကီးမားတဲ့ စြမ္း ေဆာင္ရည္က ဆိပ္ကမ္းကို ေန႔စဥ္ျဖတ္သန္းသြားလာေနတဲ့ ကြန္တိန္နာ အသြားအလာအမ်ားအျပားကို ထိထိေရာက္ေရာက္ စီမံခန႔္ခြဲႏိုင္ေစပါတယ္။ ဒီစြမ္းေဆာင္ရည္ကို ျမင္သာေအာင္ ေျပာရမယ္ဆိုရင္ TEU တစ္ခုက ေပ (၂၀) ရွည္တဲ့သေဘၤာကြန္တိန္နာ တစ္လုံးကို ကိုယ္စားျပဳပါတယ္။ တစ္ႏွစ္ကို ဒီကြန္တိန္ နာ သန္း (၄၀) ကို ကိုင္တြယ္ႏိုင္စြမ္းရွိတာေၾကာင့္ စင္ကာပူဆိပ္ကမ္းဟာ ကြန္တိန္နာေတြကို တစ္ခုနဲ႔ တစ္ခုဆက္ၿပီးထားမယ္ဆိုရင္ ကီလိုမီတာ (၂၄၀,ဝဝဝ) ေက်ာ္အထိ ရွည္လ်ားမယ့္ ကြန္တိန္နာ တန္း ႀကီးကို ထိထိေရာက္ေရာက္ စီမံခန႔္ခြဲႏိုင္ပါတယ္။ ဒီအရွည္ပမာဏဟာ ကမာၻႀကီးကို ေျခာက္ႀကိမ္ပတ္ တာထက္ေတာင္ ပိုပါတယ္။
စင္ကာပူဆိပ္ကမ္းရဲ႕အေရးပါမႈဟာ ႐ုပ္ပိုင္းဆိုင္ရာနယ္နိမိတ္ေတြကိုေက်ာ္လြန္ၿပီး ပိုမိုက်ယ္ျပန႔္ ပါတယ္။ ၎ဟာ စင္ကာပူရဲ႕ စီးပြားေရးမွာ အေရးပါတဲ့ အခန္းက႑ကေနပါဝင္ၿပီး ႏိုင္ငံရဲ႕ GDP နဲ႔ အလုပ္အကိုင္ ဖန္တီးမႈေတြမွာ သိသိသာသာအေထာက္အပံ့ေပးပါတယ္။ ဆိပ္ကမ္းရဲ႕လုပ္ငန္းေဆာင္ တာေတြကေန အဓိကေမာင္းႏွင္တဲ့ ေရေၾကာင္းက႑ဟာ စင္ကာပူ GDP ရဲ႕ (၇) ရာခိုင္ႏႈန္းေလာက္ရွိၿပီး လူေပါင္း (၁၇၀,ဝဝဝ) ေက်ာ္ကို အလုပ္အကိုင္ေပးထားပါတယ္။
ကမာၻ႔ေရေၾကာင္းကုန္သြယ္မႈရဲ႕ (၄၀) ရာခိုင္ႏႈန္းခန႔္ဟာ မလကၠာေရလက္ၾကားကေန ျဖတ္သန္း သြားလာေနၿပီး တစ္ႏွစ္ကို သေဘၤာေပါင္း (၁၂၆ယဝဝဝ) ခန႔္ဟာ စင္ကာပူဆိပ္ကမ္းကို ဝင္ေရာက္ပါ တယ္။ ဒါေၾကာင့္ စင္ကာပူဟာ ေရေၾကာင္း ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်ေရးရဲ႕ ဦးေဆာင္ေနရာမွာ ေရာက္ရွိေနပါတယ္။ ကမာၻ႔အႀကီးဆုံး ဆီျဖည့္ဆိပ္ကမ္းအေနနဲ႔ စင္ကာပူဟာ စြမ္းအင္ကူးေျပာင္းမႈဘက္ ကိုဦးတည္ေနၿပီး အနာဂတ္မွာ ႏိုင္ငံတကာသေဘၤာလုပ္ငန္းေတြရဲ႕ လိုအပ္ခ်က္တစ္ခုျဖစ္တဲ့ ပုံစံမ်ိဳးစုံသုံး ေလာင္စာဆီေတြ ျဖည့္ဆည္းဖို႔အတြက္ သူ႔ရဲ႕ စြမ္း ေဆာင္ရည္ေတြကို ျမႇင့္တင္ေနပါတယ္။ ဒါ့အျပင္ ေ႐ြး ခ်ယ္စရာ ေလာင္စာဆီေတြရရွိႏိုင္ဖို႔၊ ေဘးကင္းစြာကိုင္တြယ္ႏိုင္ဖို႔နဲ႔ အသုံးျပဳႏိုင္ဖို႔ေတြမွာလည္း ဦး ေဆာင္ေနပါတယ္။ (၂၀၂၄) ခုႏွစ္မွာ စင္ကာပူဟာ ႐ိုး႐ိုးေလာင္စာဆီေတြအျပင္ LNG (၄၆၄) တန္၊ ဇီဝ ေလာင္စာဆီ (၈၈၃) တန္နဲ႔ မက္သေနာ (၁ ဒသမ ၆) တန္ အပါအဝင္ေ႐ြးခ်ယ္စရာ ေလာင္စာဆီေတြကို စံခ်ိန္တင္ပမာဏအထိ ေထာက္ပံ့ေပးခဲ့ပါတယ္။
ဒါေၾကာင့္ မလကၠာေရလက္ၾကားအေပၚ အမွီျပဳၿပီး စင္ကာပူဟာ သူရဲ႕ဆိပ္ကမ္းေတြကို ကမာၻ အဆင့္မီျမႇင့္တင္ခဲ့ၿပီး ႏိုင္ငံရဲ႕ GDP ကို အမ်ားႀကီးအေထာက္အကူျပဳႏိုင္ေအာင္ စြမ္းေဆာင္လ်က္ရွိ ေၾကာင္း ေတြ႕ရပါတယ္။ မလကၠာေရလက္ၾကားရဲ႕ အခန္းက႑က ပတ္ဝန္းက်င္ေဒသေတြရဲ႕ စီးပြားေရး တိုးတက္မႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို တြန္းအားေပးလ်က္ရွိပါတယ္။ ဤသို႔အားျဖင့္ စင္ကာပူဆိပ္ကမ္း၊ မေလးရွားႏိုင္ငံက Port Klang နဲ႔ Tanjung Pelepas လို အဓိက ဆိပ္ကမ္းေတြဟာ အေရးပါတဲ့ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ ကုန္စည္လႊဲေျပာင္းေရး ဗဟိုခ်က္ေတြအျဖစ္ ေပၚထြက္လာပါတယ္။ ဒီဆိပ္ ကမ္းေတြဟာ ကမာၻ႔ကုန္သြယ္မႈရဲ႕မ်ားျပားတဲ့ပမာဏကို ကိုင္တြယ္ေဆာင္႐ြက္ေပးေနၿပီး သက္ဆိုင္ရာ ႏိုင္ငံေတြရဲ႕ စီးပြားေရးႂကြယ္ဝခ်မ္းသာမႈကို အေထာက္အကူျပဳေနပါတယ္။