BGF ဗိုလ်မှူးကြီး စောချစ်သူ၏ ကုမ္ပဏီက Blacklist မှ လွတ်မြောက်ရေး စတင်ကြိုးစား

 1365

သုတကျော် (NP News) - ဇူလိုင် ၉

BGFမှ ဗိုလ်မှူးကြီး စောချစ်သူ ရှယ်ယာ ပါသောကုမ္ပဏီက ကျန်ငွေများသွင်းကာ အမည် မည်း (Blacklist) မှလွတ်မြောက်ရေးအတွက် ကြိုးစားမည်ဖြစ်ကြောင်း BGF မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။

(၂၀၁၆)ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ဗိုလ်မှူးကြီး စောချစ်သူက ၎င်း၏အမည်ရင်းဖြစ်သော ဦးစံမြင့်အမည်ဖြင့် ရှယ်ယာပါဝင်ကာ ဒါရိုက်တာရာထူးရယူထားသော Chit Linn Myaing TOYOTA ကုမ္ပဏီအပါအဝင် ဝင်ရောက်ရန် စာရင်း ကျန် ကုမ္ပဏီများကို Blacklist အစာရင်း တင်သွင်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

DKBA တပ်ဖွဲ့အတွင်းရှိခဲ့စဉ်ကာလကပင် KNU ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို ပြန်ခေါ် ကာ တောင်ယာများကိုဖော်ထုတ်၍ တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်နှင့်ညှိနှိုင်ပြီး မျိုးစေ့နှင့် ဓာတ်မြေဩဇာ တောင်းခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ DKBA ခေတ်ကတော့ သိပ်ပြဿနာ မရှိဘူး။ တစ်ဖက်ကမ်းကို ပြန်ပို့တယ်။ ပို့ပြီးတော့ ကုန်ကျ စရိတ်ကို နုတ်ပြီးတော့ တစ်ခါတလေလည်း ပိုတယ်၊ တစ်ခါတလေ ဈေးကျရင်ရှုံးတယ်။ မမြတ်တောင် ကျန်တာတွေများတယ်။ ကျန်တာကို သက်ဆိုင်ရာ တောင်ယာလုပ်သူကို ပြန်ပေးလိုက်တာပဲ။ နောက် ပိုင်း BGF ဖွဲ့တော့ ကုမ္ပဏီထောင်ခိုင်းပြီလေ။ အဲဒီတည်းကစပြီး ချစ်လင်းမြိုင်ကုမ္ပဏီကို စထောင်တာ။ ထောင်ပြီးတော့ ကုမ္ပဏီအနေနဲ့ လိုင်စင် လျှောက်ပြီး Export မလုပ်ဖူးဘူး” ဟု ၎င်းက ဆိုသည်။

သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်တောင်းကာ သက် ဆိုင်ရာပြည်နယ် စိုက်ပျိုးရေးဌာနက လာရောက်ကြည့်ရှုပြီး နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက စစ်ဆေးကာ ထိုင်းနိုင်ငံဘက်သို့ ရွှေကုက္ကိုက တစ်ဆင့်တင်ပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

“ COVID တုန်းက နယ်စပ်ဂိတ်တွေ ပိတ်တော့ တံတားပေါ်က သွားဖြတ်လိုက်ရတာ။ တောင်ယာ ပြောင်းတွေက ကျန်တော့ တံတားပေါ်က သွားဖြတ်တော့ အကောက်အခွန်မှာပေါ်တာပေါ့။ အရင်တုန်း ကလည်း ဒီမူကမရှိဘူးလေ” ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်က ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် စာရောက်ချိန်မှသိရသောကြောင့် Earning Money မရှိသောကြောင့် သွင်းမည်ဖြစ်ကြောင်းနှင့် အချိန်ပေးရန် ပြန်လည်အကြောင်းကြားပြီး ခံဝန် ကတိလည်း လက်မှတ်ထိုး စာတင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“(၂၀၂၀) အဲဒီနှစ်မှာ ဒေါ်လာ နှစ်သန်းကျော်မှာ ပထမအရစ် ခြောက်သိန်းသွင်းလိုက်တယ်။ ဆက် သွင်းမယ်လုပ်တဲ့အခါ (၂၀၂၁)က ပေါ် လာပြန် ရော။ (၂၀၂၁)မှာလည်း နှစ်သန်းကျော် ဖြစ်ပြန်ရော။ (၂၁) ကိုလည်း ဒေါ်လာ ငါးသိန်း။ ကျွန်တော်က ဆက်သွင်းမယ်ပေါ့။ အဲဒီတုန်းက သွင်းပေးတဲ့ ကုန်သည်က ထင်တာက ဒီလိုပဲ ဖြည်းဖြည်းသွင်းရင်တော့ ပြဿနာမရှိဘူးဆိုပြီး ဒေါ်လာဈေးကျတဲ့ အချိန် စောင့် လိုက်ပါဦးဆိုတော့ စောင့်နေတာပေါ့”ဟု ၎င်းက ဆိုသည်။

ကြားကာလတွင် ကျားဖျန့်ပြဿနာ ပေါ်လာသောကြောင့် အဆိုပါ ငွေသွင်းရေးဘက်ကို လျော့ သွားရာ Blacklist ဖြစ်ခဲ့သောကြောင့် လိုငွေကို ပြန်သွင်းပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အထူးသဖြင့်တော့ ကုမ္ပဏီထက်စာရင် ကိုချစ်သူ နာမည်ကို မပျက်စေချင်ဘူး။ ကုမ္ပဏီနဲ့ ပတ်သက်ရင် သူမလုပ်အားဘူး။ တင်သွင်းတာ၊ တင်ပို့တာလည်း တစ်ခါမှမလုပ်ဖူးဘူး။ ကုမ္ပဏီ ထောင်ရတာလည်း ကိုယ့်စီးပွားရေးအတွက်လုပ်တာ မဟုတ်ဘူးလေ”ဟု ၎င်းက ရှင်းပြသည်။

zawgyi version
BGF ဗိုလ္မႉးႀကီး ေစာခ်စ္သူ၏ ကုမၸဏီက Blacklist မွ လြတ္ေျမာက္ေရး စတင္ႀကိဳးစား
သုတေက်ာ္ (NP News) - ဇူလိုင္ ၉

BGFမွ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ရွယ္ယာ ပါေသာကုမၸဏီက က်န္ေငြမ်ားသြင္းကာ အမည္ မည္း (Blacklist) မွလြတ္ေျမာက္ေရးအတြက္ ႀကိဳးစားမည္ျဖစ္ေၾကာင္း BGF မွ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။

(၂၀၁၆)ခုႏွစ္မွ (၂၀၂၀) ျပည့္ႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္ရန္ က်န္ရွိသည့္ ဗိုလ္မႉးႀကီး ေစာခ်စ္သူက ၎၏အမည္ရင္းျဖစ္ေသာ ဦးစံျမင့္အမည္ျဖင့္ ရွယ္ယာပါဝင္ကာ ဒါ႐ိုက္တာရာထူးရယူထားေသာ Chit Linn Myaing TOYOTA ကုမၸဏီအပါအဝင္ ဝင္ေရာက္ရန္ စာရင္း က်န္ ကုမၸဏီမ်ားကို Blacklist အစာရင္း တင္သြင္းေၾကာင္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

DKBA တပ္ဖြဲ႕အတြင္းရွိခဲ့စဥ္ကာလကပင္ KNU ဒုကၡသည္စခန္းမ်ားမွ ဒုကၡသည္မ်ားကို ျပန္ေခၚ ကာ ေတာင္ယာမ်ားကိုေဖာ္ထုတ္၍ တစ္ဖက္ႏိုင္ငံက လုပ္ငန္းရွင္ႏွင့္ညႇိႏႈိင္ၿပီး မ်ိဳးေစ့ႏွင့္ ဓာတ္ေျမဩဇာ ေတာင္းခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“ DKBA ေခတ္ကေတာ့ သိပ္ျပႆနာ မရွိဘူး။ တစ္ဖက္ကမ္းကို ျပန္ပို႔တယ္။ ပို႔ၿပီးေတာ့ ကုန္က် စရိတ္ကို ႏုတ္ၿပီးေတာ့ တစ္ခါတေလလည္း ပိုတယ္၊ တစ္ခါတေလ ေဈးက်ရင္ရႈံးတယ္။ မျမတ္ေတာင္ က်န္တာေတြမ်ားတယ္။ က်န္တာကို သက္ဆိုင္ရာ ေတာင္ယာလုပ္သူကို ျပန္ေပးလိုက္တာပဲ။ ေနာက္ ပိုင္း BGF ဖြဲ႕ေတာ့ ကုမၸဏီေထာင္ခိုင္းၿပီေလ။ အဲဒီတည္းကစၿပီး ခ်စ္လင္းၿမိဳင္ကုမၸဏီကို စေထာင္တာ။ ေထာင္ၿပီးေတာ့ ကုမၸဏီအေနနဲ႔ လိုင္စင္ ေလွ်ာက္ၿပီး Export မလုပ္ဖူးဘူး” ဟု ၎က ဆိုသည္။

သက္ဆိုင္ရာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ခြင့္ျပဳခ်က္ေတာင္းကာ သက္ ဆိုင္ရာျပည္နယ္ စိုက္ပ်ိဳးေရးဌာနက လာေရာက္ၾကည့္ရႈၿပီး နယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူမ်ားက စစ္ေဆးကာ ထိုင္းႏိုင္ငံဘက္သို႔ ေ႐ႊကုကၠိဳက တစ္ဆင့္တင္ပို႔ခဲ့ေၾကာင္း ၎ကဆိုသည္။

“ COVID တုန္းက နယ္စပ္ဂိတ္ေတြ ပိတ္ေတာ့ တံတားေပၚက သြားျဖတ္လိုက္ရတာ။ ေတာင္ယာ ေျပာင္းေတြက က်န္ေတာ့ တံတားေပၚက သြားျဖတ္ေတာ့ အေကာက္အခြန္မွာေပၚတာေပါ့။ အရင္တုန္း ကလည္း ဒီမူကမရွိဘူးေလ” ဟု ၎က ဆိုသည္။

ဗဟိုဘဏ္က ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္ရန္ စာေရာက္ခ်ိန္မွသိရေသာေၾကာင့္ Earning Money မရွိေသာေၾကာင့္ သြင္းမည္ျဖစ္ေၾကာင္းႏွင့္ အခ်ိန္ေပးရန္ ျပန္လည္အေၾကာင္းၾကားၿပီး ခံဝန္ ကတိလည္း လက္မွတ္ထိုး စာတင္ျပခဲ့ေၾကာင္း ၎က ဆိုသည္။

“(၂၀၂၀) အဲဒီႏွစ္မွာ ေဒၚလာ ႏွစ္သန္းေက်ာ္မွာ ပထမအရစ္ ေျခာက္သိန္းသြင္းလိုက္တယ္။ ဆက္ သြင္းမယ္လုပ္တဲ့အခါ (၂၀၂၁)က ေပၚ လာျပန္ ေရာ။ (၂၀၂၁)မွာလည္း ႏွစ္သန္းေက်ာ္ ျဖစ္ျပန္ေရာ။ (၂၁) ကိုလည္း ေဒၚလာ ငါးသိန္း။ ကြၽန္ေတာ္က ဆက္သြင္းမယ္ေပါ့။ အဲဒီတုန္းက သြင္းေပးတဲ့ ကုန္သည္က ထင္တာက ဒီလိုပဲ ျဖည္းျဖည္းသြင္းရင္ေတာ့ ျပႆနာမရွိဘူးဆိုၿပီး ေဒၚလာေဈးက်တဲ့ အခ်ိန္ ေစာင့္ လိုက္ပါဦးဆိုေတာ့ ေစာင့္ေနတာေပါ့”ဟု ၎က ဆိုသည္။

ၾကားကာလတြင္ က်ားဖ်န႔္ျပႆနာ ေပၚလာေသာေၾကာင့္ အဆိုပါ ေငြသြင္းေရးဘက္ကို ေလ်ာ့ သြားရာ Blacklist ျဖစ္ခဲ့ေသာေၾကာင့္ လိုေငြကို ျပန္သြင္းေပးမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

“အထူးသျဖင့္ေတာ့ ကုမၸဏီထက္စာရင္ ကိုခ်စ္သူ နာမည္ကို မပ်က္ေစခ်င္ဘူး။ ကုမၸဏီနဲ႔ ပတ္သက္ရင္ သူမလုပ္အားဘူး။ တင္သြင္းတာ၊ တင္ပို႔တာလည္း တစ္ခါမွမလုပ္ဖူးဘူး။ ကုမၸဏီ ေထာင္ရတာလည္း ကိုယ့္စီးပြားေရးအတြက္လုပ္တာ မဟုတ္ဘူးေလ”ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.