ဆော်ဒီသို့ မြန်မာရေချိုငါးတင်ပို့ခွင့်ယာယီပိတ်ပင်ထားသော်လည်း ရေငန်ငါးမှ ဈေးကွက်ရရှိနေ

297

ချယ်ရီ (NP News) - ဇူလိုင် ၉
ဆော်ဒီ-မြန်မာနှစ်နိုင်ငံ ငါးတင်ပို့မှုတွင် မြန်မာ၏ရေချိုမွေးမြူရေးငါးတင်ပို့ခွင့်ယာယီပိတ်ပင်ခံထားသော်လည်း ရေငန်ငါးများမှ ဈေးကွက်ရရှိနေဆဲဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဆော်ဒီအာရေးဗျနိုင်ငံအပါအဝင် ယူအေအီး၊ကာတာ၊ ကူဝိတ်၊ အီရတ်၊ ဘာရိန်းအစရှိသည့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သဘာဝရေငန်ငါးများနှင့် မွေးမြူရေး ရေချိုငါးများကို နှစ်စဉ်ပုံမှန်တင်ပို့လျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြီးခဲ့သည့်(၂၀၁၈)ခုနှစ်၊ ဧပြီလ နောက်ပိုင်းမှစ၍ မွေးမြူရေးငါးတင်ပို့မှုကို ယာယီရပ်ဆိုင်းပေးထားခဲ့ရကြောင်း သိရသည်။
“အရင်တုန်းကလည်း ဆော်ဒီကို ပုံမှန်ပို့ တာပေါ့နော်။ ပို့နေတဲ့အနေအထားကနေ (၂၀၁၈)ခုနှစ်မှာကျတော့ ပုစွန်မှာ ဗိုင်းရပ်(စ်)ရောဂါဖြစ်တာကို သူတို့အနေနဲ့ (Report) တွေ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မွေးမြူရေးငါးတင်ပို့မှုကို ပိတ်လိုက် တာပေါ့။ ပိတ်လိုက်တော့ အခုပြန်ပြီးပွင့်အောင် ကျွန်တော်တို့ ဆော်ဒီ(FDA)ကို ပြန်လျှောက်ဖို့ လုပ်တာပေါ့နော်။ လျှောက်ရတော့ ဆော်ဒီ (FDA)ကို လိုအပ်တဲ့အထောက်အထားတွေနဲ့ ကမ်းလှမ်းတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရောဂါတွေ၊ ဘာတွေလည်း မရှိတော့ပါဘူး။ ပြီးတော့မှ ဆော်ဒီနိုင်ငံကို မွေးမြူရေး ငါးပို့ချင်လို့ရှိရင် မွေးမြူရေးကျင့်စဉ် (BAP) လိုက်နာကျင့်သုံးမှုကို ဆောင်ရွက်ရမယ်လို့ သူတို့ရဲ့သတ်မှတ်ချက်ရှိတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှငါးကို အရှေ့အလယ်ပိုင်းဒေသမှနိုင်ငံများကလည်း နှစ်သက်ကြပြီး နှစ်စဉ် ဒေါ်လာသန်း(၁၀၀)အထိ ဈေးကွက်ရှိနေရာ ဆော်ဒီအာရေးဗျနိုင်ငံက ဝယ်လဒ်ပိုမို ရရှိကြောင်း သိရသည်။
“အရှေ့အလယ်ပိုင်းဒေသမှာ ဆော်ဒီအာရေးဗျနိုင်ငံရဲ့ ဝယ်လက်ကတော့ ပိုမိုများတယ်။ အခုဆို သူ့ရဲ့ဝယ်လက်က ဒေါ်လာ သန်း(၃၀၊ ၄၀) ရှိတယ်။ အခုဟာသာ လမ်းထပ်ပွင့်သွားမယ်ဆိုရင် သန်း (၁၀၀) လောက်အထိ မှန်းတာ။ တစ်နှစ်ငါးတင်ပို့မှုကနေ အရှေ့အလယ်ပိုင်းကို ခွဲပြောမယ်ဆို ခန့်မှန်းခြေ ဒေါ်လာ သန်း(၁၀၀) လောက် ရပါတယ်” ဟု ၎င်းက ပြောသည်။
ဆော်ဒီနိုင်ငံသို့ မြန်မာမှ ငါးတင်ပို့မှုတွင် ရေချိုမွေးမြူရေးငါးများ ယာယီပိတ်ထားသော်လည်း ၎င်းတို့ဘက်မှ ပြန်လည်ကမ်းလှမ်း၊ စစ်ဆေးမှုများ လုပ်ဆောင်လိုကြောင်း အကြောင်းပြန်လာပါက အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က လက်ရှိအဆိုပြုထားဆဲအနေအထားမှာပဲ ရှိတာပါ။ သူတို့ဘက်ကနေ အကြောင်းပြန်ခြင်းတော့မရှိသေးပါဘူး။ ရေချိုမွေးမြူရေးငါးက မရထားသော်လည်းပဲ ရေငန်ငါးကိုတော့ တင်ပို့ခွင့်ရထားတယ်။ ရေငန်ငါးတင်ပို့ဖို့စက်ရုံ (၂၅) ရုံ ရှိတယ်။ ရေငန်ငါးမှာ သူတို့သတ်မှတ်ထားတဲ့မျိုးစိတ်တွေတော့ ပို့နေတယ်။ ငါးလုပ်ငန်းမွေးမြူရေးသဘောအရ ဘယ်နိုင်ငံပဲ တင်ပို့ချင်တာပဲဖြစ်ဖြစ် စနစ်တစ်ခုရှိနေရတယ်။ သူ့နိုင်ငံရဲ့ Policy နဲ့ ဆိုင်သွားတာပေါ့နော်။ အဲဒါကြောင့်မို့ ကိုယ့်ဘက်က လုပ်ရမယ့်ဟာတွေကို ဆက်ပြီးတော့ ပြင်ဆင်ပြီး လုပ်နေကြတာပေါ့။ (BAP) စနစ်အရ ရောဂါကင်းရှင်းရေးကို ဆက်ပြီးတော့ လုပ်နေတယ်။ တကယ်လို့ သူတို့ဘက်ကနေ စစ်ချင်တယ်၊ ကြည့်ချင်တယ်လို့ ကမ်းလှမ်းပြီး အကြောင်းပြန်လာရင် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

Zawgyi Version:
ေဆာ္ဒီသို႔ ျမန္မာေရခ်ိဳငါးတင္ပို႔ခြင့္ယာယီပိတ္ပင္ထားေသာ္လည္း ေရငန္ငါးမွ ေဈးကြက္ရရွိေန
ခ်ယ္ရီ (NP News) - ဇူလိုင္ ၉
ေဆာ္ဒီ-ျမန္မာႏွစ္ႏိုင္ငံ ငါးတင္ပို႔မႈတြင္ ျမန္မာ၏ေရခ်ိဳေမြးျမဴေရးငါးတင္ပို႔ခြင့္ယာယီပိတ္ပင္ခံထားေသာ္လည္း ေရငန္ငါးမ်ားမွ ေဈးကြက္ရရွိေနဆဲျဖစ္ေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံအပါအဝင္ ယူေအအီး၊ကာတာ၊ ကူဝိတ္၊ အီရတ္၊ ဘာရိန္းအစရွိသည့္ အေရွ႕အလယ္ပိုင္း ႏိုင္ငံမ်ားသို႔ သဘာဝေရငန္ငါးမ်ားႏွင့္ ေမြးျမဴေရး ေရခ်ိဳငါးမ်ားကို ႏွစ္စဥ္ပုံမွန္တင္ပို႔လ်က္ရွိရာ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ ၿပီးခဲ့သည့္(၂၀၁၈)ခုႏွစ္၊ ဧၿပီလ ေနာက္ပိုင္းမွစ၍ ေမြးျမဴေရးငါးတင္ပို႔မႈကို ယာယီရပ္ဆိုင္းေပးထားခဲ့ရေၾကာင္း သိရသည္။
“အရင္တုန္းကလည္း ေဆာ္ဒီကို ပုံမွန္ပို႔ တာေပါ့ေနာ္။ ပို႔ေနတဲ့အေနအထားကေန (၂၀၁၈)ခုႏွစ္မွာက်ေတာ့ ပုစြန္မွာ ဗိုင္းရပ္(စ္)ေရာဂါျဖစ္တာကို သူတို႔အေနနဲ႔ (Report) ေတြ႕ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ေမြးျမဴေရးငါးတင္ပို႔မႈကို ပိတ္လိုက္ တာေပါ့။ ပိတ္လိုက္ေတာ့ အခုျပန္ၿပီးပြင့္ေအာင္ ကြၽန္ေတာ္တို႔ ေဆာ္ဒီ(FDA)ကို ျပန္ေလွ်ာက္ဖို႔ လုပ္တာေပါ့ေနာ္။ ေလွ်ာက္ရေတာ့ ေဆာ္ဒီ (FDA)ကို လိုအပ္တဲ့အေထာက္အထားေတြနဲ႔ ကမ္းလွမ္းတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေရာဂါေတြ၊ ဘာေတြလည္း မရွိေတာ့ပါဘူး။ ၿပီးေတာ့မွ ေဆာ္ဒီႏိုင္ငံကို ေမြးျမဴေရး ငါးပို႔ခ်င္လို႔ရွိရင္ ေမြးျမဴေရးက်င့္စဥ္ (BAP) လိုက္နာက်င့္သုံးမႈကို ေဆာင္႐ြက္ရမယ္လို႔ သူတို႔ရဲ႕သတ္မွတ္ခ်က္ရွိတာေပါ့” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွငါးကို အေရွ႕အလယ္ပိုင္းေဒသမွႏိုင္ငံမ်ားကလည္း ႏွစ္သက္ၾကၿပီး ႏွစ္စဥ္ ေဒၚလာသန္း(၁၀၀)အထိ ေဈးကြက္ရွိေနရာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံက ဝယ္လဒ္ပိုမို ရရွိေၾကာင္း သိရသည္။
“အေရွ႕အလယ္ပိုင္းေဒသမွာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံရဲ႕ ဝယ္လက္ကေတာ့ ပိုမိုမ်ားတယ္။ အခုဆို သူ႔ရဲ႕ဝယ္လက္က ေဒၚလာ သန္း(၃၀၊ ၄၀) ရွိတယ္။ အခုဟာသာ လမ္းထပ္ပြင့္သြားမယ္ဆိုရင္ သန္း (၁၀၀) ေလာက္အထိ မွန္းတာ။ တစ္ႏွစ္ငါးတင္ပို႔မႈကေန အေရွ႕အလယ္ပိုင္းကို ခြဲေျပာမယ္ဆို ခန႔္မွန္းေျခ ေဒၚလာ သန္း(၁၀၀) ေလာက္ ရပါတယ္” ဟု ၎က ေျပာသည္။
ေဆာ္ဒီႏိုင္ငံသို႔ ျမန္မာမွ ငါးတင္ပို႔မႈတြင္ ေရခ်ိဳေမြးျမဴေရးငါးမ်ား ယာယီပိတ္ထားေသာ္လည္း ၎တို႔ဘက္မွ ျပန္လည္ကမ္းလွမ္း၊ စစ္ေဆးမႈမ်ား လုပ္ေဆာင္လိုေၾကာင္း အေၾကာင္းျပန္လာပါက အဆင္သင့္ျဖစ္ေအာင္ လုပ္ေဆာင္ထားေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔က လက္ရွိအဆိုျပဳထားဆဲအေနအထားမွာပဲ ရွိတာပါ။ သူတို႔ဘက္ကေန အေၾကာင္းျပန္ျခင္းေတာ့မရွိေသးပါဘူး။ ေရခ်ိဳေမြးျမဴေရးငါးက မရထားေသာ္လည္းပဲ ေရငန္ငါးကိုေတာ့ တင္ပို႔ခြင့္ရထားတယ္။ ေရငန္ငါးတင္ပို႔ဖို႔စက္႐ုံ (၂၅) ႐ုံ ရွိတယ္။ ေရငန္ငါးမွာ သူတို႔သတ္မွတ္ထားတဲ့မ်ိဳးစိတ္ေတြေတာ့ ပို႔ေနတယ္။ ငါးလုပ္ငန္းေမြးျမဴေရးသေဘာအရ ဘယ္ႏိုင္ငံပဲ တင္ပို႔ခ်င္တာပဲျဖစ္ျဖစ္ စနစ္တစ္ခုရွိေနရတယ္။ သူ႔ႏိုင္ငံရဲ႕ Policy နဲ႔ ဆိုင္သြားတာေပါ့ေနာ္။ အဲဒါေၾကာင့္မို႔ ကိုယ့္ဘက္က လုပ္ရမယ့္ဟာေတြကို ဆက္ၿပီးေတာ့ ျပင္ဆင္ၿပီး လုပ္ေနၾကတာေပါ့။ (BAP) စနစ္အရ ေရာဂါကင္းရွင္းေရးကို ဆက္ၿပီးေတာ့ လုပ္ေနတယ္။ တကယ္လို႔ သူတို႔ဘက္ကေန စစ္ခ်င္တယ္၊ ၾကည့္ခ်င္တယ္လို႔ ကမ္းလွမ္းၿပီး အေၾကာင္းျပန္လာရင္ အဆင္သင့္ျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္” ဟု ၎က ေျပာၾကားသည္။