မြန်မာထံ စာပို့သော သွင်းကုန်အခွန်ကိစ္စ အမေရိကန်နှင့် အပြုသဘောဆောင်ညှိနှိုင်းမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

 360

သန့်ဇင်(NP News)-ဇူလိုင် ၈

​အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏သွင်းကုန်များအပေါ်တွင် အခွန် ၄၀ ရာခိုင်နှုန်းစည်းကြပ်မှုနှင့်ပတ်သက်၍ အပြုသဘောဆောင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဇူလိုင်လ ၈ရက်)၊ ညနေပိုင်းတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ယမန်နေ့ (ဇူလိုင်လ ၇ရက်)တွင် အမေရိကန်စီးပွားရေးတွင် ကုန်သွယ်ဖက်အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ကြောင်းစာကို ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအတွင်းမြန်မာနိုင်ငံ၏သွင်းကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းနှင့် အခွန်နှုန်းထားနှင့်ပတ်သက်၍ ညှိနှိုင်းနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေ့ဖြင့် အမေရိကန်နိုင်ငံနှင့်၂၀၂၄- ၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၇၀၁ ဒသမ ၉ )သန်းခန့် ရှိခဲ့ပြီး၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၅၈၈ ဒသမ ၃ ) သန်းကျော်ရရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်၏ ကုန်သွယ်ခွန်စည်းကြပ်မှုနှင့်ပတ်၍ မြန်မာနိုင်ငံအနေဖြင့်လည်း အပြုသဘောဆောင် ညှိနှိုင်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

"ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားအနေနဲ့ကတော့ နံပါတ်(၁)အနေနဲ့ကတော့အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါညှိနီုင်းမှုများမှ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များရရှိနိုင်ရန် မျော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

"အဲဒီညှိနှိုင်းမှုတွေကနေပဲ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် ရလဒ်များရရှိမယ်လို့ မျော်လင့်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version:
ျမန္မာထံ စာပို႔ေသာ သြင္းကုန္အခြန္ကိစၥ အေမရိကန္ႏွင့္ အျပဳသေဘာေဆာင္ညႇိႏႈိင္းမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို
သန္႔ဇင္(NP News)-ဇူလိုင္ ၈

​အေမရိကန္အေနျဖင့္ ျမန္မာႏိုင္ငံ၏သြင္းကုန္မ်ားအေပၚတြင္ အခြန္ ၄၀ ရာခိုင္ႏႈန္းစည္းၾကပ္မႈႏွင့္ပတ္သက္၍ အျပဳသေဘာေဆာင္ညႇိႏႈိင္းသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (ဇူလိုင္လ ၈ရက္)၊ ညေနပိုင္းတြင္ မီဒီယာမ်ား၏ေမးျမန္းမႈအေပၚ အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ပ္က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ယမန္ေန႔ (ဇူလိုင္လ ၇ရက္)တြင္ အေမရိကန္စီးပြားေရးတြင္ ကုန္သြယ္ဖက္အျဖစ္ ပါဝင္ရန္ ဖိတ္ေခၚေၾကာင္းစာကို ေပးပို႔ခဲ့ေၾကာင္း သိရသည္။

အဆိုပါ စာအတြင္းျမန္မာႏိုင္ငံ၏သြင္းကုန္မ်ားအေပၚ အခြန္ ၄၀ ရာခိုင္ႏႈန္း ေကာက္ခံမည္ျဖစ္ေၾကာင္းႏွင့္ အခြန္ႏႈန္းထားႏွင့္ပတ္သက္၍ ညႇိႏႈိင္းႏိုင္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္ပ္ကေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေန႔ျဖင့္ အေမရိကန္ႏိုင္ငံႏွင့္၂၀၂၄- ၂၀၂၄ခုႏွစ္ ဘ႑ာႏွစ္မွာေတာ့ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၇၀၁ ဒသမ ၉ )သန္းခန္႔ ရွိခဲ့ၿပီး၂၀၂၄-၂၀၂၅ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၅၈၈ ဒသမ ၃ ) သန္းေက်ာ္ရရွိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္ပ္၏ ကုန္သြယ္ခြန္စည္းၾကပ္မႈႏွင့္ပတ္၍ ျမန္မာႏိုင္ငံအေနျဖင့္လည္း အျပဳသေဘာေဆာင္ ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကဆိုသည္။

"ဒီစာနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအစိုးရရဲ႕ သေဘာထားအေနနဲ႔ကေတာ့ နံပါတ္(၁)အေနနဲ႔ကေတာ့အျပဳသေဘာေဆာင္တဲ့ ညႇိႏႈိင္းမႈ ျပန္ၾကားမႈေတြကို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ အဆိုပါညႇိႏီုင္းမႈမ်ားမွ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးျဖစ္ထြန္းေစမည့္ ရလဒ္မ်ားရရွိႏိုင္ရန္ ေမ်ာ္လင့္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။

"အဲဒီညႇိႏႈိင္းမႈေတြကေနပဲ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးျဖစ္ထြန္းေစမယ့္ ရလဒ္မ်ားရရွိမယ္လို႔ ေမ်ာ္လင့္ပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.