ပြည်တွင်းဈေးကွက်အတွင်း နေ့စဉ် ရေထွက်ကုန်တန်ချိန် ငါးသိန်း ဝင်ရောက်နေ

 209

ပြည့်ဖြိုး (NP News) - ဇူလိုင် ၉

မြန်မာ့ပင်လယ်ပြင်တွင် ငါးသားပေါက်ရာသီပြီးဆုံး၍ ယခုဇူလိုင်လမှစတင်ကာ ပင်လယ်ပြင် ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုခဲ့ရာတွင် ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ရေချို၊ ရေငန်ရေထွက်ကုန် တန်ချိန် (၅)သိန်းခန့်ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ထိုသို့ ဝင်ရောက်လာသည့် ရေထွက်ကုန် များအနက် (၅၀)ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှု အတွက် ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် ကျန် (၅၀)ရာခိုင်နှုန်းခန့်ကို အအေးခန်းသိုလှောင်ကာ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ရန်ကုန်ဈေးကွက်ဖြစ်သည့် ကြည့်မြင်တိုင် စံပြငါးဈေးနှင့် လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေး တို့ထံသို့ နေ့စဉ်ဝင်ရောက်နေရာ လက်ရှိအချိန်၌ ဈေး ကွက်အတွင်းဝင်ရောက်လာသည့် ရေထွက်ကုန် တန်ချိန် (၅)သိန်းခန့်တွင် ရေချိုငါးနှင့် ရေငန်ငါး အချိုးမှာ (၃)အချိုး(၁)ပမာဏ ပါဝင်ကြောင်း သိရ သည်။
“ဈေးကွက်အတွင်းမှာလည်း ပင်လယ်ငါးက သိပ်ပြီးရောင်းချလေ့မရှိပါဘူး။ အအေးခန်း သို လှောင်ပြီးမှ ပြည်ပကို အများဆုံးသွားတာဖြစ် ပါတယ်။ ရေချိုငါးကိုပဲ ဖြန့်ဖြူးရောင်းချနေကြတာ များ ပါတယ်။ ရေချိုငါးဈေးကွက်ကလည်း မနှစ်က လိုပါပဲ။ ဈေးအတက်အကျတော့မရှိပါဘူး။ လွန်ခဲ့တဲ့ (၂) လအတွင်းမှာ ရေငန်ငါးဈေးကွက်က ပင်လယ်ပြင် ငါးဖမ်းခွင့်ပိတ်တဲ့အတွက် ပြည်တွင်းရောင်းချရာမှာ ရှားပါးမှု၊ အအေးခန်းသိုလှောင်စရိတ်တွေကြောင့်လည်း ဈေးနှုန်းမြင့်မားသွားတာလည်း ဖြစ်နိုင်ပါ တယ်}လို့ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပင်လယ်ပြင်တွင် ရေငန်ထွက်ကုန်များကို (၁၂)ရာသီလုံးဖမ်းဆီးပါက ရေသယံဇာတ ထိခိုက် နိုင်မှုကြောင့် နှစ်စဉ် ငါးဖမ်းဆီးခွင့်ကို မေလ (၁) ရက်မှ ဇူလိုင်လကုန်အထိ (၃)လရပ်နားလေ့ရှိသော် လည်း ယခုနှစ်တွင် ပြည်တွင်းဈေးကွက်၌ ရေငန် ထွက်ကုန် စားသုံးမှုပြတ်လပ်မှုမရှိစေရန်အတွက် မေလ နှင့် ဇွန်လ (၂)လတွင်သာ ပင်လယ်ပြင် ငါးမဖမ်းရရာသီအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပြီး အဆိုပါ ငါးဖမ်းခွင့်ပိတ်သိမ်းချိန် (၂) လတာအတွင်းမှာ ရေငန်ထွက်ကုန်များဖြစ်သည့် ငါးသင်ဝါ၊ ငါးခွေးလျှာ၊ ရွှေ ငါး၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ငါးတန်လွယ်၊ ငါးမြွေထိုး၊ ငါးစင်းလုံး၊ ငါးစင်းပြား၊ သင်ဖြူ၊ သင်ဝါ၊ ငါးခေါင်းပွ၊ ငါးရောင်၊ တိုက်ဂါး ပုစွန်အပါအဝင် ရေထွက်ကုန်အမျိုးပေါင်း (၂၀)ကျော်ကို ငါးစည်ပိုင်းများဖြင့် ထည့် သွင်းကာ ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် အအေးခန်းစက်ရုံများတွင် သိုလှောင်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းလည်း သိရသည်။

“ဒီနှစ်ကရေထွက်ကုန် ရောင်းဝယ်မှုအဆင် ပြေကြပါတယ်။ ဒီနှစ်မှာ အရောင်းအဝယ်ကောင်း သလို ထုတ်လုပ်သူနဲ့ စားသုံးသူ အဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ငါးဖမ်းရာသီပိတ်သိမ်း ထားတဲ့ ကာလအတွင်းမှာတော့ အအေးခန်းစက်ရုံများမှာ သိုလှောင်ထားတဲ့ ရေထွက်ကုန်တွေကို ဈေး ကွက်မှာ ရောင်းချပေးနေတာဖြစ်တယ်။ မနှစ်ကနဲ့နှိုင်းယှဉ်ရင်တော့ မနှစ်က လုပ်ငန်းရှင်အားလုံးနီးပါး ရှုံးတယ်။ ဒီနှစ်တော့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်"ဟု ကြည့်မြင်တိုင် စံပြငါးဈေးမှ ရေငန် ထွက် ကုန်ရောင်းဝယ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာ့ရေထွက်ကုန်များကို ဧရာဝတီ တိုင်းဒေသကြီး ပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်တို့တွင် ဖမ်းဆီး၍ ငါးဈေးကွက်အတွင်းသို့ ပို့ဆောင်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းေဈးကြက္အတြင္း ေန႔စဥ္ ေရထြက္ကုန္တန္ခ်ိန္ ငါးသိန္း ဝင္ေရာက္ေန
ျပည့္ၿဖိဳး (NP News) - ဇူလိုင္ ၉

ျမန္မာ့ပင္လယ္ျပင္တြင္ ငါးသားေပါက္ရာသီၿပီးဆုံး၍ ယခုဇူလိုင္လမွစတင္ကာ ပင္လယ္ျပင္ ငါးဖမ္းခြင့္ ျပန္လည္ခြင့္ျပဳခဲ့ရာတြင္ ရန္ကုန္ေဈးကြက္သို႔ ေန႔စဥ္ ေရခ်ိဳ၊ ေရငန္ေရထြက္ကုန္ တန္ခ်ိန္ (၅)သိန္းခန႔္ဝင္ေရာက္ေနေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ သိရသည္။

ထိုသို႔ ဝင္ေရာက္လာသည့္ ေရထြက္ကုန္ မ်ားအနက္ (၅၀)ရာခိုင္ႏႈန္းခန႔္ကို ျပည္တြင္းစားသုံးမႈ အတြက္ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္းႏွင့္ က်န္ (၅၀)ရာခိုင္ႏႈန္းခန႔္ကို အေအးခန္းသိုေလွာင္ကာ ျပည္ပသို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

ရန္ကုန္ေဈးကြက္ျဖစ္သည့္ ၾကည့္ျမင္တိုင္ စံျပငါးေဈးႏွင့္ လႈိင္ၿမိဳ႕နယ္ရွိ ေ႐ႊပိေတာက္ငါးေဈး တို႔ထံသို႔ ေန႔စဥ္ဝင္ေရာက္ေနရာ လက္ရွိအခ်ိန္၌ ေဈး ကြက္အတြင္းဝင္ေရာက္လာသည့္ ေရထြက္ကုန္ တန္ခ်ိန္ (၅)သိန္းခန႔္တြင္ ေရခ်ိဳငါးႏွင့္ ေရငန္ငါး အခ်ိဳးမွာ (၃)အခ်ိဳး(၁)ပမာဏ ပါဝင္ေၾကာင္း သိရ သည္။
“ေဈးကြက္အတြင္းမွာလည္း ပင္လယ္ငါးက သိပ္ၿပီးေရာင္းခ်ေလ့မရွိပါဘူး။ အေအးခန္း သို ေလွာင္ၿပီးမွ ျပည္ပကို အမ်ားဆုံးသြားတာျဖစ္ ပါတယ္။ ေရခ်ိဳငါးကိုပဲ ျဖန႔္ျဖဴးေရာင္းခ်ေနၾကတာ မ်ား ပါတယ္။ ေရခ်ိဳငါးေဈးကြက္ကလည္း မႏွစ္က လိုပါပဲ။ ေဈးအတက္အက်ေတာ့မရွိပါဘူး။ လြန္ခဲ့တဲ့ (၂) လအတြင္းမွာ ေရငန္ငါးေဈးကြက္က ပင္လယ္ျပင္ ငါးဖမ္းခြင့္ပိတ္တဲ့အတြက္ ျပည္တြင္းေရာင္းခ်ရာမွာ ရွားပါးမႈ၊ အေအးခန္းသိုေလွာင္စရိတ္ေတြေၾကာင့္လည္း ေဈးႏႈန္းျမင့္မားသြားတာလည္း ျဖစ္ႏိုင္ပါ တယ္}လို႔ ငါးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ပင္လယ္ျပင္တြင္ ေရငန္ထြက္ကုန္မ်ားကို (၁၂)ရာသီလုံးဖမ္းဆီးပါက ေရသယံဇာတ ထိခိုက္ ႏိုင္မႈေၾကာင့္ ႏွစ္စဥ္ ငါးဖမ္းဆီးခြင့္ကို ေမလ (၁) ရက္မွ ဇူလိုင္လကုန္အထိ (၃)လရပ္နားေလ့ရွိေသာ္ လည္း ယခုႏွစ္တြင္ ျပည္တြင္းေဈးကြက္၌ ေရငန္ ထြက္ကုန္ စားသုံးမႈျပတ္လပ္မႈမရွိေစရန္အတြက္ ေမလ ႏွင့္ ဇြန္လ (၂)လတြင္သာ ပင္လယ္ျပင္ ငါးမဖမ္းရရာသီအျဖစ္ ျပင္ဆင္သတ္မွတ္ခဲ့ၿပီး အဆိုပါ ငါးဖမ္းခြင့္ပိတ္သိမ္းခ်ိန္ (၂) လတာအတြင္းမွာ ေရငန္ထြက္ကုန္မ်ားျဖစ္သည့္ ငါးသင္ဝါ၊ ငါးေခြးလွ်ာ၊ ေ႐ႊ ငါး၊ ကင္းမြန္၊ ျပည္ႀကီးငါး၊ ငါးတန္လြယ္၊ ငါးေႁမြထိုး၊ ငါးစင္းလုံး၊ ငါးစင္းျပား၊ သင္ျဖဴ၊ သင္ဝါ၊ ငါးေခါင္းပြ၊ ငါးေရာင္၊ တိုက္ဂါး ပုစြန္အပါအဝင္ ေရထြက္ကုန္အမ်ိဳးေပါင္း (၂၀)ေက်ာ္ကို ငါးစည္ပိုင္းမ်ားျဖင့္ ထည့္ သြင္းကာ ရန္ကုန္ဆိပ္ကမ္းမ်ားမွတစ္ဆင့္ အေအးခန္းစက္႐ုံမ်ားတြင္ သိုေလွာင္၍ ျဖန႔္ျဖဴးေရာင္းခ်လ်က္ ရွိေၾကာင္းလည္း သိရသည္။

“ဒီႏွစ္ကေရထြက္ကုန္ ေရာင္းဝယ္မႈအဆင္ ေျပၾကပါတယ္။ ဒီႏွစ္မွာ အေရာင္းအဝယ္ေကာင္း သလို ထုတ္လုပ္သူနဲ႔ စားသုံးသူ အဆင္ေျပတဲ့ႏွစ္လို႔ ေျပာလို႔ရပါတယ္။ ၿပီးခဲ့တဲ့ ငါးဖမ္းရာသီပိတ္သိမ္း ထားတဲ့ ကာလအတြင္းမွာေတာ့ အေအးခန္းစက္႐ုံမ်ားမွာ သိုေလွာင္ထားတဲ့ ေရထြက္ကုန္ေတြကို ေဈး ကြက္မွာ ေရာင္းခ်ေပးေနတာျဖစ္တယ္။ မႏွစ္ကနဲ႔ႏႈိင္းယွဥ္ရင္ေတာ့ မႏွစ္က လုပ္ငန္းရွင္အားလုံးနီးပါး ရႈံးတယ္။ ဒီႏွစ္ေတာ့ အဆင္ေျပတယ္လို႔ ေျပာလို႔ရပါတယ္"ဟု ၾကည့္ျမင္တိုင္ စံျပငါးေဈးမွ ေရငန္ ထြက္ ကုန္ေရာင္းဝယ္ေနသည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ျမန္မာ့ေရထြက္ကုန္မ်ားကို ဧရာဝတီ တိုင္းေဒသႀကီး ပင္လယ္ျပင္၊ ရခိုင္ကမ္း႐ိုးတန္းႏွင့္ တနသၤာရီတိုင္းေဒသႀကီး ပင္လယ္ျပင္တို႔တြင္ ဖမ္းဆီး၍ ငါးေဈးကြက္အတြင္းသို႔ ပို႔ေဆာင္ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.