နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိဆည်တမံများစိုးရိမ်ဖွယ်မရှိဟုဆို

 200

သက်ပိုင်(NP News) - ဩဂုတ် ၂၈
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်တမံများမှာ ဆည်တမံဆိုင်ရာကျွမ်းကျင်သူပညာရှင်များ၏ စစ်ဆေးအတည်ပြုချက်များအရတမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအား အဆောက်အအုံများအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းကို အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergenacy Preparedness Plan -EPP)ပါ လုပ်ငန်းစဉ်များအတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စနစ်တကျဆောင်ရွက်လျက်ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကိုယ်တိုင် ဩဂုတ်လ (၂၇)ရက်က နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအနီးရှိ ရေဆင်း ရေလှောင်တမံ၊ငလိုက်ရေလှောင်တမံ နှင့် ပေါင်းလောင်းရေလှောင်တမံသို့သို့ သွားရောက်၍ ဝင်ရေသိုလှောင်ထားရှိမှုနှင့် တမံထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပေါင်းလောင်းရေလှောင်တမံတွင် မိုးရေချိန် (၃ ဒသမ ၅) လက်မခန့် ရွာသွန်းခဲ့ပြီး အထက်ပေါင်းလောင်း တမံနှင့် ရေဝေရေလဲဒေသများမှ စီးဝင်ရေများကြောင့် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲမှ ငါးပေခွဲခန့် ရေကျော်ကျလျက်ရှိကာ အဆိုပါစီးဆင်းရေများသည် ပေါင်းလောင်းမြစ်နှင့် တစ်ဆက်တည်း ဖြစ်သော စစ်တောင်းမြစ်အတွင်း စီးဆင်းလျက်ရှိခြင်းကြောင့် ဒေသအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန်မရှိကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများသည် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ဒေသအတွင်းရှိ လျှိုမြောင်များမှ စီးဆင်းလာခြင်းဖြစ်ပြီး ယာယီရေကြီးရေလျှံမှုမျှသာဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိရေသိုလှောင်ထားရှိမှုပမာဏအရ တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို စိုးရိမ်ဖွယ်မရှိသော်လည်း သတ်မှတ်ထားသည့် စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်နှင့်(EPP)ပါ လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိဆည္တမံမ်ားစိုးရိမ္ဖြယ္မရွိဟုဆို
သက္ပိုင္(NP News) - ဩဂုတ္ ၂၈
ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ဆည္တမံမ်ားမွာ ဆည္တမံဆိုင္ရာကြၽမ္းက်င္သူပညာရွင္မ်ား၏ စစ္ေဆးအတည္ျပဳခ်က္မ်ားအရတမံမ်ား၏ ေဘးကင္းလုံၿခဳံေရးအတြက္ စိုးရိမ္ဖြယ္မရွိေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းရွိ ဆည္တမံမ်ား၏ ႀကံ့ခိုင္မႈႏွင့္ ဆက္စပ္ေရအား အေဆာက္အအုံမ်ားအား စဥ္ဆက္မျပတ္ ေစာင့္ၾကည့္စစ္ေဆးျခင္းကို အေရးေပၚအေျခအေန ႀကိဳတင္စီမံခန႔္ခြဲမႈစီမံခ်က္ (Emergenacy Preparedness Plan -EPP)ပါ လုပ္ငန္းစဥ္မ်ားအတိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက စနစ္တက်ေဆာင္႐ြက္လ်က္ေၾကာင္း သိရသည္။
ထို႔ျပင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ကိုယ္တိုင္ ဩဂုတ္လ (၂၇)ရက္က ေနျပည္ေတာ္ေဇယ်ာသီရိၿမိဳ႕နယ္ ေရဆင္းေက်း႐ြာအနီးရွိ ေရဆင္း ေရေလွာင္တမံ၊ငလိုက္ေရေလွာင္တမံ ႏွင့္ ေပါင္းေလာင္းေရေလွာင္တမံသို႔သို႔ သြားေရာက္၍ ဝင္ေရသိုေလွာင္ထားရွိမႈႏွင့္ တမံထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေပါင္းေလာင္းေရေလွာင္တမံတြင္ မိုးေရခ်ိန္ (၃ ဒသမ ၅) လက္မခန႔္ ႐ြာသြန္းခဲ့ၿပီး အထက္ေပါင္းေလာင္း တမံႏွင့္ ေရေဝေရလဲေဒသမ်ားမွ စီးဝင္ေရမ်ားေၾကာင့္ ေပါင္းေလာင္းေရေလွာင္တမံ၏ ေရပိုလႊဲမွ ငါးေပခြဲခန႔္ ေရေက်ာ္က်လ်က္ရွိကာ အဆိုပါစီးဆင္းေရမ်ားသည္ ေပါင္းေလာင္းျမစ္ႏွင့္ တစ္ဆက္တည္း ျဖစ္ေသာ စစ္ေတာင္းျမစ္အတြင္း စီးဆင္းလ်က္ရွိျခင္းေၾကာင့္ ေဒသအတြင္း ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚရန္မရွိေၾကာင္းႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း လက္ရွိျဖစ္ေပၚေနေသာ ေရႀကီးေရလွ်ံမႈမ်ားသည္ မိုးအဆက္မျပတ္႐ြာသြန္းေနျခင္းေၾကာင့္ ေဒသအတြင္းရွိ လွ်ိဳေျမာင္မ်ားမွ စီးဆင္းလာျခင္းျဖစ္ၿပီး ယာယီေရႀကီးေရလွ်ံမႈမွ်သာျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးက လက္ရွိေရသိုေလွာင္ထားရွိမႈပမာဏအရ တမံႀကံ့ခိုင္မႈႏွင့္ ေဘးကင္းလုံၿခဳံမႈကို စိုးရိမ္ဖြယ္မရွိေသာ္လည္း သတ္မွတ္ထားသည့္ ေစာင့္ၾကည့္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ၾကပ္ၾကပ္မတ္မတ္ေဆာင္႐ြက္ရန္ႏွင့္(EPP)ပါ လုပ္ငန္းစဥ္မ်ားအတိုင္း တိတိက်က်လိုက္နာေဆာင္႐ြက္ၾကရန္ မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.