ဘရာဇီးနိုင်ငံတောင်ပိုင်းကို လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး အခြားလူ(၁၃၀)ဦး ထိခိုက်ဒဏ်ရာရရှိ

77

Pika (NP News) - နိုဝင်ဘာ ၉
ဘရာဇီးနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့ကို လေဆင်နှာမောင်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး အခြားလူ(၁၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Parana ပြည်နယ် Rio Bonito do Iguacu မြူနီစီပယ်ကို လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သွားတာကြောင့် ကားတွေလွင့်ထွက်သွားပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Parana အရပ်ဘက်ကာကွယ်ရေးဌာနက “လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရလဒ်အနေနဲ့ လူ(၅)ဦး သေဆုံးခဲ့ပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၁၃ဝ) ဦးရှိပြီး (၃၀)ဦးက အလယ် အလတ်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အခြားလူ(၁၀၀)ဦးကတော့ အသေးစားထိခိုက်မှုတွေ ရရှိခဲ့ပါတယ်” လို့ ပြောဆို ခဲ့ပါတယ်။
Rio Bonito do Iguacu မြူနီစီပယ်ကို လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ချိန်အတွင်း လေတိုက်နှုန်းဟာ တစ်နာရီမှာ (၁၈၀)ကီလိုမီတာကနေ (၂၅၀)ကီလိုမီတာကြားရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ ဒါ့ပြင် လေဆင်နှာမောင်းတိုက်ခတ်မှုနဲ့အတူ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပြီး သစ်ပင်တွေ လည်း လဲကျသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံေတာင္ပိုင္းကို ေလဆင္ႏွာေမာင္း ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၅)ဦး ေသဆုံးၿပီး အျခားလူ(၁၃၀)ဦး ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ႏိုဝင္ဘာ ၉
ဘရာဇီးႏိုင္ငံေတာင္ပိုင္းက ၿမိဳ႕တစ္ၿမိဳ႕ကို ေလဆင္ႏွာေမာင္းတစ္ခုဝင္ေရာက္တိုက္ခတ္ခဲ့ရာ အနည္းဆုံးလူ(၅)ဦး ေသဆုံးၿပီး အျခားလူ(၁၃၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Parana ျပည္နယ္ Rio Bonito do Iguacu ျမဴနီစီပယ္ကို ေလဆင္ႏွာေမာင္း ဝင္ေရာက္တိုက္ခတ္သြားတာေၾကာင့္ ကားေတြလြင့္ထြက္သြားၿပီး ေနအိမ္အမ်ားအျပားထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔ ေဒသတြင္းမိုးေလဝသဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။
Parana အရပ္ဘက္ကာကြယ္ေရးဌာနက “ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ရလဒ္အေနနဲ႔ လူ(၅)ဦး ေသဆုံးခဲ့ပါတယ္။ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ(၁၃ဝ) ဦးရွိၿပီး (၃၀)ဦးက အလယ္ အလတ္ထိခိုက္ဒဏ္ရာေတြရရွိခဲ့ၿပီး အျခားလူ(၁၀၀)ဦးကေတာ့ အေသးစားထိခိုက္မႈေတြ ရရွိခဲ့ပါတယ္” လို႔ ေျပာဆို ခဲ့ပါတယ္။
Rio Bonito do Iguacu ျမဴနီစီပယ္ကို ေလဆင္ႏွာေမာင္းဝင္ေရာက္တိုက္ခတ္ခ်ိန္အတြင္း ေလတိုက္ႏႈန္းဟာ တစ္နာရီမွာ (၁၈၀)ကီလိုမီတာကေန (၂၅၀)ကီလိုမီတာၾကားရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ ဒါ့ျပင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈနဲ႔အတူ ေနအိမ္အမ်ားအျပား ထိခိုက္ပ်က္စီးသြားခဲ့ၿပီး သစ္ပင္ေတြ လည္း လဲက်သြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။