KPop Demon Hunters 2 ထွက်ရှိဖို့ ရှိ

 43

ရောင်နီ (NP News) - နိုဝင်ဘာ ၇

လူကြိုက်များတဲ့ ကာတွန်းရုပ်ရှင် KPop Demon Hunters (၂၀၂၅) ဟာ လာမယ့် ၂၀၂၉ ခုနှစ်မှာ KPop Demon Hunters 2 အဖြစ် ထပ်လာဖို့ ရှိသေးတယ်လို့ သတင်းရရှိပါတယ်။
ဖျော်ဖြေရေး သတင်းဝက်ဘ်ဆိုက် Variety နဲ့ Deadline ရဲ့ မီဒီယာသတင်းများအရ streaming ကုမ္ပဏီကြီး Netflix နဲ့ ရုပ်ရှင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ Sony တို့က KPop Demon Hunters 2 ထွက်ရှိဖို့ အတည်ပြုခဲ့ပြီး ၂၀၂၉ ခုနှစ်မှာ ဖြန့်ချိဖို့ ရည်ရွယ်ထားတဲ့သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သဘောတူညီချက်နဲ့ပတ်သက်ပြီး Netflix နဲ့ Sony တို့က တရားဝင်ပြောကြားခြင်း မရှိသေးတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ကြေညာချက်ကို စောင့်ဆိုင်းနေပါတယ်။ ဒါအပြင် KPop Demon Hunter 2 ထွက်ရှိလာရင် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမလား ဒါမှမဟုတ် Netflix မှာပဲ ပြသမလား ဆိုတာလည်း သေချာမသိရသေးပါဘူး။
KPop Demon Hunters ဇာတ်ကားဟာ ကမ္ဘာကြီးကို မကောင်းဆိုးဝါးတွေရန်က ကယ်တင်ဖို့ ကြိုးစားရင်း ကြီးမားတဲ့ဖျော်ဖြေပွဲတွေလည်း ကျင်းပနေတဲ့ အမျိုးသမီး K-pop သုံးယောက်အဖွဲ့ကို ပုံဖော်ထားပါတယ်။ ဇာတ်ကားဟာ Netflix ရဲ့ Flim and Television ကဏ္ဍနှစ်ခုလုံးမှာ ကြည့်ရှုမှု အများဆုံးရှိုးဖြစ်ပြီး ဇာတ်ကားမှာ ပါဝင်တဲ့ သီချင်းတွေဟာလည်း Billboard Hot 100 ရဲ့ ထိပ်ဆုံး ၁၀ စာရင်းမှာ သီချင်းလေးပုဒ်ထိ ပါဝင်ခဲ့ပါတယ်။

Zawgyi Version:
KPop Demon Hunters 2 ထြက္ရွိဖို႔ ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၇

လူႀကိဳက္မ်ားတဲ့ ကာတြန္း႐ုပ္ရွင္ KPop Demon Hunters (၂၀၂၅) ဟာ လာမယ့္ ၂၀၂၉ ခုႏွစ္မွာ KPop Demon Hunters 2 အျဖစ္ ထပ္လာဖို႔ ရွိေသးတယ္လို႔ သတင္းရရွိပါတယ္။
ေဖ်ာ္ေျဖေရး သတင္းဝက္ဘ္ဆိုက္ Variety နဲ႔ Deadline ရဲ႕ မီဒီယာသတင္းမ်ားအရ streaming ကုမၸဏီႀကီး Netflix နဲ႔ ႐ုပ္ရွင္ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီ Sony တို႔က KPop Demon Hunters 2 ထြက္ရွိဖို႔ အတည္ျပဳခဲ့ၿပီး ၂၀၂၉ ခုႏွစ္မွာ ျဖန႔္ခ်ိဖို႔ ရည္႐ြယ္ထားတဲ့သေဘာတူညီခ်က္တစ္ရပ္ကို အၿပီးသတ္လိုက္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး Netflix နဲ႔ Sony တို႔က တရားဝင္ေျပာၾကားျခင္း မရွိေသးတာေၾကာင့္ ပရိသတ္ေတြက သူတို႔ရဲ႕ေၾကညာခ်က္ကို ေစာင့္ဆိုင္းေနပါတယ္။ ဒါအျပင္ KPop Demon Hunter 2 ထြက္ရွိလာရင္ ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသမလား ဒါမွမဟုတ္ Netflix မွာပဲ ျပသမလား ဆိုတာလည္း ေသခ်ာမသိရေသးပါဘူး။
KPop Demon Hunters ဇာတ္ကားဟာ ကမာၻႀကီးကို မေကာင္းဆိုးဝါးေတြရန္က ကယ္တင္ဖို႔ ႀကိဳးစားရင္း ႀကီးမားတဲ့ေဖ်ာ္ေျဖပြဲေတြလည္း က်င္းပေနတဲ့ အမ်ိဳးသမီး K-pop သုံးေယာက္အဖြဲ႕ကို ပုံေဖာ္ထားပါတယ္။ ဇာတ္ကားဟာ Netflix ရဲ႕ Flim and Television က႑ႏွစ္ခုလုံးမွာ ၾကည့္ရႈမႈ အမ်ားဆုံးရႈိးျဖစ္ၿပီး ဇာတ္ကားမွာ ပါဝင္တဲ့ သီခ်င္းေတြဟာလည္း Billboard Hot 100 ရဲ႕ ထိပ္ဆုံး ၁၀ စာရင္းမွာ သီခ်င္းေလးပုဒ္ထိ ပါဝင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.