ဟောင်ကောင်မှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကလေးမွေးဖွား

447

ရောင်နီ (NP News) - စက်တင်ဘာ ၁၂
ဟောင်ကောင်မှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး သမီး မိန်းကလေးတစ်ဦးကို ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က မိသားစုဝင်တွေရဲ့ ဆိုရှယ်မီဒီယာ မှာ ပြောကြားချက်အရ သိရပါတယ်။
ပြည်တွင်းသရုပ်ဆောင် ဘရင်ဝမ်ချက်ခ်ဖန်ရဲ့ဇနီးဖြစ်သူ မစ္စချန်လဲ့လဲ့ ဟာ မျိုးပွားမှုဆိုင်ရာကို အထောက် အကူပေးတဲ့ ကုသမှုတစ်မျိုး in vitro fertilization (IVF) နဲ့ ကိုယ်ဝန်ယူကာ ဒုတိယမြောက် ကလေးကို သြဂုတ် ၂၂ ရက်က မွေးဖွားခဲ့ပါတယ်။ စနေနေ့(စက်တင်ဘာ ၆ ရက်) က ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ဝမ်က သားဖွားခန်းအတွင်း မွေးကင်းစကလေးကို နှုတ်ဆက်ကာ ခြောက်နှစ်အရွယ် သမီးငယ်ငယ်နဲ့ မိတ်ဆက်ပေးနေတာ မြင်တွေ့ရပါတယ်။ ချန်ဟာ မေလက ကိုယ်ဝန်ရှိနေကြောင်း ကြေညာခဲ့ပြီးကတည်းက လူအများရဲ့အာရုံစိုက်မှုကို ခံရကာ အသက်ကြီးတဲ့အမျိုးသမီးတွေအတွက် ကလေးမွေးဖွားနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့ ပါတယ်။ ဒါအပြင်ချန်ဟာ ကိုယ်ဝန်ဆောင်စဉ် နှင်းခူလို အရေပြားအခြေအနေတွေ ရှိခဲ့တဲ့အပြင် သွေးပေါင်လည်း မြင့်မားနေခဲ့ကာ မီးဖွားချိန်မှာလည်း pre-eclampsia ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ ချန် အတွက် ယမန်နှစ်က ကိုယ်ဝန်ပျက်ကျပြီးနောက် ထိုင်ဝမ်မှာ IVF ကုသမှုခံယူကာ ကလေးပြန်ယူခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ဟောင်ကောင်ဒေါ်လာ ၂၀၀,၀၀၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၂၅,၇၀၀) ခန့် သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။ ဟောင်ကောင်အစိုးရဟာ ကလေးမွေးဖွားနှုန်းကိုမြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အမျိုးသမီးတွေကို လိုချင်ရင် သန္ဓေသားလောင်း သိမ်းဆည်းခွင့်ပြုဖို့နဲ့ IVF ကုသမှုခံယူသူတွေအတွက် အခွန် လျှော့ပေါ့ ပေးဆောင်ဖို့ အပါအဝင် အသက်ကြီးတဲ့အမျိုးသမီးတွေ ကလေးမွေးဖွားနိုင်အောင် ကူညီပေးနိုင်တဲ့ အစီအမံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်မှာ မိခင်စဖြစ်တဲ့ ပျှမ်းမျှ အသက်အရွယ်ဟာ ၁၉၇၆ ခုနှစ်က ၂၄ နှစ်မှ ၂၀၂၄ ခုနှစ်မှာ ၃၂ နှစ်အထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေဟာင္ေကာင္မွာ အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ကေလးေမြးဖြား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂
ေဟာင္ေကာင္မွာ အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက က်န္းမာစြာ ကိုယ္ဝန္ေဆာင္ႏိုင္ခဲ့ၿပီး သမီး မိန္းကေလးတစ္ဦးကို ေဘးကင္းစြာ ေမြးဖြားႏိုင္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က မိသားစုဝင္ေတြရဲ႕ ဆိုရွယ္မီဒီယာ မွာ ေျပာၾကားခ်က္အရ သိရပါတယ္။
ျပည္တြင္းသ႐ုပ္ေဆာင္ ဘရင္ဝမ္ခ်က္ခ္ဖန္ရဲ႕ဇနီးျဖစ္သူ မစၥခ်န္လဲ့လဲ့ ဟာ မ်ိဳးပြားမႈဆိုင္ရာကို အေထာက္ အကူေပးတဲ့ ကုသမႈတစ္မ်ိဳး in vitro fertilization (IVF) နဲ႔ ကိုယ္ဝန္ယူကာ ဒုတိယေျမာက္ ကေလးကို ၾသဂုတ္ ၂၂ ရက္က ေမြးဖြားခဲ့ပါတယ္။ စေနေန႔(စက္တင္ဘာ ၆ ရက္) က ဆိုရွယ္မီဒီယာေပၚမွာ တင္ခဲ့တဲ့ ဗီဒီယိုတစ္ခုမွာ ဝမ္က သားဖြားခန္းအတြင္း ေမြးကင္းစကေလးကို ႏႈတ္ဆက္ကာ ေျခာက္ႏွစ္အ႐ြယ္ သမီးငယ္ငယ္နဲ႔ မိတ္ဆက္ေပးေနတာ ျမင္ေတြ႕ရပါတယ္။ ခ်န္ဟာ ေမလက ကိုယ္ဝန္ရွိေနေၾကာင္း ေၾကညာခဲ့ၿပီးကတည္းက လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို ခံရကာ အသက္ႀကီးတဲ့အမ်ိဳးသမီးေတြအတြက္ ကေလးေမြးဖြားႏိုင္ေျခနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြလည္း ျမင့္တက္ခဲ့ ပါတယ္။ ဒါအျပင္ခ်န္ဟာ ကိုယ္ဝန္ေဆာင္စဥ္ ႏွင္းခူလို အေရျပားအေျခအေနေတြ ရွိခဲ့တဲ့အျပင္ ေသြးေပါင္လည္း ျမင့္မားေနခဲ့ကာ မီးဖြားခ်ိန္မွာလည္း pre-eclampsia ခံစားခဲ့ရတယ္လို႔ သိရပါတယ္။ ဒါဟာ ခ်န္ အတြက္ ယမန္ႏွစ္က ကိုယ္ဝန္ပ်က္က်ၿပီးေနာက္ ထိုင္ဝမ္မွာ IVF ကုသမႈခံယူကာ ကေလးျပန္ယူခဲ့ျခင္းပဲ ျဖစ္ပါတယ္။ ဒီအတြက္ ေဟာင္ေကာင္ေဒၚလာ ၂၀၀,၀၀၀ ဝန္းက်င္ (အေမရိကန္ေဒၚလာ ၂၅,၇၀၀) ခန႔္ သုံးစြဲခဲ့ရတယ္လို႔ သိရပါတယ္။ ေဟာင္ေကာင္အစိုးရဟာ ကေလးေမြးဖြားႏႈန္းကိုျမႇင့္တင္ဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ အမ်ိဳးသမီးေတြကို လိုခ်င္ရင္ သေႏၶသားေလာင္း သိမ္းဆည္းခြင့္ျပဳဖို႔နဲ႔ IVF ကုသမႈခံယူသူေတြအတြက္ အခြန္ ေလွ်ာ့ေပါ့ ေပးေဆာင္ဖို႔ အပါအဝင္ အသက္ႀကီးတဲ့အမ်ိဳးသမီးေတြ ကေလးေမြးဖြားႏိုင္ေအာင္ ကူညီေပးႏိုင္တဲ့ အစီအမံေတြကို ထုတ္ျပန္ခဲ့ပါတယ္။
ေဟာင္ေကာင္မွာ မိခင္စျဖစ္တဲ့ ပွ်မ္းမွ် အသက္အ႐ြယ္ဟာ ၁၉၇၆ ခုႏွစ္က ၂၄ ႏွစ္မွ ၂၀၂၄ ခုႏွစ္မွာ ၃၂ ႏွစ္အထိ တိုးလာခဲ့တယ္လို႔ သိရပါတယ္။