အမေရိကန်အထက်လွှတ်တော်က (၂၀၂၆)ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ (၉၂၅) ဘီလျံခွင့်ပြု

 711

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၃
အမေရိကန် အထက်လွှတ်တော်သည် (၂ဝ၂၆) ခုနှစ်အတွက် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၉၂၅)ဘီလျံအထိ တိုးမြှင့်သုံးစွဲရန်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အမေရိကန်အထက်လွှတ်တော်က ခွင့်ပြုခဲ့သော ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းထဲတွင် ယူကရိန်း နိုင်ငံကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း(၅၀ဝ)ပေးမည့်အချက် ပါဝင်နေကြောင်း သိရသည်။ အမေရိကန်အထက်လွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်မူကြမ်းနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အထက်လွှတ်တော်အမတ် (၂၀)ဦးက ကန့်ကွက်ခဲ့ပြီး (၇၇)ဦးက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။ အမေရိကန်အောက်လွှတ်တော်ကလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း (၂၀၂၆) ခုနှစ်အတွက် အသုံးပြုမည့် ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်ဒေါ်လာ (၉၀ဝ)ဘီလျံ သုံးစွဲခွင့်ပေးထား ကြောင်း သိရသည်။
အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ ကိုယ်စားလှယ်များ ပါဝင်မည့် အထူးကော်မရှင် အဖွဲ့သည် (၂၀၂၆)ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးရမည်ဖြစ်ပြီး ဆွေးနွေးပြီးချိန်တွင် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတထံပေးပို့ရမည်ဖြစ်ကြောင်း သိသည်။ အမေရိကန်နိုင်ငံ သည် လက်ရှိအချိန်တွင်ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲသောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် (၂၀၂၅)ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ(၉၀ဝ)သုံးစွဲထားပြီး အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်က တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနက် ကာကွယ်ရေး အသုံးစရိတ် အများဆုံး သုံးစွဲထားသည့် နိုင်ငံများစာရင်းတွင် အမေရိကန်၊တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံ တို့က ထိပ်ဆုံး (၅) နိုင်ငံတွင် ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္အထက္လႊတ္ေတာ္က (၂၀၂၆)ခုႏွစ္အတြက္ ကာကြယ္ေရးအသုံးစရိတ္ ေဒၚလာ (၉၂၅) ဘီလ်ံခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၃
အေမရိကန္ အထက္လႊတ္ေတာ္သည္ (၂ဝ၂၆) ခုႏွစ္အတြက္ အေမရိကန္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ (၉၂၅)ဘီလ်ံအထိ တိုးျမႇင့္သုံးစြဲရန္ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။
အေမရိကန္အထက္လႊတ္ေတာ္က ခြင့္ျပဳခဲ့ေသာ ကာကြယ္ေရးအသုံးစရိတ္ ဥပေဒမူၾကမ္းထဲတြင္ ယူကရိန္း ႏိုင္ငံကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာသန္း(၅၀ဝ)ေပးမည့္အခ်က္ ပါဝင္ေနေၾကာင္း သိရသည္။ အေမရိကန္အထက္လႊတ္ေတာ္တြင္ ကာကြယ္ေရးအသုံးစရိတ္မူၾကမ္းႏွင့္ ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ခဲ့ရာ အထက္လႊတ္ေတာ္အမတ္ (၂၀)ဦးက ကန႔္ကြက္ခဲ့ၿပီး (၇၇)ဦးက ေထာက္ခံမဲေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္ေအာက္လႊတ္ေတာ္ကလည္း ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္း (၂၀၂၆) ခုႏွစ္အတြက္ အသုံးျပဳမည့္ ကာကြယ္ေရးအသုံးစရိတ္ႏွင့္ ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ခဲ့ရာ အေမရိကန္ေဒၚလာ (၉၀ဝ)ဘီလ်ံ သုံးစြဲခြင့္ေပးထား ေၾကာင္း သိရသည္။
အေမရိကန္ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္တို႔မွ ကိုယ္စားလွယ္မ်ား ပါဝင္မည့္ အထူးေကာ္မရွင္ အဖြဲ႕သည္ (၂၀၂၆)ခုႏွစ္အတြက္ ကာကြယ္ေရးအသုံးစရိတ္ႏွင့္ပတ္သက္ၿပီး အၿပီးသတ္ေဆြးေႏြးရမည္ျဖစ္ၿပီး ေဆြးေႏြးၿပီးခ်ိန္တြင္ ဥပေဒမူၾကမ္းကို အေမရိကန္သမၼတထံေပးပို႔ရမည္ျဖစ္ေၾကာင္း သိသည္။ အေမရိကန္ႏိုင္ငံ သည္ လက္ရွိအခ်ိန္တြင္ကမာၻေပၚရွိ ႏိုင္ငံမ်ားအနက္ ကာကြယ္ေရးအသုံးစရိတ္ အမ်ားဆုံးသုံးစြဲေသာႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ (၂၀၂၅)ခုႏွစ္အတြက္ ကာကြယ္ေရး အသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ ဘီလ်ံ(၉၀ဝ)သုံးစြဲထားၿပီး အေမရိကန္၏ ကာကြယ္ေရးအသုံးစရိတ္က တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ ကမာၻတစ္ဝန္းရွိ ႏိုင္ငံမ်ားအနက္ ကာကြယ္ေရး အသုံးစရိတ္ အမ်ားဆုံး သုံးစြဲထားသည့္ ႏိုင္ငံမ်ားစာရင္းတြင္ အေမရိကန္၊တ႐ုတ္၊ အိႏၵိယ၊ ႐ုရွားႏိုင္ငံ တို႔က ထိပ္ဆုံး (၅) ႏိုင္ငံတြင္ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.