ယူကရိန်းက နယ်မြေအချို့ကို စွန့်လွှတ်ပေးရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 200

Pika (NP News) - အောက်တိုဘာ ၂၁

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ယူကရိန်းဟာ နယ်မြေအချို့ကို စွန့်လွှတ်ပေးရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတဇီလန်စကီး နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ယူကရိန်းရဲ့ပိုင်ဆိုင်မှုတွေကို မစွန့်လွှတ်ဘဲ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့က ဖြစ်နိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် ယူကရိန်းက စွန့်လွှတ်မှုအချို့ကို ပြုလုပ်ရပါလိမ့်မယ်။ ရုရှားသမ္မတ ပူတင်က တစ်ခုခုကို‌တော့ ယူပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ နယ်မြေဆိုင်ရာလိုက်လျောမှုတွေအားလုံးကို ယူကရိန်းဘက်က အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမယ့်လည်း ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် အဓိက ဖြေရှင်းရမယ့်ပြဿနာတွေထဲကတစ်ခုဟာ ရုရှားလက်အောက်ခံနယ်မြေအသစ်တွေကနေ ယူကရိန်းတပ်ဖွဲ့တွေ ရုတ်သိမ်းရေးဖြစ်တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ ရုရှားနဲ့ ယူကရိန်း တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသားအပြန်အလှန် လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်ဖို့ သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းက နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ေပးရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၁
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ယူကရိန္းဟာ နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ေပးရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းသမၼတဇီလန္စကီး နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ယူကရိန္းရဲ႕ပိုင္ဆိုင္မႈေတြကို မစြန႔္လႊတ္ဘဲ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔က ျဖစ္ႏိုင္သလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “စစ္ပြဲကို အဆုံးသတ္ဖို႔ဆိုရင္ ယူကရိန္းက စြန႔္လႊတ္မႈအခ်ိဳ႕ကို ျပဳလုပ္ရပါလိမ့္မယ္။ ႐ုရွားသမၼတ ပူတင္က တစ္ခုခုကို‌ေတာ့ ယူပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။ နယ္ေျမဆိုင္ရာလိုက္ေလ်ာမႈေတြအားလုံးကို ယူကရိန္းဘက္က အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ေပမယ့္လည္း ထာဝရၿငိမ္းခ်မ္းေရးကို တည္ေဆာက္ႏိုင္ဖို႔အတြက္ အဓိက ေျဖရွင္းရမယ့္ျပႆနာေတြထဲကတစ္ခုဟာ ႐ုရွားလက္ေအာက္ခံနယ္ေျမအသစ္ေတြကေန ယူကရိန္းတပ္ဖြဲ႕ေတြ ႐ုတ္သိမ္းေရးျဖစ္တယ္လို႔ ႐ုရွားဘက္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားနဲ႔ ယူကရိန္း တို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသားအျပန္အလွန္ လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.