တီမော-လက်စ်တေရဲ့ (၁၄) နှစ်တာ အာဆီယံခရီးရှည်

338

တင်ဇာ (NP News) - နိုဝင်ဘာ ၃
(၂၀၂၅) ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်မှာတော့ အရှေ့တောင်အာရှအလံတွေထဲ အလံသစ် တစ်ခုကို မြင့်မြင့်မားမား လွှင့်ထူခဲ့တာကို တွေ့ရပါတယ်။ အဲဒီအလံကတော့ အာရှရဲ့ အငယ်ဆုံးနိုင်ငံ ဖြစ် ပြီး အခုချိန်အထိ အာဆီယံအဖွဲ့ထဲဝင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရတဲ့ တီမော-လက်စ်တေ နိုင်ငံပဲ ဖြစ် ပါတယ်။ ကွာလာလမ်ပူမှာ ကျင်းပတဲ့ (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အရှေ့ တီ မောလို့ မကြာခဏခေါ်လေ့ရှိတဲ့ ဒီနိုင်ငံငယ်လေးကို အဖွဲ့ရဲ့ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် တရား ဝင် ကြိုဆိုခဲ့တဲ့အတွက် (၁၄) နှစ်ကြာ စောင့်ဆိုင်းမှုနဲ့ဆယ်စုနှစ်များစွာ တီမောခေါင်းဆောင်တွေရဲ့ ဇွဲရှိရှိ ကြိုးပမ်းမှုတွေ အဆုံးသတ်သွားခဲ့ ပါတယ်။
တီမော-လက်စ်တေသမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာအတွက် ဒီအချိန်ဟာ သမိုင်းဝင်တဲ့အပြင် ပုဂ္ဂိုလ်ရေးအရပါ အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ (၁၉၇၀) ပြည့်လွန်နှစ်တွေကတည်းက အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ကို ဦးဆောင်တိုက်တွန်းခဲ့တဲ့ အသက် (၇၅) နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဟာ တီမော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အာဆီယံထိပ်သီးညီလာခံကို သွားရောက်ခဲ့ပါ တယ်။ Monocle သတင်းဌာနရဲ့ အဆိုအရ ရာမို့စ်-ဟော်တာက ဒီရှည်လျားတဲ့ ခရီးကို ပြန်ပြောင်း ပြော ရင်း “ကျွန်တော် (၁၉၇၄) ခုနှစ်ကတည်းက ဒီကိစ္စကို တွန်းအားပေးနေခဲ့တာပါ” လို့ ပြောကြားခဲ့ ပါ တယ်။ သူ့ရဲ့ ကြိုးပမ်းမှုတွေဟာ ဆက်ခံတဲ့အစိုးရတွေ၊ တီမော မျိုးဆက်တွေရဲ့ ထောက်ခံမှုတွေနဲ့အတူ နောက်ဆုံးမှာ အောင်မြင်မှုရခဲ့ပြီး အသီးအပွင့် ပေါ်ထွက်လာခဲ့ပါပြီ။
အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တီမော-လက်စ် တေကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ “အာဆီယံ အသိုက်အဝန်းကို ပြီးပြည့်စုံစေပြီး ကျွန်တော်တို့ ရဲ့ ဘုံကံကြမ္မာနဲ့ ဒေသတွင်း ဆွေမျိုးပေါက်ဖော် စိတ်ဓာတ်ကို ခိုင်မာစေပါတယ်” လို့ ကြေညာခဲ့ပါတယ်။ Al Jazeera သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီလုပ်ဆောင်မှုဟာ မလေးရှားရဲ့ (၂၀၂၅) ဥက္ကဋ္ဌ တာဝန် အ တွက် အထွတ်အထိပ် အောင်မြင်မှုအဖြစ် ရှုမြင်ခံရပါတယ်။
တီမော-လက်စ်တေအနေနဲ့ ဒီအဆင့်ရောက်ဖို့ လမ်းခရီးက လုံးဝမလွယ်ကူခဲ့ပါဘူး။ လူဦးရေ (၁ ဒသမ ၄) သန်းရှိတဲ့ ဒီနိုင်ငံဟာ ပေါ်တူဂီ ကိုလိုနီ လက်အောက်မှာ ရာစုနှစ်သုံးခုကြာခဲ့သလို (၁၉၇၅) ခုနှစ်မှာ ခဏတာ လွတ်လပ်ရေး ရခဲ့ပြီးနောက် အင်ဒို နီးရှားရဲ့ (၂၇) နှစ်ကြာ သိမ်းပိုက်မှုကို ကြုံတွေ့ခဲ့ ရပါတယ်။ (၂၀ဝ၂) ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပေမယ့် အကြမ်းဖက်မှုနဲ့ ပျက်စီးယိုယွင်းမှုတွေရဲ့ ဒဏ်ရာ တွေက အမြစ်တွယ်နေခဲ့ပါတယ်။ အဲဒီနောက် အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းရတာဟာ သွေးထွက်သံ ယို မရှိပေမယ့် ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
တီမော-လက်စ်တေဟာ (၂၀၁၁) ခုနှစ်မှာ တရားဝင်လျှောက်လွှာကို ပထမဆုံးတင်သွင်းခဲ့ပေမဲ့ အဖွဲ့ရဲ့ တောင်းဆိုချက်မြင့်မားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်နဲ့ အခြေခံအဆောက်အအုံမရှိသေးဘူးလို့ အကြောင်းပြန်ခံခဲ့ရ တယ်။ တီမော-လက်စ်တေဟာ အဖွဲ့ဝင် ဖြစ် ဖို့ တရားဝင်လျှောက်ထားခဲ့တာ (၁၄)နှစ် ရှိသွားခဲ့ပါပြီ။ သမ္မတ ရာမို့စ်-ဟော်တာက ပြန်လည်သုံးသပ် ကြည့်တဲ့အခါ ဒီနှောင့်နှေးမှုဟာ အကျိုးရှိစေတဲ့ ကံကောင်းခြင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ “ဒါက ကျွန်တော်တို့ကို စွမ်းဆောင်ရည်၊ အခြေခံအဆောက်အအုံနဲ့ အခြားအရာတွေကို တိုးတက်အောင် လုပ် ဆောင်ဖို့ တွန်းအားပေးခဲ့ပါတယ်” လို့ သူက အသိအမှတ်ပြုပြောကြားခဲ့တယ်။
တီမော-လက်စ်တေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကျနေသေး ပေ မယ့်သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ တီမော-လက်စ်တေဟာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေမှာ အရှေ့တောင်အာရှနိုင်ငံအများစုထက် ကျော်လွန်နေပါ တယ်။
သို့သော်လည်း တီမောအတွက် စိန်ခေါ်မှုတွေက ဆက်လက်ရှိနေဆဲပါပဲ။ တီမော-လက်စ်တေ ဟာ အာဆီယံအဖွဲ့ဝင်တွေထဲမှာ အဆင်းရဲဆုံး အဖွဲ့ဝင် အဖြစ် ဝင်ရောက်လာတာဖြစ်ပြီး အာဆီယံရဲ့ စုစု ပေါင်း GDP ဒေါ်လာ (၃ ဒသမ ၈) ထရီလျံမှာ တီမောဟာ (ဝ ဒသမ ၁) ရာခိုင်နှုန်းသာ ရှိပါတယ်။ သူတို့ရဲ့ စီးပွားရေးတန်ဖိုးက ဒေါ်လာ (၂) ဘီလီယံလောက်ရှိပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ သိုက်တွေပေါ်မှာ အ ကြီးအကျယ် မှီခိုနေရပါတယ်။ တီမော လူမျိုး (၄၂) ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရ ပြီး လူဦးရေရဲ့ သုံးပုံနှစ်ပုံ နီးပါးက အသက် (၃၀) အောက်တွေ ဖြစ်နေကြပါတယ်။ အလုပ်လက်မဲ့ ပြဿ နာနဲ့ ကလေးငယ်တွေ အာဟာရချို့တဲ့မှုတွေဟာ ဆက်တိုက်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ဖြစ်ပြီး စီးပွားရေးတိုးတက်အောင်လုပ်ဖို့က အရေးတကြီး လိုအပ်ချက်ဖြစ်လာပါတယ်။
ဒီအချိန်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းဟာ အသက်ကယ်ကြိုးတစ်ချောင်းကို စွဲမိလိုက်သလိုပါပဲ။ အာဆီယံရဲ့ အဖွဲ့ဝင်ဖြစ်လာပြီးတဲ့နောက် ဦးစားပေး ကုန်သွယ်ရေးသဘောတူညီချက်တွေ၊ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ဒေသတွင်း ဈေးကွက်ကို ဝင်ရောက်နိုင်မယ့်အခွင့်အလမ်းတွေ ရခဲ့ ပါတယ်။ ပညာရေး ဖလှယ်မှုတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေလည်း တိုးတက်လာလိမ့်မယ်လို့ မျှော် လင့်ရပါတယ်။ စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ အကြီးတန်း သုတေသီ Joanne Lin က “အာဆီယံမှာ နေရာရလိုက်တာက တီမော-လက်စ်တေကို အရှေ့တောင်အာရှ မိသားစုဝင်အဖြစ် တရားဝင် အသိအမှတ်ပြုမှုပေးလိုက်တာပါ။ ဒါက နိုင်ငံကို မဟာဗျူဟာအရ ခိုင်မာစေပြီး ကြီးမားတဲ့ စီးပွားရေးအလားအလာကိုလည်း ပေးစွမ်းနိုင်ပါတယ်” လို့ သုံးသပ်ပါတယ်။ ဝန်ကြီးချုပ် ဂူစ်မာအိုက မနေ့က မိန့်ခွန်းမှာ လူဦးရေ သန်း (၆၈၀) ရှိပြီး လျင်မြန်စွာ ကြီးထွားနေတဲ့ ဒေသထဲကို ဝင်ရောက်ခွင့်ရ လိုက်တာဟာ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် “ကြီးမားတဲ့ အခွင့်အလမ်း” တွေကို ဖွင့် ပေးလိုက်တာလို့ ပြောခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းဟာ အခက်အခဲ အားလုံးကို ဖြေရှင်းပေးနိုင် တဲ့ ဆေးတစ်လက် မဟုတ်ပေမယ့် အရှေ့တောင်အာရှ အဖွဲ့အစည်းနဲ့ ပိုမိုပေါင်းစည်းခြင်းက တီမော-လက်စ်တေရဲ့ (၂) ဘီလီယံဒေါ်လာသာရှိတဲ့စီးပွားရေးကို တိုးတက်စေဖို့၊ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့နဲ့ လျော့နည်းလာနေတဲ့ ရေနံအရင်းအမြစ်တွေအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချဖို့ အထောက် အကူပြုနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ တီမော-လက်စ်တေရဲ့ ခေါင်းဆောင်တွေဟာ အာဆီယံထဲကို ဝင်ရောက်ခြင်း နဲ့အတူ အာဆီယံရဲ့ မူဝါဒတွေကို သိမြင်နားလည်ဖို့ သင်ခန်းစာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တီမောခေါင်းဆောင်တွေဟာ မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေနဲ့အစိုးရဆန့်ကျင်အုပ်စု တွေအပေါ် ထောက်ခံမှုတွေပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ရာမို့စ်-ဟော်တာ အပါအဝင် အဆင့်မြင့် ခေါင်းဆောင်တွေဟာ အတိုက်အခံ NUG အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ကြပြီး အဲဒီအဖွဲ့ကို မြို့တော်ဒီလီမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်လည်းပေးခဲ့ပါတယ်။
ဒီလိုလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တဲ့အချိန်တုန်းက တီမောဟာ လေ့လာသူအဆင့်သာရှိပါသေး တယ်။ အရှေ့တီမောဟာ (၂၀၂၂) ခုနှစ်ရောက်မှသာ အာဆီယံရဲ့ လေ့လာသူ (Observer Status) အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အပြည့်အဝအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ တီမောအနေနဲ့ ခုလိုလုပ်ရပ်ဟာ အာဆီ ယံရဲ့ အခြေခံမူတစ်ခုဖြစ်တဲ့ “အဖွဲ့ဝင်နိုင်ငံတွေက အခြားအဖွဲ့ဝင်တွေရဲ့ ပြည်တွင်းရေးကိစ္စတွေ ကို ဝင် ရောက် မစွက်ဖက်သင့်ဘူး” ဆိုတဲ့ ဝင်ရောက်မစွတ်ဖက်ရေးမူဝါဒကို ချိုးဖောက်သလိုဖြစ်နေပါတယ်။
တီမော-လက်စ်တေရဲ့ အဲဒီလို ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရက တီမော သံတမန်ကို နိုင်ငံထဲကနေ နှင်ထုတ်ပြီး တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးကိုလည်း ဆန့်ကျင်ခဲ့ပါ တယ်။ ဒီအခြေအနေကို ကုစားဖို့အတွက် နိုင်ငံခြား ရေးဝန်ကြီး Bandito dos Santos Freitas ဟာ ပြီးခဲ့ တဲ့လက နေပြည်တော်ကို အလည်အပတ် သွား ရောက်ခဲ့စဉ်အတွင်း သူတို့နိုင်ငံပိုင်နက်ထဲမှာ “တရားမ ဝင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ခွင့်ပြုမှာမဟုတ်ဘူး” လို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ တီမော အနေနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီဆိုရင် အာဆီယံရဲ့အခြေခံမူတွေကို လိုက်နာဖို့လိုအပ်တယ်ဆိုတဲ့သဘော သဘာဝကို နားလည်စေပါတယ်။
မည်သို့ပင် ဆိုစေကာမူ ယခုအခါ အရှေ့တီမောဟာ တင်းပြည့်ကျပ်ပြည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီဖြစ်တာကြောင်းအသင်းကြီးနဲ့အတူ ပိုမိုလိုက်လျောညီထွေ ရှိလာမယ်လို့ မျှော်လင့်ရ ပါတယ်။ တီမော-လက်စ်တေရဲ့ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံကို အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံရပါတယ်။ မကြာသေးခင်က ချန်နယ် News Asia နဲ့ တွေ့ ဆုံမေးမြန်းမှုမှာ ရာမို့စ်-ဟော်တာက “ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ အာဆီယံရဲ့ ပဋိပက္ခ ဖြေရှင်း ရေးဆိုင်ရာ ယန္တရားတွေမှာ ပိုမို အထောက် အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ သူ က သူ့နိုင်ငံရဲ့ ပဋိပက္ခတွေအတွင်း ကြိုးစားရယူခဲ့ရတဲ့ အတွေ့အကြုံဟာ ဒေသအတွက်၊ အထူးသဖြင့် နယ်စပ်ပြဿနာတွေနဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွေကို စီမံခန့်ခွဲရာမှာ အကောင်းဆုံး အကြံ ပြုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
တီမော-လက်စ်တေရဲ့ အလံဟာ သူ့အိမ်နီးချင်းတွေကြားမှာ နောက်ဆုံးတော့ လွှင့်ထူနိုင်ခဲ့ပါပြီ။ ဒါဟာ ဆယ်စုနှစ်များစွာ ကြာအောင် ကြိုးပမ်းခဲ့ရတဲ့အောင်မြင်မှုဖြစ်ပြီး သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေးရှုနေတာကြောင့် အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းဟာ လမ်းစတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် သူတို့ရဲ့ အာဆီယံထဲကို ခရီးနှင်လာမှုဟာ ခံနိုင်ရည်ရှိမှုကို သက်သေပြရုံသာမကဘဲ ဒီနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။

Zawgyi Version:
တီေမာ-လက္စ္ေတရဲ႕ (၁၄) ႏွစ္တာ အာဆီယံခရီးရွည္
တင္ဇာ (NP News) - ႏိုဝင္ဘာ ၃
(၂၀၂၅) ခုႏွစ္၊ ေအာက္တိုဘာလ (၂၆) ရက္မွာေတာ့ အေရွ႕ေတာင္အာရွအလံေတြထဲ အလံသစ္ တစ္ခုကို ျမင့္ျမင့္မားမား လႊင့္ထူခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီအလံကေတာ့ အာရွရဲ႕ အငယ္ဆုံးႏိုင္ငံ ျဖစ္ ၿပီး အခုခ်ိန္အထိ အာဆီယံအဖြဲ႕ထဲဝင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ရတဲ့ တီေမာ-လက္စ္ေတ ႏိုင္ငံပဲ ျဖစ္ ပါတယ္။ ကြာလာလမ္ပူမွာ က်င္းပတဲ့ (၄၇) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးမွာ အေရွ႕ တီ ေမာလို႔ မၾကာခဏေခၚေလ့ရွိတဲ့ ဒီႏိုင္ငံငယ္ေလးကို အဖြဲ႕ရဲ႕ (၁၁) ႏိုင္ငံေျမာက္ အဖြဲ႕ဝင္အျဖစ္ တရား ဝင္ ႀကိဳဆိုခဲ့တဲ့အတြက္ (၁၄) ႏွစ္ၾကာ ေစာင့္ဆိုင္းမႈနဲ႔ဆယ္စုႏွစ္မ်ားစြာ တီေမာေခါင္းေဆာင္ေတြရဲ႕ ဇြဲရွိရွိ ႀကိဳးပမ္းမႈေတြ အဆုံးသတ္သြားခဲ့ ပါတယ္။
တီေမာ-လက္စ္ေတသမၼတ ဟိုေဆး ရာမို႔စ္-ေဟာ္တာအတြက္ ဒီအခ်ိန္ဟာ သမိုင္းဝင္တဲ့အျပင္ ပုဂၢိဳလ္ေရးအရပါ အဓိပၸာယ္ရွိတဲ့ အခိုက္အတန႔္ ျဖစ္ခဲ့ပါတယ္။ (၁၉၇၀) ျပည့္လြန္ႏွစ္ေတြကတည္းက အာဆီယံအဖြဲ႕ဝင္ျဖစ္ဖို႔ကို ဦးေဆာင္တိုက္တြန္းခဲ့တဲ့ အသက္ (၇၅) ႏွစ္အ႐ြယ္ ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရး ဆုရွင္ဟာ တီေမာ ကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္ၿပီး အာဆီယံထိပ္သီးညီလာခံကို သြားေရာက္ခဲ့ပါ တယ္။ Monocle သတင္းဌာနရဲ႕ အဆိုအရ ရာမို႔စ္-ေဟာ္တာက ဒီရွည္လ်ားတဲ့ ခရီးကို ျပန္ေျပာင္း ေျပာ ရင္း “ကြၽန္ေတာ္ (၁၉၇၄) ခုႏွစ္ကတည္းက ဒီကိစၥကို တြန္းအားေပးေနခဲ့တာပါ” လို႔ ေျပာၾကားခဲ့ ပါ တယ္။ သူ႔ရဲ႕ ႀကိဳးပမ္းမႈေတြဟာ ဆက္ခံတဲ့အစိုးရေတြ၊ တီေမာ မ်ိဳးဆက္ေတြရဲ႕ ေထာက္ခံမႈေတြနဲ႔အတူ ေနာက္ဆုံးမွာ ေအာင္ျမင္မႈရခဲ့ၿပီး အသီးအပြင့္ ေပၚထြက္လာခဲ့ပါၿပီ။
အာဆီယံရဲ႕ လက္ရွိဥကၠ႒ျဖစ္တဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က တီေမာ-လက္စ္ ေတကို အဖြဲ႕ဝင္အျဖစ္ လက္ခံလိုက္တာဟာ “အာဆီယံ အသိုက္အဝန္းကို ၿပီးျပည့္စုံေစၿပီး ကြၽန္ေတာ္တို႔ ရဲ႕ ဘုံကံၾကမၼာနဲ႔ ေဒသတြင္း ေဆြမ်ိဳးေပါက္ေဖာ္ စိတ္ဓာတ္ကို ခိုင္မာေစပါတယ္” လို႔ ေၾကညာခဲ့ပါတယ္။ Al Jazeera သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဒီလုပ္ေဆာင္မႈဟာ မေလးရွားရဲ႕ (၂၀၂၅) ဥကၠ႒ တာဝန္ အ တြက္ အထြတ္အထိပ္ ေအာင္ျမင္မႈအျဖစ္ ရႈျမင္ခံရပါတယ္။
တီေမာ-လက္စ္ေတအေနနဲ႔ ဒီအဆင့္ေရာက္ဖို႔ လမ္းခရီးက လုံးဝမလြယ္ကူခဲ့ပါဘူး။ လူဦးေရ (၁ ဒသမ ၄) သန္းရွိတဲ့ ဒီႏိုင္ငံဟာ ေပၚတူဂီ ကိုလိုနီ လက္ေအာက္မွာ ရာစုႏွစ္သုံးခုၾကာခဲ့သလို (၁၉၇၅) ခုႏွစ္မွာ ခဏတာ လြတ္လပ္ေရး ရခဲ့ၿပီးေနာက္ အင္ဒို နီးရွားရဲ႕ (၂၇) ႏွစ္ၾကာ သိမ္းပိုက္မႈကို ႀကဳံေတြ႕ခဲ့ ရပါတယ္။ (၂၀ဝ၂) ခုႏွစ္မွာ လြတ္လပ္ေရးရခဲ့ေပမယ့္ အၾကမ္းဖက္မႈနဲ႔ ပ်က္စီးယိုယြင္းမႈေတြရဲ႕ ဒဏ္ရာ ေတြက အျမစ္တြယ္ေနခဲ့ပါတယ္။ အဲဒီေနာက္ အာဆီယံအဖြဲ႕ဝင္ျဖစ္ဖို႔ ႀကိဳးပမ္းရတာဟာ ေသြးထြက္သံ ယို မရွိေပမယ့္ ခက္ခဲၾကမ္းတမ္းခဲ့ပါတယ္။
တီေမာ-လက္စ္ေတဟာ (၂၀၁၁) ခုႏွစ္မွာ တရားဝင္ေလွ်ာက္လႊာကို ပထမဆုံးတင္သြင္းခဲ့ေပမဲ့ အဖြဲ႕ရဲ႕ ေတာင္းဆိုခ်က္ျမင့္မားတဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ႏိုင္ငံေတာ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ အေျခခံအေဆာက္အအုံမရွိေသးဘူးလို႔ အေၾကာင္းျပန္ခံခဲ့ရ တယ္။ တီေမာ-လက္စ္ေတဟာ အဖြဲ႕ဝင္ ျဖစ္ ဖို႔ တရားဝင္ေလွ်ာက္ထားခဲ့တာ (၁၄)ႏွစ္ ရွိသြားခဲ့ပါၿပီ။ သမၼတ ရာမို႔စ္-ေဟာ္တာက ျပန္လည္သုံးသပ္ ၾကည့္တဲ့အခါ ဒီေႏွာင့္ေႏွးမႈဟာ အက်ိဳးရွိေစတဲ့ ကံေကာင္းျခင္းျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ “ဒါက ကြၽန္ေတာ္တို႔ကို စြမ္းေဆာင္ရည္၊ အေျခခံအေဆာက္အအုံနဲ႔ အျခားအရာေတြကို တိုးတက္ေအာင္ လုပ္ ေဆာင္ဖို႔ တြန္းအားေပးခဲ့ပါတယ္” လို႔ သူက အသိအမွတ္ျပဳေျပာၾကားခဲ့တယ္။
တီေမာ-လက္စ္ေတရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈဟာ အိမ္နီးခ်င္းႏိုင္ငံေတြထက္ ေနာက္က်ေနေသး ေပ မယ့္သိသာထင္ရွားတဲ့ တိုးတက္မႈေတြ ရွိခဲ့ပါတယ္။ ဒီေန႔မွာေတာ့ တီေမာ-လက္စ္ေတဟာ စာနယ္ဇင္း လြတ္လပ္ခြင့္နဲ႔ ႏိုင္ငံသားလြတ္လပ္ခြင့္ေတြမွာ အေရွ႕ေတာင္အာရွႏိုင္ငံအမ်ားစုထက္ ေက်ာ္လြန္ေနပါ တယ္။
သို႔ေသာ္လည္း တီေမာအတြက္ စိန္ေခၚမႈေတြက ဆက္လက္ရွိေနဆဲပါပဲ။ တီေမာ-လက္စ္ေတ ဟာ အာဆီယံအဖြဲ႕ဝင္ေတြထဲမွာ အဆင္းရဲဆုံး အဖြဲ႕ဝင္ အျဖစ္ ဝင္ေရာက္လာတာျဖစ္ၿပီး အာဆီယံရဲ႕ စုစု ေပါင္း GDP ေဒၚလာ (၃ ဒသမ ၈) ထရီလ်ံမွာ တီေမာဟာ (ဝ ဒသမ ၁) ရာခိုင္ႏႈန္းသာ ရွိပါတယ္။ သူတို႔ရဲ႕ စီးပြားေရးတန္ဖိုးက ေဒၚလာ (၂) ဘီလီယံေလာက္ရွိၿပီး ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ သိုက္ေတြေပၚမွာ အ ႀကီးအက်ယ္ မွီခိုေနရပါတယ္။ တီေမာ လူမ်ိဳး (၄၂) ရာခိုင္ႏႈန္းေလာက္ဟာ ဆင္းရဲမြဲေတစြာ ေနထိုင္ၾကရ ၿပီး လူဦးေရရဲ႕ သုံးပုံႏွစ္ပုံ နီးပါးက အသက္ (၃၀) ေအာက္ေတြ ျဖစ္ေနၾကပါတယ္။ အလုပ္လက္မဲ့ ျပႆ နာနဲ႔ ကေလးငယ္ေတြ အာဟာရခ်ိဳ႕တဲ့မႈေတြဟာ ဆက္တိုက္ႀကဳံေတြ႕ေနရတဲ့ အက်ပ္အတည္းေတြ ျဖစ္ၿပီး စီးပြားေရးတိုးတက္ေအာင္လုပ္ဖို႔က အေရးတႀကီး လိုအပ္ခ်က္ျဖစ္လာပါတယ္။
ဒီအခ်ိန္မွာ အာဆီယံအဖြဲ႕ဝင္ျဖစ္ျခင္းဟာ အသက္ကယ္ႀကိဳးတစ္ေခ်ာင္းကို စြဲမိလိုက္သလိုပါပဲ။ အာဆီယံရဲ႕ အဖြဲ႕ဝင္ျဖစ္လာၿပီးတဲ့ေနာက္ ဦးစားေပး ကုန္သြယ္ေရးသေဘာတူညီခ်က္ေတြ၊ ရင္းႏွီးျမႇဳပ္ႏွံ မႈ အခြင့္အလမ္းေတြနဲ႔ ပိုမိုက်ယ္ျပန႔္တဲ့ေဒသတြင္း ေဈးကြက္ကို ဝင္ေရာက္ႏိုင္မယ့္အခြင့္အလမ္းေတြ ရခဲ့ ပါတယ္။ ပညာေရး ဖလွယ္မႈေတြနဲ႔ ခရီးသြားလာေရးလုပ္ငန္းေတြလည္း တိုးတက္လာလိမ့္မယ္လို႔ ေမွ်ာ္ လင့္ရပါတယ္။ စင္ကာပူအေျခစိုက္ ISEAS-Yusof Ishak Institute မွ အႀကီးတန္း သုေတသီ Joanne Lin က “အာဆီယံမွာ ေနရာရလိုက္တာက တီေမာ-လက္စ္ေတကို အေရွ႕ေတာင္အာရွ မိသားစုဝင္အျဖစ္ တရားဝင္ အသိအမွတ္ျပဳမႈေပးလိုက္တာပါ။ ဒါက ႏိုင္ငံကို မဟာဗ်ဴဟာအရ ခိုင္မာေစၿပီး ႀကီးမားတဲ့ စီးပြားေရးအလားအလာကိုလည္း ေပးစြမ္းႏိုင္ပါတယ္” လို႔ သုံးသပ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဂူစ္မာအိုက မေန႔က မိန႔္ခြန္းမွာ လူဦးေရ သန္း (၆၈၀) ရွိၿပီး လ်င္ျမန္စြာ ႀကီးထြားေနတဲ့ ေဒသထဲကို ဝင္ေရာက္ခြင့္ရ လိုက္တာဟာ ေဒသတြင္း ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ “ႀကီးမားတဲ့ အခြင့္အလမ္း” ေတြကို ဖြင့္ ေပးလိုက္တာလို႔ ေျပာခဲ့ပါတယ္။ အာဆီယံအဖြဲ႕ဝင္ျဖစ္ျခင္းဟာ အခက္အခဲ အားလုံးကို ေျဖရွင္းေပးႏိုင္ တဲ့ ေဆးတစ္လက္ မဟုတ္ေပမယ့္ အေရွ႕ေတာင္အာရွ အဖြဲ႕အစည္းနဲ႔ ပိုမိုေပါင္းစည္းျခင္းက တီေမာ-လက္စ္ေတရဲ႕ (၂) ဘီလီယံေဒၚလာသာရွိတဲ့စီးပြားေရးကို တိုးတက္ေစဖို႔၊ ဆင္းရဲမြဲေတမႈကို တိုက္ဖ်က္ဖို႔နဲ႔ ေလ်ာ့နည္းလာေနတဲ့ ေရနံအရင္းအျမစ္ေတြအေပၚ အလြန္အမင္း မွီခိုေနရမႈကို ေလွ်ာ့ခ်ဖို႔ အေထာက္ အကူျပဳႏိုင္ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ တီေမာ-လက္စ္ေတရဲ႕ ေခါင္းေဆာင္ေတြဟာ အာဆီယံထဲကို ဝင္ေရာက္ျခင္း နဲ႔အတူ အာဆီယံရဲ႕ မူဝါဒေတြကို သိျမင္နားလည္ဖို႔ သင္ခန္းစာေတြလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း တီေမာေခါင္းေဆာင္ေတြဟာ ျမန္မာအစိုးရအေပၚ ေဝဖန္မႈေတြနဲ႔အစိုးရဆန႔္က်င္အုပ္စု ေတြအေပၚ ေထာက္ခံမႈေတြျပဳလုပ္ခဲ့တာကို ေတြ႕ရပါတယ္။ ရာမို႔စ္-ေဟာ္တာ အပါအဝင္ အဆင့္ျမင့္ ေခါင္းေဆာင္ေတြဟာ အတိုက္အခံ NUG အဖြဲ႕ဝင္ေတြနဲ႔ေတြ႕ဆုံခဲ့ၾကၿပီး အဲဒီအဖြဲ႕ကို ၿမိဳ႕ေတာ္ဒီလီမွာ ဆက္ဆံေရး႐ုံး ဖြင့္လွစ္ခြင့္လည္းေပးခဲ့ပါတယ္။
ဒီလိုလႈပ္ရွားမႈေတြလုပ္ေဆာင္ခဲ့တဲ့အခ်ိန္တုန္းက တီေမာဟာ ေလ့လာသူအဆင့္သာရွိပါေသး တယ္။ အေရွ႕တီေမာဟာ (၂၀၂၂) ခုႏွစ္ေရာက္မွသာ အာဆီယံရဲ႕ ေလ့လာသူ (Observer Status) အျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ အျပည့္အဝအဖြဲ႕ဝင္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ တီေမာအေနနဲ႔ ခုလိုလုပ္ရပ္ဟာ အာဆီ ယံရဲ႕ အေျခခံမူတစ္ခုျဖစ္တဲ့ “အဖြဲ႕ဝင္ႏိုင္ငံေတြက အျခားအဖြဲ႕ဝင္ေတြရဲ႕ ျပည္တြင္းေရးကိစၥေတြ ကို ဝင္ ေရာက္ မစြက္ဖက္သင့္ဘူး” ဆိုတဲ့ ဝင္ေရာက္မစြတ္ဖက္ေရးမူဝါဒကို ခ်ိဳးေဖာက္သလိုျဖစ္ေနပါတယ္။
တီေမာ-လက္စ္ေတရဲ႕ အဲဒီလို ခ်ိဳးေဖာက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ျမန္မာအစိုးရက တီေမာ သံတမန္ကို ႏိုင္ငံထဲကေန ႏွင္ထုတ္ၿပီး တီေမာ အာဆီယံအဖြဲ႕ဝင္ျဖစ္လာေရးကိုလည္း ဆန႔္က်င္ခဲ့ပါ တယ္။ ဒီအေျခအေနကို ကုစားဖို႔အတြက္ ႏိုင္ငံျခား ေရးဝန္ႀကီး Bandito dos Santos Freitas ဟာ ၿပီးခဲ့ တဲ့လက ေနျပည္ေတာ္ကို အလည္အပတ္ သြား ေရာက္ခဲ့စဥ္အတြင္း သူတို႔ႏိုင္ငံပိုင္နက္ထဲမွာ “တရားမ ဝင္အဖြဲ႕အစည္းေတြရဲ႕ လႈပ္ရွားမႈေတြကို ခြင့္ျပဳမွာမဟုတ္ဘူး” လို႔ ကတိျပဳခဲ့ပါတယ္။ ဒါဟာ တီေမာ အေနနဲ႔ အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာၿပီဆိုရင္ အာဆီယံရဲ႕အေျခခံမူေတြကို လိုက္နာဖို႔လိုအပ္တယ္ဆိုတဲ့သေဘာ သဘာဝကို နားလည္ေစပါတယ္။
မည္သို႔ပင္ ဆိုေစကာမူ ယခုအခါ အေရွ႕တီေမာဟာ တင္းျပည့္က်ပ္ျပည့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လာၿပီျဖစ္တာေၾကာင္းအသင္းႀကီးနဲ႔အတူ ပိုမိုလိုက္ေလ်ာညီေထြ ရွိလာမယ္လို႔ ေမွ်ာ္လင့္ရ ပါတယ္။ တီေမာ-လက္စ္ေတရဲ႕ ေခါင္းေဆာင္ေတြဟာ သူတို႔ႏိုင္ငံကို အဖြဲ႕အစည္းအတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေစဖို႔အတြက္ ခိုင္ခိုင္မာမာ ဆုံးျဖတ္ထားပုံရပါတယ္။ မၾကာေသးခင္က ခ်န္နယ္ News Asia နဲ႔ ေတြ႕ ဆုံေမးျမန္းမႈမွာ ရာမို႔စ္-ေဟာ္တာက “ကြၽန္ေတာ္တို႔အေနနဲ႔ အနာဂတ္မွာ အာဆီယံရဲ႕ ပဋိပကၡ ေျဖရွင္း ေရးဆိုင္ရာ ယႏၲရားေတြမွာ ပိုမို အေထာက္ အကူျပဳႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ သူ က သူ႔ႏိုင္ငံရဲ႕ ပဋိပကၡေတြအတြင္း ႀကိဳးစားရယူခဲ့ရတဲ့ အေတြ႕အႀကဳံဟာ ေဒသအတြက္၊ အထူးသျဖင့္ နယ္စပ္ျပႆနာေတြနဲ႔ ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈေတြကို စီမံခန႔္ခြဲရာမွာ အေကာင္းဆုံး အႀကံ ျပဳႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။
တီေမာ-လက္စ္ေတရဲ႕ အလံဟာ သူ႔အိမ္နီးခ်င္းေတြၾကားမွာ ေနာက္ဆုံးေတာ့ လႊင့္ထူႏိုင္ခဲ့ပါၿပီ။ ဒါဟာ ဆယ္စုႏွစ္မ်ားစြာ ၾကာေအာင္ ႀကိဳးပမ္းခဲ့ရတဲ့ေအာင္ျမင္မႈျဖစ္ၿပီး သူ႔ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေရွးရႈေနတာေၾကာင့္ အာဆီယံအဖြဲ႕ဝင္ျဖစ္ျခင္းဟာ လမ္းစတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဒါ့ျပင္ သူတို႔ရဲ႕ အာဆီယံထဲကို ခရီးႏွင္လာမႈဟာ ခံႏိုင္ရည္ရွိမႈကို သက္ေသျပ႐ုံသာမကဘဲ ဒီႏိုင္ငံရဲ႕ အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔လည္း တိုက္႐ိုက္သက္ဆိုင္ေနပါတယ္။