ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟာနီဒါလေဆိပ်မှာ ဒီဇင်ဘာလမှစ ခရီးသွား ဆွဲဆောင်မှုအဖြစ် ကမ္ဘာ့အကြီးဆုံး ဧရာမ ဂေါ်ဇီလာရုပ်တု ထားရှိမည်

175

ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟာနီဒါလေဆိပ်မှာ ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ခရီးသွားတွေကို ဖျော်ဖြေမှု တစ်ခုအနေနဲ့အဆောက်အဦးအတွင်းမှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ဂေါ်ဇီလာရုပ်တု ထားရှိသွားမယ်လို့ သိရပါ တယ်။
ဂေါ်ဇီလာရုပ်တုကြီးဟာ အဆောက်အအုံတစ်ခုမှ ပေါက်ကွဲထွက်လာသလို တွားသွားဝင်ရောက်လာနေတဲ့ ပုံဖော်ထားမှာဖြစ်ပြီး အရှည် ၄၀ မီတာ၊ အမြင့် ၉ မီတာခန့်ရှိမယ်လို့ သိရပါတယ်။ ရုပ်တုကြီးကို ဟာနီဒါရဲ့ Terminal 3 ရှိ ခရီးစဉ်ထွက်ခွာဖို့ စောင့်ဆိုင်းရမယ့် ဧည့်ခန်းနေရာမှာ ထားရှိမှာဖြစ်ပါတယ်။ တရားဝင် ဝက်ဘ်ဆိုက်အရ ဂေါ်ဇီလာရုပ်တုကြီးဟာ ၁၉၅၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ပထမဆုံး Godzilla ရုပ်ရှင်ကို ရည်ညွှန်းတယ်လို့ သိရပါတယ်။
ဒီဖန်တီးမှုဟာ နာမည်ကြီးရုပ်ရှင်စီးရီးရဲ့ ဖန်တီးသူနဲ့ ထုတ်လုပ်သူ တိုဟို နဲ့ ဟာနဲဒါလေဆိပ်ရဲ့ လေဆိပ် အဆောက်အအုံတွေမှာ လည်ပတ်နေတဲ့ ကုမ္ပဏီတွေကြားက ထွက်ပေါ်လာတဲ့ ပူးတွဲစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ရုပ်တုကြီးအပြင် ရုပ်ရှင်ထဲက ဂေါ်ဇီလာ ဇာတ်ဝင်ခန်းရုပ်ပုံတွေကို လေဆိပ်ရဲ့ဒုတိယထပ် ဆိုက်ရောက် ဧည့်ခန်း မှာရှိတဲ့ သတင်းအချက်အလက်ကောင်တာရဲ့အထက်မှာလည်း ပြသထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕၊ ဟာနီဒါေလဆိပ္မွာ ဒီဇင္ဘာလမွစ ခရီးသြား ဆြဲေဆာင္မႈအျဖစ္ ကမာၻ႔အႀကီးဆုံး ဧရာမ ေဂၚဇီလာ႐ုပ္တု ထားရွိမည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕၊ ဟာနီဒါေလဆိပ္မွာ ဒီဇင္ဘာလကုန္ပိုင္းမွစတင္ကာ ခရီးသြားေတြကို ေဖ်ာ္ေျဖမႈ တစ္ခုအေနနဲ႔အေဆာက္အဦးအတြင္းမွာ ေတြ႕ရတဲ့ ကမာၻ႔အႀကီးဆုံး ေဂၚဇီလာ႐ုပ္တု ထားရွိသြားမယ္လို႔ သိရပါ တယ္။
ေဂၚဇီလာ႐ုပ္တုႀကီးဟာ အေဆာက္အအုံတစ္ခုမွ ေပါက္ကြဲထြက္လာသလို တြားသြားဝင္ေရာက္လာေနတဲ့ ပုံေဖာ္ထားမွာျဖစ္ၿပီး အရွည္ ၄၀ မီတာ၊ အျမင့္ ၉ မီတာခန႔္ရွိမယ္လို႔ သိရပါတယ္။ ႐ုပ္တုႀကီးကို ဟာနီဒါရဲ႕ Terminal 3 ရွိ ခရီးစဥ္ထြက္ခြာဖို႔ ေစာင့္ဆိုင္းရမယ့္ ဧည့္ခန္းေနရာမွာ ထားရွိမွာျဖစ္ပါတယ္။ တရားဝင္ ဝက္ဘ္ဆိုက္အရ ေဂၚဇီလာ႐ုပ္တုႀကီးဟာ ၁၉၅၄ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ပထမဆုံး Godzilla ႐ုပ္ရွင္ကို ရည္ၫႊန္းတယ္လို႔ သိရပါတယ္။
ဒီဖန္တီးမႈဟာ နာမည္ႀကီး႐ုပ္ရွင္စီးရီးရဲ႕ ဖန္တီးသူနဲ႔ ထုတ္လုပ္သူ တိုဟို နဲ႔ ဟာနဲဒါေလဆိပ္ရဲ႕ ေလဆိပ္ အေဆာက္အအုံေတြမွာ လည္ပတ္ေနတဲ့ ကုမၸဏီေတြၾကားက ထြက္ေပၚလာတဲ့ ပူးတြဲစီမံကိန္းတစ္ခုျဖစ္ပါတယ္။ ႐ုပ္တုႀကီးအျပင္ ႐ုပ္ရွင္ထဲက ေဂၚဇီလာ ဇာတ္ဝင္ခန္း႐ုပ္ပုံေတြကို ေလဆိပ္ရဲ႕ဒုတိယထပ္ ဆိုက္ေရာက္ ဧည့္ခန္း မွာရွိတဲ့ သတင္းအခ်က္အလက္ေကာင္တာရဲ႕အထက္မွာလည္း ျပသထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။