ကြက်သွန်ဖြူဈေးကွက်ပျက်လာသောကြောင့် စိုက်ပျိုးသူ (၅ဝ) ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဟုဆို

 83

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၁

မြန်မာ့စားဖိုဆောင်မှ ဆေးဖက်ဝင်သီးနှံဖြစ်သော ကြက်သွန်ဖြူဈေးကွက်ပျက်လာသောကြောင့် စိုက်ပျိုးသူ (၅၀)ရာခိုင်နှုန်းခန့်လျော့ကျသွားပြီဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်စည်ရောင်း ဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူက NP News သို့ပြောသည်။
ယခင်က မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူ စိုက်ပျိုးဧက (၇)သောင်းခန့်ရှိပြီး အများစုကို ရှမ်းပြည် နယ်က မိုင်းပန်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင် လောင်းမြို့နယ်၊ ဟိုပုံးမြို့နှင့် လဲချားမြို့နယ်တွင် အများ ဆုံး စိုက်ပျိုးကြကြောင်းသိရသည်။ သို့သော်လည်း (၂၀၂၄) ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ ကြက်သွန်ဖြူ အရောင်းအဝယ်နှေးလာပြီးနောက် လက်ရှိဈေးကွက်အတွင်း တစ်ပိဿာလျှင် (၇၀ဝ)ကျပ်သာ ပေါက် ဈေး ရှိနေသည့်အပြင် အရောင်းအဝယ်ရပ်နားထားရသည့် အခြေအနေဖြစ်နေကြောင်းသိရသည်။
ထို့ကြောင့် စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ဖြစ်လာပြီး စိုက်ပျိုးသူဦးရေသည်လည်း ထက် ဝက်ခန့်လျော့ကျသွားပြီဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စည်ရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူတစ်ဦးကဆိုသည်။ “ရှမ်းတောင်ကတော့ တော်တော်များများက ထိုင်းရောက်ကုန်ကြပြီ။ ဒါပေမဲ့ စိုက်ပျိုးတဲ့လူတော့ကျန်ပါသေးတယ်။ (၁၀)ယောက်လောက်မှာဆိုရင် (၅)ယောက်လောက်က ရောက်သွားပြီ။ ဒီ(၅)ယောက်စိုက်တာတောင် ဈေးကွက်ကမရှိဘူး။ နောက်ဆုံး အရှုံးခံပြီးစိုက်နေကြသလို ကြီးဖြစ်နေတာ။‌ တောင်သူက ဒါပဲလုပ်တတ်တော့ ထိုင်းမသွားချင်တဲ့လူနဲ့ မသွားနိုင်တဲ့လူလောက်ပဲစိုက် နေကြတာ။ အဲဒီလိုမျိုးလူတွေသာ မိရိုးဖလာလုပ်ကြတာ။ လျော့တာတော့ တော်တော်ကိုလျော့သွားပြီ။ အဓိကကတော့ ဈေးကွက်ပဲ။ ဈေးကွက်ကောင်းရင်တော့စိုက်ကြပါတယ်” ဟု ၎င်းကပြောသည်။
ကြက်သွန်ဖြူဈေးကွက်ပျက်လာရခြင်း သည် ပြည်ပသို့တင်ပို့မှုလျော့ကျသွားခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းကြောင်းအခက် အခဲများအပြင် တရုတ်မှကြက်သွန်ဖြူများ ပြည်တွင်းသို့ဝင်ရောက်နေခြင်းတို့နှင့် အများဆုံးသက်ဆိုင်ကြောင်း ၎င်းဆိုသည်။
“ရှမ်းတောင်က နှစ်စဉ် ကြက်သွန်ဖြူစိုက် ပျိုးမှုအများဆုံးဒေသလေ။ ဒါပေမဲ့ ဒီနှစ်တွေမှာ တ ဖြည်းဖြည်းဆိုးလာတယ်။ ဘာလို့ဆိုးလာလဲဆိုတော့ နှစ်ချက်ရှိတယ်။ တစ်ချက်က Export နည်းသွား တာ။ နောက်တစ်ခုက အဲဒီကမဆွဲရင်တောင် ပြည်တွင်းမှာပဲ ဖြုန်းနိုင်တဲ့ပမာဏရှိတယ်ဆိုရင်လည်း ဈေး က အဲဒီလောက်ဆိုးဆိုးကြီးမကျရင်တောင် ဝယ်ယူမှုရပ်နားရတဲ့အဆင့်တွေအထိလည်းမရှိပါဘူး။ သယ် ယူပို့ဆောင်ရေးလမ်းကြောင်းအခက်အခဲလေးတွေရှိတာလည်း တစ်ကြောင်းလည်းဖြစ်တယ်၊ ကြူကုတ် ဝင်လာတာကြောင့်လည်းပါတယ်။ တရုတ်ကနေ မြန်မာပြည်ကို ကြက်သွန်ဖြူပြန်ဝင်လာတာကြောင့် ပေါ့။ ပြည်တွင်း ဖြုန်းအားကျတော့ မြန်မာနိုင်ငံရဲ့အနေအထားကလည်း သိတဲ့အတိုင်း သွားလို့မရတာ တွေဖြစ်နေတယ်”ဟု ၎င်းကပြောသည်။
မြန်မာ့မီးဖိုချောင်အများစုတွင်ရှိသည့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူကို အောင်ပန်းမြို့က တစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် နိုင်ငံအနှံ့အပြားကို တင်ပို့ရောင်းချနေသော် လည်း လက်ရှိတွင်ရခိုင်အပါအဝင် ပြည်နယ်တိုင်းဒေသအချို့ကို နယ်မြေအခြေအနေများကြောင့် တင်ပို့နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။
“မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်တို့ကို ပို့ မရဘူး။ သထုံ၊ ဘီးလင်းနဲ့ မော်လမြိုင်တို့ရပြီးတော့ ဘားအံတို့ မြဝတီတို့၊ ကော့ကရိတ်ဆို မရတော့ဘူး။ ကယားနဲ့ရခိုင်လည်းပို့မရဘူး။ ရေး၊ ထားဝယ်၊ ကော့ သောင်းဘက်လည်း ကုန်းလမ်းသွားလို့မရဘူး။ ပြည်တွင်းကုန်စည်စီးဆင်းမှုမရှိတော့တာပေါ့” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
ၾကက္သြန္ျဖဴေဈးကြက္ပ်က္လာေသာေၾကာင့္ စိုက္ပ်ိဳးသူ (၅ဝ) ရာခိုင္ႏႈန္းခန႔္ ေလ်ာ့က်သြားၿပီဟုဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၁
ျမန္မာ့စားဖိုေဆာင္မွ ေဆးဖက္ဝင္သီးႏွံျဖစ္ေသာ ၾကက္သြန္ျဖဴေဈးကြက္ပ်က္လာေသာေၾကာင့္ စိုက္ပ်ိဳးသူ (၅၀)ရာခိုင္ႏႈန္းခန႔္ေလ်ာ့က်သြားၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ကုန္စည္ေရာင္း ဝယ္ေရးႏွင့္ စိုက္ပ်ိဳးေရးလုပ္ကိုင္သူက NP News သို႔ေျပာသည္။
ယခင္က ျမန္မာႏိုင္ငံတြင္ ၾကက္သြန္ျဖဴ စိုက္ပ်ိဳးဧက (၇)ေသာင္းခန႔္ရွိၿပီး အမ်ားစုကို ရွမ္းျပည္ နယ္က မိုင္းပန္ၿမိဳ႕နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ပင္ ေလာင္းၿမိဳ႕နယ္၊ ဟိုပုံးၿမိဳ႕ႏွင့္ လဲခ်ားၿမိဳ႕နယ္တြင္ အမ်ား ဆုံး စိုက္ပ်ိဳးၾကေၾကာင္းသိရသည္။ သို႔ေသာ္လည္း (၂၀၂၄) ခုႏွစ္ ႏွစ္ကုန္ပိုင္းကစတင္ကာ ၾကက္သြန္ျဖဴ အေရာင္းအဝယ္ေႏွးလာၿပီးေနာက္ လက္ရွိေဈးကြက္အတြင္း တစ္ပိႆာလွ်င္ (၇၀ဝ)က်ပ္သာ ေပါက္ ေဈး ရွိေနသည့္အျပင္ အေရာင္းအဝယ္ရပ္နားထားရသည့္ အေျခအေနျဖစ္ေနေၾကာင္းသိရသည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေတာင္သူမ်ား တြက္ေျခမကိုက္ျဖစ္လာၿပီး စိုက္ပ်ိဳးသူဦးေရသည္လည္း ထက္ ဝက္ခန႔္ေလ်ာ့က်သြားၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း ကုန္စည္ေရာင္းဝယ္ေရးႏွင့္ စိုက္ပ်ိဳးေရး လုပ္ကိုင္သူတစ္ဦးကဆိုသည္။ “ရွမ္းေတာင္ကေတာ့ ေတာ္ေတာ္မ်ားမ်ားက ထိုင္းေရာက္ကုန္ၾကၿပီ။ ဒါေပမဲ့ စိုက္ပ်ိဳးတဲ့လူေတာ့က်န္ပါေသးတယ္။ (၁၀)ေယာက္ေလာက္မွာဆိုရင္ (၅)ေယာက္ေလာက္က ေရာက္သြားၿပီ။ ဒီ(၅)ေယာက္စိုက္တာေတာင္ ေဈးကြက္ကမရွိဘူး။ ေနာက္ဆုံး အရႈံးခံၿပီးစိုက္ေနၾကသလို ႀကီးျဖစ္ေနတာ။‌ ေတာင္သူက ဒါပဲလုပ္တတ္ေတာ့ ထိုင္းမသြားခ်င္တဲ့လူနဲ႔ မသြားႏိုင္တဲ့လူေလာက္ပဲစိုက္ ေနၾကတာ။ အဲဒီလိုမ်ိဳးလူေတြသာ မိ႐ိုးဖလာလုပ္ၾကတာ။ ေလ်ာ့တာေတာ့ ေတာ္ေတာ္ကိုေလ်ာ့သြားၿပီ။ အဓိကကေတာ့ ေဈးကြက္ပဲ။ ေဈးကြက္ေကာင္းရင္ေတာ့စိုက္ၾကပါတယ္” ဟု ၎ကေျပာသည္။
ၾကက္သြန္ျဖဴေဈးကြက္ပ်က္လာရျခင္း သည္ ျပည္ပသို႔တင္ပို႔မႈေလ်ာ့က်သြားျခင္း၊ ျပည္တြင္း သယ္ယူပို႔ေဆာင္ရာတြင္လည္း လမ္းေၾကာင္းအခက္ အခဲမ်ားအျပင္ တ႐ုတ္မွၾကက္သြန္ျဖဴမ်ား ျပည္တြင္းသို႔ဝင္ေရာက္ေနျခင္းတို႔ႏွင့္ အမ်ားဆုံးသက္ဆိုင္ေၾကာင္း ၎ဆိုသည္။
“ရွမ္းေတာင္က ႏွစ္စဥ္ ၾကက္သြန္ျဖဴစိုက္ ပ်ိဳးမႈအမ်ားဆုံးေဒသေလ။ ဒါေပမဲ့ ဒီႏွစ္ေတြမွာ တ ျဖည္းျဖည္းဆိုးလာတယ္။ ဘာလို႔ဆိုးလာလဲဆိုေတာ့ ႏွစ္ခ်က္ရွိတယ္။ တစ္ခ်က္က Export နည္းသြား တာ။ ေနာက္တစ္ခုက အဲဒီကမဆြဲရင္ေတာင္ ျပည္တြင္းမွာပဲ ျဖဳန္းႏိုင္တဲ့ပမာဏရွိတယ္ဆိုရင္လည္း ေဈး က အဲဒီေလာက္ဆိုးဆိုးႀကီးမက်ရင္ေတာင္ ဝယ္ယူမႈရပ္နားရတဲ့အဆင့္ေတြအထိလည္းမရွိပါဘူး။ သယ္ ယူပို႔ေဆာင္ေရးလမ္းေၾကာင္းအခက္အခဲေလးေတြရွိတာလည္း တစ္ေၾကာင္းလည္းျဖစ္တယ္၊ ၾကဴကုတ္ ဝင္လာတာေၾကာင့္လည္းပါတယ္။ တ႐ုတ္ကေန ျမန္မာျပည္ကို ၾကက္သြန္ျဖဴျပန္ဝင္လာတာေၾကာင့္ ေပါ့။ ျပည္တြင္း ျဖဳန္းအားက်ေတာ့ ျမန္မာႏိုင္ငံရဲ႕အေနအထားကလည္း သိတဲ့အတိုင္း သြားလို႔မရတာ ေတြျဖစ္ေနတယ္”ဟု ၎ကေျပာသည္။
ျမန္မာ့မီးဖိုေခ်ာင္အမ်ားစုတြင္ရွိသည့္ ရွမ္းျပည္နယ္ထြက္ ၾကက္သြန္ျဖဴကို ေအာင္ပန္းၿမိဳ႕က တစ္ဆင့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္အပါအဝင္ ႏိုင္ငံအႏွံ႔အျပားကို တင္ပို႔ေရာင္းခ်ေနေသာ္ လည္း လက္ရွိတြင္ရခိုင္အပါအဝင္ ျပည္နယ္တိုင္းေဒသအခ်ိဳ႕ကို နယ္ေျမအေျခအေနမ်ားေၾကာင့္ တင္ပို႔ႏိုင္ျခင္း မရွိေတာ့ေၾကာင္းသိရသည္။
“မႏၲေလး၊ ျမစ္ႀကီးနား၊ ဗန္းေမာ္တို႔ကို ပို႔ မရဘူး။ သထုံ၊ ဘီးလင္းနဲ႔ ေမာ္လၿမိဳင္တို႔ရၿပီးေတာ့ ဘားအံတို႔ ျမဝတီတို႔၊ ေကာ့ကရိတ္ဆို မရေတာ့ဘူး။ ကယားနဲ႔ရခိုင္လည္းပို႔မရဘူး။ ေရး၊ ထားဝယ္၊ ေကာ့ ေသာင္းဘက္လည္း ကုန္းလမ္းသြားလို႔မရဘူး။ ျပည္တြင္းကုန္စည္စီးဆင္းမႈမရွိေတာ့တာေပါ့” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.