အိန္ဒိယနှင့် ပါကစ္စတန် ဗုံးပေါက်ကွဲမှုများအတွက် တာဝန်ခံရမည့် အာဖဂန်နစ္စတန်

 469

HtayOung (NP News)-နိုဝင်ဘာ ၁၂
===
လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၂ မိနစ် အိန္ဒိယနိုင်ငံ ဒေလီမြို့ “သမိုင်းဝင် ခံတပ်နီ” အတောက်အအုံအနီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ လူ ၁၃-ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိသွားတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ရေးပါတယ်။

အမိုးနီးယားနိုက်ထရိတ် (ပုလဲ ဓါတ်မြေသြဇာ ဟုတ်-မဟုတ် မသိရ) တင်ဆောင်လာတဲ့ကားကြောင့် ဖြစ်ပြီး အ နီးအနားရှိ ယာဉ်အများအပြားကို မီးလောင်ပျက်စီးစေခြင်း ဖြစ်တယ်လို့ ပြောကြပေမယ့် အသေခံ ဗုံးခွဲခြင်း မှန်-မမှန် အတိအကျ မပြောနိုင်ပါဘူး။

အိန္ဒိယနိုင်ငံ ပေါက်ကွဲမှုအပြီး နောက်တစ်ရက် နိုဝင်ဘာ ၁၁-ရက် နေ့လည် ၁၂ နာရီ ၃၉ မိနစ်အချိန် ပါကစ္စ တန်နိုင်ငံ အစ္စလာမ်မာဘတ်မြိုံတော် ခရိုင်တရားရုံးအဆောက်အအုံ အပြင်ဘက်မှာ သံသယရှိသူတစ်ဦးက အသေခံ ဗုံးခွဲတဲ့အတွက် ၁၂-ဦး သေဆုံးပြီး ၃၆-ဦး ဒဏ်ရာရရှိခဲ့ရာ အချို့မှာ စိုးရိမ်ရတယ်လို့ ရိုက်တာက ရေးပါတယ်။

ပါကစ္စတန်ဖြစ်ရပ်မှာ မိမိတို့လက်ချက်ဖြစ်ကြောင်း “တာရစ်-အီး-တာလီဘန် ပါကစ္စတန်” TTP က ခွဲထွက်လာ တဲ့ “ဂျမတ်-အူလ်-အဟားရ်” အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန်နဲ့ ကမ္ဘာအရပ်ရပ် ယခင် သွေးထွက် သံယို ဖြစ်စဉ်တွေမှာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ဂျီဟတ်ဝါဒီ အစွန်းရောက်စစ်သွေးကြွများက သူ့ထက် ငါ ကောင်း ကြေညာချက် ထုတ်ပြန်လေ့ရှိပြီး အချို့မှာ တမင်ကျူးလွန်တဲ့ ရာဇဝတ်မှု မဟုတ်ပဲ သာမာန် မတော်တ ဆမှုများလည်း ဖြစ်ခဲ့ဖူးတာကြောင့် လက်ခံရန် စောလွန်းနေပါတယ်။

ဒေလီမြို့ ခံတပ်နီ ပေါက်ကွဲမှုဖြစ်စဉ် မတိုင်မီ နိုဝင်ဘာ ၉-ရက်နေ့ ဒေလီနဲ့ ကပ်ရက် ဖာရီဒဘက်မြို့အတွင်း အိမ်တစ်လုံးကို ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုမှာ စစ်သုံးချေမှုန်းရေး ရိုင်ဖယ်များ၊ ပြောင်းတိုသေနတ်များ၊ ဖောက်ခွဲရေး ပစ္စည်း၊ အချိန်ကိုက် ကိရိယာများနဲ့ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိတယ်လို့ နယူးဒေလီအခြေစိုက် NDTV က ရေးပါတယ်။

နောက်တစ်ရက် ဖာရီဒဘက်မြို့ အခြားနေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ထပ်မံစီးနင်းခဲ့ရာ ဖောက်ခွဲရေးပစ္စည်း ပေါင် ၅၀၀၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းများ၊ ဆားကစ်စက်ပြားများကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီနေအိမ်ဟာ အိန္ဒိယ စိုးမိုးထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသဇာတိ ဆရာဝန်နှစ်ဦးက ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ ပါကစ္စ တန်နိုင်ငံမှာ အခြေစိုက်တဲ့ “ဂျာရစ်ရှ်-အီး-မိုဟာမက်” နဲ့ AGH အမည်ရှိ အခြားအဖွဲ့တစ်ဖွဲ့တိ့ုရဲ့ နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုကျူးလွန်ရန် ကြံစည်မှုနဲ့ ဆရာဝန်နှစ်ဦးကို ဖမ်းဆီးခြင်း ဖြစ်တယ်လို့ အာဏာပိုင်များက ပြော ပါတယ်။ ဒါပေမယ့် ခံတပ်နီ အနီး ပေါက်ကွဲမှုနဲ့ ဆက်စပ်မှု ရှိ-မရှိ ရှင်းလင်းစွာ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

ခံတပ်နီအနီး ပေါက်ကွဲမှုဟာ မီးတောက်မီးလျံများ လျှံထွက်လာတဲ့အထိ အလွန်ပြင်းထန်ပြီး CNG ပေါက်ကွဲမှု သို့မဟုတ် လွန်ခဲ့တဲ့ ၂၀၂၄-ခုနှစ် စက်တင်ဘာလ လက်ဘနွန်နိုင်ငံ အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ ရော နှောပြီး လူမှုကွန်ရက်မှာ Liked များများနဲ့ ပိုက်ဆံရှာသူများအတွက် အကွက်ကောင်း ဆိုက်ခဲ့ပါတယ်။ ခံတပ်နီ ပေါက်ကွဲမှုနဲ့ ဖာရီဒဘက်မြို့ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခြင်းဟာ သံသယဖြစ်ဖွယ်ရှိပြီး ပါကစ္စတန်အ ခြေစိုက် အကြမ်းဖက်အဖွဲ့က ကျုးလွန်ခြင်းဖြစ်ကြောင်း ညွှန်ပြနေတယ်လို့ ထင်ကြေးပေးမှု ရှိပေမယ့် အာဏာ ပိုင် အဖွဲ့အစည်းများက တရားဝင် မှတ်ချက်ပေးခြင်း မရှိပါဘူး။

ဂျမူးနဲ့ ကက်ရှ်မီးယားကို အိန္ဒိယလက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ဂျာရစ်ရှ်-အီး-မိုဟာမက် စစ်သွေးကြွအဖွဲ့ကို ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI က ထောက်ပံ့ကူညီနေကြောင်း စွပ်စွဲချက်များကို အစ္စလာမ်မာဘတ်က အစဉ်တစ်စိုက် ငြင်းဆိုပါတယ်။ ခံတပ်နီ ဖြစ်စဉ်မှာ သေဆုံးသူများရဲ့ မိသားစုများအတွက် ဝမ်းနည်းကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ကျန်းမာလာစေရန် ဆုတောင်းလျက်ရှိကြောင်း၊ ဖြစ်စဉ်မှာ ပူးပေါင်း ကျူးလွန်သူ မှန်သမျှကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကတိပြုလိုက်ပါတယ်။

ဆယ်စုနှစ်အတွင်း ပါကစ္စတန်ရဲ့ အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အစ္စလာမ်မာဘတ် အသေခံ ဗုံးခွဲမှု မှာ တိုက်ခိုက်ရေးသမားလို့ ယူဆရသူ ခန္ဓာကိုယ်မှ ပြတ်ထွက်လာတဲ့ ဦးခေါင်းကို ပါကစ္စတန်မှုခင်းဆေးပညာ အဖွဲ့က စစ်ဆေးနေကြပါတယ်။ အရပ်သားများအပေါ် တိုက်ခိုက်မှုကို ရှုတ်ချပြီး တရားမျှတမှုကို ရှာဖွေသွား မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က ကတိပြုပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကလည်း မိမိတို့အနေနဲ့ စစ်ပွဲတစ်ရပ်အတွက် အသင့်ရှိစေရန် နှိုးဆော်မှုဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်ဟာ ပါကစ္စတန်စစ်သွေးကြွတွေကို ၎င်းတို့နယ်မြေအတွင်း လက်ခံထားပြီး နယူးဒေလီကို ကိုယ် စားပြုတဲ့ TTP က ပါကစ္စတန်နယ်မြေအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲချက်ကို ကဘူးလ် က ငြင်းဆိုပါတယ်။ ဒါပေမယ့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီကို ချစ်ကြည်ရေးခရီး စတင်ပြီး နောက်ရက်မှာ ပါကစ္စတန်က အာဖဂန်နယ်မြေအတွင်း လေကြောင်းမှ ဗုံးကြဲခဲ့ပါတယ်။ တာလီဘန်တို့က တုန့် ပြန်တဲ့အတွက် အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ်တလျောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက် ထိ ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ပါတယ်။

တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ ပါကစ္စတန်-အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်ခြင်း မရှိပဲ ပျက်ပြားသွားပြီဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ယူရမယ်လို့ ပါကစ္စတန်ရဲ့ တစ်ဖက်သပ်တောင်းဆိုချက်ဟာ အာဖဂန်ရဲ့ စွမ်းဆောင်ရည်ဘောင်ကို ကျော်လွန်နေကြောင်း၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကို မိမိတို့ဘက်က ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ယခု (ဖြစ်ရပ်များမတိုင်မီ တစ်ရက်အလို) တာလီဘန်က ပြောဆိုတယ်လို့ ရိုက်တာသတင်းအေဂျင်စီ (9 November 2025) က ရေးပါတယ်။
.

Zawgyi Version:
အိႏၵိယႏွင့္ ပါကစၥတန္ ဗုံးေပါက္ကြဲမႈမ်ားအတြက္ တာဝန္ခံရမည့္ အာဖဂန္နစၥတန္
HtayOung (NP News)-ႏိုဝင္ဘာ ၁၂
===
လြန္ခဲ့တဲ့ ႏိုဝင္ဘာ ၁၀ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီ ၅၂ မိနစ္ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ “သမိုင္းဝင္ ခံတပ္နီ” အေတာက္အအုံအနီး ေပါက္ကြဲမႈ ျဖစ္ေပၚခဲ့ရာ လူ ၁၃-ဦးထက္မနည္း ေသဆုံးၿပီး ၂၀ ေက်ာ္ ဒဏ္ရာ ရရွိသြားတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီက ေရးပါတယ္။

အမိုးနီးယားႏိုက္ထရိတ္ (ပုလဲ ဓါတ္ေျမၾသဇာ ဟုတ္-မဟုတ္ မသိရ) တင္ေဆာင္လာတဲ့ကားေၾကာင့္ ျဖစ္ၿပီး အ နီးအနားရွိ ယာဥ္အမ်ားအျပားကို မီးေလာင္ပ်က္စီးေစျခင္း ျဖစ္တယ္လို႔ ေျပာၾကေပမယ့္ အေသခံ ဗုံးခြဲျခင္း မွန္-မမွန္ အတိအက် မေျပာႏိုင္ပါဘူး။

အိႏၵိယႏိုင္ငံ ေပါက္ကြဲမႈအၿပီး ေနာက္တစ္ရက္ ႏိုဝင္ဘာ ၁၁-ရက္ ေန႔လည္ ၁၂ နာရီ ၃၉ မိနစ္အခ်ိန္ ပါကစၥ တန္ႏိုင္ငံ အစၥလာမ္မာဘတ္ၿမိဳံေတာ္ ခ႐ိုင္တရား႐ုံးအေဆာက္အအုံ အျပင္ဘက္မွာ သံသယရွိသူတစ္ဦးက အေသခံ ဗုံးခြဲတဲ့အတြက္ ၁၂-ဦး ေသဆုံးၿပီး ၃၆-ဦး ဒဏ္ရာရရွိခဲ့ရာ အခ်ိဳ႕မွာ စိုးရိမ္ရတယ္လို႔ ႐ိုက္တာက ေရးပါတယ္။

ပါကစၥတန္ျဖစ္ရပ္မွာ မိမိတို႔လက္ခ်က္ျဖစ္ေၾကာင္း “တာရစ္-အီး-တာလီဘန္ ပါကစၥတန္” TTP က ခြဲထြက္လာ တဲ့ “ဂ်မတ္-အူလ္-အဟားရ္” အဖြဲ႕က ေျပာပါတယ္။ ဒါေပမယ့္ ပါကစၥတန္နဲ႔ ကမာၻအရပ္ရပ္ ယခင္ ေသြးထြက္ သံယို ျဖစ္စဥ္ေတြမွာ မိမိတို႔လက္ခ်က္ျဖစ္တယ္လို႔ ဂ်ီဟတ္ဝါဒီ အစြန္းေရာက္စစ္ေသြးႂကြမ်ားက သူ႔ထက္ ငါ ေကာင္း ေၾကညာခ်က္ ထုတ္ျပန္ေလ့ရွိၿပီး အခ်ိဳ႕မွာ တမင္က်ဴးလြန္တဲ့ ရာဇဝတ္မႈ မဟုတ္ပဲ သာမာန္ မေတာ္တ ဆမႈမ်ားလည္း ျဖစ္ခဲ့ဖူးတာေၾကာင့္ လက္ခံရန္ ေစာလြန္းေနပါတယ္။

ေဒလီၿမိဳ႕ ခံတပ္နီ ေပါက္ကြဲမႈျဖစ္စဥ္ မတိုင္မီ ႏိုဝင္ဘာ ၉-ရက္ေန႔ ေဒလီနဲ႔ ကပ္ရက္ ဖာရီဒဘက္ၿမိဳ႕အတြင္း အိမ္တစ္လုံးကို ရဲတပ္ဖြဲ႕ရဲ႕ စီးနင္းမႈမွာ စစ္သုံးေခ်မႈန္းေရး ႐ိုင္ဖယ္မ်ား၊ ေျပာင္းတိုေသနတ္မ်ား၊ ေဖာက္ခြဲေရး ပစၥည္း၊ အခ်ိန္ကိုက္ ကိရိယာမ်ားနဲ႔ ခဲယမ္းမီးေက်ာက္မ်ားကို သိမ္းဆည္းရမိတယ္လို႔ နယူးေဒလီအေျခစိုက္ NDTV က ေရးပါတယ္။

ေနာက္တစ္ရက္ ဖာရီဒဘက္ၿမိဳ႕ အျခားေနအိမ္တစ္လုံးကို ရဲတပ္ဖြဲ႕က ထပ္မံစီးနင္းခဲ့ရာ ေဖာက္ခြဲေရးပစၥည္း ေပါင္ ၅၀၀၀ ေက်ာ္နဲ႔ ဆက္စပ္ပစၥည္းမ်ား၊ ဆားကစ္စက္ျပားမ်ားကို သိမ္းဆည္းရမိခဲ့ပါတယ္။ အဲ့ဒီေနအိမ္ဟာ အိႏၵိယ စိုးမိုးထားတဲ့ ဂ်မူးနဲ႔ ကက္ရွ္မီးယားေဒသဇာတိ ဆရာဝန္ႏွစ္ဦးက ငွားရမ္းထားျခင္းျဖစ္ေၾကာင္း၊ ပါကစၥ တန္ႏိုင္ငံမွာ အေျခစိုက္တဲ့ “ဂ်ာရစ္ရွ္-အီး-မိုဟာမက္” နဲ႔ AGH အမည္ရွိ အျခားအဖြဲ႕တစ္ဖြဲ႕တိ့ုရဲ႕ ႏိုင္ငံျဖတ္ ေက်ာ္ ရာဇဝတ္မႈက်ဴးလြန္ရန္ ႀကံစည္မႈနဲ႔ ဆရာဝန္ႏွစ္ဦးကို ဖမ္းဆီးျခင္း ျဖစ္တယ္လို႔ အာဏာပိုင္မ်ားက ေျပာ ပါတယ္။ ဒါေပမယ့္ ခံတပ္နီ အနီး ေပါက္ကြဲမႈနဲ႔ ဆက္စပ္မႈ ရွိ-မရွိ ရွင္းလင္းစြာ သတင္းထုတ္ျပန္ျခင္း မရွိပါဘူး။

ခံတပ္နီအနီး ေပါက္ကြဲမႈဟာ မီးေတာက္မီးလ်ံမ်ား လွ်ံထြက္လာတဲ့အထိ အလြန္ျပင္းထန္ၿပီး CNG ေပါက္ကြဲမႈ သို႔မဟုတ္ လြန္ခဲ့တဲ့ ၂၀၂၄-ခုႏွစ္ စက္တင္ဘာလ လက္ဘႏြန္ႏိုင္ငံ အစၥေရးေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ေရာ ေႏွာၿပီး လူမႈကြန္ရက္မွာ Liked မ်ားမ်ားနဲ႔ ပိုက္ဆံရွာသူမ်ားအတြက္ အကြက္ေကာင္း ဆိုက္ခဲ့ပါတယ္။ ခံတပ္နီ ေပါက္ကြဲမႈနဲ႔ ဖာရီဒဘက္ၿမိဳ႕ ေဖာက္ခြဲေရးပစၥည္းမ်ား ဖမ္းဆီးရမိျခင္းဟာ သံသယျဖစ္ဖြယ္ရွိၿပီး ပါကစၥတန္အ ေျခစိုက္ အၾကမ္းဖက္အဖြဲ႕က က်ဳးလြန္ျခင္းျဖစ္ေၾကာင္း ၫႊန္ျပေနတယ္လို႔ ထင္ေၾကးေပးမႈ ရွိေပမယ့္ အာဏာ ပိုင္ အဖြဲ႕အစည္းမ်ားက တရားဝင္ မွတ္ခ်က္ေပးျခင္း မရွိပါဘူး။

ဂ်မူးနဲ႔ ကက္ရွ္မီးယားကို အိႏၵိယလက္ေအာက္မွ လြတ္ေျမာက္ေရး လႈပ္ရွားေနတဲ့ ဂ်ာရစ္ရွ္-အီး-မိုဟာမက္ စစ္ေသြးႂကြအဖြဲ႕ကို ပါကစၥတန္စစ္ေထာက္လွမ္းေရး ISI က ေထာက္ပံ့ကူညီေနေၾကာင္း စြပ္စြဲခ်က္မ်ားကို အစၥလာမ္မာဘတ္က အစဥ္တစ္စိုက္ ျငင္းဆိုပါတယ္။ ခံတပ္နီ ျဖစ္စဥ္မွာ ေသဆုံးသူမ်ားရဲ႕ မိသားစုမ်ားအတြက္ ဝမ္းနည္းေၾကာင္း၊ ဒဏ္ရာရရွိသူမ်ား အျမန္က်န္းမာလာေစရန္ ဆုေတာင္းလ်က္ရွိေၾကာင္း၊ ျဖစ္စဥ္မွာ ပူးေပါင္း က်ဴးလြန္သူ မွန္သမွ်ကို ျပင္းထန္စြာ အေရးယူသြားမယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက ကတိျပဳလိုက္ပါတယ္။

ဆယ္စုႏွစ္အတြင္း ပါကစၥတန္ရဲ႕ အေသအေပ်ာက္အမ်ားဆုံးျဖစ္ခဲ့တဲ့ အစၥလာမ္မာဘတ္ အေသခံ ဗုံးခြဲမႈ မွာ တိုက္ခိုက္ေရးသမားလို႔ ယူဆရသူ ခႏၶာကိုယ္မွ ျပတ္ထြက္လာတဲ့ ဦးေခါင္းကို ပါကစၥတန္မႈခင္းေဆးပညာ အဖြဲ႕က စစ္ေဆးေနၾကပါတယ္။ အရပ္သားမ်ားအေပၚ တိုက္ခိုက္မႈကို ရႈတ္ခ်ၿပီး တရားမွ်တမႈကို ရွာေဖြသြား မယ္လို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွာဘတ္ဇ္ရွာရစ္ဖ္က ကတိျပဳပါတယ္။ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးကလည္း မိမိတို႔အေနနဲ႔ စစ္ပြဲတစ္ရပ္အတြက္ အသင့္ရွိေစရန္ ႏႈိးေဆာ္မႈျဖစ္တယ္လို႔ ေျပာပါတယ္။

အာဖဂန္နစၥတန္ဟာ ပါကစၥတန္စစ္ေသြးႂကြေတြကို ၎တို႔နယ္ေျမအတြင္း လက္ခံထားၿပီး နယူးေဒလီကို ကိုယ္ စားျပဳတဲ့ TTP က ပါကစၥတန္နယ္ေျမအတြင္း အၾကမ္းဖက္မႈမ်ား က်ဴးလြန္ေနေၾကာင္း စြပ္စြဲခ်က္ကို ကဘူးလ္ က ျငင္းဆိုပါတယ္။ ဒါေပမယ့္ တာလီဘန္ကိုယ္စားလွယ္အဖြဲ႕ နယူးေဒလီကို ခ်စ္ၾကည္ေရးခရီး စတင္ၿပီး ေနာက္ရက္မွာ ပါကစၥတန္က အာဖဂန္နယ္ေျမအတြင္း ေလေၾကာင္းမွ ဗုံးႀကဲခဲ့ပါတယ္။ တာလီဘန္တို႔က တုန႔္ ျပန္တဲ့အတြက္ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံၾကား နယ္စပ္တေလ်ာက္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားၿပီး ႏွစ္ဖက္ ထိ ထိခိုက္ေသဆုံးမႈမ်ား ျဖစ္ခဲ့ပါတယ္။

တူရကီႏိုင္ငံမွာ က်င္းပေနတဲ့ ပါကစၥတန္-အာဖဂန္နစၥတန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဟာ ရလဒ္တစ္စုံတစ္ရာ ထြက္ေပၚျခင္း မရွိပဲ ပ်က္ျပားသြားၿပီျဖစ္ေၾကာင္း၊ ၎တို႔ႏိုင္ငံအတြင္း လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ တာဝန္ယူရမယ္လို႔ ပါကစၥတန္ရဲ႕ တစ္ဖက္သပ္ေတာင္းဆိုခ်က္ဟာ အာဖဂန္ရဲ႕ စြမ္းေဆာင္ရည္ေဘာင္ကို ေက်ာ္လြန္ေနေၾကာင္း၊ ဒါေပမယ့္ အပစ္အခတ္ရပ္စဲေရးကို မိမိတို႔ဘက္က ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း ယခု (ျဖစ္ရပ္မ်ားမတိုင္မီ တစ္ရက္အလို) တာလီဘန္က ေျပာဆိုတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ (9 November 2025) က ေရးပါတယ္။
.

Related news

© 2021. All rights reserved.