ယခုနှစ်ပြောင်းစိုက်ပျိုးမှု တိုးတက်လာပြီးရှမ်းပြည်နယ်တွင်းအများဆုံးစိုက်ပျိုးနေ

 106

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၁၃
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်းသီးနှံ စိုက်ဧက ၁ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်တွင် ၆၅ ရာခိုင်နှုန်း အထိ အများဆုံးစိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်၌ ပြောင်းစိုက်ဧက ၃ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ဧကပေါင်း ၆ သိန်းကျော်အထိ တိုးမြှင့် စိုက်ပျိုးနိုင်ခြင်းဖြစ်တယ်လို့ အဆိုပါ အသင်းထံမှ သိရသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောင်းစိုက်ဧကက ၁ သန်းလောက်ရှိပါတယ်။ အဓိကကတော့ ဧက ၁ သန်းမှာ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ ဧက ၆ သိန်းကျော်လောက်က ရှမ်းပြည်နယ်မှာစိုက်တာဖြစ်တယ်။ ပြောင်းက တောင်သူတွေ အတွက် တွက်ခြေကိုက်တဲ့ စိုက်ပျိုးသီးနှံဖြစ်ခဲ့ပါတယ်။ ဒီဘက်နောက်ပိုင်းမှာကတော့ တောင်သူမှာ လည်းရွေးချယ်စရာတွေရှိလာတဲ့အတွက် ပြောင်းစိုက်ပျိုးမှုလျော့ကျတာလည်းရှိတယ်။ သို့သော် အခု ၂၀၂၅ ခုနှစ် မှာတော့ စိုက်ဧက ပြန်တက်လာတာလည်းရှိပါတယ်” လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ပြောင်းသီးနှံစိုက်ပျိုးမှုမှ ထွက်ရှိသည့် ၃၅ ရာခိုင်နှုန်းကို တိရစ္ဆာန်အစာနှင့် ပြည်တွင်းလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုလျက်ရှိပြီး ပိုလျှံတဲ့ ၆၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယ စသည့် နိုင်ငံများသို့လည်း ဈေးကွက်တိုးချဲ့တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ယခုႏွစ္ေျပာင္းစိုက္ပ်ိဳးမႈ တိုးတက္လာၿပီးရွမ္းျပည္နယ္တြင္းအမ်ားဆုံးစိုက္ပ်ိဳးေန
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၁၃
ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေျပာင္းသီးႏွံ စိုက္ဧက ၁ သန္းခန႔္ရွိၿပီး ရွမ္းျပည္နယ္တြင္ ၆၅ ရာခိုင္ႏႈန္း အထိ အမ်ားဆုံးစိုက္ပ်ိဳးေနေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွ သိရသည္။
လြန္ခဲ့သည့္ ၂၀၂၄ ခုႏွစ္စိုက္ပ်ိဳးရာသီတြင္ ရွမ္းျပည္နယ္၌ ေျပာင္းစိုက္ဧက ၃ သိန္းေက်ာ္သာ စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး ယခု ၂၀၂၅ ခုႏွစ္တြင္ ဧကေပါင္း ၆ သိန္းေက်ာ္အထိ တိုးျမႇင့္ စိုက္ပ်ိဳးႏိုင္ျခင္းျဖစ္တယ္လို႔ အဆိုပါ အသင္းထံမွ သိရသည္။
“တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေျပာင္းစိုက္ဧကက ၁ သန္းေလာက္ရွိပါတယ္။ အဓိကကေတာ့ ဧက ၁ သန္းမွာ ၆၅ ရာခိုင္ႏႈန္းျဖစ္တဲ့ ဧက ၆ သိန္းေက်ာ္ေလာက္က ရွမ္းျပည္နယ္မွာစိုက္တာျဖစ္တယ္။ ေျပာင္းက ေတာင္သူေတြ အတြက္ တြက္ေျခကိုက္တဲ့ စိုက္ပ်ိဳးသီးႏွံျဖစ္ခဲ့ပါတယ္။ ဒီဘက္ေနာက္ပိုင္းမွာကေတာ့ ေတာင္သူမွာ လည္းေ႐ြးခ်ယ္စရာေတြရွိလာတဲ့အတြက္ ေျပာင္းစိုက္ပ်ိဳးမႈေလ်ာ့က်တာလည္းရွိတယ္။ သို႔ေသာ္ အခု ၂၀၂၅ ခုႏွစ္ မွာေတာ့ စိုက္ဧက ျပန္တက္လာတာလည္းရွိပါတယ္” လို႔ ျမန္မာႏိုင္ငံ ေျပာင္းလုပ္ငန္းအသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ ေျပာင္းသီးႏွံစိုက္ပ်ိဳးမႈမွ ထြက္ရွိသည့္ ၃၅ ရာခိုင္ႏႈန္းကို တိရစာၦန္အစာႏွင့္ ျပည္တြင္းလုပ္ငန္း အမ်ိဳးမ်ိဳးအတြက္ အသုံးျပဳလ်က္ရွိၿပီး ပိုလွ်ံတဲ့ ၆၅ ရာခိုင္ႏႈန္းကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ေနျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔လ်က္ရွိရာ ဖိလစ္ပိုင္၊ ဗီယက္နမ္ႏွင့္ အိႏၵိယ စသည့္ ႏိုင္ငံမ်ားသို႔လည္း ေဈးကြက္တိုးခ်ဲ႕တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.