ပြည်တွင်းရှိ ဆီစက်လုပ်ငန်း၏ (၉၀) ရာခိုင်နှုန်းနီးပါး ပုံမှန်မပတ်လည်နိုင်

69

Pearl (NP News) - နိုဝင်ဘာ ၁၁
ပြည်တွင်းရှိ ဆီစက်လုပ်ငန်း၏ (၉၀)ရာခိုင် နှုန်းနီးပါး ပုံမှန်မပတ်လည်နိုင်ကြောင်း ဆီစက်လုပ် ငန်းရှင်ကြီးများထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရသိရသည်။
တိုင်းနှင့်ပြည်နယ်အားလုံးတွင် မှတ်ပုံတင် ရရှိထားသော ဆီစက်လုပ်ငန်း (၃၁၄၀)ခန့်ရှိသော် လည်း လက်ရှိတွင် ကုန်ကြမ်းလုံလောက်မှုမရှိခြင်း၊ ဈေးကွက်မရှိခြင်းတို့ကြောင့် နာမည်ရှိပြီးသား ဆီ စက်လုပ်ငန်းများမှလွဲ၍ ကျန်သည့် ဆီစက်လုပ်ငန်း (၉၀) ရာခိုင်နှုန်းခန့်သည် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိ ကြောင်း သိရသည်။
“တိုင်းနှင့် ပြည်နယ်အားလုံးမှာ မှတ်ပုံတင် ထားတဲ့ဆီစက် (၃၁၄၀)ရှိတယ်။ အဲဒါကတော့ အ ကြီး၊ အလတ်၊ အငယ်ပေါ့ဗျာ။ ဆီစက်လုပ်ငန်းတွေ ရပ်နေတာရှိတယ်။ ရပ်တယ်ဆိုတာက လုံးဝ ပိတ် သွားတာတော့မဟုတ်ဘူး။ ကိုက်တဲ့အချိန် ထလည်တာပေါ့နော်။ မကိုက်တဲ့အချိန်ရပ်သွားတာ အဲဒီလို ဖြစ်နေတာ။ စားသုံးဆီဖူလုံရေးဆိုတဲ့ပေါ်လစီက ဈေးကွက်ဖော်ဆောင်မှုက မှန်ကန်တဲ့ဈေးကွက် ဖော် ဆောင်မှု မဟုတ်ဘူး။ စားအုန်းဆီဈေးကွက်ဖော်ဆောင်မှုဖြစ်နေတယ်။ ဒီအတိုင်းဆို ဆီစက်လုပ်ငန်းတွေ လျော့သွား ဖို့ပဲရှိတယ်။ တစ်ပတ်ကြိတ်ရင်တောင် တစ်လရောင်း မကုန်ဘူးဖြစ်နေတယ်။ ဒါကြောင့် Investment တွေကတော့ တည်ဆောက်ပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့ ကုန်ထုတ်လုပ်မှုမရှိဘဲ မရဘူး။ မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားပြီးတော့မှ ဆီမရောင်းရဘူး။ ဆီစက် တစ်ခုဖြစ်ဖို့ ရင်းနှီးမြှုပ်နှံမှုက အများကြီး။ ကျွန်တော့် အမြင်ပြောရရင် (၉၀)ရာခိုင်နှုန်းရပ်သွားပြီ။ နာမည်ရှိတဲ့ တံဆိပ်တွေကတော့ ကြာကြာမရပ်ဘူးပေါ့ဗျာ။ မြန်မာနိုင်ငံမှာစားနေတဲ့ (၁၀%)အတွက်ကတော့ တံဆိပ်ပါဝါရှိတဲ့လူတွေက တော့လည်နေရတာပေါ့။ ဘရန်းမဟုတ်တဲ့လူတွေကတော့ မလွယ်တော့ဘူး။ ကိုက်ရင် လည်တယ်၊ မကိုက်ရင် ရပ်ထားလိုက်ဆိုတဲ့ စက်ကများနေတယ်”ဟု ဆီစက်လုပ်ငန်းရှင်ကြီးတစ် ဦးက NP News သို့ ပြောသည်။
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျ စေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေး အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်းဆီ စက်လုပ်ငန်းများကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည် ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့် မြှင့် တင်ခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် ပြည်တွင်း ဆီ စက်လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးမှုများရှိ သော်လည်း ထုတ်ယူသူ နည်းပါးကြောင်းလည်း သိရသည်။
“ချေးငွေက လုံလောက်တဲ့အာမခံရှိရင်တော့ ထုတ်ပေးနေပါတယ်။ ထုတ်တဲ့လူနည်းတယ်ဆို တာ အဲဒါထုတ်ပြီး ဈေးကွက်မရှိတော့ ဘာလုပ်စားရမှန်းမသိဘူး။ နိုင်ငံတော်အကြီးအကဲပေးထားတာက ဆီစက်တွေအသစ်တည်ဆောက်တာ၊ တိုးချဲ့ မွမ်းမံတာ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းတာအတွက်ကို ပေး ထားတာ။ နိုင်ငံတော်အကြီးအကဲက စေတနာနဲ့ပေးထားတာကမှန်တယ်။ ဈေးကွက်ဖွံ့ဖြိုးအောင် ပြု လုပ်ပေးဖို့ဆိုတာတော့မပါဘူး။ မပါဘူးဆိုတာ စားအုန်းဆီက နင်းကန်ဝင်နေတာ ဘယ်မှာ သွားရောင်း မလဲ။ ဈေးနှုန်းကလည်း မြေပဲဆီက (၁၈၀ဝဝ)၊ စားအုန်းဆီက (၇၀ဝဝ)ဆိုပြီးကွာနေတယ်။ နိုင်ငံတော်က စေတနာနဲ့ ချေးငွေတွေပေးသော်ငြားလည်း ဈေးကွက်မရှိလို့ ဆီ စက်တွေမယူနိုင်ဘူး။ ချေးငွေရဲ့ (၁၀) ရာခိုင်နှုန်းတောင် ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိသေးဘူး။ (၅၀) ဘီလျံပေးထားတယ်။ ဆီစက် လုပ်ငန်းရှင် တွေက ကိုယ်တစ်လကြိတ်လိုက်တာကို တစ်လကုန်သွားတာပဲ မြင်ချင်တာ။ နိုင်ငံတော်အကြီးအကဲ က တော့ ကျွန်တော်တို့ဆီစက်တွေ ဖွံ့ဖြိုးတိုးတက်စေချင်စိတ်က တကယ်ကိုအပြည့်ပဲ။ ဒါပေမဲ့ အကောင် အထည်ဖော်ပေးဖို့ ဈေးကွက်ဖော်ဆောင်မှုအားနည်းချက်ရှိနေတယ်။ စာအုန်းဆီဝင်လာတဲ့ (၂၀ဝဝ) နောက်ပိုင်းကစပြီး ဆီစက်လုပ်ငန်းက တဖြည်းဖြည်းမှေးမှိန်သွားတာ”ဟု ၎င်းကဆက်လက်ပြောသည်။
ပြည်တွင်း ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ ချေးငွေများအစား ကြိတ်ခွဲထုတ်လုပ်ရန် ကုန်ကြမ်းလုံလောက်စွာရရှိရေးနှင့် ကြိတ်ခွဲထုတ်လုပ်ပြီးသား မြေပဲဆီ၊ နေကြာဆီကို ဈေးကွက်ခိုင်ခိုင် မာမာရရှိရန်အတွက် မျှော်လင့်နေကြောင်းလည်း သိရသည်။
ပြည်တွင်း စားသုံးဆီလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၆)သိန်းမှ (၉)သိန်းကျော်ရှိကာ ပြည်ပမှ နှစ်စဉ် စားအုန်းဆီတန်ချိန် (၅)သိန်းထက်မနည်း တင်သွင်းနေပြီး ပြည်တွင်းရှိဆီစက်များအနေ ဖြင့် စားအုန်းဆီနှင့် ဈေးနှုန်းကွာဟမှုများကြောင့် ဈေးကွက်လိုအပ်ချက်ရှိသည့် ဆီတန်ချိန် (၁)သိန်း ကျော်ခန့်သာ ကြိတ်ခွဲနေရကြောင်းလည်း သိရသည်။

Zawgyi Version:
ျပည္တြင္းရွိ ဆီစက္လုပ္ငန္း၏ (၉၀) ရာခိုင္ႏႈန္းနီးပါး ပုံမွန္မပတ္လည္ႏိုင္
Pearl (NP News) - ႏိုဝင္ဘာ ၁၁
ျပည္တြင္းရွိ ဆီစက္လုပ္ငန္း၏ (၉၀)ရာခိုင္ ႏႈန္းနီးပါး ပုံမွန္မပတ္လည္ႏိုင္ေၾကာင္း ဆီစက္လုပ္ ငန္းရွင္ႀကီးမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရသိရသည္။
တိုင္းႏွင့္ျပည္နယ္အားလုံးတြင္ မွတ္ပုံတင္ ရရွိထားေသာ ဆီစက္လုပ္ငန္း (၃၁၄၀)ခန႔္ရွိေသာ္ လည္း လက္ရွိတြင္ ကုန္ၾကမ္းလုံေလာက္မႈမရွိျခင္း၊ ေဈးကြက္မရွိျခင္းတို႔ေၾကာင့္ နာမည္ရွိၿပီးသား ဆီ စက္လုပ္ငန္းမ်ားမွလြဲ၍ က်န္သည့္ ဆီစက္လုပ္ငန္း (၉၀) ရာခိုင္ႏႈန္းခန႔္သည္ ပုံမွန္ လည္ပတ္ႏိုင္ျခင္း မရွိ ေၾကာင္း သိရသည္။
“တိုင္းႏွင့္ ျပည္နယ္အားလုံးမွာ မွတ္ပုံတင္ ထားတဲ့ဆီစက္ (၃၁၄၀)ရွိတယ္။ အဲဒါကေတာ့ အ ႀကီး၊ အလတ္၊ အငယ္ေပါ့ဗ်ာ။ ဆီစက္လုပ္ငန္းေတြ ရပ္ေနတာရွိတယ္။ ရပ္တယ္ဆိုတာက လုံးဝ ပိတ္ သြားတာေတာ့မဟုတ္ဘူး။ ကိုက္တဲ့အခ်ိန္ ထလည္တာေပါ့ေနာ္။ မကိုက္တဲ့အခ်ိန္ရပ္သြားတာ အဲဒီလို ျဖစ္ေနတာ။ စားသုံးဆီဖူလုံေရးဆိုတဲ့ေပၚလစီက ေဈးကြက္ေဖာ္ေဆာင္မႈက မွန္ကန္တဲ့ေဈးကြက္ ေဖာ္ ေဆာင္မႈ မဟုတ္ဘူး။ စားအုန္းဆီေဈးကြက္ေဖာ္ေဆာင္မႈျဖစ္ေနတယ္။ ဒီအတိုင္းဆို ဆီစက္လုပ္ငန္းေတြ ေလ်ာ့သြား ဖို႔ပဲရွိတယ္။ တစ္ပတ္ႀကိတ္ရင္ေတာင္ တစ္လေရာင္း မကုန္ဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ Investment ေတြကေတာ့ တည္ေဆာက္ၿပီးသားျဖစ္သြားၿပီ။ ဒါေပမဲ့ ကုန္ထုတ္လုပ္မႈမရွိဘဲ မရဘူး။ ေျမာက္ျမားစြာ ရင္းႏွီးျမႇဳပ္ႏွံထားၿပီးေတာ့မွ ဆီမေရာင္းရဘူး။ ဆီစက္ တစ္ခုျဖစ္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈက အမ်ားႀကီး။ ကြၽန္ေတာ့္ အျမင္ေျပာရရင္ (၉၀)ရာခိုင္ႏႈန္းရပ္သြားၿပီ။ နာမည္ရွိတဲ့ တံဆိပ္ေတြကေတာ့ ၾကာၾကာမရပ္ဘူးေပါ့ဗ်ာ။ ျမန္မာႏိုင္ငံမွာစားေနတဲ့ (၁၀%)အတြက္ကေတာ့ တံဆိပ္ပါဝါရွိတဲ့လူေတြက ေတာ့လည္ေနရတာေပါ့။ ဘရန္းမဟုတ္တဲ့လူေတြကေတာ့ မလြယ္ေတာ့ဘူး။ ကိုက္ရင္ လည္တယ္၊ မကိုက္ရင္ ရပ္ထားလိုက္ဆိုတဲ့ စက္ကမ်ားေနတယ္”ဟု ဆီစက္လုပ္ငန္းရွင္ႀကီးတစ္ ဦးက NP News သို႔ ေျပာသည္။
ျပည္ပမွ စားအုန္းဆီတင္သြင္းမႈေလ်ာ့က် ေစေရးႏွင့္ ျပည္တြင္းစားသုံးဆီဖူလုံေစေရး အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္အတြက္ ျပည္တြင္းဆီ စက္လုပ္ငန္းမ်ားကို အဆင့္မီစက္ပစၥည္းမ်ား တိုးခ်ဲ႕ တပ္ဆင္ျခင္း၊ ေခတ္မီဆီစက္အသစ္မ်ား ထပ္မံတည္ ေဆာက္ျခင္းႏွင့္ လက္ရွိဆီစက္မ်ား အဆင့္ ျမႇင့္ တင္ျခင္းတို႔ကိုေဆာင္႐ြက္ႏိုင္ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ လိုအပ္ခ်က္မ်ားျဖည့္ဆည္းႏိုင္ရန္ ျပည္တြင္း ဆီ စက္လုပ္ငန္းရွင္မ်ားကို ေခ်းေငြမ်ားထုတ္ေခ်းေပးမႈမ်ားရွိ ေသာ္လည္း ထုတ္ယူသူ နည္းပါးေၾကာင္းလည္း သိရသည္။
“ေခ်းေငြက လုံေလာက္တဲ့အာမခံရွိရင္ေတာ့ ထုတ္ေပးေနပါတယ္။ ထုတ္တဲ့လူနည္းတယ္ဆို တာ အဲဒါထုတ္ၿပီး ေဈးကြက္မရွိေတာ့ ဘာလုပ္စားရမွန္းမသိဘူး။ ႏိုင္ငံေတာ္အႀကီးအကဲေပးထားတာက ဆီစက္ေတြအသစ္တည္ေဆာက္တာ၊ တိုးခ်ဲ႕ မြမ္းမံတာ၊ ကုန္ၾကမ္းဝယ္ယူစုေဆာင္းတာအတြက္ကို ေပး ထားတာ။ ႏိုင္ငံေတာ္အႀကီးအကဲက ေစတနာနဲ႔ေပးထားတာကမွန္တယ္။ ေဈးကြက္ဖြံ႕ၿဖိဳးေအာင္ ျပဳ လုပ္ေပးဖို႔ဆိုတာေတာ့မပါဘူး။ မပါဘူးဆိုတာ စားအုန္းဆီက နင္းကန္ဝင္ေနတာ ဘယ္မွာ သြားေရာင္း မလဲ။ ေဈးႏႈန္းကလည္း ေျမပဲဆီက (၁၈၀ဝဝ)၊ စားအုန္းဆီက (၇၀ဝဝ)ဆိုၿပီးကြာေနတယ္။ ႏိုင္ငံေတာ္က ေစတနာနဲ႔ ေခ်းေငြေတြေပးေသာ္ျငားလည္း ေဈးကြက္မရွိလို႔ ဆီ စက္ေတြမယူႏိုင္ဘူး။ ေခ်းေငြရဲ႕ (၁၀) ရာခိုင္ႏႈန္းေတာင္ ထုတ္ယူသုံးစြဲႏိုင္ျခင္းမရွိေသးဘူး။ (၅၀) ဘီလ်ံေပးထားတယ္။ ဆီစက္ လုပ္ငန္းရွင္ ေတြက ကိုယ္တစ္လႀကိတ္လိုက္တာကို တစ္လကုန္သြားတာပဲ ျမင္ခ်င္တာ။ ႏိုင္ငံေတာ္အႀကီးအကဲ က ေတာ့ ကြၽန္ေတာ္တို႔ဆီစက္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္စိတ္က တကယ္ကိုအျပည့္ပဲ။ ဒါေပမဲ့ အေကာင္ အထည္ေဖာ္ေပးဖို႔ ေဈးကြက္ေဖာ္ေဆာင္မႈအားနည္းခ်က္ရွိေနတယ္။ စာအုန္းဆီဝင္လာတဲ့ (၂၀ဝဝ) ေနာက္ပိုင္းကစၿပီး ဆီစက္လုပ္ငန္းက တျဖည္းျဖည္းေမွးမွိန္သြားတာ”ဟု ၎ကဆက္လက္ေျပာသည္။
ျပည္တြင္း ဆီစက္လုပ္ငန္းရွင္မ်ားအေနျဖင့္ အဆိုပါ ေခ်းေငြမ်ားအစား ႀကိတ္ခြဲထုတ္လုပ္ရန္ ကုန္ၾကမ္းလုံေလာက္စြာရရွိေရးႏွင့္ ႀကိတ္ခြဲထုတ္လုပ္ၿပီးသား ေျမပဲဆီ၊ ေနၾကာဆီကို ေဈးကြက္ခိုင္ခိုင္ မာမာရရွိရန္အတြက္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။
ျပည္တြင္း စားသုံးဆီလိုအပ္ခ်က္မွာ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၆)သိန္းမွ (၉)သိန္းေက်ာ္ရွိကာ ျပည္ပမွ ႏွစ္စဥ္ စားအုန္းဆီတန္ခ်ိန္ (၅)သိန္းထက္မနည္း တင္သြင္းေနၿပီး ျပည္တြင္းရွိဆီစက္မ်ားအေန ျဖင့္ စားအုန္းဆီႏွင့္ ေဈးႏႈန္းကြာဟမႈမ်ားေၾကာင့္ ေဈးကြက္လိုအပ္ခ်က္ရွိသည့္ ဆီတန္ခ်ိန္ (၁)သိန္း ေက်ာ္ခန႔္သာ ႀကိတ္ခြဲေနရေၾကာင္းလည္း သိရသည္။