ရွေးကောက်ခံအစိုးရပေါ်လာပါက အစိုးရပုန်ကန်နေသူများရပ်တည်ရန်ခက်လာနိုင်၍ ရွေးကောက်ပွဲကိုနှောက်ယှက်နေ

 416

သန့်ဇင်(NP News)-ဒီဇင်ဘာ ၄
‌ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်သော အစိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါက လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင် နေသော အဖျက်အမှောင့်အကြမ်းဖက်သမားတွေအနေဖြင့် ၎င်းတို့ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၃ရက်)က ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတသော ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့သည် ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ရင် လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖျက်အမှောင့်အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် အခုလိုလုပ်ဆောင်နေကြခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီ အဖျက်အမှောင့်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးကာကွယ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ရဲဘော်တို့အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ကျရာကဏ္ဍ အသီးသီးကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများ တရားမျှတစွာ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းပေး ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
အလားတူ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကိုလည်း နိုင်ငံတော်မှ အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
“ယခုကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူများမှအပ ကျန်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးကြရမှာဖြစ်တယ်။ မိမိတို့ရွေးချယ်မယ့် ရွေးကောက်ခံကိုယ်စားလှယ်များဟာ နိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေဖြစ်ဖို့ လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေနဲ့ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အသိပေးပြောကြား လိုတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Zawgyi Version:
ေ႐ြးေကာက္ခံအစိုးရေပၚလာပါက အစိုးရပုန္ကန္ေနသူမ်ားရပ္တည္ရန္ခက္လာႏိုင္၍ ေ႐ြးေကာက္ပြဲကိုေႏွာက္ယွက္ေန
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၄
‌ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ဆႏၵမဲျဖင့္ ေ႐ြးေကာက္တင္ေျမႇာက္ေသာ အစိုးရတစ္ရပ္ျဖစ္ေပၚလာခဲ့ပါက လက္ရွိႏိုင္ငံေတာ္အစိုးရကို ဆန႔္က်င္ ေနေသာ အဖ်က္အေမွာင့္အၾကမ္းဖက္သမားေတြအေနျဖင့္ ၎တို႔ေရွ႕ဆက္ရပ္တည္ရန္ ခက္ခဲလာႏိုင္တာေၾကာင့္ ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျဖစ္ေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဒီဇင္ဘာ ၃ရက္)က ျပင္ဦးလြင္ရွိ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၆၇) သင္တန္းဆင္းပြဲအခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္၂၀၂၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီးကို လြတ္လပ္ပြင့္လင္းၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲ၊ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲအျဖစ္ ေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏိုင္ေရး ဘက္ေပါင္းစုံက ႀကိဳးပမ္းလုပ္ေဆာင္ေနခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရကို ဆန႔္က်င္ေနေသာ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းအခ်ိဳ႕သည္ ေ႐ြးေကာက္ပြဲကို အဟန႔္အတားျဖစ္ေစေရး နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္ေနၾကေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“ေ႐ြးေကာက္ပြဲမွာ ျပည္သူ႔ဆႏၵမဲနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ အစိုးရတစ္ရပ္ျဖစ္ေပၚလာခဲ့ရင္ လက္ရွိႏိုင္ငံေတာ္အစိုးရကို ဆန႔္က်င္ေနတဲ့ အဖ်က္အေမွာင့္အၾကမ္းဖက္သမားေတြအေနနဲ႔ သူတို႔ေရွ႕ဆက္ရပ္တည္ဖို႔ ခက္ခဲလာႏိုင္တာေၾကာင့္ ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျဖစ္ေအာင္ အခုလိုလုပ္ေဆာင္ေနၾကျခင္းျဖစ္တယ္။ ဒါေၾကာင့္ အဲဒီ အဖ်က္အေမွာင့္သမားေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တားဆီးကာကြယ္ၿပီး ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပႏိုင္ဖို႔အတြက္ ရဲေဘာ္တို႔အေနနဲ႔ ျပည္သူလူထုနဲ႔ လက္တြဲၿပီး က်ရာက႑ အသီးသီးကေန ႀကိဳးပမ္းေဆာင္႐ြက္သြားၾကဖို႔ တိုက္တြန္းေျပာၾကားလိုတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မၾကာမီရက္ပိုင္းအတြင္း ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပေတာ့မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပရာတြင္ ႏိုင္ငံေရးပါတီမ်ား တရားမွ်တစြာ ပါဝင္ႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒႏွင့္ နည္းဥပေဒမ်ားကို အသစ္ျပင္ဆင္ျပ႒ာန္းေပး ခဲ့ၿပီးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
အလားတူ ေ႐ြးေကာက္ပြဲႏွင့္ သက္ဆိုင္ေသာ သတင္းအခ်က္အလက္မ်ားကိုလည္း ႏိုင္ငံေတာ္မွ အခ်ိန္ႏွင့္တစ္ေျပးညီ ေဖာ္ျပေပးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
“ယခုက်င္းပမယ့္ ေ႐ြးေကာက္ပြဲႀကီးမွာ ဥပေဒနဲ႔အညီ မဲေပးခြင့္မရွိသူမ်ားမွအပ က်န္ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး လြတ္လပ္စြာ ဆႏၵမဲေပးၾကရမွာျဖစ္တယ္။ မိမိတို႔ေ႐ြးခ်ယ္မယ့္ ေ႐ြးေကာက္ခံကိုယ္စားလွယ္မ်ားဟာ ႏိုင္ငံရဲ႕အက်ိဳးကို အမွန္တကယ္ေဆာင္႐ြက္ႏိုင္သူ၊ ဒို႔တာဝန္အေရးသုံးပါးကို အမွန္တကယ္ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ႏိုင္သူနဲ႔ ႏိုင္ငံေကာင္းေအာင္ေဆာင္႐ြက္ႏိုင္မယ့္သူေတြျဖစ္ဖို႔ လိုအပ္တယ္။ ပါတီစုံဒီမိုကေရစီျဖစ္တာနဲ႔အညီ ႏိုင္ငံေရးပါတီမ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားအေနနဲ႔ တရားမွ်တစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကဖို႔ အသိေပးေျပာၾကား လိုတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.