ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို တာဝန်ရှိသူများက လက်မှတ်ရေးထိုး

 162

Pearl (NP News) - ဒီဇင်ဘာ ၄

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ယမန်နေ့ ( ဒီဇင်ဘာ ၃ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်လုပ်ကိုင်နိုင်မှသာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည် ။

ထို့ပြင် အချို့သွင်းကုန်များကိုလည်း အစားထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးပါ ကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားရန်ဖြစ်ပါကြောင်း နှင့် Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့ဆွေးနွေးပွဲသည် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရေရှည်တည်တံ့အောင်မြင်စေရန် ရည်ရွယ်ပြီး အစိုးရ-ပုဂ္ဂလိကအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ရှိရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ ၂၄ ခုကို တာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုး
Pearl (NP News) - ဒီဇင္ဘာ ၄

ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ ၂၄ ခုကို တာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုးခဲ့ေၾကာင္းရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ၏ အခ်က္အလက္မ်ားအရ သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔၏ ဦးေဆာင္ႀကီးၾကပ္မႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ လြယ္ကူေခ်ာေမြ႕ေစေရးေဆြးေႏြးပြဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ယမန္ေန႔ ( ဒီဇင္ဘာ ၃ရက္) နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Wyndham Grand Yangon Hotel ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္က တိုင္းျပည္၏ ကုန္ထုတ္လုပ္မႈ၊ ဝန္ေဆာင္မႈႏွင့္ အေျခခံအေဆာက္အအုံ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးခ်ဲ႕ျမႇင့္တင္လုပ္ကိုင္ႏိုင္မွသာ ပို႔ကုန္ႏွစ္ဆ တိုးျမႇင့္ေရးရည္မွန္းခ်က္ကို ေရာက္ရွိႏိုင္မည္ျဖစ္ပါေၾကာင္းေျပာၾကားခဲ့သည္ ။

ထို႔ျပင္ အခ်ိဳ႕သြင္းကုန္မ်ားကိုလည္း အစားထိုးႏိုင္ၿပီး ပို႔ကုန္မ်ားကိုလည္း တိုးတက္ေအာင္ ေဆာင္႐ြက္သြားႏိုင္ရမည္ျဖစ္ပါေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈဟုဆိုရာတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈရွိသည့္အတြက္ ႏွစ္ပိုင္းစလုံးကို အားေပးေဆာင္႐ြက္လ်က္ရွိပါေၾကာင္းလည္း ေျပာၾကားခဲ့သည္။

အလားတူ ရန္ကုန္တိုင္းေဒသႀကီးသည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးအခ်က္အခ်ာေဒသတစ္ခုျဖစ္ၿပီး ႏိုင္ငံ့ GDP ၏ ၂၆ ရာခိုင္ႏႈန္းျဖစ္သည့္အတြက္ တိုင္းေဒသႀကီး၏ ဖြံ႕ၿဖိဳးမႈသည္ တစ္ႏိုင္ငံလုံးအတြက္ အေရးႀကီးပါ ေၾကာင္း၊ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၏ မူလအဆိုျပဳလႊာအတိုင္း ကုန္ထုတ္လုပ္မႈစြမ္းအား ျပန္လည္ လည္ပတ္ႏိုင္ေရးႏွင့္ ျပည္ပသို႔ ခ်ိတ္ဆက္တင္ပို႔မႈ အဆင္ေျပေခ်ာေမြ႕ေရးသည္ အဓိကက်ေနသည့္အတြက္ ဗဟိုမွ ကြင္းဆင္းထိေတြ႕အားေပးရင္း ျပန္လည္တင္ျပခ်က္မ်ားကိုလည္း သက္ဆိုင္ရာဌာနမ်ားသို႔ တင္ျပညႇိႏႈိင္းကူညီသြားရန္ျဖစ္ပါေၾကာင္း ႏွင့္ Processing Lines အျပင္ ထပ္မံတိုးခ်ဲ႕တပ္ဆင္လိုသူရွိပါကလည္း ျမန္ဆန္အဆင္ေျပေခ်ာေမြ႕ေအာင္ ကူညီသြားမည္ ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ထို႔ေနာက္ ညေနပိုင္းတြင္ ဆန္၊ ပဲ၊ ႏွမ္း စိုက္ပ်ိဳးေရး ထြက္ကုန္မ်ား၊ ဆိုလာလွ်ပ္စစ္က႑၊ ေမြးျမဴေရးႏွင့္ ဆက္စပ္သည့္ နည္းပညာလႊဲေျပာင္းျခင္းက႑စသည့္ ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ ၂၄ ခုကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက အျပန္အလွန္လက္မွတ္ေရးထိုးလဲလွယ္ခဲ့ေၾကာင္းလည္း သိရသည္။

ယေန႔ေဆြးေႏြးပြဲသည္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လြယ္ကူေခ်ာေမြ႕ေစေရးႏွင့္ ေရရွည္တည္တံ့ေအာင္ျမင္ေစရန္ ရည္႐ြယ္ၿပီး အစိုးရ-ပုဂၢလိကအသီးသီးမွ အဆင့္ျမင့္ကိုယ္စားလွယ္မ်ား၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လက္ရွိရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္မ်ားအျပင္ တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ၊ အင္ဒိုနီးရွားႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.