တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 209

ပြည့်ဖြိုး ( NP News)- ဒီဇင်ဘာ ၈
ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်ပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် (၈၈)သိန်း(၆)သောင်းအထိ ပေါက်ဈေးများဖြစ်ပေါ်နေကြောင်းသိရသည်။ ကမ္ဘာ့ရွှေ ဈေးကွက် အတွင်း ရွှေဝယ်လိုအားမှာ ယခုတစ်ပတ်အတွင်း ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၄၂၃၀) ကျော်အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ရွှေဈေးကျရိပ်မရှိဘဲ ဆက်လက်မြင့်တက်နိုင်သောအလားအလာများရှိနေခြင်းကြောင့် လာမည့်ရက်များအတွင်း ရွှေဈေးသည်အမြင့် ပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင်သည်။ ငွေလဲဈေး ကွက်အတွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများ တည်ငြိမ်နေပြီး တစ်ဒေါ်လာလျှင် မြန်မာငွေ (၄၀၅၀)ကျပ်ပေါက်ဈေးရှိ ကြောင်းသိရ သည်။ ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုအခြေအနေများအရ နိုင်ငံခြားငွေ လိုအပ်ချက်နည်းပါးသောကြောင့် ပြင်ပငွေလဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေ အ‌ရောင်းအဝယ်နည်းပါးကြောင်းသိရသည်။ အမေရိကန်ဒေါ်လာဈေးအပြင် တရုတ်ယွမ်‌ ငွေများ၊ ထိုင်းဘတ်ငွေများသည်လည်း အရောင်းအဝယ်နည်းပါးကြောင်း ဈေးကွက်အတွင်း မှသိရသည်။
ပြည်ပမှတင်သွင်းနေသည့် စက်သုံးဆီနှင့်စားသုံး ဆီဈေးကွက်မှာလည်း ဈေးများတည်ငြိမ်နေပြီး ပုံမှန် အရောင်း အဝယ်အခြေအနေတွင်ရှိကြောင်းသိရသည်။ ဗဟိုဘဏ်မှ စက်သုံးဆီနှင့်စားအုန်းဆီများတင် သွင်းနိုင်ရန် နိုင်ငံခြား ငွေများ ဆက်တိုက်ထုတ်ရောင်းနေခြင်းကြောင့် ဈေးနှုန်းများတည်ငြိမ်နေခြင်းဖြစ်သည်။ သို့သော်လည်း ဆေးဝါးဈေး ကွက်အတွင်း သက်ဆိုင်ရာက သွင်းကုန်လိုင်စင်များချမပေးခြင်း များရှိနေပြီး ဆေးဝါးဈေးနှုန်းများမြင့်တက်နေခြင်း ကို ကြုံတွေ့နေရသည်။
ဆေးဝါးနှင့်ဆေးပစ္စည်းမျိုးစုံမှာ ပြည်ပမှအဓိကတင်သွင်းနေခြင်းဖြစ်ရာ ဒေါ်လာဈေးနှင့် ပြည်ပကုန် သွယ်မှု အခြေအနေအရ အချို့ဆေးဝါးများ ရှားပါးလာပြီး ဈေးမြင့်တက်ခြင်းကိုပါကြုံတွေ့နေရကြောင်းသိရသည်။ လူနာအများ စုမှာ သောက်နေကျဆေးဝါးကိုသာ ဦးစားပေးဝယ်ယူခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း အာနိသင်တူ အခြား အမှတ်တံဆိပ်များကို ဝယ်ယူမှုနည်းပါးခြင်းကြောင့် ဆေးဝါးရှားပါးမှုများဖြစ်ပေါ် လာကြောင်း ဆေးဝါးဖြန့်ချိသူများထံမှ သိရသည်။ ဆောင်းရာသီအတွင်း ရာသီပေါ်သီးနှံများထွက်ရှိလာ ပြီဖြစ်သော်လည်း ယခင်က ဝင်‌‌ငွေအကျိုးအမြတ်များ သည့် ဖရဲသခွားသီးနှံများမှာ လက်ရှိတွင် တရုတ်ပြည် သို့မတင်ပို့နိုင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အားကိုး နေရကြောင်း ဖရဲသခွားကုန်သည်များထံမှသိရသည်။ ဖရဲသီးနှင့်သခွားမွှေးသည် တရုတ်ပြည်ဈေး ကွက်သို့ အဓိကတင်ပို့ နေခြင်းဖြစ်ပြီး တရုတ်မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ယခင် ကအများဆုံးတင်ပို့ခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေး-မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းကြီးတစ်ခုလုံးရပ်တန့်နေရာ တောင်ကြီး -တာချီလိတ် လမ်းကြောင်းမှပြောင်းလဲတင်ပို့နေကြောင်း သိရသည်။ ခရီးလမ်းအကွာအဝေးရှည်လျားခြင်းကြောင့် ကုန်စည်သယ်ယူ ချိန် ကြာမြင့်ပြီး သစ်သီးများ အရည်အသွေးကျဆင်းပြီး ဈေးကောင်းမရကြောင်း သိရသည်။
ဖရဲသီးနှင့်သခွား‌မွှေးအပြင် အခြားကုန်စည်များဖြစ်သည့် ရေထွက်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန် များသည် လည်း မူဆယ်နယ်စပ်ကုန်သွယ်မှုမှ ပြန် လည်တင်ပို့နိုင်ခြင်းမရှိသေးကြောင်း ဈေးကွက်အတွင်းမှသိရသည်။

(ရွှေ၊ ဒေါ်လာနှင့်စက်သုံးဆီ၊ စားသုံးဆီ ဈေးကွက်များ)
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့်မီ ရွှေအိတ်ချိန်း မဖွင့်လှစ်နိုင်ခြင်းကြောင့် မိရိုးဖလာရွှေတွက်နည်းများကို ကမ္ဘာ့ ရွှေပေါက်ဈေးအပေါ်တွင်မှီငြမ်းကာ ဈေးကွက်ပေါက်ဈေးအဖြစ်သတ်မှတ်နေကြရသည်။ လတ်တလော ကမ္ဘာ့ရွှေပေါက် ဈေးသည်လည်း တည်ငြိမ်မှုမရှိဘဲ အတက်အကျမြန်ဆန်နေခြင်းကြောင့် ရွှေ‌‌ဈေးကွက်သည် တစ်ပတ်နှင့် တစ်ပတ် မတူညီဘဲ အတက်အကျမြင့်မားနေခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲဈေးနှုန်းများတည်ငြိမ်နေခြင်းကြောင့်သာ ပြည်တွင်းရွှေဈေး အတက်အကျ အနည်းငယ် နှေး ကွေးနေခြင်းဖြစ်သည်။ လက်ရှိ ဒီဇင်ဘာလ(၂)ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးမှာ ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ (၄၂၁၉)ဒေါ်လာ ပေါက်ဈေးရှိနေရာ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၈၈)သိန်း ခြောက် သောင်းအထိမြင့်တက်နေသည်။ ပြင်ပရွှေဈေးများမြင့်တက်နေ သော်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ရည်ညွှန်းသတ်မှတ်ဈေးမှာ အခေါက်‌ရွှေ တစ်ကျပ်သားလျှင် သိန်း(၆၀)ဝန်းကျင်ဖြင့်သာသတ် မှတ်ထားသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ်မှတ်ဈေးဖြင့် ပြင်ပရွှေဆိုင် များတွင် ဝယ်ယူ၍မရကြောင်းသိရ သည်။ လတ်တလော ရွှေဈေးကွက်အတွင်း (၁၅)ပဲရည်ရွှေအထည် များကိုသာအရောင်းအဝယ်ရှိပြီး အခေါက်ရွှေ အရောင်း အဝယ်နည်းပါးကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာလ(၂၆)ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၇)သိန်း(၁) သောင်းကျပ် ဝန်းကျင်မှ တဖြည်းဖြည်းမြင့်တက်လာ ခြင်းဖြစ်ပြီး လက်ရှိတွင် (၈၈)သိန်းခြောက်သောင်း ကျပ်အထိရောက်ရှိလာခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ဝယ်လိုအားကောင်းမွန်နေခြင်းကြောင့် ရွှေဈေးများ ပြန်လည်ကျဆင်းနိုင်ခြေနည်း ပါးပြီး လာ မည့်ရက်ပိုင်းအတွင်း အမြင့်ဈေးအတိုင်း ရပ်တည်နေနိုင်သည်။
ပြည်တွင်းငွေလဲဈေးကွက်အတွင်း အတက်အကျနည်းပါးပြီး နိုင်ငံခြားငွေလဲဈေးနှုန်းများ တည်ငြိမ် နေကြောင်း သိရသည်။ ဈေးကွက်ပေါက်ဈေးများမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၅၀)ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၅၇၂)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၂၆)ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင်(၃၁၂၀)ကျပ် နှင့် အိန္ဒိယတစ်ရူပီးလျှင် (၄၅)ကျပ် အသီးသီး ပေါက် ဈေးများရှိကြောင်းသိရသည်။
လာမည့်ရက်ပိုင်းအတွင်း ကုန်သွယ်ရေးမူဝါဒ များနှင့်ငွေကြေးမူဝါဒများ အပြောင်းအလဲမရှိပါက လက်ရှိ ငွေလဲနှုန်းအတိုင်းသာ ဆက်လက်ရပ်တည်နေ နိုင်သည်။ ဈေးကွက်အတွင်း ပြည်ပမှတင်သွင်းသော စက်သုံးဆီနှင့်စား သုံးဆီဈေးများမှာ ဗဟိုဘဏ်မှ လို အပ်သော နိုင်ငံခြားငွေများထုတ်ရောင်းပေးနေခြင်း ကြောင့် ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်အ‌ရောင်း/အဝယ် အခြေအနေတွင်ရပ်တည်နေကြောင်းသိရသည်။ ဗဟိုဘဏ်၏ (၇၅/၂၅) ပို့ကုန်သတ်မှတ်ချက်နှင့် တစ် ဒေါ်လာလျှင် (၂၁၀ဝ)ကျပ် ပုံသေသတ်မှတ်ချက်များ အပြောင်းအလဲ ပြန်လည်ပြုလုပ်မှသာ ဈေးကွက်အပြောင်း အလဲဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များကသုံးသပ်ထားသည်။

(ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်ခြင်း)
ပြည်တွင်း၌သုံးစွဲနေသည့် ဆေးဝါးနှင့်ဆေးပစ္စည်း အများစုမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး ဆေးဝါး ဈေးကွက် တစ်ခုလုံး၏ (၉၀)ရာခိုင်နှုန်းမှာ ပြည်ပမှ ဆေးဝါးများကို မှီခိုနေရခြင်းဖြစ်သည်။ ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် (၂၀၂၁)ခုနှစ်ဝန်းကျင်က ဈေးနှုန်းထက် သုံးဆကျော်ခန့် ဆေးဝါးဈေးများမြင့် တက်လာ ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ လူသုံးများသည့် Oramin-G အားဆေးသည် ယခင်က တစ်ဘူးလျှင် တစ်သောင်း ဝန်း ကျင်ရှိနေရာမှ လက်ရှိတွင် သုံးသောင်းကျော်အထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။ ရာသီတုပ်ကွေး နှင့်ဖျားနာ ခြင်းများတွင် သောက်သုံးလေ့ရှိသည့် MIXAGRIP အဖျားပျောက်ဆေးသည် တစ်လုံးလျှင် ယခင်က ငါးရာကျပ်သာ ရှိသော်လည်း လက်ရှိ တွင် (၁၅၀ဝ)ကျပ်အထိဈေးနှုန်းများမြင့်တက်နေသည်။
ထို့ပြင် ကျောက်ကပ်၊ နှလုံး၊ သွေးတိုးနှင့်ဆီး ချိုကဲ့သို့ နာတာရှည်လူနာများ ရေရှည်သောက်သုံးနေ ရသည့် ဆေးဝါးများမှာ ဈေးကွက်အတွင်း ဈေးနှုန်းမြင့် တက်မှုအများဆုံးနှင့် ပစ္စည်းပြတ်လပ်မှုအများဆုံးဖြစ် ပေါ်နေကြောင်း ဆေးဝါးပစ္စည်းဖြန့်ချိသူများထံမှ သိရသည်။ တံဆိပ်အမျိုးမျိုးရှိသော်လည်း လူသုံးများသည့် ဆေးဝါးများမှာ ပစ္စည်းပြတ် လပ်ခြင်းများကြုံတွေ့နေရပြီး လူနာများမှာလည်း သောက်နေကျဆေးဝါးအမှတ် တံဆိပ်ကိုပဲ ဝယ်ယူနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် အခြေခံဆေးဝါးများ၏ဈေးနှုန်းမြင့်တက်နေပြီး အောက်ခြေ ပြည်သူများမှာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရကြောင်း ဆရာဝန်အချို့ကပြောသည်။ ဆေးဝါးဈေးကွက်အတွင်း သွင်းကုန်လိုင်စင်များရှား ပါးခြင်းနှင့် ဈေးကွက်အတွင်း ဆေးဝါးတင်သွင်းရန် ဒေါ်လာငွေအလုံအလောက်မရခြင်းများ ကြုံတွေ့နေ ရကြောင်းသိရသည်။ ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီ များအနေဖြင့်လည်း ဆေးဝါးလက်ကျန်အခြေအနေ ပေါ်မူတည်ကာ ခွဲတမ်းအလိုက် ရောင်းချပေးနေရ ကြောင်းသိရသည်။ ပြည်ပထုတ်ဆေးဝါးများအစား တိုင်းရင်း ဆေးများကို ပြောင်းလဲသုံးစွဲလာခြင်းများရှိသော်လည်း တိုင်းရင်းဆေးဝါးများသည်လည်း ကုန်ကြမ်းဈေးမြင့်တက်ခြင်း နှင့် အထွေထွေကုန်ကျစရိတ် များကြောင့် ဈေးနှုန်းများမြင့်တက်လာကြောင်းသိရ သည်။
ဆေးရုံဆေးခန်းများတွင်လည်း ဆေးဝါးကိုထိန်း ပြီးသုံးစွဲနေရကြောင်းနှင့် ဆေးဝါးပြတ်လပ်မှုမရှိစေရန် ထိန်းပြီး ရောင်းချနေကြောင်းသိရသည်။ ဆေးဝါးသို လှောင်ပြီး ဈေးကစားရောင်းချမှုများရှိနိုင်သော်လည်း အဓိကအားဖြင့် ဈေးကွက်လိုအပ်ချက်ပမာဏကိုတင် သွင်းနိုင်ခြင်းမရှိသောကြောင့် လက်ရှိ ပြဿနာဖြစ်ပွား နေကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ယခင်က နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် ဆေးဝါးများတင်သွင်းနိုင်ခဲ့သော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေခြင်း ကြောင်း ဈေးကွက်အတွင်း ဆေးဝါးရှားပါးမှုများဖြစ်ပေါ်လာကြောင်းသိရသည်။ ပြည်တွင်း၌သုံးစွဲနေသည့် ဆေးဝါးအများစုမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သောဆေးဝါးများဖြစ်ကြပြီး ယခင်က နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်တွင်းသို့ဝင်ရောက် လာခြင်းဖြစ်သည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအများစုမှာ လက်နက်ကိုင်တိုက်ပွဲများ ကြောင့်ရပ်တန့်နေရာ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပမှဆေးဝါး တင်သွင်းနေရခြင်းဖြစ်သည်။ ဒေါ်လာငွေအခက်အခဲနှင့် သွင်းကုန်လိုင်စင်အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ် နေပါက ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးမြင့်နေဦးမည်ဖြစ်သည်။

(ပြည်ပသို့တင်ပို့ရန်မရေရာသည့် ဖရဲသီးနှင့်သခွားမွှေး)
မြန်မာပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ယခင်က အလုံးအရင်းဖြင့် စိုက်ပျိုးကာ တရုတ်ပြည် သို့တင်ပို့ရောင်းချသည့် ဖရဲသီးနှင့်သခွားမွှေးများမှာ လက်ရှိတွင် ဈေးကွက်မရှိသကဲ့သို့ကြုံတွေ့နေရ ကြောင်း ဖရဲသခွားလုပ်ငန်းရှင်များထံမှသိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပဲခူးတိုင်းအထိစိုက်ပျိုး သော ဖရဲသီးနှင့်သခွားမွှေး များသည် ယခင်က မန္တလေး-မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ပြည်သို့ ရောင်းချခြင်းဖြစ်သည်။
လက်ရှိတွင် မူဆယ်နယ်စပ်ကုန်သွယ်မှုရပ်တန့် နေခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်း တာချီလိတ်မှ တစ်ဆင့် ပြောင်းလဲတင်ပို့နေကြောင်းသိရသည်။ ခရီးလမ်းအကွာအဝေးရှည်ကြာပြီး အချိန်ကြာမြင့်မှုကြောင့် ကုန်စည်အရည် အသွေးကျဆင်းပြီး ဈေးကောင်းမရခြင်းများလည်း ဖြစ်‌ပေါ်နေခြင်းဖြစ်သည်။ လက်ရှိအချိန်သည် ဖရဲသခွားစိုက်ပျိုးချိန် ဖြစ်သော်လည်း ဈေးကွက်မသေချာသည့်အတွက် တောင်သူများမှာ ပြည်တွင်းဈေးကွက်ကိုသာဦးတည်ကာ စိုက် ပျိုးထုတ်လုပ်နေရကြောင်းသိရသည်။
ပင်လယ်ရေကြောင်းမှ ဖရဲသီးနှင့်သခွား‌မွှေးများ တင်ပို့မှုအနည်းငယ်ရှိသော်လည်း မူဆယ်နယ်စပ် ကုန်သွယ်ရေး မှတင်ပို့မှုကို မမီနိုင်ကြောင်းသိရသည်။ ဖရဲသခွားကို ယခင်က တစ်နှစ်လျှင် တန်ချိန် ခုနစ် သိန်းခွဲခန့်အထိ တရုတ်ပြည်သို့ တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင် တရုတ်ယွမ်ငွေ (၁၄၀ဝ)အထိ ပေါက်ဈေးရှိ ခဲ့သောကြောင့် တောင်သူများအတွက် တွက်ခြေကိုက် ခဲ့ကြသည်။ မူဆယ်နယ်စပ်တွင် တစ်ရက်လျှင် ဖရဲသ ခွား ကားအစီးရေ(၁၅၀)မှ (၂၀ဝ)အကြား တရုတ် ပြည်သို့တင်ပို့ခဲ့ကြခြင်းဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု အနေဖြင့် မြန်မာပြည်အနှံ့ ဝမ်းတွင်း၊ မိတ္ထီလာ၊ သာ စည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆည်၊ တံတားဦး၊ ကျောင်းကုန်း၊ ပုလိပ်၊ လှည်းကူး၊ ချောင်းဦးတို့မှ ထွက်ရှိကုန်စည်များသည် ဝယ်လက်ရှိရာ ရှမ်းအရှေ့ မြောက်အရပ်ဆီကိုဦးတည်ပြီး တရုတ်ဝယ်လက်များက မူဆယ်သစ်သီးဒိုင်များမှ စောင့်ဝယ် ကြခြင်းဖြစ်သည်။
နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၆၀)မှ သန်း (၇၀)အကြား နိုင်ငံခြားငွေရှာဖွေပေးနိုင်သည့် ဖရဲသ ခွားလုပ်ငန်း သည် လက်ရှိအချိန်တွင် ဈေးကွက်ပျောက် ဆုံးမှုများကြုံတွေ့နေရကြောင်းသိရသည်။ ဖရဲသီးနှင့် သခွားမွှေးစိုက်ပျိုး ထုတ်လုပ်မှုသည် စတင်စိုက်ပျိုးချိန်၌ ဂရုစိုက်ကာစိုက်ပျိုးရပြီး ခူးဆွတ်ချိန်ရောက်လျှင် အချိန်မီခူးဆွတ်ရပြီး ခူးဆွတ်ချိန် ကျော်လွန်သွားပါက အရည်အသွေးကျဆင်းသွားကြောင်းသိရသည်။ ဝယ်လက်များက အမှည့်လွန်သောအသီးများနှင့် အနုသီး အသေးများကို ဝယ်ယူခြင်းမရှိသောကြောင့် အချိန်ကိုက်ခူးဆွတ်ရောင်းချရခြင်းဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမှ တစ်ဆင့် ကျိုင်းတုံ၊ တာချီလိတ်အထိ သယ်ဆောင် ရောင်းချနေရ ခြင်းကြောင့် ဖရဲသခွား ကုန်စည်အရည် အသွေးကျဆင်းခြင်းများကြုံတွေ့နေရသည်။ လက်ရှိတွင် ပြည်တွင်းဈေးကွက် အတွက်သာ စိုက်ပျိုးထုတ် လုပ်နေကြပြီး မြန်မာပြည်သားအများစုမှာ ဖရဲသီးကို နှစ်ချိုက်စွာစားသုံးကြသော်လည်း သခွားမွှေးကို စား သုံးမှုနည်းပါးသည်။ နိုင်ငံခြားငွေရှာဖွေပေးနိုင်ပြီး တောင်သူများအတွက် တွက်ချေကိုက်သီးနှံ ဖရဲသခွား လုပ်ငန်းကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဈေးကွက်ပြန်လည်ရရှိရန် အဖြေရှာပေးသင့်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး ( NP News)- ဒီဇင္ဘာ ၈
ယခုသီတင္းပတ္အတြင္း ကမာၻ႔ေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား လိုက္ပါျမင့္တက္ၿပီး အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၈၈)သိန္း(၆)ေသာင္းအထိ ေပါက္ေဈးမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊ ေဈးကြက္ အတြင္း ေ႐ႊဝယ္လိုအားမွာ ယခုတစ္ပတ္အတြင္း ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္ၿပီး ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ ေဒၚလာ (၄၂၃၀) ေက်ာ္အထိျမင့္တက္ခဲ့ျခင္းျဖစ္သည္။
လတ္တေလာတြင္ ေ႐ႊေဈးက်ရိပ္မရွိဘဲ ဆက္လက္ျမင့္တက္ႏိုင္ေသာအလားအလာမ်ားရွိေနျခင္းေၾကာင့္ လာမည့္ရက္မ်ားအတြင္း ေ႐ႊေဈးသည္အျမင့္ ပိုင္းတြင္ ဆက္လက္ရပ္တည္ေနႏိုင္သည္။ ေငြလဲေဈး ကြက္အတြင္းတြင္ အေမရိကန္ေဒၚလာေဈးႏႈန္းမ်ား တည္ၿငိမ္ေနၿပီး တစ္ေဒၚလာလွ်င္ ျမန္မာေငြ (၄၀၅၀)က်ပ္ေပါက္ေဈးရွိ ေၾကာင္းသိရ သည္။ ျပည္တြင္း/ ျပည္ပ ကုန္သြယ္မႈအေျခအေနမ်ားအရ ႏိုင္ငံျခားေငြ လိုအပ္ခ်က္နည္းပါးေသာေၾကာင့္ ျပင္ပေငြလဲ ေဈးကြက္အတြင္း ႏိုင္ငံျခားေငြ အ‌ေရာင္းအဝယ္နည္းပါးေၾကာင္းသိရသည္။ အေမရိကန္ေဒၚလာေဈးအျပင္ တ႐ုတ္ယြမ္‌ ေငြမ်ား၊ ထိုင္းဘတ္ေငြမ်ားသည္လည္း အေရာင္းအဝယ္နည္းပါးေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။
ျပည္ပမွတင္သြင္းေနသည့္ စက္သုံးဆီႏွင့္စားသုံး ဆီေဈးကြက္မွာလည္း ေဈးမ်ားတည္ၿငိမ္ေနၿပီး ပုံမွန္ အေရာင္း အဝယ္အေျခအေနတြင္ရွိေၾကာင္းသိရသည္။ ဗဟိုဘဏ္မွ စက္သုံးဆီႏွင့္စားအုန္းဆီမ်ားတင္ သြင္းႏိုင္ရန္ ႏိုင္ငံျခား ေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေနျခင္းေၾကာင့္ ေဈးႏႈန္းမ်ားတည္ၿငိမ္ေနျခင္းျဖစ္သည္။ သို႔ေသာ္လည္း ေဆးဝါးေဈး ကြက္အတြင္း သက္ဆိုင္ရာက သြင္းကုန္လိုင္စင္မ်ားခ်မေပးျခင္း မ်ားရွိေနၿပီး ေဆးဝါးေဈးႏႈန္းမ်ားျမင့္တက္ေနျခင္း ကို ႀကဳံေတြ႕ေနရသည္။
ေဆးဝါးႏွင့္ေဆးပစၥည္းမ်ိဳးစုံမွာ ျပည္ပမွအဓိကတင္သြင္းေနျခင္းျဖစ္ရာ ေဒၚလာေဈးႏွင့္ ျပည္ပကုန္ သြယ္မႈ အေျခအေနအရ အခ်ိဳ႕ေဆးဝါးမ်ား ရွားပါးလာၿပီး ေဈးျမင့္တက္ျခင္းကိုပါႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ လူနာအမ်ား စုမွာ ေသာက္ေနက်ေဆးဝါးကိုသာ ဦးစားေပးဝယ္ယူျခင္းေၾကာင့္ ေဆးဝါးေဈးကြက္အတြင္း အာနိသင္တူ အျခား အမွတ္တံဆိပ္မ်ားကို ဝယ္ယူမႈနည္းပါးျခင္းေၾကာင့္ ေဆးဝါးရွားပါးမႈမ်ားျဖစ္ေပၚ လာေၾကာင္း ေဆးဝါးျဖန႔္ခ်ိသူမ်ားထံမွ သိရသည္။ ေဆာင္းရာသီအတြင္း ရာသီေပၚသီးႏွံမ်ားထြက္ရွိလာ ၿပီျဖစ္ေသာ္လည္း ယခင္က ဝင္‌‌ေငြအက်ိဳးအျမတ္မ်ား သည့္ ဖရဲသခြားသီးႏွံမ်ားမွာ လက္ရွိတြင္ တ႐ုတ္ျပည္ သို႔မတင္ပို႔ႏိုင္ျခင္းေၾကာင့္ ျပည္တြင္းေဈးကြက္ကိုသာ အားကိုး ေနရေၾကာင္း ဖရဲသခြားကုန္သည္မ်ားထံမွသိရသည္။ ဖရဲသီးႏွင့္သခြားေမႊးသည္ တ႐ုတ္ျပည္ေဈး ကြက္သို႔ အဓိကတင္ပို႔ ေနျခင္းျဖစ္ၿပီး တ႐ုတ္ျမန္မာ နယ္စပ္ မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ ယခင္ ကအမ်ားဆုံးတင္ပို႔ျခင္းျဖစ္သည္။ လက္ရွိတြင္ မႏၲေလး-မူဆယ္ကုန္သြယ္ေရး လမ္းေၾကာင္းႀကီးတစ္ခုလုံးရပ္တန႔္ေနရာ ေတာင္ႀကီး -တာခ်ီလိတ္ လမ္းေၾကာင္းမွေျပာင္းလဲတင္ပို႔ေနေၾကာင္း သိရသည္။ ခရီးလမ္းအကြာအေဝးရွည္လ်ားျခင္းေၾကာင့္ ကုန္စည္သယ္ယူ ခ်ိန္ ၾကာျမင့္ၿပီး သစ္သီးမ်ား အရည္အေသြးက်ဆင္းၿပီး ေဈးေကာင္းမရေၾကာင္း သိရသည္။
ဖရဲသီးႏွင့္သခြား‌ေမႊးအျပင္ အျခားကုန္စည္မ်ားျဖစ္သည့္ ေရထြက္ကုန္မ်ား၊ စိုက္ပ်ိဳးေရးထုတ္ကုန္ မ်ားသည္ လည္း မူဆယ္နယ္စပ္ကုန္သြယ္မႈမွ ျပန္ လည္တင္ပို႔ႏိုင္ျခင္းမရွိေသးေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

(ေ႐ႊ၊ ေဒၚလာႏွင့္စက္သုံးဆီ၊ စားသုံးဆီ ေဈးကြက္မ်ား)
ျမန္မာႏိုင္ငံသည္ ကမာၻ႔အဆင့္မီ ေ႐ႊအိတ္ခ်ိန္း မဖြင့္လွစ္ႏိုင္ျခင္းေၾကာင့္ မိ႐ိုးဖလာေ႐ႊတြက္နည္းမ်ားကို ကမာၻ႔ ေ႐ႊေပါက္ေဈးအေပၚတြင္မွီျငမ္းကာ ေဈးကြက္ေပါက္ေဈးအျဖစ္သတ္မွတ္ေနၾကရသည္။ လတ္တေလာ ကမာၻ႔ေ႐ႊေပါက္ ေဈးသည္လည္း တည္ၿငိမ္မႈမရွိဘဲ အတက္အက်ျမန္ဆန္ေနျခင္းေၾကာင့္ ေ႐ႊ‌‌ေဈးကြက္သည္ တစ္ပတ္ႏွင့္ တစ္ပတ္ မတူညီဘဲ အတက္အက်ျမင့္မားေနျခင္းျဖစ္သည္။
ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ားတည္ၿငိမ္ေနျခင္းေၾကာင့္သာ ျပည္တြင္းေ႐ႊေဈး အတက္အက် အနည္းငယ္ ေႏွး ေကြးေနျခင္းျဖစ္သည္။ လက္ရွိ ဒီဇင္ဘာလ(၂)ရက္ေန႔ ကမာၻ႔ေ႐ႊေပါက္ေဈးမွာ ေ႐ႊတစ္ ေအာင္စလွ်င္ အေမရိကန္ ေဒၚလာ (၄၂၁၉)ေဒၚလာ ေပါက္ေဈးရွိေနရာ ျပည္တြင္းေ႐ႊေဈးမွာ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၈၈)သိန္း ေျခာက္ ေသာင္းအထိျမင့္တက္ေနသည္။ ျပင္ပေ႐ႊေဈးမ်ားျမင့္တက္ေန ေသာ္လည္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)၏ရည္ၫႊန္းသတ္မွတ္ေဈးမွာ အေခါက္‌ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္း(၆၀)ဝန္းက်င္ျဖင့္သာသတ္ မွတ္ထားသည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ၏ သတ္မွတ္ေဈးျဖင့္ ျပင္ပေ႐ႊဆိုင္ မ်ားတြင္ ဝယ္ယူ၍မရေၾကာင္းသိရ သည္။ လတ္တေလာ ေ႐ႊေဈးကြက္အတြင္း (၁၅)ပဲရည္ေ႐ႊအထည္ မ်ားကိုသာအေရာင္းအဝယ္ရွိၿပီး အေခါက္ေ႐ႊ အေရာင္း အဝယ္နည္းပါးေၾကာင္းသိရသည္။
ျပည္တြင္းေ႐ႊေဈးသည္ ႏိုဝင္ဘာလ(၂၆)ရက္က အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၇)သိန္း(၁) ေသာင္းက်ပ္ ဝန္းက်င္မွ တျဖည္းျဖည္းျမင့္တက္လာ ျခင္းျဖစ္ၿပီး လက္ရွိတြင္ (၈၈)သိန္းေျခာက္ေသာင္း က်ပ္အထိေရာက္ရွိလာျခင္း ျဖစ္သည္။ ကမာၻ႔ေ႐ႊေဈး ကြက္အတြင္း ဝယ္လိုအားေကာင္းမြန္ေနျခင္းေၾကာင့္ ေ႐ႊေဈးမ်ား ျပန္လည္က်ဆင္းႏိုင္ေျခနည္း ပါးၿပီး လာ မည့္ရက္ပိုင္းအတြင္း အျမင့္ေဈးအတိုင္း ရပ္တည္ေနႏိုင္သည္။
ျပည္တြင္းေငြလဲေဈးကြက္အတြင္း အတက္အက်နည္းပါးၿပီး ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ ေနေၾကာင္း သိရသည္။ ေဈးကြက္ေပါက္ေဈးမ်ားမွာ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၅၀)က်ပ္၊ တ႐ုတ္ တစ္ယြမ္လွ်င္ (၅၇၂)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္ (၁၂၆)က်ပ္၊ စင္ကာပူတစ္ေဒၚလာလွ်င္(၃၁၂၀)က်ပ္ ႏွင့္ အိႏၵိယတစ္႐ူပီးလွ်င္ (၄၅)က်ပ္ အသီးသီး ေပါက္ ေဈးမ်ားရွိေၾကာင္းသိရသည္။
လာမည့္ရက္ပိုင္းအတြင္း ကုန္သြယ္ေရးမူဝါဒ မ်ားႏွင့္ေငြေၾကးမူဝါဒမ်ား အေျပာင္းအလဲမရွိပါက လက္ရွိ ေငြလဲႏႈန္းအတိုင္းသာ ဆက္လက္ရပ္တည္ေန ႏိုင္သည္။ ေဈးကြက္အတြင္း ျပည္ပမွတင္သြင္းေသာ စက္သုံးဆီႏွင့္စား သုံးဆီေဈးမ်ားမွာ ဗဟိုဘဏ္မွ လို အပ္ေသာ ႏိုင္ငံျခားေငြမ်ားထုတ္ေရာင္းေပးေနျခင္း ေၾကာင့္ ေဈးႏႈန္းတည္ၿငိမ္ၿပီး ပုံမွန္အ‌ေရာင္း/အဝယ္ အေျခအေနတြင္ရပ္တည္ေနေၾကာင္းသိရသည္။ ဗဟိုဘဏ္၏ (၇၅/၂၅) ပို႔ကုန္သတ္မွတ္ခ်က္ႏွင့္ တစ္ ေဒၚလာလွ်င္ (၂၁၀ဝ)က်ပ္ ပုံေသသတ္မွတ္ခ်က္မ်ား အေျပာင္းအလဲ ျပန္လည္ျပဳလုပ္မွသာ ေဈးကြက္အေျပာင္း အလဲျဖစ္လာႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္း ရွင္မ်ားကသုံးသပ္ထားသည္။

(ေဆးဝါးႏွင့္ေဆးပစၥည္းေဈးကြက္အတြင္း ေဈးႏႈန္းမ်ားျမင့္တက္ျခင္း)
ျပည္တြင္း၌သုံးစြဲေနသည့္ ေဆးဝါးႏွင့္ေဆးပစၥည္း အမ်ားစုမွာ ျပည္ပမွတင္သြင္းရျခင္းျဖစ္ၿပီး ေဆးဝါး ေဈးကြက္ တစ္ခုလုံး၏ (၉၀)ရာခိုင္ႏႈန္းမွာ ျပည္ပမွ ေဆးဝါးမ်ားကို မွီခိုေနရျခင္းျဖစ္သည္။ ေဒၚလာေဈး ျမင့္တက္လာျခင္းႏွင့္ ေငြေၾကးေဖာင္းပြမႈမ်ားေၾကာင့္ (၂၀၂၁)ခုႏွစ္ဝန္းက်င္က ေဈးႏႈန္းထက္ သုံးဆေက်ာ္ခန႔္ ေဆးဝါးေဈးမ်ားျမင့္ တက္လာ ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ လူသုံးမ်ားသည့္ Oramin-G အားေဆးသည္ ယခင္က တစ္ဘူးလွ်င္ တစ္ေသာင္း ဝန္း က်င္ရွိေနရာမွ လက္ရွိတြင္ သုံးေသာင္းေက်ာ္အထိ ေပါက္ေဈးရွိေနေၾကာင္းသိရသည္။ ရာသီတုပ္ေကြး ႏွင့္ဖ်ားနာ ျခင္းမ်ားတြင္ ေသာက္သုံးေလ့ရွိသည့္ MIXAGRIP အဖ်ားေပ်ာက္ေဆးသည္ တစ္လုံးလွ်င္ ယခင္က ငါးရာက်ပ္သာ ရွိေသာ္လည္း လက္ရွိ တြင္ (၁၅၀ဝ)က်ပ္အထိေဈးႏႈန္းမ်ားျမင့္တက္ေနသည္။
ထို႔ျပင္ ေက်ာက္ကပ္၊ ႏွလုံး၊ ေသြးတိုးႏွင့္ဆီး ခ်ိဳကဲ့သို႔ နာတာရွည္လူနာမ်ား ေရရွည္ေသာက္သုံးေန ရသည့္ ေဆးဝါးမ်ားမွာ ေဈးကြက္အတြင္း ေဈးႏႈန္းျမင့္ တက္မႈအမ်ားဆုံးႏွင့္ ပစၥည္းျပတ္လပ္မႈအမ်ားဆုံးျဖစ္ ေပၚေနေၾကာင္း ေဆးဝါးပစၥည္းျဖန႔္ခ်ိသူမ်ားထံမွ သိရသည္။ တံဆိပ္အမ်ိဳးမ်ိဳးရွိေသာ္လည္း လူသုံးမ်ားသည့္ ေဆးဝါးမ်ားမွာ ပစၥည္းျပတ္ လပ္ျခင္းမ်ားႀကဳံေတြ႕ေနရၿပီး လူနာမ်ားမွာလည္း ေသာက္ေနက်ေဆးဝါးအမွတ္ တံဆိပ္ကိုပဲ ဝယ္ယူေနျခင္းေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။
ေဈးကြက္အတြင္း ေဆးဝါးျပတ္လပ္မႈေၾကာင့္ အေျခခံေဆးဝါးမ်ား၏ေဈးႏႈန္းျမင့္တက္ေနၿပီး ေအာက္ေျခ ျပည္သူမ်ားမွာ ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို ခံစားေနရေၾကာင္း ဆရာဝန္အခ်ိဳ႕ကေျပာသည္။ ေဆးဝါးေဈးကြက္အတြင္း သြင္းကုန္လိုင္စင္မ်ားရွား ပါးျခင္းႏွင့္ ေဈးကြက္အတြင္း ေဆးဝါးတင္သြင္းရန္ ေဒၚလာေငြအလုံအေလာက္မရျခင္းမ်ား ႀကဳံေတြ႕ေန ရေၾကာင္းသိရသည္။ ေဆးဝါးတင္သြင္းသည့္ကုမၸဏီ မ်ားအေနျဖင့္လည္း ေဆးဝါးလက္က်န္အေျခအေန ေပၚမူတည္ကာ ခြဲတမ္းအလိုက္ ေရာင္းခ်ေပးေနရ ေၾကာင္းသိရသည္။ ျပည္ပထုတ္ေဆးဝါးမ်ားအစား တိုင္းရင္း ေဆးမ်ားကို ေျပာင္းလဲသုံးစြဲလာျခင္းမ်ားရွိေသာ္လည္း တိုင္းရင္းေဆးဝါးမ်ားသည္လည္း ကုန္ၾကမ္းေဈးျမင့္တက္ျခင္း ႏွင့္ အေထြေထြကုန္က်စရိတ္ မ်ားေၾကာင့္ ေဈးႏႈန္းမ်ားျမင့္တက္လာေၾကာင္းသိရ သည္။
ေဆး႐ုံေဆးခန္းမ်ားတြင္လည္း ေဆးဝါးကိုထိန္း ၿပီးသုံးစြဲေနရေၾကာင္းႏွင့္ ေဆးဝါးျပတ္လပ္မႈမရွိေစရန္ ထိန္းၿပီး ေရာင္းခ်ေနေၾကာင္းသိရသည္။ ေဆးဝါးသို ေလွာင္ၿပီး ေဈးကစားေရာင္းခ်မႈမ်ားရွိႏိုင္ေသာ္လည္း အဓိကအားျဖင့္ ေဈးကြက္လိုအပ္ခ်က္ပမာဏကိုတင္ သြင္းႏိုင္ျခင္းမရွိေသာေၾကာင့္ လက္ရွိ ျပႆနာျဖစ္ပြား ေနေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံသည္ ယခင္က နယ္စပ္ကုန္သြယ္ေရး မွတစ္ဆင့္ ေဆးဝါးမ်ားတင္သြင္းႏိုင္ခဲ့ေသာ္လည္း လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရးရပ္တန႔္ေနျခင္း ေၾကာင္း ေဈးကြက္အတြင္း ေဆးဝါးရွားပါးမႈမ်ားျဖစ္ေပၚလာေၾကာင္းသိရသည္။ ျပည္တြင္း၌သုံးစြဲေနသည့္ ေဆးဝါးအမ်ားစုမွာ တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံမွ ထုတ္လုပ္ေသာေဆးဝါးမ်ားျဖစ္ၾကၿပီး ယခင္က နယ္စပ္ကုန္သြယ္ေရးမွတစ္ဆင့္ ျပည္တြင္းသို႔ဝင္ေရာက္ လာျခင္းျဖစ္သည္။ လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းအမ်ားစုမွာ လက္နက္ကိုင္တိုက္ပြဲမ်ား ေၾကာင့္ရပ္တန႔္ေနရာ ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ ျပည္ပမွေဆးဝါး တင္သြင္းေနရျခင္းျဖစ္သည္။ ေဒၚလာေငြအခက္အခဲႏွင့္ သြင္းကုန္လိုင္စင္အက်ပ္အတည္းမ်ား ဆက္လက္ျဖစ္ေပၚ ေနပါက ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား ေဈးျမင့္ေနဦးမည္ျဖစ္သည္။

(ျပည္ပသို႔တင္ပို႔ရန္မေရရာသည့္ ဖရဲသီးႏွင့္သခြားေမႊး)
ျမန္မာျပည္တြင္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ ယခင္က အလုံးအရင္းျဖင့္ စိုက္ပ်ိဳးကာ တ႐ုတ္ျပည္ သို႔တင္ပို႔ေရာင္းခ်သည့္ ဖရဲသီးႏွင့္သခြားေမႊးမ်ားမွာ လက္ရွိတြင္ ေဈးကြက္မရွိသကဲ့သို႔ႀကဳံေတြ႕ေနရ ေၾကာင္း ဖရဲသခြားလုပ္ငန္းရွင္မ်ားထံမွသိရသည္။ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ ပဲခူးတိုင္းအထိစိုက္ပ်ိဳး ေသာ ဖရဲသီးႏွင့္သခြားေမႊး မ်ားသည္ ယခင္က မႏၲေလး-မူဆယ္နယ္စပ္မွတစ္ဆင့္ တ႐ုတ္ျပည္သို႔ ေရာင္းခ်ျခင္းျဖစ္သည္။
လက္ရွိတြင္ မူဆယ္နယ္စပ္ကုန္သြယ္မႈရပ္တန႔္ ေနျခင္းေၾကာင့္ ရွမ္းျပည္ေတာင္ပိုင္း တာခ်ီလိတ္မွ တစ္ဆင့္ ေျပာင္းလဲတင္ပို႔ေနေၾကာင္းသိရသည္။ ခရီးလမ္းအကြာအေဝးရွည္ၾကာၿပီး အခ်ိန္ၾကာျမင့္မႈေၾကာင့္ ကုန္စည္အရည္ အေသြးက်ဆင္းၿပီး ေဈးေကာင္းမရျခင္းမ်ားလည္း ျဖစ္‌ေပၚေနျခင္းျဖစ္သည္။ လက္ရွိအခ်ိန္သည္ ဖရဲသခြားစိုက္ပ်ိဳးခ်ိန္ ျဖစ္ေသာ္လည္း ေဈးကြက္မေသခ်ာသည့္အတြက္ ေတာင္သူမ်ားမွာ ျပည္တြင္းေဈးကြက္ကိုသာဦးတည္ကာ စိုက္ ပ်ိဳးထုတ္လုပ္ေနရေၾကာင္းသိရသည္။
ပင္လယ္ေရေၾကာင္းမွ ဖရဲသီးႏွင့္သခြား‌ေမႊးမ်ား တင္ပို႔မႈအနည္းငယ္ရွိေသာ္လည္း မူဆယ္နယ္စပ္ ကုန္သြယ္ေရး မွတင္ပို႔မႈကို မမီႏိုင္ေၾကာင္းသိရသည္။ ဖရဲသခြားကို ယခင္က တစ္ႏွစ္လွ်င္ တန္ခ်ိန္ ခုနစ္ သိန္းခြဲခန႔္အထိ တ႐ုတ္ျပည္သို႔ တင္ပို႔ႏိုင္ခဲ့ၿပီး တစ္တန္လွ်င္ တ႐ုတ္ယြမ္ေငြ (၁၄၀ဝ)အထိ ေပါက္ေဈးရွိ ခဲ့ေသာေၾကာင့္ ေတာင္သူမ်ားအတြက္ တြက္ေျခကိုက္ ခဲ့ၾကသည္။ မူဆယ္နယ္စပ္တြင္ တစ္ရက္လွ်င္ ဖရဲသ ခြား ကားအစီးေရ(၁၅၀)မွ (၂၀ဝ)အၾကား တ႐ုတ္ ျပည္သို႔တင္ပို႔ခဲ့ၾကျခင္းျဖစ္သည္။ စိုက္ပ်ိဳးထုတ္လုပ္မႈ အေနျဖင့္ ျမန္မာျပည္အႏွံ႔ ဝမ္းတြင္း၊ မိတၳီလာ၊ သာ စည္၊ သီေပါ၊ သိန္းနီ၊ ေက်ာက္ဆည္၊ တံတားဦး၊ ေက်ာင္းကုန္း၊ ပုလိပ္၊ လွည္းကူး၊ ေခ်ာင္းဦးတို႔မွ ထြက္ရွိကုန္စည္မ်ားသည္ ဝယ္လက္ရွိရာ ရွမ္းအေရွ႕ ေျမာက္အရပ္ဆီကိုဦးတည္ၿပီး တ႐ုတ္ဝယ္လက္မ်ားက မူဆယ္သစ္သီးဒိုင္မ်ားမွ ေစာင့္ဝယ္ ၾကျခင္းျဖစ္သည္။
ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း (၆၀)မွ သန္း (၇၀)အၾကား ႏိုင္ငံျခားေငြရွာေဖြေပးႏိုင္သည့္ ဖရဲသ ခြားလုပ္ငန္း သည္ လက္ရွိအခ်ိန္တြင္ ေဈးကြက္ေပ်ာက္ ဆုံးမႈမ်ားႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ ဖရဲသီးႏွင့္ သခြားေမႊးစိုက္ပ်ိဳး ထုတ္လုပ္မႈသည္ စတင္စိုက္ပ်ိဳးခ်ိန္၌ ဂ႐ုစိုက္ကာစိုက္ပ်ိဳးရၿပီး ခူးဆြတ္ခ်ိန္ေရာက္လွ်င္ အခ်ိန္မီခူးဆြတ္ရၿပီး ခူးဆြတ္ခ်ိန္ ေက်ာ္လြန္သြားပါက အရည္အေသြးက်ဆင္းသြားေၾကာင္းသိရသည္။ ဝယ္လက္မ်ားက အမွည့္လြန္ေသာအသီးမ်ားႏွင့္ အႏုသီး အေသးမ်ားကို ဝယ္ယူျခင္းမရွိေသာေၾကာင့္ အခ်ိန္ကိုက္ခူးဆြတ္ေရာင္းခ်ရျခင္းျဖစ္သည္။
လက္ရွိတြင္ ရွမ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးမွ တစ္ဆင့္ က်ိဳင္းတုံ၊ တာခ်ီလိတ္အထိ သယ္ေဆာင္ ေရာင္းခ်ေနရ ျခင္းေၾကာင့္ ဖရဲသခြား ကုန္စည္အရည္ အေသြးက်ဆင္းျခင္းမ်ားႀကဳံေတြ႕ေနရသည္။ လက္ရွိတြင္ ျပည္တြင္းေဈးကြက္ အတြက္သာ စိုက္ပ်ိဳးထုတ္ လုပ္ေနၾကၿပီး ျမန္မာျပည္သားအမ်ားစုမွာ ဖရဲသီးကို ႏွစ္ခ်ိဳက္စြာစားသုံးၾကေသာ္လည္း သခြားေမႊးကို စား သုံးမႈနည္းပါးသည္။ ႏိုင္ငံျခားေငြရွာေဖြေပးႏိုင္ၿပီး ေတာင္သူမ်ားအတြက္ တြက္ေခ်ကိုက္သီးႏွံ ဖရဲသခြား လုပ္ငန္းကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ေဈးကြက္ျပန္လည္ရရွိရန္ အေျဖရွာေပးသင့္သည္။

Related news

© 2021. All rights reserved.