မြန်မာမှ လုပ်ငန်းများ အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် PTTEP က အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် သုံးမည်

 582

သုတကျော် (NP News) – ဒီဇင်ဘာ ၈
မြန်မာမှ လုပ်ငန်းများ အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် PTTEP က အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် သုံးမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Upstream သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားသည်။
PTTEP သည် လာမည့်ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး (E&P) လုပ်ငန်း၏ တန်ဖိုးကို မြှင့်တင်ရန် နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှု သုည အဆင့် ရောက်ရှိစေရေး ၎င်း၏ ရည်မှန်းချက်အရလည်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
PTTEP ၏ လာမည့်နှစ်အတွက် အဓိက အာရုံစိုက်သည့် လုပ်ငန်းများထဲတွင် လက်ရှိထိုင်းနိုင်ငံအတွင်းမှ လုပ်ကွက်များ ဖြစ်သော G1/61၊ G2/61၊ Arthit နှင့် S1 တို့မှ ထုတ်လုပ်မှုကို အများဆုံးရရှိရန် အပြင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ပေးပို့နေသည့် မြန်မာနိုင်ငံကမ်းလွန်မှ ရတနာလုပ်ကွက် နှင့် ဇောတိက လုပ်ကွက်၊ မလေးရှား-ထိုင်း ပူးပေါင်းဖွံ့ဖြိုးရေးဧရိယာရှိ စီမံကိန်းများလည်း ပါဝင်သည်။
PTTEP ကုမ္ပဏီသည် မလေးရှားကမ်းလွန်ရှိ SK 405B၊ SK 417 နှင့် SK 438 စီမံကိန်းများ၊ မြန်မာနိုင်ငံကမ်းလွန်ရှိ M3 စီမံကိန်း အပါအဝင် ဖွံ့ဖြိုးဆဲ စီမံကိန်းများကိုလည်း သတ်မှတ်ထားသော စတင်ထုတ်လုပ်မည့် ပန်းတိုင်များ ပြည့်မီ စေရန် စိတ်အားထက်သန်နေကြောင်း လည်း သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် အတွင်း မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ယူအေအီးနှင့် အယ်လ်ဂျီးရီးယားတို့တွင် စူးစမ်းရှာဖွေခြင်း နှင့် အကဲဖြတ်တွင်းများ တူးဖော်ရန် အမေရိကန် ဒေါ်လာ ၁၀၁ သန်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

Zawgyi Version:
ျမန္မာမွ လုပ္ငန္းမ်ား အပါအဝင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြထုတ္လုပ္ေရး လုပ္ငန္းအတြက္ PTTEP က အေမရိကန္ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ သုံးမည္
သုတေက်ာ္ (NP News) – ဒီဇင္ဘာ ၈
ျမန္မာမွ လုပ္ငန္းမ်ား အပါအဝင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြထုတ္လုပ္ေရး လုပ္ငန္းအတြက္ PTTEP က အေမရိကန္ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ သုံးမည္ ျဖစ္ေၾကာင္း ယင္းကုမၸဏီ၏ ထုတ္ျပန္ခ်က္ကို ကိုးကားကာ Upstream သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားသည္။
PTTEP သည္ လာမည့္ငါးႏွစ္တာကာလအတြင္း အေမရိကန္ေဒၚလာ ၃၃ ဘီလီယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ထားကာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြထုတ္လုပ္ေရး (E&P) လုပ္ငန္း၏ တန္ဖိုးကို ျမႇင့္တင္ရန္ ႏွင့္ ဖန္လုံအိမ္ ဓာတ္ေငြ႕ ထုတ္လုပ္မႈ သုည အဆင့္ ေရာက္ရွိေစေရး ၎၏ ရည္မွန္းခ်က္အရလည္း ျဖစ္ေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။
PTTEP ၏ လာမည့္ႏွစ္အတြက္ အဓိက အာ႐ုံစိုက္သည့္ လုပ္ငန္းမ်ားထဲတြင္ လက္ရွိထိုင္းႏိုင္ငံအတြင္းမွ လုပ္ကြက္မ်ား ျဖစ္ေသာ G1/61၊ G2/61၊ Arthit ႏွင့္ S1 တို႔မွ ထုတ္လုပ္မႈကို အမ်ားဆုံးရရွိရန္ အျပင္ ထိုင္းႏိုင္ငံသို႔ ပိုက္လိုင္းျဖင့္ ဓာတ္ေငြ႕ေပးပို႔ေနသည့္ ျမန္မာႏိုင္ငံကမ္းလြန္မွ ရတနာလုပ္ကြက္ ႏွင့္ ေဇာတိက လုပ္ကြက္၊ မေလးရွား-ထိုင္း ပူးေပါင္းဖြံ႕ၿဖိဳးေရးဧရိယာရွိ စီမံကိန္းမ်ားလည္း ပါဝင္သည္။
PTTEP ကုမၸဏီသည္ မေလးရွားကမ္းလြန္ရွိ SK 405B၊ SK 417 ႏွင့္ SK 438 စီမံကိန္းမ်ား၊ ျမန္မာႏိုင္ငံကမ္းလြန္ရွိ M3 စီမံကိန္း အပါအဝင္ ဖြံ႕ၿဖိဳးဆဲ စီမံကိန္းမ်ားကိုလည္း သတ္မွတ္ထားေသာ စတင္ထုတ္လုပ္မည့္ ပန္းတိုင္မ်ား ျပည့္မီ ေစရန္ စိတ္အားထက္သန္ေနေၾကာင္း လည္း သတင္းတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ၂၀၂၆ ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ မေလးရွား ႏိုင္ငံ၊ ယူေအအီးႏွင့္ အယ္လ္ဂ်ီးရီးယားတို႔တြင္ စူးစမ္းရွာေဖြျခင္း ႏွင့္ အကဲျဖတ္တြင္းမ်ား တူးေဖာ္ရန္ အေမရိကန္ ေဒၚလာ ၁၀၁ သန္း ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ထားေၾကာင္းလည္း သတင္းတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.