ပြည်သူများစက်သုံးဆီဝယ်ယူသုံးစွဲရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့နည်းသက်သာ စေရန်အတွက် သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမ အဆင့်ဖြစ်

1922

သုတကျော် (NP News) - ဒီဇင်ဘာ ၂၀
ပြည်သူများစက်သုံးဆီဝယ်ယူသုံးစွဲရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့နည်းသက်သာ စေရန်အတွက် သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမအဆင့်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) တွင် စက်ရုံသစ်တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ ဒီဇင်ဘာလ (၁၉) ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ရေနံချက်စက်ရုံသစ်ကြီးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးစေရေး၊ လုပ်ငန်းတစ်ခုချင်းစီ အလိုက် အပိုင်းလိုက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် တစ်ပြိုင်တည်း တည်ဆောက်ရမည့်လုပ်ငန်းကို သေချာစွာပြင်ဆင်၍ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့နည်းသက်သာစေရန်အတွက် Quick Win ဖြစ်စေမည့် Moduler Type စက်ရုံအား ပထမအဆင့်အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီး ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် သန်လျင်ရေနံချက်စက်ရုံသစ်စီမံကိန်းလုပ်ငန်းများနှင့် သီလဝါဆိပ်ကမ်းမှ စက်ပစ္စည်းများ၊ ဆက်စပ် ပစ္စည်းများ သယ်ယူရောက်ရှိ တပ်ဆင်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဖိအားမြင့် သဘာဝဓာတ်ငွေ့ CNG ကို ဖြန့်ဖြူးပေးရာတွင်လည်းကောင်း၊ စက်သုံးဆီများ ဖြန့်ဖြူးပေးရာ တွင် ကြီးကြပ်စစ်ဆေးပေးသည့် ဝန်ထမ်းများအနေဖြင့်လည်းကောင်း၊ ပြည်သူလူထုနစ်နာမှုမရှိစေရေး စေတနာ ထား၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုံးစွဲသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး၊ နစ်နာမှုမရှိစေရေးတို့ အတွက် ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော်စွာစစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းတို့ကိုလည်း ဝီရိယစိုက် ထုတ်၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္သူမ်ားစက္သုံးဆီဝယ္ယူသုံးစြဲရာတြင္ ေတြ႕ႀကဳံေနရသည့္အခက္အခဲမ်ားကို အျမန္ဆုံးေလ်ာ့နည္းသက္သာ ေစရန္အတြက္ သန္လ်င္ေရနံခ်က္စက္႐ုံစီမံကိန္းသည္ ပထမ အဆင့္ျဖစ္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၀
ျပည္သူမ်ားစက္သုံးဆီဝယ္ယူသုံးစြဲရာတြင္ ေတြ႕ႀကဳံေနရသည့္အခက္အခဲမ်ားကို အျမန္ဆုံးေလ်ာ့နည္းသက္သာ ေစရန္အတြက္ သန္လ်င္ေရနံခ်က္စက္႐ုံစီမံကိန္းသည္ ပထမအဆင့္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕ရွိ အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္) တြင္ စက္႐ုံသစ္တည္ေဆာက္ေနမႈ လုပ္ငန္းခြင္သို႔ ဒီဇင္ဘာလ (၁၉) ရက္က သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေရနံခ်က္စက္႐ုံသစ္ႀကီးအား သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ အျမန္ဆုံးၿပီးစီးေစေရး၊ လုပ္ငန္းတစ္ခုခ်င္းစီ အလိုက္ အပိုင္းလိုက္ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားအျပင္ တစ္ၿပိဳင္တည္း တည္ေဆာက္ရမည့္လုပ္ငန္းကို ေသခ်ာစြာျပင္ဆင္၍ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ စက္သုံးဆီဝယ္ယူသုံးစြဲရာတြင္ ေတြ႕ႀကဳံေနရသည့္အခက္အခဲမ်ားကို အျမန္ဆုံးေလ်ာ့နည္းသက္သာေစရန္အတြက္ Quick Win ျဖစ္ေစမည့္ Moduler Type စက္႐ုံအား ပထမအဆင့္အေနျဖင့္ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း၊ လုပ္ငန္းမ်ားအခ်ိန္မီၿပီးစီး ေရးအတြက္ တာဝန္ရွိသူအဆင့္ဆင့္က ၾကပ္မတ္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေနာက္ သန္လ်င္ေရနံခ်က္စက္႐ုံသစ္စီမံကိန္းလုပ္ငန္းမ်ားႏွင့္ သီလဝါဆိပ္ကမ္းမွ စက္ပစၥည္းမ်ား၊ ဆက္စပ္ ပစၥည္းမ်ား သယ္ယူေရာက္ရွိ တပ္ဆင္ၿပီးစီးမႈအေျခအေနကို သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။
ထို႔ေနာက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း တာဝန္ထမ္းေဆာင္ေနၾကသည့္ စြမ္းအင္ဝန္ႀကီးဌာန ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံၿပီး ဖိအားျမင့္ သဘာဝဓာတ္ေငြ႕ CNG ကို ျဖန႔္ျဖဴးေပးရာတြင္လည္းေကာင္း၊ စက္သုံးဆီမ်ား ျဖန႔္ျဖဴးေပးရာ တြင္ ႀကီးၾကပ္စစ္ေဆးေပးသည့္ ဝန္ထမ္းမ်ားအေနျဖင့္လည္းေကာင္း၊ ျပည္သူလူထုနစ္နာမႈမရွိေစေရး ေစတနာ ထား၍ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ သုံးစြဲသူျပည္သူမ်ား အႏၲရာယ္ကင္းရွင္းေစေရး၊ နစ္နာမႈမရွိေစေရးတို႔ အတြက္ ပုံမွန္စစ္ေဆးျခင္း၊ အခါအားေလ်ာ္စြာစစ္ေဆးျခင္း၊ ေရွာင္တခင္စစ္ေဆးျခင္းတို႔ကိုလည္း ဝီရိယစိုက္ ထုတ္၍ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း မွာၾကားၿပီး ဝန္ထမ္းမ်ား၏ တင္ျပခ်က္မ်ားကို တာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။