ကျိုက်မရောမြို့နယ်ရှိ မဲရုံတစ်ခုသို့ အကြမ်းဖက်အဖွဲ့က ဒရုန်းဗုံးဖြင့် နှောင့်ယှက် တိုက်ခိုက်

 2781

Pearl (NP News)-ဒီဇင်ဘာ ၂၈

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကျင်းပသည့် ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)၊ နေ့လည် (၁) နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကျုံကွယ်ကျေးရွာရှိ ခစတ(၁၀၂၁)၊ တပ်ရင်းခန်းမ၊ မဲရုံအမှတ်(၂)သို့ အကြမ်းဖက်အဖွဲ့မှ ဒရုန်းဗုံးဖြင့် နှောင့်ယှက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် တပ်ရင်းဗဟိုကင်းအနီးရှိ ရေကန်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။

အလားတူ ယနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း သို့လည်း မြင်ခြံမြို့၏ အနောက်ဘက် (၄)မိုင်ခန့်အကွာ လေးအိမ်တန်း ကျေးရွာဘက်မှ Fixed Wing Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခံခဲ့ရာ ထွေ/အုပ်ရုံးပြတင်းတံခါးမှန် (၇)ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာလ ၂၈ ရက်) တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း (၁၀၂) မြို့နယ်တွင် ကျင်းပလျက်ရှိရာ အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း မြို့နယ်အချို့တွင် အကြမ်းဖက်နှောက်ယှက်မှုများ‌ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Zawgyi Version:
က်ိဳက္မေရာၿမိဳ႕နယ္ရွိ မဲ႐ုံတစ္ခုသို႔ အၾကမ္းဖက္ အဖြဲ႕က ဒ႐ုန္းဗုံးျဖင့္ ေႏွာင့္ယွက္ တိုက္ခိုက္
Pearl (NP News)-ဒီဇင္ဘာ ၂၈

ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ ပထမပိုင္းက်င္းပသည့္ ယေန႔ (ဒီဇင္ဘာလ ၂၈ ရက္)၊ ေန႔လည္ (၁) နာရီခန႔္က မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕၊ က်ဳံကြယ္ေက်း႐ြာရွိ ခစတ(၁၀၂၁)၊ တပ္ရင္းခန္းမ၊ မဲ႐ုံအမွတ္(၂)သို႔ အၾကမ္းဖက္အဖြဲ႕မွ ဒ႐ုန္းဗုံးျဖင့္ ေႏွာင့္ယွက္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တိုက္ခိုက္မႈေၾကာင့္ တပ္ရင္းဗဟိုကင္းအနီးရွိ ေရကန္အနီး က်ေရာက္ေပါက္ကြဲခဲ့ၿပီး လူႏွင့္ အေဆာက္အဦထိခိုက္ပ်က္ဆီးမႈမရွိေၾကာင္း သိရသည္။

အလားတူ ယေန႔ မနက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕ ၊ အမွတ္(၂)ရပ္ကြက္အတြင္းရွိ ခ႐ိုင္/ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း သို႔လည္း ျမင္ၿခံၿမိဳ႕၏ အေနာက္ဘက္ (၄)မိုင္ခန႔္အကြာ ေလးအိမ္တန္း ေက်း႐ြာဘက္မွ Fixed Wing Drone ျဖင့္ Drop Bomb ပစ္ခ်တိုက္ခိုက္ခံခဲ့ရာ ေထြ/အုပ္႐ုံးျပတင္းတံခါးမွန္ (၇)ခ်ပ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ယေန႔(ဒီဇင္ဘာလ ၂၈ ရက္) တြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ ပထမပိုင္းကို ၿမိဳ႕နယ္ေပါင္း (၁၀၂) ၿမိဳ႕နယ္တြင္ က်င္းပလ်က္ရွိရာ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္လည္း ၿမိဳ႕နယ္အခ်ိဳ႕တြင္ အၾကမ္းဖက္ေႏွာက္ယွက္မႈမ်ား‌ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.