ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသား(၇၀၀)ကျော်ကို ပြန်လည် ခေါ်ဆောင်ထား

 7856

ထိုက်စံ (NP News) - ဇန်နဝါရီ ၂၇

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိုင်းငွေလိမ်လုပ်ငန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား(၇၀၀)ကျော်ကိုပြန်လည်ခေါ်ဆောင်ထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား( ၁၃၆) ဦးကိုပြီးခဲ့သည့်( ဇန်နဝါရီ ၂၃ ရက်) က မြန်မာ့လေကြောင်းလိုင်း (MAI)ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒုတိယအသုတ်အနေဖြင့် ပြီးခဲ့သည်(ဇန်နဝါရီ၂၅ရက်)ကလည်း မြန်မာနိုင်ငံသား (၄၃၀) ဦးကို မြန်မာ့လေကြောင်း လိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တတိယအသုတ်အဖြစ် ယမန်နေ့(ဇန်နဝါရီ ၂၆ ရက်) ကလည်း မြန်မာသံရုံးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၆၃) ဦးကို တပ်မတော်လေယာဉ်ဖြင့် ထပ်မံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ သား (၇၁) ဦးအား တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ထပ်မံ၍ယမန်နေ့၊ ညနေပိုင်းတွင်လည်း မြန်မာနိုင်ငံသား( ၉၂) ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) အထိ မြန်မာနိုင်ငံသား( ၇၂၉ )ဦးမြန်မားနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ကေမာၻဒီးယားရွိ အြန္လိုင္းေငြလိမ္လုပ္ငန္းတြင္ ပါဝင္ပတ္သက္သည့္ ျမန္မာႏိုင္ငံသား(၇၀၀)ေက်ာ္ကို ျပန္လည္ ေခၚေဆာင္ထား
ထိုက္စံ (NP News) - ဇန္နဝါရီ ၂၇
ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းေငြလိုင္းေငြလိမ္လုပ္ငန္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသား(၇၀၀)ေက်ာ္ကိုျပန္လည္ေခၚေဆာင္ထားၿပီးျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံ ျမန္မာသံ႐ုံးသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားအနက္ ပထမအသုတ္အေနျဖင့္ ျမန္မာႏိုင္ငံသား( ၁၃၆) ဦးကိုၿပီးခဲ့သည့္( ဇန္နဝါရီ ၂၃ ရက္) က ျမန္မာ့ေလေၾကာင္းလိုင္း (MAI)ျဖင့္ ျမန္မာႏိုင္ငံ၊ မႏၲေလးၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေခၚေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ဒုတိယအသုတ္အေနျဖင့္ ၿပီးခဲ့သည္(ဇန္နဝါရီ၂၅ရက္)ကလည္း ျမန္မာႏိုင္ငံသား (၄၃၀) ဦးကို ျမန္မာ့ေလေၾကာင္း လိုင္း (MAI) ႏွင့္ တပ္မေတာ္ေလယာဥ္မ်ားျဖင့္ မႏၲေလးၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္ ႏွင့္ တနသၤာရီတိုင္းေဒသ ႀကီး၊ ၿမိတ္ၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
တတိယအသုတ္အျဖစ္ ယမန္ေန႔(ဇန္နဝါရီ ၂၆ ရက္) ကလည္း ျမန္မာသံ႐ုံးသို႔ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသား (၁၆၃) ဦးကို တပ္မေတာ္ေလယာဥ္ျဖင့္ ထပ္မံ၍ ျပန္လည္ေခၚေဆာင္ေပးခဲ့ရာ ယမန္ေန႔ နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံ သား (၇၁) ဦးအား တပ္မေတာ္ေလယာဥ္ျဖင့္ ၿမိတ္ၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ထပ္မံ၍ယမန္ေန႔၊ ညေနပိုင္းတြင္လည္း ျမန္မာႏိုင္ငံသား( ၉၂) ဦးကို တပ္မေတာ္ေလယာဥ္ျဖင့္ ၿမိတ္ၿမိဳ႕သို႔ လည္းေကာင္း အသီးသီးျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္းသိရသည္။
ထိုသို႔ျပန္လည္ေခၚေဆာင္ခဲ့ရာ ယေန႔ (ဇန္နဝါရီ ၂၇ ရက္) အထိ ျမန္မာႏိုင္ငံသား( ၇၂၉ )ဦးျမန္မားႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.