ကုန်ဈေးနှုန်းဒဏ်ကြောင့် အိမ်ရှိပစ္စည်းများ ထုတ်ရောင်း၍ ငွေဖော်သူများပြားလာ

 1616

ကိုဖြိုး (NP News) ဖေဖော်ဝါရီ ၇

အခြေခံကုန်ဈေးနှုန်း အဆမတန်မြင့်မားလာသည့်ဒဏ်ကြောင့် မိသားစုစားဝတ်နေရေးဖြေရှင်းရန်အတွက် အိမ်သုံးပစ္စည်းများကို ပြန်လည်ရောင်းထုတ်ပြီး ငွေဖော်လာကြသူများ သိသိသာသာများပြားလာကြောင်း ပစ္စည်း ဟောင်း ဝယ်ယူသူများထံမှ သိရသည်။
လက်ရှိတွင် အလုပ်အကိုင်ရှားပါးခြင်း နှင့် ဝင်ငွေထက်ထွက်ငွေက ပိုမိုများပြားခြင်းကြောင့် စားဝတ်နေရေး နှင့် အရေးပေါ်ကျန်းမာရေးစရိတ်များအတွက် အိမ်ရှိ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ တီဗွီ၊ အဝတ်လျော်စက်၊ ဖုန်း နှင့် အခြားသောလျှပစ္စည်းများကို ထုတ်ရောင်းလာကြပြီး ဈေးနှုန်းအရလည်း ဝယ်ရင်းဈေးနှုန်းထက် အဆများစွာလျော့ ၍ ရောင်းချနေရကြောင်း သိရသည်။
"အရင်ကတော့ ပိုလို့ရောင်းတာမျိုးပဲရှိတာ။ အခုကတော့ ဒီလ ဆန်ဖိုး ဆီဖိုး မလောက်လို့ ရှိတဲ့ ရေခဲသေတ္တာလေး ထုတ်ရောင်းလိုက်ရတာ။ အရင်ဈေးနဲ့စာရင် အများကြီးအရှုံးခံရောင်းရပေမယ့် စားဖို့က အရေးကြီးနေတယ်" ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။
ယခင်က အသုံးမလိုသည့် အိမ်သုံးပစ္စည်းများကိုငွေဖော်ရာတွင် အပေါင်ဆိုင်များ၌ သွားရောက်ပေါင်နှံလေ့ရှိသော် လည်း ယခု အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေအမြန်လိုသော ခေါင်းစဉ်မျိုးဖြင့် ဈေးများ အဆမတန်လျော့ချရောင်းချနေသူ ခပ်စိပ်စိပ်မြင်တွေ့လာရကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဆိုသည်။
"ဈေးကွက်မှာလည်း အိမ်သုံးဟောင်းပစ္စည်းတွေ တွေ့လာရတယ်။ အရင်က အိမ်ပြောင်းလို့ပိုမှ ရောင်းကြတာ။ အခုက စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေတွေကြောင့် လာရောင်းတာ တော်တော်များတယ်။ လာရောင်း တာများတာက တီဗွီ၊ အောက်စက်၊ ရေခဲသေတ္တာ၊ အဲကွန်း၊ ဗီရို၊ စက်တီခုံ၊ တခြားပစ္စည်းတွေလည်း တော်တော်လေး တွေ့ရတယ်။ ဈေးကတော့ ပစ္စည်းကောင်းရင်ကောင်းသလို ဈေးကောင်းပေးဖြစ်တယ်" ဟု ပစ္စည်းဟောင်း ဝယ်ရောင်းလုပ်သူတစ်ဦးက ဆိုသည်။
ပစ္စည်းဟောင်းဈေးကွက်မှာလည်း အသစ်ဝယ်ယူခြင်းထက် တစ်ပတ်ရစ်ပစ္စည်းဟောင်းများကို လာရောက်ဝယ်ယူ သူ ပိုမိုများပြားလာခြင်းကြောင့် ပစ္စည်းဟောင်းရောင်းချသူများ ယခင်ထက် ပိုမိုအလုပ်ဖြစ်နေပြီး ရပ်ကွက်များ အတွင်းမှာလည်း ပစ္စည်းစုတ်၊ အသုံးမလိုသည့် အိမ်သုံးပစ္စည်းများကို လိုက်လံဝယ်ယူသည့် လူများလည်း ယခင်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

Zawgyi Version;
ကုန္ေဈးႏႈန္းဒဏ္ေၾကာင့္ အိမ္ရွိပစၥည္းမ်ား ထုတ္ေရာင္း၍ ေငြေဖာ္သူမ်ားျပားလာ
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ ၇
အေျခခံကုန္ေဈးႏႈန္း အဆမတန္ျမင့္မားလာသည့္ဒဏ္ေၾကာင့္ မိသားစုစားဝတ္ေနေရးေျဖရွင္းရန္အတြက္ အိမ္သုံးပစၥည္းမ်ားကို ျပန္လည္ေရာင္းထုတ္ၿပီး ေငြေဖာ္လာၾကသူမ်ား သိသိသာသာမ်ားျပားလာေၾကာင္း ပစၥည္း ေဟာင္း ဝယ္ယူသူမ်ားထံမွ သိရသည္။
လက္ရွိတြင္ အလုပ္အကိုင္ရွားပါးျခင္း ႏွင့္ ဝင္ေငြထက္ထြက္ေငြက ပိုမိုမ်ားျပားျခင္းေၾကာင့္ စားဝတ္ေနေရး ႏွင့္ အေရးေပၚက်န္းမာေရးစရိတ္မ်ားအတြက္ အိမ္ရွိ ေရခဲေသတၱာ၊ ေလေအးေပးစက္၊ တီဗြီ၊ အဝတ္ေလ်ာ္စက္၊ ဖုန္း ႏွင့္ အျခားေသာလွ်ပစၥည္းမ်ားကို ထုတ္ေရာင္းလာၾကၿပီး ေဈးႏႈန္းအရလည္း ဝယ္ရင္းေဈးႏႈန္းထက္ အဆမ်ားစြာေလ်ာ့ ၍ ေရာင္းခ်ေနရေၾကာင္း သိရသည္။
"အရင္ကေတာ့ ပိုလို႔ေရာင္းတာမ်ိဳးပဲရွိတာ။ အခုကေတာ့ ဒီလ ဆန္ဖိုး ဆီဖိုး မေလာက္လို႔ ရွိတဲ့ ေရခဲေသတၱာေလး ထုတ္ေရာင္းလိုက္ရတာ။ အရင္ေဈးနဲ႔စာရင္ အမ်ားႀကီးအရႈံးခံေရာင္းရေပမယ့္ စားဖို႔က အေရးႀကီးေနတယ္" ဟု ရန္ကုန္ၿမိဳ႕ေန အိမ္ရွင္မတစ္ဦးက ဆိုသည္။
ယခင္က အသုံးမလိုသည့္ အိမ္သုံးပစၥည္းမ်ားကိုေငြေဖာ္ရာတြင္ အေပါင္ဆိုင္မ်ား၌ သြားေရာက္ေပါင္ႏွံေလ့ရွိေသာ္ လည္း ယခု အြန္လိုင္းလူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ ေငြအျမန္လိုေသာ ေခါင္းစဥ္မ်ိဳးျဖင့္ ေဈးမ်ား အဆမတန္ေလ်ာ့ခ်ေရာင္းခ်ေနသူ ခပ္စိပ္စိပ္ျမင္ေတြ႕လာရေၾကာင္း လူမႈကြန္ရက္သုံးစြဲသူတစ္ဦးက ဆိုသည္။
"ေဈးကြက္မွာလည္း အိမ္သုံးေဟာင္းပစၥည္းေတြ ေတြ႕လာရတယ္။ အရင္က အိမ္ေျပာင္းလို႔ပိုမွ ေရာင္းၾကတာ။ အခုက စားဝတ္ေနေရး၊ က်န္းမာေရးအေျခအေနေတြေၾကာင့္ လာေရာင္းတာ ေတာ္ေတာ္မ်ားတယ္။ လာေရာင္း တာမ်ားတာက တီဗြီ၊ ေအာက္စက္၊ ေရခဲေသတၱာ၊ အဲကြန္း၊ ဗီ႐ို၊ စက္တီခုံ၊ တျခားပစၥည္းေတြလည္း ေတာ္ေတာ္ေလး ေတြ႕ရတယ္။ ေဈးကေတာ့ ပစၥည္းေကာင္းရင္ေကာင္းသလို ေဈးေကာင္းေပးျဖစ္တယ္" ဟု ပစၥည္းေဟာင္း ဝယ္ေရာင္းလုပ္သူတစ္ဦးက ဆိုသည္။
ပစၥည္းေဟာင္းေဈးကြက္မွာလည္း အသစ္ဝယ္ယူျခင္းထက္ တစ္ပတ္ရစ္ပစၥည္းေဟာင္းမ်ားကို လာေရာက္ဝယ္ယူ သူ ပိုမိုမ်ားျပားလာျခင္းေၾကာင့္ ပစၥည္းေဟာင္းေရာင္းခ်သူမ်ား ယခင္ထက္ ပိုမိုအလုပ္ျဖစ္ေနၿပီး ရပ္ကြက္မ်ား အတြင္းမွာလည္း ပစၥည္းစုတ္၊ အသုံးမလိုသည့္ အိမ္သုံးပစၥည္းမ်ားကို လိုက္လံဝယ္ယူသည့္ လူမ်ားလည္း ယခင္ထက္ ပိုမိုမ်ားျပားလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.