သာစည်မြို့နယ်တွင် တောင်သူများကို စိုက်ပျိုးရေရရှိရေးအတွက် ငွေကျပ် (၂၉၉) သန်းကျော် ချေးငွေထုတ်ပေး

169
စိမ့်စမ်းရေ (NP News) -ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် သာစည်မြို့နယ်ရှိ တောင်သူများကို ၂၉၉ ဒသမ ၅ သန်း ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆိုလာစနစ်သုံး စက်ရေတွင်းများ တူးဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မိတ္ထီလာခရိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ်ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၄) ရက်က သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မိတ္ထီလာခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုနောက် သာစည်မြို့နယ် တမာကုန်း၊ ကျည်းကန်၊ ညောင်အိုင်နှင့် ကမ္ဘာမြင့် ကျေးရွာများမှ တောင်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
သာစည္ၿမိဳ႕နယ္တြင္ ေတာင္သူမ်ားကို စိုက္ပ်ိဳးေရးေရရရွိေရးအတြက္ ေငြက်ပ္ (၂၉၉) သန္းေက်ာ္ ေခ်းေငြထုတ္ေပး
စိမ့္စမ္းေရ (NP News) -ေဖေဖာ္ဝါရီ ၇
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာခ႐ိုင္၊ သာစည္ၿမိဳ႕နယ္တြင္ စိုက္ပ်ိဳးေရးေရရရွိေရးအတြက္ သာစည္ၿမိဳ႕နယ္ရွိ ေတာင္သူမ်ားကို ၂၉၉ ဒသမ ၅ သန္း ေခ်းေငြထုတ္ေပးခဲ့ေၾကာင္း သိရသည္။
ဆိုလာစနစ္သုံး စက္ေရတြင္းမ်ား တူးေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန (ေရအရင္းအျမစ္) မိတၳီလာခ႐ိုင္မွ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြအျဖစ္ထုတ္ေခ်းျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေခ်းေငြထုတ္ေပးျခင္း အခမ္းအနားကို ေဖေဖာ္ဝါရီ (၄) ရက္က သာစည္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဧည့္ခန္းမ၌ က်င္းပခဲ့ၿပီး ၿမိဳ႕နယ္စီမံခန႔္ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီဝင္မ်ား၊ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန (ေရအရင္းအျမစ္) မိတၳီလာခ႐ိုင္မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုေနာက္ သာစည္ၿမိဳ႕နယ္ တမာကုန္း၊ က်ည္းကန္၊ ေညာင္အိုင္ႏွင့္ ကမာၻျမင့္ ေက်း႐ြာမ်ားမွ ေတာင္သူမ်ားကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေခ်းေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။