ရွှေဆိုင်လုပ်ငန်းမူဝါဒ၏ အားနည်းချက်များကို ပြန်လည် သုံးသပ်ပြုပြင်ရန် လိုဟုဆို

433

Pearl (NP News)-ဇန်နဝါရီ-၇
ရွှေဆိုင်များနှင့်ပတ်သက်၍ ချမှတ်ထားသည့်မူဝါဒများ၏ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပြုပြင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားထားသည်။
လတ်တလောတွင် နာမည်ကြီး ရွှေဆိုင် အပါအဝင် ရွှေဆိုင်လုပ်ငန်းအချို့အနေဖြင့် အစိုးရက သတ်မှတ်ထားသည့် အရောင်း/အဝယ်ပြေစာများဖြင့် ရောင်းချခြင်းမရှိဘဲ ဆိုင်အမှတ်တံဆိပ်ပင်မပါသည့် ပြေစာများဖြင့် ရွှေအလေးချိန်၊ ရွှေဈေးနှုန်းများကို မဖော်ပြဘဲ ကုတ်နံပါတ်အမှတ်အသားဖြင့် ရောင်းချမှုများရှိနေသည့်အပြင် Kpay ၊ AYA Pay နှင့် အခြား Mobile Banking များဖြင့် ငွေပေးချေခြင်း များကို လက်မခံခြင်း၊ လက်ခံသော်လည်း အပို ရာခိုင် နှုန်း အများအပြား ပေးဆောင်ရခြင်းများရှိနေကြောင်း သိရသည်။
“အစ်ကိုက တခြား Trading လည်း လုပ်တော့ ဘဏ်တွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်ရတယ်။ ဘဏ်တွေမှာ ငွေသားသွားထုတ်ရင်လည်း ဗဟိုဘဏ် ကချမှတ်ပေးထားတဲ့ Currency အရ သူတို့မှာလည်း ငွေတွေက အများကြီး မထုတ်ပေးနိုင်ဘူးပေါ့။ အဲဒါကို ရွှေပေါ့နော်။ ကမ္ဘာ့ရွှေဈေးကလည်း ကမောက်ကမဖြစ်တယ်။ မြန်မာ့ရွှေဈေးက သိတဲ့ အ တိုင်းပဲ။ ကျွန်တော်တို့ ရွှေသွားဝယ်တဲ့အချိန်မှာ Banking နဲ့ လက်မခံဘူး။ လုံးလုံးလက်မခံတာတော့ မဟုတ်ဘူး။ သိန်း(၁၀ဝဝ)ဆိုရင် (၁) သိန်း ပိုပြီးတော့ပေးရတယ်။ အဲဒါကျွန်တော် ကိုယ်တွေ့ပါ။ ရွှေဆိုင်တွေသာ ဒီလိုသာ Banking နဲ့ လက်မခံဘူးဆိုရင် ကြာရင် ဘဏ်တွေလည်း အခက်တွေ့မယ်၊ တခြားလုပ်ငန်းတွေလည်း အခက်တွေ့မယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။
ငွေကြေးဝန်ဆောင်မှု လိုင်စင်မရှိဘဲ ထိုသို့ Percentage အများအပြားကောက်ခံခြင်းသည် တရားမဝင်ကြောင်း၊ ၎င်းတို့ကို ထိရောက်စွာ အရေးယူသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။ ထို့ပြင် ရွှေဆိုင်လုပ် ငန်းများနှင့် ပတ်သက်သည့် မူဝါဒများ၏ အားနည်းချက်၊ ဟာကွက်များကို ပြန်လည်သုံးသပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
“ဘဏ်တွေဘက်မှာ ငွေသားထုတ်လို့ မရတဲ့အခြေအနေဖြစ်ရင် ရွှေလုပ်ငန်းရှင်တချို့က ဒီ Market ကို ကစားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အလေ့အထလို ဖြစ်နေတယ်။ နောက်ဆုံးတော့ End users ဖြစ်တဲ့ Consumer ဆီပဲ ထိတာပေါ့။ policy level ကနေပြီးတော့ တက်ပြီးတော့ ကြည့်ရရင်တော့ ချထားတဲ့မူဝါဒတွေမှာ အားနည်းချက်ရှိ သလားလို့ ပြန်ပြီး သုံးသပ်ဖို့လိုလိမ့်မယ်။ လုံလောက်တဲ့ မူဝါဒလုပ်ထုံးလုပ်နည်းမရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါ ပေါ်မှာ အရေးယူဆောင်ရွက်မှု ထိရောက်တဲ့ အရေးယူမှုမရှိရင် ထပ်ဖြစ်နေဦးမှာပဲ။ ဒီလိုမျိုးဖြစ် လာတဲ့အခါမှာ Black Market လို့ခေါ်တဲ့ မူမှန် မဟုတ်တဲ့ဟာတွေကလည်း ကြားထဲမှာ ပေါ်လာဦးမယ်။ ဥပမာ ငွေထုတ်ရခက်ပြီဆိုရင် ရှေ့မှာလည်း တစ်ခါကြုံခဲ့ပြီ။ အရေးယူမှာဆိုလည်း ထိထိရောက် ရောက် အရေးယူဖို့တော့ လိုပါလိမ့်မယ်။ နောက်ထပ် လည်း ဒီလိုတွေ မဖြစ်အောင် ဘယ်နေရာတွေမှာ မူဝါဒအားနည်းချက် ရှိနေတာလဲ၊ ဘယ်နေရာတွေမှာ ပျော့ကွက် ဟာကွက် ရှိနေတာလဲ အဲဒါတွေကို အမြန်ဆုံး တာဝန်ရှိသူတွေ နဲ့ပြုပြင်ကြဖို့ အကြံပြုလို ပါတယ်” ဟု ပြောသည်။
ထို့အတူ လက်ရှိတွင် ဒေါ်လာပေါက်ဈေး (၄၀၃၅) ကျပ်နှင့်အတူ ကမ္ဘာ့ရွှေဈေး တစ်အောင်စ လျှင် (၄၈၄၂ ဒသမ ၉၇) ဒေါ်လာ၊ ပြည်တွင်းရွှေဈေး (၁၀၃၅၀ဝဝဝ) ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး ဓာတ်သတ္တု (ရွှေ) ရည်ညွှန်း ဈေးသတ်မှတ်ရေးကော် မတီက (၁) ကျပ်သား (၁၆ ဒသမ ၃၂၉၃ ၂၅ဂရမ်)၏ဈေးနှုန်းကို (၆၉၀ဝဝဝ၀) ကျပ် သတ်မှတ် ထားသည်။
ထိုသို့ သတ်မှတ်ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ)ရောင်း ဝယ်သူများ အသင်း (YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း (အကယ်ဒမီ ရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ သည် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများဖြစ်လျက် ၎င်းတို့ကိုယ်တိုင် ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေ ရန်ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခဲ့ သည့်အတွက် ဥပဒေအရအရေးယူထားကြောင်း သိရသည်။ ဦးမျိုးမြင့်အနေဖြင့် (၂၀၂၆) ခုနှစ် ဇန်နဝါ ရီလအတွင်း အလေးချိန်စုစုပေါင်း (၇၀) ကျပ်သား (လက်ရှိ ပြင်ပပေါက်ဈေးတန်ဖိုး ကျပ် (၇၂၄ ဒသမ ၅သန်း) ရှိအခေါက်ရွှေတုံး (၈) တုံးကို ပြင်ပပေါက် ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ခဲ့ကြောင်း၊ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း ၏ရွှေဆိုင်များ၌ (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလနှင့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ (၉၇၀) ကျပ်သား(လက်ရှိ ပြင်ပပေါက် ဈေးတန်ဖိုး ကျပ် (၁၀ ဒသမ ဝ၃ ဘီလျံကျော်) ကို ပြင်ပပေါက် ဈေးနှုန်းဖြင့်ဝယ်ယူ၍ ရွှေ (၉၅၀) ကျပ်သား အမြတ် ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ ရွှေဆိုင်များ၌ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလနှင့် (၂၀၂၆)ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ (၃၁၉) ကျပ် သား (လက်ရှိ ပြင်ပပေါက်ဈေးတန်ဖိုး ကျပ် (၃ ဒသမ ၃ ဘီလျံကျော်) ကို ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ (၂၆၈) ကျပ်သားကို အမြတ်ရယူကာ ဈေး နှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊဆိုင္လုပ္ငန္းမူဝါဒ၏ အားနည္းခ်က္မ်ားကို ျပန္လည္ သုံးသပ္ျပဳျပင္ရန္ လိုဟုဆို
Pearl (NP News)-ဇန္နဝါရီ-၇
ေ႐ႊဆိုင္မ်ားႏွင့္ပတ္သက္၍ ခ်မွတ္ထားသည့္မူဝါဒမ်ား၏ အားနည္းခ်က္မ်ားကို ျပန္လည္သုံးသပ္၍ ျပဳျပင္ရန္ လိုအပ္ေၾကာင္း စီးပြားေရးလုပ္ ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားထားသည္။
လတ္တေလာတြင္ နာမည္ႀကီး ေ႐ႊဆိုင္ အပါအဝင္ ေ႐ႊဆိုင္လုပ္ငန္းအခ်ိဳ႕အေနျဖင့္ အစိုးရက သတ္မွတ္ထားသည့္ အေရာင္း/အဝယ္ေျပစာမ်ားျဖင့္ ေရာင္းခ်ျခင္းမရွိဘဲ ဆိုင္အမွတ္တံဆိပ္ပင္မပါသည့္ ေျပစာမ်ားျဖင့္ ေ႐ႊအေလးခ်ိန္၊ ေ႐ႊေဈးႏႈန္းမ်ားကို မေဖာ္ျပဘဲ ကုတ္နံပါတ္အမွတ္အသားျဖင့္ ေရာင္းခ်မႈမ်ားရွိေနသည့္အျပင္ Kpay ၊ AYA Pay ႏွင့္ အျခား Mobile Banking မ်ားျဖင့္ ေငြေပးေခ်ျခင္း မ်ားကို လက္မခံျခင္း၊ လက္ခံေသာ္လည္း အပို ရာခိုင္ ႏႈန္း အမ်ားအျပား ေပးေဆာင္ရျခင္းမ်ားရွိေနေၾကာင္း သိရသည္။
“အစ္ကိုက တျခား Trading လည္း လုပ္ေတာ့ ဘဏ္ေတြနဲ႔လည္း ခ်ိတ္ဆက္လုပ္ကိုင္ရတယ္။ ဘဏ္ေတြမွာ ေငြသားသြားထုတ္ရင္လည္း ဗဟိုဘဏ္ ကခ်မွတ္ေပးထားတဲ့ Currency အရ သူတို႔မွာလည္း ေငြေတြက အမ်ားႀကီး မထုတ္ေပးႏိုင္ဘူးေပါ့။ အဲဒါကို ေ႐ႊေပါ့ေနာ္။ ကမာၻ႔ေ႐ႊေဈးကလည္း ကေမာက္ကမျဖစ္တယ္။ ျမန္မာ့ေ႐ႊေဈးက သိတဲ့ အ တိုင္းပဲ။ ကြၽန္ေတာ္တို႔ ေ႐ႊသြားဝယ္တဲ့အခ်ိန္မွာ Banking နဲ႔ လက္မခံဘူး။ လုံးလုံးလက္မခံတာေတာ့ မဟုတ္ဘူး။ သိန္း(၁၀ဝဝ)ဆိုရင္ (၁) သိန္း ပိုၿပီးေတာ့ေပးရတယ္။ အဲဒါကြၽန္ေတာ္ ကိုယ္ေတြ႕ပါ။ ေ႐ႊဆိုင္ေတြသာ ဒီလိုသာ Banking နဲ႔ လက္မခံဘူးဆိုရင္ ၾကာရင္ ဘဏ္ေတြလည္း အခက္ေတြ႕မယ္၊ တျခားလုပ္ငန္းေတြလည္း အခက္ေတြ႕မယ္” ဟု ကုန္သည္တစ္ဦးက ေျပာသည္။
ေငြေၾကးဝန္ေဆာင္မႈ လိုင္စင္မရွိဘဲ ထိုသို႔ Percentage အမ်ားအျပားေကာက္ခံျခင္းသည္ တရားမဝင္ေၾကာင္း၊ ၎တို႔ကို ထိေရာက္စြာ အေရးယူသင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက ေျပာသည္။ ထို႔ျပင္ ေ႐ႊဆိုင္လုပ္ ငန္းမ်ားႏွင့္ ပတ္သက္သည့္ မူဝါဒမ်ား၏ အားနည္းခ်က္၊ ဟာကြက္မ်ားကို ျပန္လည္သုံးသပ္သင့္ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။
“ဘဏ္ေတြဘက္မွာ ေငြသားထုတ္လို႔ မရတဲ့အေျခအေနျဖစ္ရင္ ေ႐ႊလုပ္ငန္းရွင္တခ်ိဳ႕က ဒီ Market ကို ကစားတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အေလ့အထလို ျဖစ္ေနတယ္။ ေနာက္ဆုံးေတာ့ End users ျဖစ္တဲ့ Consumer ဆီပဲ ထိတာေပါ့။ policy level ကေနၿပီးေတာ့ တက္ၿပီးေတာ့ ၾကည့္ရရင္ေတာ့ ခ်ထားတဲ့မူဝါဒေတြမွာ အားနည္းခ်က္ရွိ သလားလို႔ ျပန္ၿပီး သုံးသပ္ဖို႔လိုလိမ့္မယ္။ လုံေလာက္တဲ့ မူဝါဒလုပ္ထုံးလုပ္နည္းမရွိတာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ အဲဒါ ေပၚမွာ အေရးယူေဆာင္႐ြက္မႈ ထိေရာက္တဲ့ အေရးယူမႈမရွိရင္ ထပ္ျဖစ္ေနဦးမွာပဲ။ ဒီလိုမ်ိဳးျဖစ္ လာတဲ့အခါမွာ Black Market လို႔ေခၚတဲ့ မူမွန္ မဟုတ္တဲ့ဟာေတြကလည္း ၾကားထဲမွာ ေပၚလာဦးမယ္။ ဥပမာ ေငြထုတ္ရခက္ၿပီဆိုရင္ ေရွ႕မွာလည္း တစ္ခါႀကဳံခဲ့ၿပီ။ အေရးယူမွာဆိုလည္း ထိထိေရာက္ ေရာက္ အေရးယူဖို႔ေတာ့ လိုပါလိမ့္မယ္။ ေနာက္ထပ္ လည္း ဒီလိုေတြ မျဖစ္ေအာင္ ဘယ္ေနရာေတြမွာ မူဝါဒအားနည္းခ်က္ ရွိေနတာလဲ၊ ဘယ္ေနရာေတြမွာ ေပ်ာ့ကြက္ ဟာကြက္ ရွိေနတာလဲ အဲဒါေတြကို အျမန္ဆုံး တာဝန္ရွိသူေတြ နဲ႔ျပဳျပင္ၾကဖို႔ အႀကံျပဳလို ပါတယ္” ဟု ေျပာသည္။
ထို႔အတူ လက္ရွိတြင္ ေဒၚလာေပါက္ေဈး (၄၀၃၅) က်ပ္ႏွင့္အတူ ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စ လွ်င္ (၄၈၄၂ ဒသမ ၉၇) ေဒၚလာ၊ ျပည္တြင္းေ႐ႊေဈး (၁၀၃၅၀ဝဝဝ) က်ပ္ေပါက္ေဈးျဖစ္ေပၚေနၿပီး ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္း ေဈးသတ္မွတ္ေရးေကာ္ မတီက (၁) က်ပ္သား (၁၆ ဒသမ ၃၂၉၃ ၂၅ဂရမ္)၏ေဈးႏႈန္းကို (၆၉၀ဝဝဝ၀) က်ပ္ သတ္မွတ္ ထားသည္။
ထိုသို႔ သတ္မွတ္ထုတ္ျပန္ထားေသာ္လည္း ရန္ကုန္တိုင္းေဒသႀကီး အဖိုးတန္ သတၱဳ (ေ႐ႊ)ေရာင္း ဝယ္သူမ်ား အသင္း (YGEA) မွ ဥကၠ႒ ဦးမ်ိဳးျမင့္ (သိန္းသန္း စိန္ေ႐ႊရတနာဆိုင္)၊ ဒုတိယဥကၠ႒(၁) ဦးမ်ိဳးသူဝင္း (အကယ္ဒမီ ေ႐ႊဆိုင္)ႏွင့္ အတြင္းေရးမႉး ဦးေနမ်ိဳးထက္(ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္)တို႔ သည္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ၾကပ္မတ္ထိန္း သိမ္းေဆာင္႐ြက္သြားရန္ တာဝန္ရွိသူမ်ားျဖစ္လ်က္ ၎တို႔ကိုယ္တိုင္ ေ႐ႊေဈးကြက္မတည္မၿငိမ္ျဖစ္ေစ ရန္ျပင္ပေ႐ႊေပါက္ေဈးႏႈန္းျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားကို ဝယ္ယူ/သိုေလွာင္ျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ခဲ့ သည့္အတြက္ ဥပေဒအရအေရးယူထားေၾကာင္း သိရသည္။ ဦးမ်ိဳးျမင့္အေနျဖင့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါ ရီလအတြင္း အေလးခ်ိန္စုစုေပါင္း (၇၀) က်ပ္သား (လက္ရွိ ျပင္ပေပါက္ေဈးတန္ဖိုး က်ပ္ (၇၂၄ ဒသမ ၅သန္း) ရွိအေခါက္ေ႐ႊတုံး (၈) တုံးကို ျပင္ပေပါက္ ေဈးျဖင့္ ဝယ္ယူခဲ့ၿပီး အျမတ္တင္ျပန္လည္ေရာင္းခ်ရန္ သိုေလွာင္ခဲ့ေၾကာင္း၊ ဦးမ်ိဳးသူဝင္းအေနျဖင့္ ၎ ၏ေ႐ႊဆိုင္မ်ား၌ (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊ (၉၇၀) က်ပ္သား(လက္ရွိ ျပင္ပေပါက္ ေဈးတန္ဖိုး က်ပ္ (၁၀ ဒသမ ဝ၃ ဘီလ်ံေက်ာ္) ကို ျပင္ပေပါက္ ေဈးႏႈန္းျဖင့္ဝယ္ယူ၍ ေ႐ႊ (၉၅၀) က်ပ္သား အျမတ္ ရယူကာ ေဈးႏႈန္းျမႇင့္တင္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း၊ အလားတူ ဦးေနမ်ိဳးထက္အေနျဖင့္ ၎၏ ေ႐ႊဆိုင္မ်ား၌ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလႏွင့္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊ (၃၁၉) က်ပ္ သား (လက္ရွိ ျပင္ပေပါက္ေဈးတန္ဖိုး က်ပ္ (၃ ဒသမ ၃ ဘီလ်ံေက်ာ္) ကို ျပင္ပေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူ၍ ေ႐ႊ (၂၆၈) က်ပ္သားကို အျမတ္ရယူကာ ေဈး ႏႈန္းျမႇင့္တင္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။