ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ရာ မာဒါဂါစကာ နိုင်ငံသို့ ဆန်အများဆုံးတင်ပို့ခဲ့

 217

စော(NP News)- ဖေဖော်ဝါရီ ၁၂

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၂၀၈၈၄၇)တန် တင်ပို့ ခဲ့ရာ မာဒါဂါစကာနိုင်ငံသို့ ဆန်အများဆုံးတင်ပို့ထားခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

ထိုသို့ ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၁၂၂၃၃၇)တန်ရှိခဲ့၍ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၈၆၅၁၀) တန်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတင်ပို့မှုများအနက် ပင်လယ်ရေကြောင်းမှတဆင့် မက်ထရစ်တန်ချိန် (၂၀၈၃၁၃)တန်ကို တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် (၅၃၄)တန်ကို တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

အဆိုပါတင်ပို့မှုအတွင် မာဒါဂါစကာနိုင်ငံသို့ ဆန်တင်ပို့မှုသည် မက်ထရစ်တန်ချိန် (၄၁၀၀၀)တန်ဖြင့် အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်၊ ပိုလန်၊ စပိန်၊ ချက်၊ တူရကီ၊ ဗီယက်နမ်၊ လစ်သူယေးနီးယား၊ အီလတီတို့အပြင် နိုင်ငံပေါင်း (၂၁)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၄၉၄၈၀)တန်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီးဘယ်လ်ဂျီယံ၊နယ်သာလန်၊ အမေရိကန်၊ ပိုလန်၊ စပိန်၊ လစ်သူယေးနီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဆလိုဗေးနီးယားနိုင်ငံတို့အပြင် အခြားနိုင်ငံ (၃)ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည်ဘဏ္ဍာနှစ် (၂၀၂၄-၂၅) ဧပြီမှ ဒီဇင်ဘာလအထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှုမှ ဒေါ်လာ (၆၃၆) သန်းရရှိခဲ့၍ ယခုဘဏ္ဍာနှစ် (၂၀၂၅-၂၀၂၆)တွင် ဒေါ် လာ (၆၇၅) သန်း ရရှိခဲ့ရာ အမေရိကန်ဒေါ်လာသန်း (၄၀) နီးပါးတိုးတက်လာကြောင်းသိရသည်။

Zawgyi version:

၂၀၂၅-၂၀၂၆ဘ႑ာေရးႏွစ္၊ ဇန္နဝါရီလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၂၀၈၈၄၇)တန္ တင္ပို႔ ခဲ့ရာ မာဒါဂါစကာႏိုင္ငံသို႔ ဆန္အမ်ားဆုံးတင္ပို႔ထားခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ထိုသို႔ ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ (၁၂၂၃၃၇)တန္ရွိခဲ့၍ ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၈၆၅၁၀) တန္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတင္ပို႔မႈမ်ားအနက္ ပင္လယ္ေရေၾကာင္းမွတဆင့္ မက္ထရစ္တန္ခ်ိန္ (၂၀၈၃၁၃)တန္ကို တင္ပို႔ခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးမွ မက္ထရစ္တန္ခ်ိန္ (၅၃၄)တန္ကို တင္ပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါတင္ပို႔မႈအတြင္ မာဒါဂါစကာႏိုင္ငံသို႔ ဆန္တင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၄၁၀၀၀)တန္ျဖင့္ အမ်ားဆုံးျဖစ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံ၊ တ႐ုတ္၊ ပိုလန္၊ စပိန္၊ ခ်က္၊ တူရကီ၊ ဗီယက္နမ္၊ လစ္သူေယးနီးယား၊ အီလတီတို႔အျပင္ ႏိုင္ငံေပါင္း (၂၁)ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၄၉၄၈၀)တန္ျဖင့္ အမ်ားဆုံးတင္ပို႔ခဲ့ၿပီးဘယ္လ္ဂ်ီယံ၊နယ္သာလန္၊ အေမရိကန္၊ ပိုလန္၊ စပိန္၊ လစ္သူေယးနီးယား၊ စင္ကာပူ၊ ဗီယက္နမ္၊ ဆလိုေဗးနီးယားႏိုင္ငံတို႔အျပင္ အျခားႏိုင္ငံ (၃)ကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည္ဘ႑ာႏွစ္ (၂၀၂၄-၂၅) ဧၿပီမွ ဒီဇင္ဘာလအထိ ဆန္ႏွင့္ ဆန္ကြဲျပည္ပတင္ပို႔မႈမွ ေဒၚလာ (၆၃၆) သန္းရရွိခဲ့၍ ယခုဘ႑ာႏွစ္ (၂၀၂၅-၂၀၂၆)တြင္ ေဒၚ လာ (၆၇၅) သန္း ရရွိခဲ့ရာ အေမရိကန္ေဒၚလာသန္း (၄၀) နီးပါးတိုးတက္လာေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.