ဘိလိယက်အားကစားတွင် ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်ခဲ့သည့် အသက်(၃)နှစ်အောက် ကောင်လေး

408

Pika (NP News) - ဖေဖော်ဝါရီလ ၁၂
အင်္ဂလန်နိုင်ငံမှ အသက်(၃)နှစ်အောက် ကလေးငယ်တစ်ဦးသည် (၃)နှစ်ပြည့်မွေးနေ့မတိုင်မီ ဘိလိယက်ထိုးသည့်အားကစားတွင် ဂင်းနစ်စံချိန်နှစ် ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
ဂျုဒ်အိုဝင်ဆို သည့်ကလေးသည် အသက်(၂)နှစ်နှင့် (၂၆၁)ရက်အရွယ်တွင် double pot ဘိလိယက်ထိုးနည်းကို ထိုး ပြနိုင်ခဲ့သည့် အသက်အငယ်ဆုံးလူအဖြစ် ဂင်းနစ်စံချိန်ကိုချိုးဖျက်ခဲ့ကြောင်းသိရသည်။
ဂင်းနစ်စံချိန်မှတ် တမ်းအဖွဲ့တာဝန်ရှိသူတစ်ဦးက " double pot ဆို တာက ဘိလိယက်ဘောလုံးနှစ်လုံးကို တစ်ကြိမ်တည်း ထိုးပြီး မတူညီတဲ့ကျွင်းပေါက်နှစ်ခုထဲကို ဝင်အောင် ထည့်သွင်းတာကို ပြောတာပဲဖြစ်ပါတယ် " ဟု ပြောဆို ခဲ့သည်။
ထို့နောက် ဂျုဒ်အိုဝင်သည် အသက် (၂)နှစ်နှင့် (၃၀၂)ရက်အရွယ်တွင် pool bank sho ဘိလိယက်ထိုးနည်းကို ထိုးနိုင်ခဲ့သည့် အသက်အငယ် အဆုံးလူအဖြစ် ဂင်းနစ်စံချိန်ကို ထပ်မံချိုးဖျက်ခဲ့ ကြောင်းသိရသည်။ ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက " pool bank sho ဆိုတာ ကျွင်း ပေါက်ထဲကို တိုက်ရိုက်ဝင်အောင်ထိုးတာမျိုးမဟုတ်ဘဲ ဘိလိယက်သီးကို ဘေးဘောင်တစ်ခုကိုထောက် ပြီးတော့ ကျွင်းပေါက်ထဲကိုဝင်သွားအောင်ထည့်တဲ့ ထိုးနည်းတစ်ခုပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဂျုဒ် အိုဝင်က ကျူတံကိုစတင်ကိုင်ခဲ့သည့်အချိန်မှစတင် ပြီး ၎င်းက ဘိလိယက်အားကစားတွင် ထူးချွန်လာလိမ့် မည်ဟုထင်ခဲ့ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ထုတ်ပြန် ပြောဆိုခဲ့သည်။

Zawgyi Version:
ဘိလိယက္အားကစားတြင္ ဂင္းနစ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ခဲ့သည့္ အသက္(၃)ႏွစ္ေအာက္ ေကာင္ေလး
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၂
အဂၤလန္ႏိုင္ငံမွ အသက္(၃)ႏွစ္ေအာက္ ကေလးငယ္တစ္ဦးသည္ (၃)ႏွစ္ျပည့္ေမြးေန႔မတိုင္မီ ဘိလိယက္ထိုးသည့္အားကစားတြင္ ဂင္းနစ္စံခ်ိန္ႏွစ္ ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
ဂ်ဳဒ္အိုဝင္ဆို သည့္ကေလးသည္ အသက္(၂)ႏွစ္ႏွင့္ (၂၆၁)ရက္အ႐ြယ္တြင္ double pot ဘိလိယက္ထိုးနည္းကို ထိုး ျပႏိုင္ခဲ့သည့္ အသက္အငယ္ဆုံးလူအျဖစ္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။
ဂင္းနစ္စံခ်ိန္မွတ္ တမ္းအဖြဲ႕တာဝန္ရွိသူတစ္ဦးက " double pot ဆို တာက ဘိလိယက္ေဘာလုံးႏွစ္လုံးကို တစ္ႀကိမ္တည္း ထိုးၿပီး မတူညီတဲ့ကြၽင္းေပါက္ႏွစ္ခုထဲကို ဝင္ေအာင္ ထည့္သြင္းတာကို ေျပာတာပဲျဖစ္ပါတယ္ " ဟု ေျပာဆို ခဲ့သည္။
ထို႔ေနာက္ ဂ်ဳဒ္အိုဝင္သည္ အသက္ (၂)ႏွစ္ႏွင့္ (၃၀၂)ရက္အ႐ြယ္တြင္ pool bank sho ဘိလိယက္ထိုးနည္းကို ထိုးႏိုင္ခဲ့သည့္ အသက္အငယ္ အဆုံးလူအျဖစ္ ဂင္းနစ္စံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ခဲ့ ေၾကာင္းသိရသည္။ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ တာ ဝန္ရွိသူတစ္ဦးက " pool bank sho ဆိုတာ ကြၽင္း ေပါက္ထဲကို တိုက္႐ိုက္ဝင္ေအာင္ထိုးတာမ်ိဳးမဟုတ္ဘဲ ဘိလိယက္သီးကို ေဘးေဘာင္တစ္ခုကိုေထာက္ ၿပီးေတာ့ ကြၽင္းေပါက္ထဲကိုဝင္သြားေအာင္ထည့္တဲ့ ထိုးနည္းတစ္ခုပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ဂ်ဳဒ္ အိုဝင္က က်ဴတံကိုစတင္ကိုင္ခဲ့သည့္အခ်ိန္မွစတင္ ၿပီး ၎က ဘိလိယက္အားကစားတြင္ ထူးခြၽန္လာလိမ့္ မည္ဟုထင္ခဲ့ေၾကာင္း ၎၏ဖခင္ျဖစ္သူက ထုတ္ျပန္ ေျပာဆိုခဲ့သည္။