(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)အတွက် ပွဲကြိုသုံးသပ်ချက်များ

252

ရဲထက် (NP News) - ဖေဖော်ဝါရီလ ၁၂
ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာတော့ အသင်း ကြီးတွေရဲ့ပြိုင်ဆိုင်မှုတွေကို စောင့်ကြည့်ရဖို့ရှိနေပြီး အရေးကြီးလာတဲ့ပွဲစဉ်တွေဖြစ်တာကြောင့် နိုင်ပွဲရဖို့ အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေကိုပါ ကြည့်ရှုသွားရဖို့ လည်းရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းက ဦးဆောင်ထားနိုင်ဆဲဖြစ်ပေမယ့် မန်စီးတီး အသင်းနဲ့ အက်စတွန်ဗီလာတို့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေကြောင့် ချန်ပီယံဆုအတွက် ဖိအားဝင်နေ ဆဲဖြစ်ပြီး အမှားခံလို့မရတဲ့ပွဲစဉ်တွေဖြစ်လာပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေ ရာအတွက်ကလည်း လက်ရှိအချိန်အထိ သေချာမှုမရှိ သေးသလို ပြိုင်ဆိုင်မှုပေါင်းများစွာနဲ့ ရင်ခုန်စွာစောင့် ကြည့်ရမယ့်အနေအထားမှာရှိနေပြီး ရာသီကုန်အထိ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။ ဒီရာသီ ပရီးမီးယား လိဂ်ကတော့ အသင်းကြီး(၅)သင်းအထိ ထိပ်ဆုံးနေ ရာမှာရပ်တည်နေတဲ့ရာသီဖြစ်ပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင်တိုက်ပွဲဝင်ကြမှာဖြစ်သလို ဥရောပဝင် ခွင့်တစ်နေရာအတွက်လည်း တကယ်ကိုကြည့် ကောင်းမယ့်ပွဲစဉ်တွေကို စောင့်ကြည့်သွားရဖို့ရှိနေ ပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်(၂၆)ရဲ့ ဒီနေ့ည ကစားကြမယ့်အကောင်းဆုံးပွဲစဉ် (၂) ပွဲကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။
မန်စီးတီး Vs ဖူဟမ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖူဟမ် ၄ - ၅ မန်စီးတီး (၃ - ၁၂ -၂၀၂၅)
ဖူဟမ် ဝ - ၂ မန်စီးတီး (၂၅ - ၅ -၂၀၂၅)
မန်စီးတီး ၃ - ၂ ဖူဟမ် (၅ - ၁၀ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ - ၁ ဖူဟမ်
မန်စီးတီး ၃ - ၂ ဖူဟမ်
မန်စီးတီးအသင်းဟာ (၂၀၂၆) ထဲကို ရောက်လာချိန်မှာ နိုင်ပွဲရဖို့ ရုန်းကန်လာရတာကိုတွေ့ ရပြီး ကစားပုံအနည်းငယ်ကျဆင်းလာတာကို တွေ့ရ ပါတယ်။ တကယ်တမ်းပြောရရင် မန်စီးတီးအသင်းရဲ့ ခြေစွမ်းပိုင်းက မန်ယူအသင်းကိုရှုံးပြီးကတည်းက ခြေစွမ်းပိုင်းမှာကျဆင်းသွားသလို နိုင်ပွဲရဖို့နဲ့ သွင်း ဂိုးရယူမှုပိုင်းမှာပါ လိုအပ်ချက်တွေရှိလာတယ်လို့ဆိုနိုင်ပါတယ်။ နည်းပြ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်း ဆိုတဲ့ အရှိန်အဝါသာမရှိရင် မန်စီးအသင်းရဲ့ ခြေစွမ်း ပိုင်းဟာ (၂၀၂၆)ခုနှစ်အတွင်းမှာ အလယ်အလတ် အသင်းလောက်သာ ခြေစွမ်းပြထားနိုင်တယ်လို့ဆို နိုင်ပါတယ်။ နောက်ထပ်စိုးရိမ်စရာအချက်က အာ ဆင်နယ်အသင်းနဲ့ ချန်ပီယံဆုကို စိန်ခေါ်နေချိန်မှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဘင် ဒီယက်ဒ်နဲ့ ဗယ် ဗာဒီယိုတို့ ဒဏ်ရာရနေတာက မန်စီးတီးအသင်း အတွက် ခေါင်းခဲစရာဖြစ်ပြီး နိုင်ပွဲတွေထက် ဂိုးမပေးရ ရေးကို ပိုအာရုံစိုက်လာရဖို့များနေပါတယ်။ ဒီခြေစွမ်း အတိုင်းသာဆက်သွားရင် မန်စီးတီးအသင်းက ရမှတ်ကွာဟမှုကြောင့် နောက်ကလိုက်ကစားရချိန်မှာ အမှားတွေကိုသာ ဆက်လုပ်လာမယ်ဆိုရင် အာဆင် နယ်အသင်းက ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ရှိနေပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်ကနေစပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ နိုင်ပွဲရထားနိုင်မှသာ အာဆင်နယ် အသင်းကို အကောင်းဆုံးဖိအားပေးထားနိုင်မှာလည်း ဖြစ်ပါတယ်။ ဖူဟမ်အသင်းကလည်း အသင်းကြီး တွေကို ယှဉ်ကန်နိုင်တဲ့ ခြေစွမ်းခြေစမျိုးရှိနေတာ ကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် အိမ် ကွင်းမှာ နိုင်ပွဲရမယ်ဆိုရင်တောင် အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့လာရဖို့လည်းရှိနေပါတယ်။
ဘရန်းဖို့ဒ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ဝ ဘရန်းဖို့ဒ် (၄ - ၁၂ -၂၀၂၅)
အာဆင်နယ် ၁ - ၁ ဘရန်းဖို့ဒ် (၁၂ - ၄ -၂၀၂၅)
ဘရန်းဖို့ဒ် ၁ - ၃ အာဆင်နယ် (၂ - ၁ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘရန်းဖို့ဒ် ၂-၃ အာဆင်နယ်
ဘရန်းဖို့ဒ် ၁-၂ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲစဉ်ပြီးရင် စပါးစ်အသင်းနဲ့ ချဲလ်ဆီးအသင်းတွေကို ဆက်တိုက် ရင်ဆိုင်ရမှာဖြစ်တာကြောင့် မဖြစ်မနေ နိုင်ပွဲရဖို့လို အပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ မနှစ်တုန်းက အမှားတွေကို ဒီရာသီမှာ ဆက်တိုက် အမှားအနည်းဆုံးဖြစ်အောင် ကစားပြလာနိုင်တာ တွေ့ရပြီး ခြေစွမ်းပိုင်းကလည်း ကျဆင်းသွားတာမျိုး မတွေ့ရပါဘူး။ ဒါ့ပြင် အာဆင်နယ်အသင်းရဲ့ ဒီနှစ်ကံ တရားကလည်း ချန်ပီယံဖြစ်ဖို့ ကံပါလာတယ်လို့ ပြော လို့ရနေပြီး မန်စီးတီးအသင်းနဲ့ အက်စတွန်ဗီလာ အသင်းတို့ရဲ့ အမှားတွေကြောင့်လည်း အာဆင်နယ် အသင်းက လက်တစ်ကမ်းအလိုကို ရောက်ရှိလာတာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့ ကွင်းလယ်ပိုင်းမှာ ရာသီ ကုန်အထိ အနားယူရဖို့ရှိနေတဲ့ မိုလီနိုနဲ့ ဆာကာ ကလည်း ဒဏ်ရာအနည်းငယ်ရထားတာကြောင့် အာဆင်နယ်အသင်းအတွက် အနည်းငယ်စိုးရိမ်စရာအချက်တစ်ခုဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲ ချန်ပီယံ လိဂ်မှာလည်း အာဆင်နယ်အသင်းက ရေပန်းအစား ဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး (၁၆)သင်းရှုံးထွက် ထိပ်ဆုံး(၈)သင်းထဲမှာ ပါဝင်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီး ယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို မျှော် မှန်းနိုင်ဖို့လည်းရှိနေပါတယ်။ ဘရန်းဖို့ဒ်အသင်းက တော့ ဒီရာသီအစပိုင်းမှာ ခြေစွမ်းကျဆင်းနေတဲ့အသင်းဖြစ်ပေမယ့် ရာသီဝက်ကျော်လာချိန်မှာ ခြေစွမ်း ပြန်ကောင်းလာတဲ့အပြင် ယူရိုပါလိဂ်ဝင်ခွင့်အတွက်ပါ အခြေအနေကောင်းနေတာကြောင့် ဒီပွဲစဉ်က အာ ဆင်နယ်အသင်း နိုင်ပွဲရဖို့ မလွယ်ကူတဲ့ ပွဲစဉ်ဖြစ်ပါ တယ်။ ဒါကြောင့် သရေကျဖို့များပြီး အာဆင်နယ်နိုင် ရင်တောင် ဂိုးမပြတ်ပါဘူး။
၁၂ - ၂ - ၂၀၂၆ (ကြာသပတေးနေ့)
နံနက် (၂းဝဝ) မန်စီးတီး Vs ဖူဟမ်
၁၃ - ၂ - ၂၀၂၆ (သောကြာနေ့)
နံနက် (၂း၃၀) ဘရန်းဖို့ဒ် Vs အာဆင်နယ်

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၂၆)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီလ ၁၂
ပရီးမီးယားလိဂ္ပြဲစဥ္(၂၆)မွာေတာ့ အသင္း ႀကီးေတြရဲ႕ၿပိဳင္ဆိုင္မႈေတြကို ေစာင့္ၾကည့္ရဖို႔ရွိေနၿပီး အေရးႀကီးလာတဲ့ပြဲစဥ္ေတြျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္မႈေတြကိုပါ ၾကည့္ရႈသြားရဖို႔ လည္းရွိေနပါတယ္။ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ အသင္းက ဦးေဆာင္ထားႏိုင္ဆဲျဖစ္ေပမယ့္ မန္စီးတီး အသင္းနဲ႔ အက္စတြန္ဗီလာတို႔ရဲ႕ စြမ္းေဆာင္ရည္ ေကာင္းေတြေၾကာင့္ ခ်န္ပီယံဆုအတြက္ ဖိအားဝင္ေန ဆဲျဖစ္ၿပီး အမွားခံလို႔မရတဲ့ပြဲစဥ္ေတြျဖစ္လာပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေန ရာအတြက္ကလည္း လက္ရွိအခ်ိန္အထိ ေသခ်ာမႈမရွိ ေသးသလို ၿပိဳင္ဆိုင္မႈေပါင္းမ်ားစြာနဲ႔ ရင္ခုန္စြာေစာင့္ ၾကည့္ရမယ့္အေနအထားမွာရွိေနၿပီး ရာသီကုန္အထိ ယွဥ္ၿပိဳင္သြားရဖို႔ရွိေနပါတယ္။ ဒီရာသီ ပရီးမီးယား လိဂ္ကေတာ့ အသင္းႀကီး(၅)သင္းအထိ ထိပ္ဆုံးေန ရာမွာရပ္တည္ေနတဲ့ရာသီျဖစ္ၿပီး ခ်န္ပီယံဆုအတြက္ အၿပိဳင္အဆိုင္တိုက္ပြဲဝင္ၾကမွာျဖစ္သလို ဥေရာပဝင္ ခြင့္တစ္ေနရာအတြက္လည္း တကယ္ကိုၾကည့္ ေကာင္းမယ့္ပြဲစဥ္ေတြကို ေစာင့္ၾကည့္သြားရဖို႔ရွိေန ပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္(၂၆)ရဲ႕ ဒီေန႔ည ကစားၾကမယ့္အေကာင္းဆုံးပြဲစဥ္ (၂) ပြဲကို ေ႐ြးခ်ယ္သုံးသပ္ေပးသြားခ်င္ပါတယ္။
မန္စီးတီး Vs ဖူဟမ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဖူဟမ္ ၄ - ၅ မန္စီးတီး (၃ - ၁၂ -၂၀၂၅)
ဖူဟမ္ ဝ - ၂ မန္စီးတီး (၂၅ - ၅ -၂၀၂၅)
မန္စီးတီး ၃ - ၂ ဖူဟမ္ (၅ - ၁၀ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ - ၁ ဖူဟမ္
မန္စီးတီး ၃ - ၂ ဖူဟမ္
မန္စီးတီးအသင္းဟာ (၂၀၂၆) ထဲကို ေရာက္လာခ်ိန္မွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္လာရတာကိုေတြ႕ ရၿပီး ကစားပုံအနည္းငယ္က်ဆင္းလာတာကို ေတြ႕ရ ပါတယ္။ တကယ္တမ္းေျပာရရင္ မန္စီးတီးအသင္းရဲ႕ ေျခစြမ္းပိုင္းက မန္ယူအသင္းကိုရႈံးၿပီးကတည္းက ေျခစြမ္းပိုင္းမွာက်ဆင္းသြားသလို ႏိုင္ပြဲရဖို႔နဲ႔ သြင္း ဂိုးရယူမႈပိုင္းမွာပါ လိုအပ္ခ်က္ေတြရွိလာတယ္လို႔ဆိုႏိုင္ပါတယ္။ နည္းျပ ဂြာဒီယိုလာနဲ႔ မန္စီးတီးအသင္း ဆိုတဲ့ အရွိန္အဝါသာမရွိရင္ မန္စီးအသင္းရဲ႕ ေျခစြမ္း ပိုင္းဟာ (၂၀၂၆)ခုႏွစ္အတြင္းမွာ အလယ္အလတ္ အသင္းေလာက္သာ ေျခစြမ္းျပထားႏိုင္တယ္လို႔ဆို ႏိုင္ပါတယ္။ ေနာက္ထပ္စိုးရိမ္စရာအခ်က္က အာ ဆင္နယ္အသင္းနဲ႔ ခ်န္ပီယံဆုကို စိန္ေခၚေနခ်ိန္မွာ ခံစစ္ကစားသမားေတြျဖစ္တဲ့ ႐ူဘင္ ဒီယက္ဒ္နဲ႔ ဗယ္ ဗာဒီယိုတို႔ ဒဏ္ရာရေနတာက မန္စီးတီးအသင္း အတြက္ ေခါင္းခဲစရာျဖစ္ၿပီး ႏိုင္ပြဲေတြထက္ ဂိုးမေပးရ ေရးကို ပိုအာ႐ုံစိုက္လာရဖို႔မ်ားေနပါတယ္။ ဒီေျခစြမ္း အတိုင္းသာဆက္သြားရင္ မန္စီးတီးအသင္းက ရမွတ္ကြာဟမႈေၾကာင့္ ေနာက္ကလိုက္ကစားရခ်ိန္မွာ အမွားေတြကိုသာ ဆက္လုပ္လာမယ္ဆိုရင္ အာဆင္ နယ္အသင္းက ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ဖို႔ရွိေနပါ တယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကေနစၿပီး ေနာက္လာမယ့္ ပြဲစဥ္ေတြမွာ ႏိုင္ပြဲရထားႏိုင္မွသာ အာဆင္နယ္ အသင္းကို အေကာင္းဆုံးဖိအားေပးထားႏိုင္မွာလည္း ျဖစ္ပါတယ္။ ဖူဟမ္အသင္းကလည္း အသင္းႀကီး ေတြကို ယွဥ္ကန္ႏိုင္တဲ့ ေျခစြမ္းေျခစမ်ိဳးရွိေနတာ ေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ အိမ္ ကြင္းမွာ ႏိုင္ပြဲရမယ္ဆိုရင္ေတာင္ အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႕လာရဖို႔လည္းရွိေနပါတယ္။
ဘရန္းဖို႔ဒ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ဝ ဘရန္းဖို႔ဒ္ (၄ - ၁၂ -၂၀၂၅)
အာဆင္နယ္ ၁ - ၁ ဘရန္းဖို႔ဒ္ (၁၂ - ၄ -၂၀၂၅)
ဘရန္းဖို႔ဒ္ ၁ - ၃ အာဆင္နယ္ (၂ - ၁ -၂၀၂၅)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘရန္းဖို႔ဒ္ ၂-၃ အာဆင္နယ္
ဘရန္းဖို႔ဒ္ ၁-၂ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီပြဲစဥ္ၿပီးရင္ စပါးစ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းေတြကို ဆက္တိုက္ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ မျဖစ္မေန ႏိုင္ပြဲရဖို႔လို အပ္ေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ မႏွစ္တုန္းက အမွားေတြကို ဒီရာသီမွာ ဆက္တိုက္ အမွားအနည္းဆုံးျဖစ္ေအာင္ ကစားျပလာႏိုင္တာ ေတြ႕ရၿပီး ေျခစြမ္းပိုင္းကလည္း က်ဆင္းသြားတာမ်ိဳး မေတြ႕ရပါဘူး။ ဒါ့ျပင္ အာဆင္နယ္အသင္းရဲ႕ ဒီႏွစ္ကံ တရားကလည္း ခ်န္ပီယံျဖစ္ဖို႔ ကံပါလာတယ္လို႔ ေျပာ လို႔ရေနၿပီး မန္စီးတီးအသင္းနဲ႔ အက္စတြန္ဗီလာ အသင္းတို႔ရဲ႕ အမွားေတြေၾကာင့္လည္း အာဆင္နယ္ အသင္းက လက္တစ္ကမ္းအလိုကို ေရာက္ရွိလာတာ ကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ကြင္းလယ္ပိုင္းမွာ ရာသီ ကုန္အထိ အနားယူရဖို႔ရွိေနတဲ့ မိုလီႏိုနဲ႔ ဆာကာ ကလည္း ဒဏ္ရာအနည္းငယ္ရထားတာေၾကာင့္ အာဆင္နယ္အသင္းအတြက္ အနည္းငယ္စိုးရိမ္စရာအခ်က္တစ္ခုျဖစ္ပါတယ္။ ဥေရာပၿပိဳင္ပြဲ ခ်န္ပီယံ လိဂ္မွာလည္း အာဆင္နယ္အသင္းက ေရပန္းအစား ဆုံးအသင္းေတြထဲမွာ ပါဝင္ေနၿပီး (၁၆)သင္းရႈံးထြက္ ထိပ္ဆုံး(၈)သင္းထဲမွာ ပါဝင္ထားၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီး ယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ေမွ်ာ္ မွန္းႏိုင္ဖို႔လည္းရွိေနပါတယ္။ ဘရန္းဖို႔ဒ္အသင္းက ေတာ့ ဒီရာသီအစပိုင္းမွာ ေျခစြမ္းက်ဆင္းေနတဲ့အသင္းျဖစ္ေပမယ့္ ရာသီဝက္ေက်ာ္လာခ်ိန္မွာ ေျခစြမ္း ျပန္ေကာင္းလာတဲ့အျပင္ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ပါ အေျခအေနေကာင္းေနတာေၾကာင့္ ဒီပြဲစဥ္က အာ ဆင္နယ္အသင္း ႏိုင္ပြဲရဖို႔ မလြယ္ကူတဲ့ ပြဲစဥ္ျဖစ္ပါ တယ္။ ဒါေၾကာင့္ သေရက်ဖို႔မ်ားၿပီး အာဆင္နယ္ႏိုင္ ရင္ေတာင္ ဂိုးမျပတ္ပါဘူး။
၁၂ - ၂ - ၂၀၂၆ (ၾကာသပေတးေန႔)
နံနက္ (၂းဝဝ) မန္စီးတီး Vs ဖူဟမ္
၁၃ - ၂ - ၂၀၂၆ (ေသာၾကာေန႔)
နံနက္ (၂း၃၀) ဘရန္းဖို႔ဒ္ Vs အာဆင္နယ္