မွေးနေ့တွင် ဝမ်သန်း(၁၀၀)လှူဒါန်းခဲ့သည့် Stray Kidsအဖွဲ့ဝင် I.N

139

Pika (NP News) - ဖေဖော်ဝါရီလ ၁၂
တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Stray Kids၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ I.N သည် ၎င်း၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ဝမ်သန်း(၁၀၀)လှူဒါန်းခဲ့ကြောင်းသိရသည်။ I.N သည် မွေးနေ့အလှူအဖြစ် အမျိုးသားကင်ဆာစင်တာကို စုစုပေါင်းဝမ်သန်း(၁၀၀)လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ I.N၏လှူဒါန်းမှုကို ကုသမှုခံယူနေသော ဆင်းရဲချို့တဲ့သည့် ကင်ဆာဝေဒနာရှင်များအတွက် ဆေးကုသစရိတ်များကာမိစေရန်အပြင် ကင်ဆာရောဂါခံစားနေရသော ကလေးများနှင့် ဆယ်ကျော်သက်များအတွက် စိတ်ပိုင်းဆိုင်ရာကုထုံးအစီအစဉ်များ ထောက်ပံ့ရန်အသုံးပြုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ I.N က”ဒီလှူဒါန်းမှုက ကာလရှည်ကြာစွာဆေးကုသနေရတဲ့လူတွေအတွက် နွေးထွေးမှုအနည်းငယ်လေးဖြစ်ဖြစ် ယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ဒီလှူဒါန်းမှုက ကင်ဆာရောဂါသည်တွေအားလုံးအတွက် မျှော်လင့်ချက်နဲ့သတ္တိတွေကို ပေးစွမ်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။သူတို့အားလုံး အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ ကျွန်တော်ဆုတောင်းပါတယ်။”ဟုပြောဆိုခဲ့သည်။ပြီးခဲ့သည့်နှစ်များအတွင်း I.Nသည် လှူဒါန်းမှုအများအပြားကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။(၂၀၂၄)ခုနှစ်တွင် I.Nသည် ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အစည်း ChildFund Koreaက ဝမ်သန်း(၁၀၀)ကျော်လှူဒါန်းသူများအတွက် စုစည်းထားသော တန်ဖိုးမြင့်လှူဒါန်းသူအဖွဲ့တစ်ခုဖြစ်သည့် ‘Green Noble Club’ ၏ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
ေမြးေန႔တြင္ ဝမ္သန္း(၁၀၀)လႉဒါန္းခဲ့သည့္ Stray Kidsအဖြဲ႕ဝင္ I.N
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၂
ေတာင္ကိုရီးယား အမ်ိဳးသားအဆိုေတာ္အဖြဲ႕ Stray Kids၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ I.N သည္ ၎၏ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ဝမ္သန္း(၁၀၀)လႉဒါန္းခဲ့ေၾကာင္းသိရသည္။ I.N သည္ ေမြးေန႔အလႉအျဖစ္ အမ်ိဳးသားကင္ဆာစင္တာကို စုစုေပါင္းဝမ္သန္း(၁၀၀)လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ I.N၏လႉဒါန္းမႈကို ကုသမႈခံယူေနေသာ ဆင္းရဲခ်ိဳ႕တဲ့သည့္ ကင္ဆာေဝဒနာရွင္မ်ားအတြက္ ေဆးကုသစရိတ္မ်ားကာမိေစရန္အျပင္ ကင္ဆာေရာဂါခံစားေနရေသာ ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားအတြက္ စိတ္ပိုင္းဆိုင္ရာကုထုံးအစီအစဥ္မ်ား ေထာက္ပံ့ရန္အသုံးျပဳသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ I.N က”ဒီလႉဒါန္းမႈက ကာလရွည္ၾကာစြာေဆးကုသေနရတဲ့လူေတြအတြက္ ေႏြးေထြးမႈအနည္းငယ္ေလးျဖစ္ျဖစ္ ယူေဆာင္လာေပးႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ဒီလႉဒါန္းမႈက ကင္ဆာေရာဂါသည္ေတြအားလုံးအတြက္ ေမွ်ာ္လင့္ခ်က္နဲ႔သတၱိေတြကို ေပးစြမ္းႏိုင္ပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းပါတယ္။သူတို႔အားလုံး အျပည့္အဝျပန္လည္ေကာင္းမြန္လာဖို႔ ကြၽန္ေတာ္ဆုေတာင္းပါတယ္။”ဟုေျပာဆိုခဲ့သည္။ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း I.Nသည္ လႉဒါန္းမႈအမ်ားအျပားကို ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။(၂၀၂၄)ခုႏွစ္တြင္ I.Nသည္ ကေလးသူငယ္ေစာင့္ေရွာက္ေရးအဖြဲ႕အစည္း ChildFund Koreaက ဝမ္သန္း(၁၀၀)ေက်ာ္လႉဒါန္းသူမ်ားအတြက္ စုစည္းထားေသာ တန္ဖိုးျမင့္လႉဒါန္းသူအဖြဲ႕တစ္ခုျဖစ္သည့္ ‘Green Noble Club’ ၏ အသက္အငယ္ဆုံးအဖြဲ႕ဝင္တစ္ဦးျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။