ကုဋေမှော်မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးသူများအား ရှာဖွေမှုမစရသေးခင် ကုမ္ပဏီကမြေစာထပ်ဖို့ခဲ့ဟုဆို

242

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ကျေးရွာအနီးရှိ နေမင်းကမ္ဘာကုမ္ပဏီပိုင်မြေစာပုံသည့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီခွဲဝန်းကျင်က ပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ (၁၀)ဦးခန်ပျောက်ဆုံးခဲ့ရာ ၎င်းတို့အား ရှာဖွေမှုမစရသေးခင် ကုမ္ပဏီကမြေစာများထပ်ဖို့ခဲ့ကြောင်း သိရှိသူဒေသခံတစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။
“ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကဋေကျေးရွာနားမှာ နေမင်းကမ္ဘာကုမ္ပဏီက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါ့။ နေမင်းကမ္ဘာဆိုတာ ၂၀၂၄ တုန်းက တရုတ်ပြည်ကဒီကောင့်ကို ကျားဖျန့်ဆိုပြီး ဖမ်းထားသေးတယ်။ ပိုက်ဆံတွေမနည်းမနောပေးပြီးတော့ လွတ်လာပြီးတော့မှ ဒီကောင်က “ဝ”သူဌေးပေါ့။ ဒီကောင်ကလည်း KIA ကချေးငွေထုတ်ပေးပြီးတူနေတာဆိုတော့ KIA ပစားပေးထားတာ။ ဘယ်ကုမ္ပဏီမှညမတူးရဲဘူး။ ဒီကောင်ပဲ စက်ယန္တရားတွေနဲ့တူးနေတာ။ လက်ရှိ တပ်ကလည်းခွင့်ပြုမထားဘူး။ အဲဒီလိုမျိုးဆိုတော့ ၁၆ ရက်နေ့ညက မြေစာပြိုတာမှာ မရှာခိုင်းတဲ့အပြင် ညတွင်းချင်းပဲမြေစာထပ်ဖို့ပစ်တာ။ ဘယ်လောက်ယုတ်မာလဲ” ဟု သိရှိသူဒေသခံက ပြောသည်။
အဆိုပါ မြေစာပုံပြိုကျမှုတွင် သေဆုံးသူ (၂၀) ဦးခန့်နှင့် လက်ရှိအချိန်အထိအတည်မပြုနိုင်သေးသောအချက်အလက်များအရ ရေမဆေးကျောက်ရှာဖွေသူ (၁၀) ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ ပျောက်ဆုံးစာရင်းရတာက (၁၀)ယောက်လောက် ပျောက်ဆုံးထားတာ။ သေတာက (၂၀) လောက်သေတာ။ လူပျောက်စာရင်းအရတေ့ (၁၀)ယောက်တော့သေချာတယ်။ ဒါပေမယ့် (၁၀)ယောက်မကဘူး။ တချို့ကလည်း ကိုယ့်အိမ်က ရေမဆေး ရှာရင်း သေတယ်လို့ပြောရင် ထောက်ပံ့ကြေးတွေ လျှော်ကြေးတွေပေးရဦးမှာကိုး။ လောပန်းတွေက လူပါးတွေ အရူးကွက်နင်းနေတာ။ နောက်ပြီး ဘယ်ကမှန်းမသိတက်လာ ရေမဆေးဝင်လုပ် ဒါမျိုးတွေလည်းရှိတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါပြိုကျခဲ့သည့် မြေစာပုံမှာ ပေ(၅၀)ခန့်အမြင့်ရှိ KIA ခွင့်ပြုချက်ရ ကုမ္ပဏီ၏ လုပ်ကွက်အတွင်းရှိ မြေစာပုံဖြစ် သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်သတင်းအချက်အလက်မှထွက်ပေါ်ခြင်းမရှိသေးပေ။
“စက်ယန္တယားပေါင်းများစွာနဲ့ အချိန်ပေးပြီးတူးဖော်မှရနိုင်မယ့်ကိစ္စမို့ ဘယ်သူကမှ ဒီလောက်အကုန်အကျခံပြီး ပြန်တူးဖော်ပေးမှာ မဟုတ်ပါဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။

Zawgyi Version:
ကုေဋေမွာ္ေျမစာပုံၿပိဳက်မႈတြင္ ေပ်ာက္ဆုံးသူမ်ားအား ရွာေဖြမႈမစရေသးခင္ ကုမၸဏီကေျမစာထပ္ဖို႔ခဲ့ဟုဆို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၈
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ကုေဋေမွာ္ေက်း႐ြာအနီးရွိ ေနမင္းကမာၻကုမၸဏီပိုင္ေျမစာပုံသည့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၆ ရက္၊ ည ၉ နာရီခြဲဝန္းက်င္က ၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး ေရမေဆးေက်ာက္ရွာေဖြသူ (၁၀)ဦးခန္ေပ်ာက္ဆုံးခဲ့ရာ ၎တို႔အား ရွာေဖြမႈမစရေသးခင္ ကုမၸဏီကေျမစာမ်ားထပ္ဖို႔ခဲ့ေၾကာင္း သိရွိသူေဒသခံတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
“ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု ကေဋေက်း႐ြာနားမွာ ေနမင္းကမာၻကုမၸဏီက ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္ေပါ့။ ေနမင္းကမာၻဆိုတာ ၂၀၂၄ တုန္းက တ႐ုတ္ျပည္ကဒီေကာင့္ကို က်ားဖ်န႔္ဆိုၿပီး ဖမ္းထားေသးတယ္။ ပိုက္ဆံေတြမနည္းမေနာေပးၿပီးေတာ့ လြတ္လာၿပီးေတာ့မွ ဒီေကာင္က “ဝ”သူေဌးေပါ့။ ဒီေကာင္ကလည္း KIA ကေခ်းေငြထုတ္ေပးၿပီးတူေနတာဆိုေတာ့ KIA ပစားေပးထားတာ။ ဘယ္ကုမၸဏီမွညမတူးရဲဘူး။ ဒီေကာင္ပဲ စက္ယႏၲရားေတြနဲ႔တူးေနတာ။ လက္ရွိ တပ္ကလည္းခြင့္ျပဳမထားဘူး။ အဲဒီလိုမ်ိဳးဆိုေတာ့ ၁၆ ရက္ေန႔ညက ေျမစာၿပိဳတာမွာ မရွာခိုင္းတဲ့အျပင္ ညတြင္းခ်င္းပဲေျမစာထပ္ဖို႔ပစ္တာ။ ဘယ္ေလာက္ယုတ္မာလဲ” ဟု သိရွိသူေဒသခံက ေျပာသည္။
အဆိုပါ ေျမစာပုံၿပိဳက်မႈတြင္ ေသဆုံးသူ (၂၀) ဦးခန႔္ႏွင့္ လက္ရွိအခ်ိန္အထိအတည္မျပဳႏိုင္ေသးေသာအခ်က္အလက္မ်ားအရ ေရမေဆးေက်ာက္ရွာေဖြသူ (၁၀) ဦးထက္မနည္း ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း သိရသည္။
“ေလာေလာဆယ္ေတာ့ ေပ်ာက္ဆုံးစာရင္းရတာက (၁၀)ေယာက္ေလာက္ ေပ်ာက္ဆုံးထားတာ။ ေသတာက (၂၀) ေလာက္ေသတာ။ လူေပ်ာက္စာရင္းအရေတ့ (၁၀)ေယာက္ေတာ့ေသခ်ာတယ္။ ဒါေပမယ့္ (၁၀)ေယာက္မကဘူး။ တခ်ိဳ႕ကလည္း ကိုယ့္အိမ္က ေရမေဆး ရွာရင္း ေသတယ္လို႔ေျပာရင္ ေထာက္ပံ့ေၾကးေတြ ေလွ်ာ္ေၾကးေတြေပးရဦးမွာကိုး။ ေလာပန္းေတြက လူပါးေတြ အ႐ူးကြက္နင္းေနတာ။ ေနာက္ၿပီး ဘယ္ကမွန္းမသိတက္လာ ေရမေဆးဝင္လုပ္ ဒါမ်ိဳးေတြလည္းရွိတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
အဆိုပါၿပိဳက်ခဲ့သည့္ ေျမစာပုံမွာ ေပ(၅၀)ခန႔္အျမင့္ရွိ KIA ခြင့္ျပဳခ်က္ရ ကုမၸဏီ၏ လုပ္ကြက္အတြင္းရွိ ေျမစာပုံျဖစ္ သည့္အတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္အထိ မည္သည့္သတင္းအခ်က္အလက္မွထြက္ေပၚျခင္းမရွိေသးေပ။
“စက္ယႏၲယားေပါင္းမ်ားစြာနဲ႔ အခ်ိန္ေပးၿပီးတူးေဖာ္မွရႏိုင္မယ့္ကိစၥမို႔ ဘယ္သူကမွ ဒီေလာက္အကုန္အက်ခံၿပီး ျပန္တူးေဖာ္ေပးမွာ မဟုတ္ပါဘူး” ဟု ေဒသခံအမ်ိဳးသားတစ္ဦးကလည္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပေရးသားထားသည္ကို ေတြ႕ရသည္။