ဆူဒန်အလယ်ပိုင်းက လူစည်းကားတဲ့ဈေးတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၂၈)ဦးသေဆုံး

 160

Pika (NP News) - ဖေဖော်ဝါရီ ၁၈

ဆူဒန်နိုင်ငံအလယ်ပိုင်းက လူစည်ကားတဲ့ဈေးတစ်ခုကို ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံးလူ(၂၈)ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နယ်မြေပိုင်ဆိုင်မှုအတွက် ဆူဒန်စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေ ချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာ ဆူဒန်နိုင်ငံ ကော်ဒိုဖန်ဒေသရဲ့ မြောက်ဘက်အစွန်ဆုံးက လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
အဲဒီဧရိယာက ဆူဒန်စစ်တပ်နဲ့ အလျင်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF)တို့ကြား သုံးနှစ်ကြာဖြစ်ပွားနေတဲ့စစ်ပွဲရဲ့ အပြင်းထန်ဆုံး ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ လူ့အခွင့်အရေးအဖွဲ့ က “ဈေးထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားတွေနဲ့ စည်းကားနေတဲ့ အချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ထပ်ပြီးတိုးမြင့်လာနိုင်ပါ သေးတယ်” လို့ ပြောပါတယ်။
ဒါပေမယ့်လည်း အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version;
ဆူဒန္အလယ္ပိုင္းက လူစည္းကားတဲ့ေဈးတစ္ခုကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၂၈)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၈
ဆူဒန္ႏိုင္ငံအလယ္ပိုင္းက လူစည္ကားတဲ့ေဈးတစ္ခုကို ဒ႐ုန္းတိုက္ခိုက္မႈတစ္ခုေၾကာင့္ အနည္းဆုံးလူ(၂၈)ဦး ေသဆုံးခဲ့တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕တစ္ခုက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
နယ္ေျမပိုင္ဆိုင္မႈအတြက္ ဆူဒန္စစ္တပ္နဲ႔လက္နက္ကိုင္အဖြဲ႕ေတြၾကား အျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ပြားေန ခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာခဲ့တာလည္းျဖစ္ပါတယ္။အဲ့ဒီတိုက္ခိုက္မႈဟာ ဆူဒန္ႏိုင္ငံ ေကာ္ဒိုဖန္ေဒသရဲ႕ ေျမာက္ဘက္အစြန္ဆုံးက လက္နက္ကိုင္တပ္ဖြဲ႕ေတြ ထိန္းခ်ဳပ္ထားတဲ့ ဧရိယာတစ္ခုမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
အဲဒီဧရိယာက ဆူဒန္စစ္တပ္နဲ႔ အလ်င္အျမန္ေထာက္ပံ့ေရးတပ္ဖြဲ႕ (RSF)တို႔ၾကား သုံးႏွစ္ၾကာျဖစ္ပြားေနတဲ့စစ္ပြဲရဲ႕ အျပင္းထန္ဆုံး ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ လူ႔အခြင့္အေရးအဖြဲ႕ က “ေဈးထဲမွာ အမ်ိဳးသမီးေတြ၊ ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြ အပါအဝင္ အရပ္သားေတြနဲ႔ စည္းကားေနတဲ့ အခ်ိန္မွာ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ထပ္ၿပီးတိုးျမင့္လာႏိုင္ပါ ေသးတယ္” လို႔ ေျပာပါတယ္။
ဒါေပမယ့္လည္း အဲဒီတိုက္ခိုက္မႈကို ဘယ္အဖြဲ႕ကလုပ္ေဆာင္ခဲ့တယ္ဆိုတာကိုေတာ့ လူ႔အခြင့္အေရးအဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.