အီရန်အပေါ် တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာလိမ့်မယ်လို့ အမေရိကန်စစ်ဘက်ပြော

 559

Pika (NP News) - မတ် ၁၁
အီရန်အပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာလိမ့်မှာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ်ရဲ့ဆုံးဖြတ်ချက်တွေရှိနေသရွေ့ စစ်ပွဲက ဆက်လက်ဖြစ်ပွားနေလိမ့်မယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ပီတီဟတ်ဆတ်က "အီရန်အပေါ် ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် စစ်ပွဲအတွက် အချိန်ဇယားနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာပဲ မူတည်ကြောင်းနဲ့ ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်တွေအတိုင်း ဆက်ဖြစ်နေလိမ့်မယ်လို့လည်း ပီတီဟတ်ဆတ်က ပြောကြားခဲ့ပါတယ်။
ပီတီဟတ်ဆတ်က "လက်ရှိဖြစ်နေတာတွေက အစလား၊ အလယ်အလတ်လား၊ အဆုံးလားဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး” လို့ ပြောခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်း အမေရိကန်ရဲ့ရည်ရွယ်ချက်ထဲမှာ အမြောက်တွေ၊ တိုက်လေယာဉ်တွေ၊ဗုံးကြဲလေယာဉ်တွေ၊ ပင်လယ်ပြင်ကပစ်လွှတ်တဲ့ဒုံးကျည်တွေနဲ့ပစ်မှတ်ထားခံရတဲ့ အီရန်ရေတပ်ကို ဖျက်ဆီးဖို့ပါဝင်တယ်လို့လည်း ပီတီဟတ်ဆတ်က ပြောကြားခဲ့ပါတယ်။

Related news

© 2021. All rights reserved.