တိုက်ပွဲအတွင်း တောင်ကုတ်မှ ရန်ကုန်သို့ ခရီး

802

သုတကျော် (NP News) - မတ်လ ၁၂
(၂၀၂၄) ခုနှစ် နိုဝင်ဘာလသည် မအောင်မေတင် (အမည်လွှဲ)၏ ဘဝကိုထိုမျှ ပြောင်း လဲသွားစေလိမ့်မည်ဟု အိပ်မက်မျှပင် မက်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။
" ယူလာနိုင်တာကလည်း ဘယ်လောက် များမှာလဲ။ အဝတ် အထုပ်လေး နည်းနည်းရယ်ပဲ" ဟု တိုးညှင်းစွာ ပြောပြသည်။
စာရေးသူနှင့် ယခုကဲ့သို့ စကားပြောနေသည့်အချိန်တွင် မအောင်မေတင်က ကိုယ်လက် ကိုယ် ပြန်ဆုပ်နယ်ရင် ပြောရမည့်စကားတို့ကို စဉ်းစားနေကြောင်း တွေ့ရ၏။ မျက်လုံးတို့က အဝေးဆီသို့ ငေးရင်း ဝေသီနေသည်။ မမှတ်မိလိုသော အတိတ် တို့ကို ပြန်ခေါ်နေရပုံပေါ်၏။
ရခိုင်ပြည်နယ်တွင် တပ်မတော်ကို AA အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် ရခိုင်၏ မြောက်ပိုင်း ဟု ဆိုရမည့် ကျောက်တော်မြို့၊ မြောက် ဦးမြို့တို့ဘက် တိုက်ပွဲများဖြစ်နေသည့်တိုင် ရခိုင် တောင်ပိုင်းဖြစ်သော တောင်ကုတ်၊ သံတွဲ၊ ဂွ စသည် ဖြင့် မြို့တို့မှာ အေးချမ်းစွာ ရှိနေခဲ့ကြသေးသည်။ ယင်းမြို့များသို့ စစ်မီးကူးစက်လာလိမ့်မည်ဟု ဒေသခံအများစု မတွက်ထားမိခဲ့သည့်တိုင် AA ၏ ဆဲလ်တို့ စိမ့်ဝင်လာနေကြကြောင်းကိုကား သိနေ ခဲ့ကြသည်။
" AA ထဲက အသိတစ်ယောက်က ကျွန် တော်တို့ လာမယ်လို့ သူပြောတာ အခုထိ မှတ်မိနေ သေးတယ်" ဟု မအောင်မေတင်က ဆိုသည်။
ထို့နောက် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရာ မအောင်မေတင်၏ အ လုပ်ရှိရာ တောင်ကုတ်မြို့ အနီးသို့ စစ်မီးကကပ်လာ သည်။ မြို့အနီး တိုက်ပွဲမဖြစ်သေးသော်လည်း ပတ် ဝန်းကျင်တွင် တိုက်ပွဲတို့ ရောက်လာခဲ့သည်။ ပထမ ဆုံး ခံစားကြရသည်က ကုန်ဈေးနှုန်းတက်ခြင်း ဖြစ် သည်။
" အရင်ရက်တွေကတော့ လုံခြုံရေးအရ မြို့အပြင်မသွားဖို့ တားမြစ်တားတာပေါ့။ တားမြစ် တော့ အရင်ဆုံးကတော့ ထုံးစံတိုင်း ကုန်ပစ္စည်းတွေက ဈေးကြီးလာခဲ့တာ" ဟု မအောင်မေတင် က ဆို သည်။ မီးဖိုချောင်သုံး ဟင်းချက်စရာ ဈေးများက အချိန်တိုအတွင်း တက်လာပြီး မနက်တစ်ဈေး၊ ည တစ်ဈေးကဲ့သို့ ဖြစ်လာသည်။ အစားအသောက်လည်း ရှားပါလာသည်။
" မှောင်ခိုပစ္စည်းဝင်တဲ့ သဘောမျိုး ဆိုတော့ ဈေးကြီးတာပေါ့" ဟု မအောင်မေတင်က ဆိုသည်။ ထိုစဉ်က အတွေ့အကြုံများသည် စစ် ဘေးကို မကြုံဖူးသော သက်လတ်ပိုင်းအရွယ် မ အောင်မေတင်အတွက် အထူးခြားဆုံး အတွေ့ အကြုံများ ဖြစ်နေသည်။ လူငယ်ဖြစ်သည့် အတွက် မကြောက်သည့်တိုင် စိုးရိမ်စိတ်တော့ ရှိနေသေးသည်။
အစားအသောက် ခက်ခဲလာသော်လည်း ဒေသထွက် စားစရာများကြောင့် ခံသာခဲ့သေး၏။ ရေထွက်ကုန် ပစ္စည်း ပေါများရာ ဒေသ ဖြစ်သည့် အတွက် ငါး၊ ပုဇွန် တို့ မရှားပါးလှသေးပါ။
" ကြက်ခြံရှိရင် ကြက်ဥသွားဝယ် စားခဲ့ တာ။ နောက်တော့ ဟိုနား ဒီနား သိမ်းတဲ့ သတင်းတွေ ကြားရတယ်။ ငါတို့ ရှိတဲ့ မြို့တော့ မဖြစ်လောက်ပါဘူး ဆိုပြီး အားတင်းရင်းနေခဲ့ကြတာ" ဟု ၎င်းက ပြောပြသည်။
ထိုစဉ်က တိုက်ပွဲအခြေအနေများနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်မှ အခြားမိသားစုများနည်းတူ မအောင်မေတင်တို့ မိသားစုသည်လည်း ကြိုတင်ပြင် ဆင်မှုများ လုပ်ထားခဲ့ကြသည်။ အမျိုးအဆွေများထဲ ကလည်း ရန်ကုန်သို့ ကြိုသွားနှင့်သူများရှိနေပြီ ဖြစ် သည်။
" ဂွမြို့နယ်မှာ မိသားစုရှိတယ်လေ။ သံတွဲ ကို တိုက်ပွဲရောက်ရင် မစောင့်တော့နဲ့။ အမေ့ကို ခေါ်ပြီး ရန်ကုန်သွားတော့လို့ မိသားစုကို ပြောထား တာ။ အမေက မသွားချင်ဘူး။ အမေ့ကို မပြောနဲ့လို့ ညီမနှစ်ယောက်ကို ကြိုမှာထားတယ်။ အထုပ်ဆိုတာ လည်း အကုန်မဟုတ်ဘူး။ လိုအပ်မယ့် ပစ္စည်းလောက် ပဲပေါ့"ဟု ၎င်းက ဆိုသည်။
ထို့နောက် ဂွမြို့ကို တိုက်ပွဲများ ရောက် လာခဲ့သည်။ ယခင်က အေးချမ်းနေခဲ့သော တောင် ကုတ်မြို့ တွင်းမှာပင် မြို့ပြင်မှ လက်နက်ကြီးသံများကို စတင်ကြားလာစ ပြုနေပြီ။ တစ်ဖြေးဖြေး နှင့် လက် နက်သံမျိုးစုံတို့ကို ကြားရပြီး မိုင်းဆွဲသံ၊ လက်နက် ကြီးသံ၊ လက်နက်ငယ်သံစသည်ဖြင့် ခွဲခြားတတ် လာကာ နားရည်ဝစ ပြုလာသည်။
" လူတွေက အရေးပေါ် အထုပ်တွေက တော့ ထုပ်နေကြပြီ။ ညဘက်ကျတော့ အသိတစ် ယောက်က ဖုန်းဆက်တယ်။ အရေးပေါ်ရင် ပြောကြပါ ဆိုပြီး ပြောထားတာလေ။ အစ်မရေ အနားမှာ သေနတ်တွေ ပစ်နေပြီတဲ့။ ဒီနေ့ည သတိထား အိပ် ပါတဲ့။ မီးကလည်း ပျက်သွားတာ။ ကိုယ့်အနားမှာလို သေနတ်ပစ်သံ စကြားတယ်။ သေနတ်ပစ်သံ နဲ့ ဗုံးကျ သံ မတူဘူးလေ" ဟု ထိုစဉ်က အခြေအနေကို ၎င်းက ပြောသည်။
သေနတ်ပစ်သံများ ကြားသည်နှင့် မအောင်မေတင် နေသည့် အဆောင်တွင် အားလုံး အလန့်တကြား ဖြစ်ကုန်ကြသည်။ ပြေးပေါက်ရှာထား ပြီး ဖြစ်သော်လည်း အမှန်တကယ် ဖြစ်ချိန်တွင် မည်သူမျှ စိတ်မအေးနိုင်ကြပါ။ မိန်းကလေး များချည်း ဖြစ်သည့် အတွက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင် အားကိုးရာမဲ့သော စိတ်က ဝင်ခဲ့သေးသည်။
" အတူတူနေကြရင်း ခဏနေတော့ ဒီမှာ အိပ်လို့ မဖြစ်တော့ဘူးဆိုပြီး တခြားနေရာကို ထပ် ပြောင်းကြရတယ်။ ညတွင်းချင်းပေါ့။ ညဘက်ကြီး ဆိုတာ့ ဘယ်မှလည်း မသွားတတ်ဘူး။ လူတွေရဲ့ စိတ်ထဲမှာတော့ လန့်နေကြတာ။ အဲဒီညကတော့ တစ်ညလုံးချတဲ့ အသံကြားနေရတာပဲ။ အသံတွေ ကတော့ စုံနေတာ။ အနားကပ် ချနေသလိုပဲ။ အဲဒီလို နဲ့ မိုးလင်းသွားတယ်" ဟု မအောင်မေတင်က ဆို သည်။
မိုးလင်းချိန် မည်သို့ လုပ်ရမှန်း မသိသော မအောင်မေတင်တို့ အမျိုးသမီး တစုမှာ အလုပ် နေရာကို ခေတ္တသွားကာ လူစုရင်းအချိန်ကို ဆက် လက်စောင့်ကြရတော့သည်။ ထိုအချိန် အနီးတွင် ပေါက်ကွဲသကဲ့သို့ လက်နက်ကြီးအသံကို ကြားရ သည်။
" ခဏလောက်လည်း နေကော တစ် ယောက်က ဆိုင်ကယ်နဲ့ အမြန်ပြေးသွားတာ။ ဘာဖြစ် တာလည်းမသိဘူး ပြေးပြီ ပြေးပြီတဲ့။ အဲဒါနဲ့ ဖုန်းလှမ်း ဆက်တော့ တောင်ကုတ် တက္ကသိုလ်ထဲ ဗုံးကျတယ် တဲ့။ တော်သေးတယ်။ အသေအပျောက်တော့ မရှိ ဘူး။ ခဏနေတော့ အသိကား လာခေါ်တာနဲ့ အ ဆောင်က အထုပ် အမြန်ယူပြီး ဘုန်းကြီးကျောင်းမှာ ခဏစုနေပေါ့" ဟု ထိုစဉ်က အခြေအနေကို ပြော သည်။
ကြိုတင်ရောက်နှင့်ကြသူများ၊ လူကြီးများ နှင့်တိုင်ကာ မြို့အတွင်းမှ လုံခြုံသည့်နေရာတွင် ဆက်နေမည်လော သို့မဟုတ် မြို့က ခွာမည်လောဟု တိုင်ပင်ကြသည်။ စိုးရိမ်စိတ် ကိုယ်စီနှင့် နယ်မြေ အခြေအနေက ထွက်ရန် မလွယ်သေးကြောင်း သိ လာရသည်။ ထိုမှတဆင့် လုံခြုံမည်ထင်ရသော အသိ တစ်ယောက်အိမ်တွင် ခေတ္တနေပြီး တိုက်ပွဲ အခြေအ နေများကို ဆက်လက် စောင့်ကြည့်ကြရ၏။ မြို့တွင် လည်း စိုးရိမ်မှုတို့ ကြီးစိုးနေပြီ။ မြို့က ထွက်ခွာရန်မှာ လည်း ပြောသလောက် မလွယ်သည့် အခြေအနေမျိုး ဖြစ်သည်။
" နေ့တိုင်း ပဋ္ဌာန်းရွတ်ကြတယ်။ ဆု တောင်းကြတယ်။ သွားဖို့လည်း စီစဉ်ကြတယ်ပေါ့။ အဲဒါနဲ့နောက်ဆုံးမှာတော့ ကားရပြီး ထွက်လာရတယ်။အထုပ်ကလည်း နည်းနည်းပဲ။ မှတ်ပုံတင်၊ ဘွဲ့လက် မှတ် ဒါပဲ ပါတယ်။ တစ်နေရာ ရောက်ရင် ကိုယ်ပြန်ပြီး အလုပ်လုပ်လို့ ရမယ့်ဟာတွေပေါ့" ဟု ၎င်းက ဆို သည်။
ထိုစဉ်က တောင်ကုတ်တွင် တပ်မတော်က ရှိပြီး အပြင်တွင် AA ရှိနေရာ အချိန်တိုအတွင်း နယ်မြေနှစ်ခုကို ဖြတ်ရသည်ကဲ့သို့ ရှိသည်။ တိုက်ပွဲ ကာလဖြစ်ရာ စိုးရိမ်မှုက အထွဋ်အထိပ်တွင် ရောက် နေပြီ။ မိန်းမသားများချည်း ဖြစ်ကြပြီး ယာဉ်မောင်းသာ အမျိုးသားဖြစ်လေရာ အားလုံးကို တွေးပူနေရကြ သည်။ " ရင်တထိတ်ထိတ် နဲ့ မှားယွင်းပြီးများ ပစ်မလား ပစ်မလားပေါ့။ မြင်ကွင်းကလည်း ခြောက် ကပ်နေတာ။ အားလုံးကလည်း ကြောက်စိတ်ကိုယ် စီနဲ့"ဟု မအောင်တင်မေက မှတ်မှတ်သားသား ပြောပြသည်။
ပထမဆုံး အခက်အခဲမှာ ဖုန်းလိုင်း ပြတ် တောက်သွားခြင်း ဖြစ်သည်။ တောင်ကုတ်မှ ထွက် လာသည်ကိုလည်း မိသားစုထံ အကြောင်းကြားချိန် မရ။ လမ်းအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် အတွက်လည်း ဖုန်းလိုင်း မိသော နေရာက အရေးပေါ် လိုအပ်လာသည်။ " ဖုန်းဆက်ချင်တော့ အနားက ရွာတွေကို ဖုန်းလိုင်း ဘယ်နားမိလည်း မေးရတယ်။ တောင်ပေါ်တွေတက်ပြီး ဖုန်းတွေ ပတ်ဆက်ရ တယ်" ဟု ၎င်းက ဆိုသည်။ ထိုစဉ်က မအောင်မေ တင်တို့ ဖုန်းလိုင်းရသည်တိုင် မိသားစုရှိသော ကျေး ရွာမှာ ဖုန်းလိုင်း မမိချေ။ ထို့ကြောင့် မိသားစုကို အသိ ပေးရန် အခက်တွေ့ရပြန်သည်။
လမ်းပိုင်း အခြေအနေမှာ AA ထိန်းချုပ် နယ်မြေအတွင်းဖြစ်နေပြီး ဂိတ်များကို ဖြတ်ရသည် ကလည်း ရင်တထိတ်ထိတ် ရှိလှသည်။ စစ်ဆေးမေး မြန်းသံများကလည်း နားအတွင်း သံချွန်ဖြင့် အထိုးခံ လိုက်ရ သကဲ့သို့ တုန်တုန်သွားရသည်ဟု ဆိုသည်။
ထို့ပြင် မအောင်မေတင် စိတ်အတွင်း ယခု ထက်တိုင် အကြွေးတင်နေသော ကိစ္စတစ်ခုရှိနေကြောင်း ပြော ပြသည်။
" ကားသမားကိုလည်း ပြန်မလာတော့နဲ့ မှာလိုက်တာတဲ့။ အဲဒါကို လမ်းကျမှ သိတာ။ ဟိုမှာ ကျန်ခဲ့တဲ့သူတွေကိုတော့ ကားပြန်လွှတ်လိုက်မယ်လို့ ပြောခဲ့တာလေ။ ဘာလို့လည်း ဆိုတော့ အတူတူ သွားချင်လို့။ ကျန်ခဲ့တဲ့သူတွေက သူတို့ကို ထားခဲ့တယ် ထင်မှာပဲ"ဟု မအောင်မေတင်က ဝမ်းနည်းသံဖြင့် ဆိုသည်။ ထို့နောက် ဆက်သွားမရတော့ပဲ လမ်းတွင် ညအိပ်ရန် အကြောင်းဖန်လာသည်။ သွားရိုးလမ်းမှ မဟုတ်ပဲ အနီးဆုံး သံတွဲ အထိသွား၊ ထိုမှ တဆင့် ဂွသို့ ဖြစ်သည့် နည်းဖြင့် ရောက်အောင် သွားရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
" ပစ္စည်းတွေတော့ ပါကြတာပေါ့။ ဒါ ကြောင့် ကျွန်မက အကြီးဆုံးဆိုတာ့ ကဲအိပ်ကြ။ အစ်မအရင် ကင်းစောင့်မယ် ဆိုပြီး တစ်ညလုံး နီးပါး မအိပ်ပဲ စောင့်။ မနက် မိုးလင်းခါနီးမှ လူလဲပြီး ခဏ အိပ်လိုက်တာ" ဟု မအောင်မေတင်က ဆိုသည်။
ယင်းအခြေအနေသည် ယခုပြောချိန်တွင် သာ လွယ်သော်လည်း ထိုစဉ်က အခြေအနေမှာ စကားဖြင့်ပင် မပြောပြတတ်ဟု ၎င်းက ပြောသည်။
" အခုမှ ပြောတော့သာ လွယ်တာလေ။ လမ်းမှာ ဘာ ဖြစ်မလဲ၊ ဘာဖြစ်မလဲဆိုပြီး စိတ်ကို လုံးလုံး မကျဘူး။ အိပ်ပြီးနောက်နေ့ ဆက်သွားဖို့ကျတော့လည်း သွား မရဘူးဆိုလို့ စိတ်ကပူ၊ ဘာလုပ်ရမှန်းမသိ အကူအ ညီတွေ တောင်းရတာ။ စစ်ဆေးရင်လည်း လန့်နေ တာ။ ခြေဖျား၊ လက်ဖျားတွေ အေးနေတာ။ ကိုယ့် နှလုံးခုန်သံ ကိုယ်ပြန်ကြားရတယ် ဆိုတာ အဲဒီတုန်းမှ တကယ်ကြုံရတာ။ သံတွဲရောက်တော့မှ တခါ စိတ်က အေးတာပေါ့" ဟု ထိုစဉ်က အခြေအနေကို မအောင်မေတင်က ပြောသည်။
သံတွဲရောက်သော်လည်း ပူပန်စိတ်က တိုးရသေးသည်။ ဂွမြို့နယ် အတွင်းက ရွာသို့ ပြန် ရောက်ရန် လုံးပန်းရပြန်၏။ စိုးရိမ်စိတ် ထပ်တက် ရသော အချိန်များ ဖြစ်သော်လည်း မအောင်တင်မေ ကံကောင်းခဲ့သည်။ စစ်ဘေးရှောင်များ ရှိနေသည် ဖြစ်ရာ လမ်းသင့်သဖြင့် ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတော့သည်။ ပို၍ ကံကောင်းသည့် အချက်က မအောင်မေတင် မိသားစုနှင့် တေ့လွဲ မလွဲ သွားခဲ့ခြင်းပင်။
" ကျွန်မ ပြန်ရောက်တဲ့နေ့ ပြီးရင် နောက် နေ့ဆို မိသားစုက ရန်ကုန်သွားတော့မှာ။ တော်သေး တယ်။ မသွားခင်ညမှာ အိမ်ပြန်ရောက်သွားတယ် " ဟု မအောင်မေတင်က ဆိုသည်။
အိမ်ပြန်ရောက်သွားချိန်မှ မအောင်မေတင် စိတ်ကို လွှတ်ချနိုင်တော့သည်။ ထိုအခါ စိတ်ပင်ပန်း၊ လူပင်ပန်းဖြင့် ရန်ကုန်သို့ ဆက်သယ်သွားမည့် အ ထုပ်များကိုပင် မပြင်ဆင်နိုင်တော့။ မိသားစုက ဆောင်ရွက်သည်ကို ထိုင်ကြည့်ရုံသာ တတ်နိုင်တော့ သည်။ လွတ်မြောက်ရန်နီးပြီဆိုသော စိတ်က လန်း ဆန်းစေသော်လည်း ရှေ့ခရီးအတွက် စိတ်မောလူမော အခြေအနေမျိုးတော့ ရှိသေးသည်။ ပန်တိုင်းသို့ မရောက်သေးပေ။
" ကားငှားတာက ဆယ်သိန်းပေးရတယ်။ လမ်းမှာလည်း အစစ်အဆေးက များလိုက်တာမှ။ ဒါပေမဲ့ ဘေးကင်းတဲ့နေရာရောက်တဲ့ အခါမှာတော့ စိတ်ဒုံးဒုံးချနိုင်သွားတာ" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်မအောင်မေတင်ကား ရန်ကုန် သို့ ရောက်လေပြီ။ သို့သော် ပါလာသော အဝတ်ထုပ် များနှင့် ရွှေတိုရွှေစများသာ ကျန်တော့သည်။ ရခိုင် ပြည်နယ်တွင် ကျန်ခဲ့သော ပစ္စည်းများကား ကုန် လေပြီ။ " အကုန် အခိုးခံရတာ။ ကျွန်မ အိမ်က အိမ်ကြီးအိမ်ကောင်းလေ။ အကုန် ခိုးခံရတာ။ ဘာမှ မကျန်တော့ဘူး " ဟု မအောင်မေတင်က ဆိုသည်။
ရခိုင်ပြည်နယ်သို့ ပြန်လိုပါသလား ဟု မေးမြန်းရာ " ခေတ်ကောင်းမှပေါ့ " ဟု ခပ်တိုးတိုးဆိုသည်။ မည် သည့် အချိန်ဟူ၍ကား စာရေးသူလည်း မအောင် မေတင်ကို မပြောပြတတ်ပါ။ ကျယ်ပြန့်စေရန် ဆောင်ရွက်နေသော်လည်းဈေးနှုန်း က အဟန့်အတား ဖြစ်နေ
သန့်ဇင် (NP News) - မတ်လ ၁၁
ယာဉ်မောင်းသင်တန်းပေးရာတွင် Driving Simulator ဖြင့် ကားမောင်းသင်ခြင်းကို ကျယ်ပြန့်စေရန်ဆောင်ရွက်နေသော်လည်း ဈေးနှုန်း က အဟန့်အတားဖြစ်နေကြောင်း နည်းပညာပိုင်း ကျွမ်းကျင်သူတစ်ဦးက NP News သို့ပြောကြားချက်အရသိရသည်။
မြန်မာနိုင်ငံတွင် Driving Simulator အသုံးပြုမှုကို (၂၀၁၈)ခုနှစ်ဝန်းကျင်ကပင် စတင်ခဲ့ သော်လည်း ယခင်က Gaming သဘောမျိုးသာရှိခဲ့ ရာLearning ပုံစံသို့ အပြည့်အဝပြောင်းလဲရန် ကြိုး ပမ်းနေကြကြောင်း ၎င်းကပြောသည်။
" တကယ်တမ်း Driving Simulator စတာကတော့ မြန်မာနိုင်ငံမှာက (၂၀၁၈) လောက် တည်းကပေါ့။ အများစုက Driving Hour အတွက် ပေါ့နော်။ ကားမမောင်းတတ်တဲ့လူတွေအတွက် သင် ပေးတဲ့သဘောသုံးတာပေါ့။ ပုံမှန် Gaming သဘော ကနေ Learning သဘောလုပ်မယ်ဆိုတော့ တော် တော်ကိုအချိန်ယူရတာရှိတယ်။ သုံးတဲ့အပေါ်မှာမူ တည်ပြီးလုပ်သွားကြတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာက အရင်က ဒီ Culture ကိုမမိဘူးလေ။ အဲဒီတော့ တစ်စတစ်စယူလာရတာပေါ့။ ယူလာပြီး အခုလို Social Media ခေတ်ရောက်လာတဲ့အခါမှာ ဒီ ပစ္စည်းတွေက ဒီလိုတွေပါဆိုတာသိကုန်ကြတာပေါ့"ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် YBPC ကုမ္ပဏီတွင် Simulator(၂)လုံးဖြင့် စတင်သင်ကြားပေးနေပြီး တစ်လ လျှင် သင်တန်းတစ်ခုနှုန်းဖြင့် အောင်မြင်စွာ လေ့ကျင့် ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
" အခုတော့ ဒီနှစ်ထဲမှာ YBPC ပေါ့။ ဒီကုမ္ပ ဏီကနေပြီးတော့ ကျွန်တော်တို့ဆီကို Simulator (၂) လုံးမှာထားတာရှိတယ်။ ကျွန်တော်တို့လည်း ဆင်ပေး ခဲ့ပြီးပြီ။ (၂၀၂၅) ခုနှစ် (၁၂) လပိုင်းတည်းက သူတို့ ကိုရောင်းပေးနိုင်ခဲ့တာဆိုတော့ သူတို့လည်း စပြီးတော့ Training ပေးနေပြီပေါ့။ သင်တန်းကာလလည်း တစ်လကို သင်တန်းတစ်ခုသင်တာဆိုတော့ အနည်းဆုံး မရှိဘူးဆိုရင် သင်တန်း (၄)ခုလောက်တော့ ပေးပြီး ပြီပေါ့" ဟု ၎င်းကဆက်ပြောသည်။
သို့သော်လည်း Driving Simulator တစ်စုံလုံး အပြီးအစီးတပ်ဆင်ရန် သိန်း(၁၂၀)ဝန်း ကျင်အထိကုန်ကျနိုင်သဖြင့် သင်တန်းကျောင်းအ သေးစားများအတွက် ဝယ်ယူရန် ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းကဆိုသည်။
" ဈေးနှုန်းကတော့ ဒီဘက်ခေတ်ရဲ့ သဘောသဘာဝအရ ဈေးကများတယ်။ များလို့လည်း ယာဉ်မောင်းသင်တန်းကုမ္ပဏီအသေးတွေက ဝယ် တပ်ဖို့စိတ်ကူးမရှိကြတာပေါ့။ Driving Gear တစ်လုံးတည်းတင် သိန်း(၃၀)ဝန်းကျင်ရှိတယ်။ နောက်ပြီး Driving Computer တစ်လုံးတင် သိန်း (၄၀) ဝန်းကျင်ရှိတာကိုး။ အဲဒီလိုဆိုတော့ ဒီ (၂) ခုတင်ပဲ သိန်း(၇၀)ဝန်းကျင်သွားတာကိုး။ အဲဒီ လိုဆိုတော့ (၇၀) လောက်သွားမယ့်အတူတူ ဝယ်သုံး မယ်ဆိုလည်း မရှိတော့ဘူးပေါ့။ အဲဒီမှာပဲ TV ဖြစ်တဲ့ Monitor ပါထပ်တပ်လိုက်ရင် သိန်း (၂၀)လောက် ထပ်ပေါင်းထည့်ပြီး သိန်း(၉၀)လောက်သွားပြီ။ အဲဒါထိုင်ခုံမပါဘူး။ အဲဒီမှာ အကုန်လုံးဆင်လိုက်ရင် သိန်း(၁၂၀)ဝန်းကျင်လောက်သွားရော။ အဲဒီမှာပဲ ဩညငအသမ ကောင်းရင်ကောင်း သလိုထပ်ကွဲသေး တယ်"ဟု ၎င်းကပြောသည်။
သို့သော်လည်း Monitor ဖြင့် (၃) နာရီ လေ့ကျင့်ခြင်းသည် ကားဖြင့်(၁)နာရီ မောင်းနှင် လေ့ကျင့်ခြင်းနှင့်တူညီသောကြောင့် ကားအစီးရေ မလောက်ငသည့်ပြဿနာကိုဖြေရှင်းနိုင်ပြီး ကား ပျက်စီးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။
" ကားမောင်းလေ့ကျင့်တဲ့အခါမှာ ကိုယ့် ကားကိုလည်းအနာမခံစေချင်ဘူးပေါ့။ ဈေးလည်း သက်သာစေချင်တယ်ဆိုရင် ဒီဟာနဲ့ အရင်လေ့ကျင့်ပေါ့။ လေ့ကျင်ပြီးမှ တကယ့်ကားနဲ့ လေ့ကျင့်တဲ့အချိန်မှာ ဥပမာ Driving Simulator နဲ့ (၃) နာရီ လောက်လေ့ကျင့်ပြီးတဲ့အချိန်မှာ တကယ့်ကားနဲ့ (၁) နာရီလောက်လေ့ကျင့်တာနဲ့အတူတူပဲ။ အဲဒီလိုသွား ကျတယ်။ အဲဒီလိုမျိုးပေါ့။ မောင်းရဲတာ မမောင်းရဲ တာကတော့ လူစိတ်ပေါ့"ဟု ၎င်းကအကြံပြုထားသည်။

Zawgyi Version:
တိုက္ပြဲအတြင္း ေတာင္ကုတ္မွ ရန္ကုန္သို႔ ခရီး
သုတေက်ာ္ (NP News) - မတ္လ ၁၂
(၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလသည္ မေအာင္ေမတင္ (အမည္လႊဲ)၏ ဘဝကိုထိုမွ် ေျပာင္း လဲသြားေစလိမ့္မည္ဟု အိပ္မက္မွ်ပင္ မက္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေပ။
" ယူလာႏိုင္တာကလည္း ဘယ္ေလာက္ မ်ားမွာလဲ။ အဝတ္ အထုပ္ေလး နည္းနည္းရယ္ပဲ" ဟု တိုးညႇင္းစြာ ေျပာျပသည္။
စာေရးသူႏွင့္ ယခုကဲ့သို႔ စကားေျပာေနသည့္အခ်ိန္တြင္ မေအာင္ေမတင္က ကိုယ္လက္ ကိုယ္ ျပန္ဆုပ္နယ္ရင္ ေျပာရမည့္စကားတို႔ကို စဥ္းစားေနေၾကာင္း ေတြ႕ရ၏။ မ်က္လုံးတို႔က အေဝးဆီသို႔ ေငးရင္း ေဝသီေနသည္။ မမွတ္မိလိုေသာ အတိတ္ တို႔ကို ျပန္ေခၚေနရပုံေပၚ၏။
ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ကို AA အဖြဲ႕က စတင္တိုက္ခိုက္ခဲ့ၿပီးသည့္ေနာက္ ရခိုင္၏ ေျမာက္ပိုင္း ဟု ဆိုရမည့္ ေက်ာက္ေတာ္ၿမိဳ႕၊ ေျမာက္ ဦးၿမိဳ႕တို႔ဘက္ တိုက္ပြဲမ်ားျဖစ္ေနသည့္တိုင္ ရခိုင္ ေတာင္ပိုင္းျဖစ္ေသာ ေတာင္ကုတ္၊ သံတြဲ၊ ဂြ စသည္ ျဖင့္ ၿမိဳ႕တို႔မွာ ေအးခ်မ္းစြာ ရွိေနခဲ့ၾကေသးသည္။ ယင္းၿမိဳ႕မ်ားသို႔ စစ္မီးကူးစက္လာလိမ့္မည္ဟု ေဒသခံအမ်ားစု မတြက္ထားမိခဲ့သည့္တိုင္ AA ၏ ဆဲလ္တို႔ စိမ့္ဝင္လာေနၾကေၾကာင္းကိုကား သိေန ခဲ့ၾကသည္။
" AA ထဲက အသိတစ္ေယာက္က ကြၽန္ ေတာ္တို႔ လာမယ္လို႔ သူေျပာတာ အခုထိ မွတ္မိေန ေသးတယ္" ဟု မေအာင္ေမတင္က ဆိုသည္။
ထို႔ေနာက္ ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလာခဲ့ရာ မေအာင္ေမတင္၏ အ လုပ္ရွိရာ ေတာင္ကုတ္ၿမိဳ႕ အနီးသို႔ စစ္မီးကကပ္လာ သည္။ ၿမိဳ႕အနီး တိုက္ပြဲမျဖစ္ေသးေသာ္လည္း ပတ္ ဝန္းက်င္တြင္ တိုက္ပြဲတို႔ ေရာက္လာခဲ့သည္။ ပထမ ဆုံး ခံစားၾကရသည္က ကုန္ေဈးႏႈန္းတက္ျခင္း ျဖစ္ သည္။
" အရင္ရက္ေတြကေတာ့ လုံၿခဳံေရးအရ ၿမိဳ႕အျပင္မသြားဖို႔ တားျမစ္တားတာေပါ့။ တားျမစ္ ေတာ့ အရင္ဆုံးကေတာ့ ထုံးစံတိုင္း ကုန္ပစၥည္းေတြက ေဈးႀကီးလာခဲ့တာ" ဟု မေအာင္ေမတင္ က ဆို သည္။ မီးဖိုေခ်ာင္သုံး ဟင္းခ်က္စရာ ေဈးမ်ားက အခ်ိန္တိုအတြင္း တက္လာၿပီး မနက္တစ္ေဈး၊ ည တစ္ေဈးကဲ့သို႔ ျဖစ္လာသည္။ အစားအေသာက္လည္း ရွားပါလာသည္။
" ေမွာင္ခိုပစၥည္းဝင္တဲ့ သေဘာမ်ိဳး ဆိုေတာ့ ေဈးႀကီးတာေပါ့" ဟု မေအာင္ေမတင္က ဆိုသည္။ ထိုစဥ္က အေတြ႕အႀကဳံမ်ားသည္ စစ္ ေဘးကို မႀကဳံဖူးေသာ သက္လတ္ပိုင္းအ႐ြယ္ မ ေအာင္ေမတင္အတြက္ အထူးျခားဆုံး အေတြ႕ အႀကဳံမ်ား ျဖစ္ေနသည္။ လူငယ္ျဖစ္သည့္ အတြက္ မေၾကာက္သည့္တိုင္ စိုးရိမ္စိတ္ေတာ့ ရွိေနေသးသည္။
အစားအေသာက္ ခက္ခဲလာေသာ္လည္း ေဒသထြက္ စားစရာမ်ားေၾကာင့္ ခံသာခဲ့ေသး၏။ ေရထြက္ကုန္ ပစၥည္း ေပါမ်ားရာ ေဒသ ျဖစ္သည့္ အတြက္ ငါး၊ ပုဇြန္ တို႔ မရွားပါးလွေသးပါ။
" ၾကက္ၿခံရွိရင္ ၾကက္ဥသြားဝယ္ စားခဲ့ တာ။ ေနာက္ေတာ့ ဟိုနား ဒီနား သိမ္းတဲ့ သတင္းေတြ ၾကားရတယ္။ ငါတို႔ ရွိတဲ့ ၿမိဳ႕ေတာ့ မျဖစ္ေလာက္ပါဘူး ဆိုၿပီး အားတင္းရင္းေနခဲ့ၾကတာ" ဟု ၎က ေျပာျပသည္။
ထိုစဥ္က တိုက္ပြဲအေျခအေနမ်ားႏွင့္ ပတ္ သက္၍ ရခိုင္ျပည္နယ္မွ အျခားမိသားစုမ်ားနည္းတူ မေအာင္ေမတင္တို႔ မိသားစုသည္လည္း ႀကိဳတင္ျပင္ ဆင္မႈမ်ား လုပ္ထားခဲ့ၾကသည္။ အမ်ိဳးအေဆြမ်ားထဲ ကလည္း ရန္ကုန္သို႔ ႀကိဳသြားႏွင့္သူမ်ားရွိေနၿပီ ျဖစ္ သည္။
" ဂြၿမိဳ႕နယ္မွာ မိသားစုရွိတယ္ေလ။ သံတြဲ ကို တိုက္ပြဲေရာက္ရင္ မေစာင့္ေတာ့နဲ႔။ အေမ့ကို ေခၚၿပီး ရန္ကုန္သြားေတာ့လို႔ မိသားစုကို ေျပာထား တာ။ အေမက မသြားခ်င္ဘူး။ အေမ့ကို မေျပာနဲ႔လို႔ ညီမႏွစ္ေယာက္ကို ႀကိဳမွာထားတယ္။ အထုပ္ဆိုတာ လည္း အကုန္မဟုတ္ဘူး။ လိုအပ္မယ့္ ပစၥည္းေလာက္ ပဲေပါ့"ဟု ၎က ဆိုသည္။
ထို႔ေနာက္ ဂြၿမိဳ႕ကို တိုက္ပြဲမ်ား ေရာက္ လာခဲ့သည္။ ယခင္က ေအးခ်မ္းေနခဲ့ေသာ ေတာင္ ကုတ္ၿမိဳ႕ တြင္းမွာပင္ ၿမိဳ႕ျပင္မွ လက္နက္ႀကီးသံမ်ားကို စတင္ၾကားလာစ ျပဳေနၿပီ။ တစ္ေျဖးေျဖး ႏွင့္ လက္ နက္သံမ်ိဳးစုံတို႔ကို ၾကားရၿပီး မိုင္းဆြဲသံ၊ လက္နက္ ႀကီးသံ၊ လက္နက္ငယ္သံစသည္ျဖင့္ ခြဲျခားတတ္ လာကာ နားရည္ဝစ ျပဳလာသည္။
" လူေတြက အေရးေပၚ အထုပ္ေတြက ေတာ့ ထုပ္ေနၾကၿပီ။ ညဘက္က်ေတာ့ အသိတစ္ ေယာက္က ဖုန္းဆက္တယ္။ အေရးေပၚရင္ ေျပာၾကပါ ဆိုၿပီး ေျပာထားတာေလ။ အစ္မေရ အနားမွာ ေသနတ္ေတြ ပစ္ေနၿပီတဲ့။ ဒီေန႔ည သတိထား အိပ္ ပါတဲ့။ မီးကလည္း ပ်က္သြားတာ။ ကိုယ့္အနားမွာလို ေသနတ္ပစ္သံ စၾကားတယ္။ ေသနတ္ပစ္သံ နဲ႔ ဗုံးက် သံ မတူဘူးေလ" ဟု ထိုစဥ္က အေျခအေနကို ၎က ေျပာသည္။
ေသနတ္ပစ္သံမ်ား ၾကားသည္ႏွင့္ မေအာင္ေမတင္ ေနသည့္ အေဆာင္တြင္ အားလုံး အလန႔္တၾကား ျဖစ္ကုန္ၾကသည္။ ေျပးေပါက္ရွာထား ၿပီး ျဖစ္ေသာ္လည္း အမွန္တကယ္ ျဖစ္ခ်ိန္တြင္ မည္သူမွ် စိတ္မေအးႏိုင္ၾကပါ။ မိန္းကေလး မ်ားခ်ည္း ျဖစ္သည့္ အတြက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ရင္ အားကိုးရာမဲ့ေသာ စိတ္က ဝင္ခဲ့ေသးသည္။
" အတူတူေနၾကရင္း ခဏေနေတာ့ ဒီမွာ အိပ္လို႔ မျဖစ္ေတာ့ဘူးဆိုၿပီး တျခားေနရာကို ထပ္ ေျပာင္းၾကရတယ္။ ညတြင္းခ်င္းေပါ့။ ညဘက္ႀကီး ဆိုတာ့ ဘယ္မွလည္း မသြားတတ္ဘူး။ လူေတြရဲ႕ စိတ္ထဲမွာေတာ့ လန႔္ေနၾကတာ။ အဲဒီညကေတာ့ တစ္ညလုံးခ်တဲ့ အသံၾကားေနရတာပဲ။ အသံေတြ ကေတာ့ စုံေနတာ။ အနားကပ္ ခ်ေနသလိုပဲ။ အဲဒီလို နဲ႔ မိုးလင္းသြားတယ္" ဟု မေအာင္ေမတင္က ဆို သည္။
မိုးလင္းခ်ိန္ မည္သို႔ လုပ္ရမွန္း မသိေသာ မေအာင္ေမတင္တို႔ အမ်ိဳးသမီး တစုမွာ အလုပ္ ေနရာကို ေခတၱသြားကာ လူစုရင္းအခ်ိန္ကို ဆက္ လက္ေစာင့္ၾကရေတာ့သည္။ ထိုအခ်ိန္ အနီးတြင္ ေပါက္ကြဲသကဲ့သို႔ လက္နက္ႀကီးအသံကို ၾကားရ သည္။
" ခဏေလာက္လည္း ေနေကာ တစ္ ေယာက္က ဆိုင္ကယ္နဲ႔ အျမန္ေျပးသြားတာ။ ဘာျဖစ္ တာလည္းမသိဘူး ေျပးၿပီ ေျပးၿပီတဲ့။ အဲဒါနဲ႔ ဖုန္းလွမ္း ဆက္ေတာ့ ေတာင္ကုတ္ တကၠသိုလ္ထဲ ဗုံးက်တယ္ တဲ့။ ေတာ္ေသးတယ္။ အေသအေပ်ာက္ေတာ့ မရွိ ဘူး။ ခဏေနေတာ့ အသိကား လာေခၚတာနဲ႔ အ ေဆာင္က အထုပ္ အျမန္ယူၿပီး ဘုန္းႀကီးေက်ာင္းမွာ ခဏစုေနေပါ့" ဟု ထိုစဥ္က အေျခအေနကို ေျပာ သည္။
ႀကိဳတင္ေရာက္ႏွင့္ၾကသူမ်ား၊ လူႀကီးမ်ား ႏွင့္တိုင္ကာ ၿမိဳ႕အတြင္းမွ လုံၿခဳံသည့္ေနရာတြင္ ဆက္ေနမည္ေလာ သို႔မဟုတ္ ၿမိဳ႕က ခြာမည္ေလာဟု တိုင္ပင္ၾကသည္။ စိုးရိမ္စိတ္ ကိုယ္စီႏွင့္ နယ္ေျမ အေျခအေနက ထြက္ရန္ မလြယ္ေသးေၾကာင္း သိ လာရသည္။ ထိုမွတဆင့္ လုံၿခဳံမည္ထင္ရေသာ အသိ တစ္ေယာက္အိမ္တြင္ ေခတၱေနၿပီး တိုက္ပြဲ အေျခအ ေနမ်ားကို ဆက္လက္ ေစာင့္ၾကည့္ၾကရ၏။ ၿမိဳ႕တြင္ လည္း စိုးရိမ္မႈတို႔ ႀကီးစိုးေနၿပီ။ ၿမိဳ႕က ထြက္ခြာရန္မွာ လည္း ေျပာသေလာက္ မလြယ္သည့္ အေျခအေနမ်ိဳး ျဖစ္သည္။
" ေန႔တိုင္း ပ႒ာန္း႐ြတ္ၾကတယ္။ ဆု ေတာင္းၾကတယ္။ သြားဖို႔လည္း စီစဥ္ၾကတယ္ေပါ့။ အဲဒါနဲ႔ေနာက္ဆုံးမွာေတာ့ ကားရၿပီး ထြက္လာရတယ္။အထုပ္ကလည္း နည္းနည္းပဲ။ မွတ္ပုံတင္၊ ဘြဲ႕လက္ မွတ္ ဒါပဲ ပါတယ္။ တစ္ေနရာ ေရာက္ရင္ ကိုယ္ျပန္ၿပီး အလုပ္လုပ္လို႔ ရမယ့္ဟာေတြေပါ့" ဟု ၎က ဆို သည္။
ထိုစဥ္က ေတာင္ကုတ္တြင္ တပ္မေတာ္က ရွိၿပီး အျပင္တြင္ AA ရွိေနရာ အခ်ိန္တိုအတြင္း နယ္ေျမႏွစ္ခုကို ျဖတ္ရသည္ကဲ့သို႔ ရွိသည္။ တိုက္ပြဲ ကာလျဖစ္ရာ စိုးရိမ္မႈက အထြဋ္အထိပ္တြင္ ေရာက္ ေနၿပီ။ မိန္းမသားမ်ားခ်ည္း ျဖစ္ၾကၿပီး ယာဥ္ေမာင္းသာ အမ်ိဳးသားျဖစ္ေလရာ အားလုံးကို ေတြးပူေနရၾက သည္။ " ရင္တထိတ္ထိတ္ နဲ႔ မွားယြင္းၿပီးမ်ား ပစ္မလား ပစ္မလားေပါ့။ ျမင္ကြင္းကလည္း ေျခာက္ ကပ္ေနတာ။ အားလုံးကလည္း ေၾကာက္စိတ္ကိုယ္ စီနဲ႔"ဟု မေအာင္တင္ေမက မွတ္မွတ္သားသား ေျပာျပသည္။
ပထမဆုံး အခက္အခဲမွာ ဖုန္းလိုင္း ျပတ္ ေတာက္သြားျခင္း ျဖစ္သည္။ ေတာင္ကုတ္မွ ထြက္ လာသည္ကိုလည္း မိသားစုထံ အေၾကာင္းၾကားခ်ိန္ မရ။ လမ္းအေျခအေနႏွင့္ ပတ္သက္၍ ေမးျမန္းရန္ အတြက္လည္း ဖုန္းလိုင္း မိေသာ ေနရာက အေရးေပၚ လိုအပ္လာသည္။ " ဖုန္းဆက္ခ်င္ေတာ့ အနားက ႐ြာေတြကို ဖုန္းလိုင္း ဘယ္နားမိလည္း ေမးရတယ္။ ေတာင္ေပၚေတြတက္ၿပီး ဖုန္းေတြ ပတ္ဆက္ရ တယ္" ဟု ၎က ဆိုသည္။ ထိုစဥ္က မေအာင္ေမ တင္တို႔ ဖုန္းလိုင္းရသည္တိုင္ မိသားစုရွိေသာ ေက်း ႐ြာမွာ ဖုန္းလိုင္း မမိေခ်။ ထို႔ေၾကာင့္ မိသားစုကို အသိ ေပးရန္ အခက္ေတြ႕ရျပန္သည္။
လမ္းပိုင္း အေျခအေနမွာ AA ထိန္းခ်ဳပ္ နယ္ေျမအတြင္းျဖစ္ေနၿပီး ဂိတ္မ်ားကို ျဖတ္ရသည္ ကလည္း ရင္တထိတ္ထိတ္ ရွိလွသည္။ စစ္ေဆးေမး ျမန္းသံမ်ားကလည္း နားအတြင္း သံခြၽန္ျဖင့္ အထိုးခံ လိုက္ရ သကဲ့သို႔ တုန္တုန္သြားရသည္ဟု ဆိုသည္။
ထို႔ျပင္ မေအာင္ေမတင္ စိတ္အတြင္း ယခု ထက္တိုင္ အေႂကြးတင္ေနေသာ ကိစၥတစ္ခုရွိေနေၾကာင္း ေျပာ ျပသည္။
" ကားသမားကိုလည္း ျပန္မလာေတာ့နဲ႔ မွာလိုက္တာတဲ့။ အဲဒါကို လမ္းက်မွ သိတာ။ ဟိုမွာ က်န္ခဲ့တဲ့သူေတြကိုေတာ့ ကားျပန္လႊတ္လိုက္မယ္လို႔ ေျပာခဲ့တာေလ။ ဘာလို႔လည္း ဆိုေတာ့ အတူတူ သြားခ်င္လို႔။ က်န္ခဲ့တဲ့သူေတြက သူတို႔ကို ထားခဲ့တယ္ ထင္မွာပဲ"ဟု မေအာင္ေမတင္က ဝမ္းနည္းသံျဖင့္ ဆိုသည္။ ထို႔ေနာက္ ဆက္သြားမရေတာ့ပဲ လမ္းတြင္ ညအိပ္ရန္ အေၾကာင္းဖန္လာသည္။ သြား႐ိုးလမ္းမွ မဟုတ္ပဲ အနီးဆုံး သံတြဲ အထိသြား၊ ထိုမွ တဆင့္ ဂြသို႔ ျဖစ္သည့္ နည္းျဖင့္ ေရာက္ေအာင္ သြားရန္ ႀကိဳးစားခဲ့ၾကျခင္း ျဖစ္သည္။
" ပစၥည္းေတြေတာ့ ပါၾကတာေပါ့။ ဒါ ေၾကာင့္ ကြၽန္မက အႀကီးဆုံးဆိုတာ့ ကဲအိပ္ၾက။ အစ္မအရင္ ကင္းေစာင့္မယ္ ဆိုၿပီး တစ္ညလုံး နီးပါး မအိပ္ပဲ ေစာင့္။ မနက္ မိုးလင္းခါနီးမွ လူလဲၿပီး ခဏ အိပ္လိုက္တာ" ဟု မေအာင္ေမတင္က ဆိုသည္။
ယင္းအေျခအေနသည္ ယခုေျပာခ်ိန္တြင္ သာ လြယ္ေသာ္လည္း ထိုစဥ္က အေျခအေနမွာ စကားျဖင့္ပင္ မေျပာျပတတ္ဟု ၎က ေျပာသည္။
" အခုမွ ေျပာေတာ့သာ လြယ္တာေလ။ လမ္းမွာ ဘာ ျဖစ္မလဲ၊ ဘာျဖစ္မလဲဆိုၿပီး စိတ္ကို လုံးလုံး မက်ဘူး။ အိပ္ၿပီးေနာက္ေန႔ ဆက္သြားဖို႔က်ေတာ့လည္း သြား မရဘူးဆိုလို႔ စိတ္ကပူ၊ ဘာလုပ္ရမွန္းမသိ အကူအ ညီေတြ ေတာင္းရတာ။ စစ္ေဆးရင္လည္း လန႔္ေန တာ။ ေျခဖ်ား၊ လက္ဖ်ားေတြ ေအးေနတာ။ ကိုယ့္ ႏွလုံးခုန္သံ ကိုယ္ျပန္ၾကားရတယ္ ဆိုတာ အဲဒီတုန္းမွ တကယ္ႀကဳံရတာ။ သံတြဲေရာက္ေတာ့မွ တခါ စိတ္က ေအးတာေပါ့" ဟု ထိုစဥ္က အေျခအေနကို မေအာင္ေမတင္က ေျပာသည္။
သံတြဲေရာက္ေသာ္လည္း ပူပန္စိတ္က တိုးရေသးသည္။ ဂြၿမိဳ႕နယ္ အတြင္းက ႐ြာသို႔ ျပန္ ေရာက္ရန္ လုံးပန္းရျပန္၏။ စိုးရိမ္စိတ္ ထပ္တက္ ရေသာ အခ်ိန္မ်ား ျဖစ္ေသာ္လည္း မေအာင္တင္ေမ ကံေကာင္းခဲ့သည္။ စစ္ေဘးေရွာင္မ်ား ရွိေနသည္ ျဖစ္ရာ လမ္းသင့္သျဖင့္ ႐ြာသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္သြားေတာ့သည္။ ပို၍ ကံေကာင္းသည့္ အခ်က္က မေအာင္ေမတင္ မိသားစုႏွင့္ ေတ့လြဲ မလြဲ သြားခဲ့ျခင္းပင္။
" ကြၽန္မ ျပန္ေရာက္တဲ့ေန႔ ၿပီးရင္ ေနာက္ ေန႔ဆို မိသားစုက ရန္ကုန္သြားေတာ့မွာ။ ေတာ္ေသး တယ္။ မသြားခင္ညမွာ အိမ္ျပန္ေရာက္သြားတယ္ " ဟု မေအာင္ေမတင္က ဆိုသည္။
အိမ္ျပန္ေရာက္သြားခ်ိန္မွ မေအာင္ေမတင္ စိတ္ကို လႊတ္ခ်ႏိုင္ေတာ့သည္။ ထိုအခါ စိတ္ပင္ပန္း၊ လူပင္ပန္းျဖင့္ ရန္ကုန္သို႔ ဆက္သယ္သြားမည့္ အ ထုပ္မ်ားကိုပင္ မျပင္ဆင္ႏိုင္ေတာ့။ မိသားစုက ေဆာင္႐ြက္သည္ကို ထိုင္ၾကည့္႐ုံသာ တတ္ႏိုင္ေတာ့ သည္။ လြတ္ေျမာက္ရန္နီးၿပီဆိုေသာ စိတ္က လန္း ဆန္းေစေသာ္လည္း ေရွ႕ခရီးအတြက္ စိတ္ေမာလူေမာ အေျခအေနမ်ိဳးေတာ့ ရွိေသးသည္။ ပန္တိုင္းသို႔ မေရာက္ေသးေပ။
" ကားငွားတာက ဆယ္သိန္းေပးရတယ္။ လမ္းမွာလည္း အစစ္အေဆးက မ်ားလိုက္တာမွ။ ဒါေပမဲ့ ေဘးကင္းတဲ့ေနရာေရာက္တဲ့ အခါမွာေတာ့ စိတ္ဒုံးဒုံးခ်ႏိုင္သြားတာ" ဟု ၎က ဆိုသည္။
လက္ရွိတြင္မေအာင္ေမတင္ကား ရန္ကုန္ သို႔ ေရာက္ေလၿပီ။ သို႔ေသာ္ ပါလာေသာ အဝတ္ထုပ္ မ်ားႏွင့္ ေ႐ႊတိုေ႐ႊစမ်ားသာ က်န္ေတာ့သည္။ ရခိုင္ ျပည္နယ္တြင္ က်န္ခဲ့ေသာ ပစၥည္းမ်ားကား ကုန္ ေလၿပီ။ " အကုန္ အခိုးခံရတာ။ ကြၽန္မ အိမ္က အိမ္ႀကီးအိမ္ေကာင္းေလ။ အကုန္ ခိုးခံရတာ။ ဘာမွ မက်န္ေတာ့ဘူး " ဟု မေအာင္ေမတင္က ဆိုသည္။
ရခိုင္ျပည္နယ္သို႔ ျပန္လိုပါသလား ဟု ေမးျမန္းရာ " ေခတ္ေကာင္းမွေပါ့ " ဟု ခပ္တိုးတိုးဆိုသည္။ မည္ သည့္ အခ်ိန္ဟူ၍ကား စာေရးသူလည္း မေအာင္ ေမတင္ကို မေျပာျပတတ္ပါ။ က်ယ္ျပန႔္ေစရန္ ေဆာင္႐ြက္ေနေသာ္လည္းေဈးႏႈန္း က အဟန႔္အတား ျဖစ္ေန
သန႔္ဇင္ (NP News) - မတ္လ ၁၁
ယာဥ္ေမာင္းသင္တန္းေပးရာတြင္ Driving Simulator ျဖင့္ ကားေမာင္းသင္ျခင္းကို က်ယ္ျပန႔္ေစရန္ေဆာင္႐ြက္ေနေသာ္လည္း ေဈးႏႈန္း က အဟန႔္အတားျဖစ္ေနေၾကာင္း နည္းပညာပိုင္း ကြၽမ္းက်င္သူတစ္ဦးက NP News သို႔ေျပာၾကားခ်က္အရသိရသည္။
ျမန္မာႏိုင္ငံတြင္ Driving Simulator အသုံးျပဳမႈကို (၂၀၁၈)ခုႏွစ္ဝန္းက်င္ကပင္ စတင္ခဲ့ ေသာ္လည္း ယခင္က Gaming သေဘာမ်ိဳးသာရွိခဲ့ ရာLearning ပုံစံသို႔ အျပည့္အဝေျပာင္းလဲရန္ ႀကိဳး ပမ္းေနၾကေၾကာင္း ၎ကေျပာသည္။
" တကယ္တမ္း Driving Simulator စတာကေတာ့ ျမန္မာႏိုင္ငံမွာက (၂၀၁၈) ေလာက္ တည္းကေပါ့။ အမ်ားစုက Driving Hour အတြက္ ေပါ့ေနာ္။ ကားမေမာင္းတတ္တဲ့လူေတြအတြက္ သင္ ေပးတဲ့သေဘာသုံးတာေပါ့။ ပုံမွန္ Gaming သေဘာ ကေန Learning သေဘာလုပ္မယ္ဆိုေတာ့ ေတာ္ ေတာ္ကိုအခ်ိန္ယူရတာရွိတယ္။ သုံးတဲ့အေပၚမွာမူ တည္ၿပီးလုပ္သြားၾကတာေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက အရင္က ဒီ Culture ကိုမမိဘူးေလ။ အဲဒီေတာ့ တစ္စတစ္စယူလာရတာေပါ့။ ယူလာၿပီး အခုလို Social Media ေခတ္ေရာက္လာတဲ့အခါမွာ ဒီ ပစၥည္းေတြက ဒီလိုေတြပါဆိုတာသိကုန္ၾကတာေပါ့"ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
လက္ရွိတြင္ YBPC ကုမၸဏီတြင္ Simulator(၂)လုံးျဖင့္ စတင္သင္ၾကားေပးေနၿပီး တစ္လ လွ်င္ သင္တန္းတစ္ခုႏႈန္းျဖင့္ ေအာင္ျမင္စြာ ေလ့က်င့္ ေပးခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။
" အခုေတာ့ ဒီႏွစ္ထဲမွာ YBPC ေပါ့။ ဒီကုမၸ ဏီကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီကို Simulator (၂) လုံးမွာထားတာရွိတယ္။ ကြၽန္ေတာ္တို႔လည္း ဆင္ေပး ခဲ့ၿပီးၿပီ။ (၂၀၂၅) ခုႏွစ္ (၁၂) လပိုင္းတည္းက သူတို႔ ကိုေရာင္းေပးႏိုင္ခဲ့တာဆိုေတာ့ သူတို႔လည္း စၿပီးေတာ့ Training ေပးေနၿပီေပါ့။ သင္တန္းကာလလည္း တစ္လကို သင္တန္းတစ္ခုသင္တာဆိုေတာ့ အနည္းဆုံး မရွိဘူးဆိုရင္ သင္တန္း (၄)ခုေလာက္ေတာ့ ေပးၿပီး ၿပီေပါ့" ဟု ၎ကဆက္ေျပာသည္။
သို႔ေသာ္လည္း Driving Simulator တစ္စုံလုံး အၿပီးအစီးတပ္ဆင္ရန္ သိန္း(၁၂၀)ဝန္း က်င္အထိကုန္က်ႏိုင္သျဖင့္ သင္တန္းေက်ာင္းအ ေသးစားမ်ားအတြက္ ဝယ္ယူရန္ ေဈးႏႈန္းႀကီးျမင့္မႈႏွင့္ ႀကဳံေတြ႕ေနရေၾကာင္းလည္း ၎ကဆိုသည္။
" ေဈးႏႈန္းကေတာ့ ဒီဘက္ေခတ္ရဲ႕ သေဘာသဘာဝအရ ေဈးကမ်ားတယ္။ မ်ားလို႔လည္း ယာဥ္ေမာင္းသင္တန္းကုမၸဏီအေသးေတြက ဝယ္ တပ္ဖို႔စိတ္ကူးမရွိၾကတာေပါ့။ Driving Gear တစ္လုံးတည္းတင္ သိန္း(၃၀)ဝန္းက်င္ရွိတယ္။ ေနာက္ၿပီး Driving Computer တစ္လုံးတင္ သိန္း (၄၀) ဝန္းက်င္ရွိတာကိုး။ အဲဒီလိုဆိုေတာ့ ဒီ (၂) ခုတင္ပဲ သိန္း(၇၀)ဝန္းက်င္သြားတာကိုး။ အဲဒီ လိုဆိုေတာ့ (၇၀) ေလာက္သြားမယ့္အတူတူ ဝယ္သုံး မယ္ဆိုလည္း မရွိေတာ့ဘူးေပါ့။ အဲဒီမွာပဲ TV ျဖစ္တဲ့ Monitor ပါထပ္တပ္လိုက္ရင္ သိန္း (၂၀)ေလာက္ ထပ္ေပါင္းထည့္ၿပီး သိန္း(၉၀)ေလာက္သြားၿပီ။ အဲဒါထိုင္ခုံမပါဘူး။ အဲဒီမွာ အကုန္လုံးဆင္လိုက္ရင္ သိန္း(၁၂၀)ဝန္းက်င္ေလာက္သြားေရာ။ အဲဒီမွာပဲ ဩညငအသမ ေကာင္းရင္ေကာင္း သလိုထပ္ကြဲေသး တယ္"ဟု ၎ကေျပာသည္။
သို႔ေသာ္လည္း Monitor ျဖင့္ (၃) နာရီ ေလ့က်င့္ျခင္းသည္ ကားျဖင့္(၁)နာရီ ေမာင္းႏွင္ ေလ့က်င့္ျခင္းႏွင့္တူညီေသာေၾကာင့္ ကားအစီးေရ မေလာက္ငသည့္ျပႆနာကိုေျဖရွင္းႏိုင္ၿပီး ကား ပ်က္စီးမႈကိုလည္း ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း ၎က အႀကံျပဳသည္။
" ကားေမာင္းေလ့က်င့္တဲ့အခါမွာ ကိုယ့္ ကားကိုလည္းအနာမခံေစခ်င္ဘူးေပါ့။ ေဈးလည္း သက္သာေစခ်င္တယ္ဆိုရင္ ဒီဟာနဲ႔ အရင္ေလ့က်င့္ေပါ့။ ေလ့က်င္ၿပီးမွ တကယ့္ကားနဲ႔ ေလ့က်င့္တဲ့အခ်ိန္မွာ ဥပမာ Driving Simulator နဲ႔ (၃) နာရီ ေလာက္ေလ့က်င့္ၿပီးတဲ့အခ်ိန္မွာ တကယ့္ကားနဲ႔ (၁) နာရီေလာက္ေလ့က်င့္တာနဲ႔အတူတူပဲ။ အဲဒီလိုသြား က်တယ္။ အဲဒီလိုမ်ိဳးေပါ့။ ေမာင္းရဲတာ မေမာင္းရဲ တာကေတာ့ လူစိတ္ေပါ့"ဟု ၎ကအႀကံျပဳထားသည္။