အီရန်၏ လျှို့ဝှက်နျူကလီးယားစခန်း တိုက်ခိုက်ခံရသည့် ဂြိုဟ်တုဓာတ်ပုံသစ်များ ထွက်ပေါ်လာ

1507

ဂျန်ဇက်(NP News) - မတ် ၁၂
အီရန်နိုင်ငံ တီဟီရန်မြို့၏ အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာရှိ ပါချင် (Parchin) စစ်ဘက်ဆိုင်ရာဝင်းအတွင်းမှTaleghan 2ဘန်ကာသည် လေကြောင်းမှတိုက်ခိုက်မှုကိုတိုက်ရိုက်ထိမှန်ထားကြောင်းအမေရိကန် ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော Vantor က ဖော်ပြထားသည်။အဆိုပါဓာတ်ပုံများတွင် သံကူကွန်ကရစ်များဖြင့် အထပ်ထပ် အခိုင်အမာ တည်ဆောက်ထားသည့် ဘန်ကာ၏ အမိုးပေါ်တွင် ကြီးမားသော ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့်အပေါက်ကြီး ၃ ခုကို တွေ့မြင်ရကြောင်းသိရသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ Taleghan 2 သည် အီရန်၏ နျူကလီးယားလက်နက် စမ်းသပ်မှုသမိုင်းတွင် အဓိကကျသော နေရာတစ်ခုဖြစ်ပြီး နျူကလီးယားဗုံးကိုစတင်ပေါက်ကွဲစေမည့်စနစ် များအတွက် လိုအပ်သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို သုတေသနပြုသည့် နေရာဖြစ်ကြောင်းသိရသည်။မြေအောက်တွင် အခိုင်အမာ တည်ဆောက်ထားပြီး ၂၀၂၅ ခုနှစ် မေလကတည်းက လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရန် ကွန်ကရစ်အလွှာများ၊ မြေကြီးအလွှာများဖြင့် အထပ်ထပ် ဖုံးအုပ်ကာ အဆင့်မြှင့်တင်ထားသည့် နေရာဖြစ်ကြောင်းသတင်များလည်းထွက်ပေါ်နေသည်။အမေရိကန်သည် အဆိုပါနေရာကိုတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်စနစ်ကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးသော်လည်း၊ ပေါက်ကွဲမှုပုံစံနှင့် ပျက်စီးမှုအခြေအနေမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက အီရန်နိုင်ငံအပေါ် ပြုလုပ်ခဲ့ဖူးသည် စစ်ဆင်ရေး Operation Midnight Hammer နှင့် ပုံစံမျိုး ဆင်တူနေရာအမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များက GBU-57/B (Massive Ordnance Penetrator) ဟုခေါ်သော "ဘန်ကာဖောက်ဗုံး" များကို အသုံးပြုတိုက်ခိုက်ဖွယ်ရှိနေကြောင်း သိရသည်။အမေရိကန်သည် Operation Midnight Hammer စစ်ဆင်ရေးတွင် အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များက GBU-57/B (Massive Ordnance Penetrator) ဟုခေါ်သော "ဘန်ကာဖောက်ဗုံး" များကို အသုံးပြု၍ နာတန့်ဇ် (Natanz) နှင့် ဖော်ဒို (Fordow) နျူကလီးယားစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။အီရန်နိုင်ငံသည် အဆိုပါစခန်းကို အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ပြီး ခုခံကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုတိုက်ခိုက်မှုကြောင့် Taleghan 2 စခန်း လည်ပတ်မှု လုံးဝရပ်ဆိုင်းသွားခြင်း ရှိ၊ မရှိကိုမူ ဆက်လက်စောင့်ကြည့်ဖွယ်ရှိနေသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ်ပြုလုပ်သည့် စစ်ဆင်ရေးကာလအတွင်း အီရန်၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေကြောင်းသိရသည်။

Zawgyi Version:
အီရန္၏ လွ်ိဳ႕ဝွက္န်ဴကလီးယားစခန္း တိုက္ခိုက္ခံရသည့္ ၿဂိဳဟ္တုဓာတ္ပုံသစ္မ်ား ထြက္ေပၚလာ
ဂ်န္ဇက္(NP News) - မတ္ ၁၂
အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၃၀ ကီလိုမီတာခန႔္အကြာရွိ ပါခ်င္ (Parchin) စစ္ဘက္ဆိုင္ရာဝင္းအတြင္းမွTaleghan 2ဘန္ကာသည္ ေလေၾကာင္းမွတိုက္ခိုက္မႈကိုတိုက္႐ိုက္ထိမွန္ထားေၾကာင္းအေမရိကန္ ကာကြယ္ေရး ေထာက္လွမ္းေရးေအဂ်င္စီတစ္ခုျဖစ္ေသာ Vantor က ေဖာ္ျပထားသည္။အဆိုပါဓာတ္ပုံမ်ားတြင္ သံကူကြန္ကရစ္မ်ားျဖင့္ အထပ္ထပ္ အခိုင္အမာ တည္ေဆာက္ထားသည့္ ဘန္ကာ၏ အမိုးေပၚတြင္ ႀကီးမားေသာ ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာသည့္အေပါက္ႀကီး ၃ ခုကို ေတြ႕ျမင္ရေၾကာင္းသိရသည္။ ကြၽမ္းက်င္သူမ်ား၏ အဆိုအရ Taleghan 2 သည္ အီရန္၏ န်ဴကလီးယားလက္နက္ စမ္းသပ္မႈသမိုင္းတြင္ အဓိကက်ေသာ ေနရာတစ္ခုျဖစ္ၿပီး န်ဴကလီးယားဗုံးကိုစတင္ေပါက္ကြဲေစမည့္စနစ္ မ်ားအတြက္ လိုအပ္ေသာ ေပါက္ကြဲေစတတ္သည့္ ပစၥည္းမ်ားကို သုေတသနျပဳသည့္ ေနရာျဖစ္ေၾကာင္းသိရသည္။ေျမေအာက္တြင္ အခိုင္အမာ တည္ေဆာက္ထားၿပီး ၂၀၂၅ ခုႏွစ္ ေမလကတည္းက ေလေၾကာင္းတိုက္ခိုက္မႈဒဏ္ကို ခံႏိုင္ရန္ ကြန္ကရစ္အလႊာမ်ား၊ ေျမႀကီးအလႊာမ်ားျဖင့္ အထပ္ထပ္ ဖုံးအုပ္ကာ အဆင့္ျမႇင့္တင္ထားသည့္ ေနရာျဖစ္ေၾကာင္းသတင္မ်ားလည္းထြက္ေပၚေနသည္။အေမရိကန္သည္ အဆိုပါေနရာကိုတိုက္ခိုက္ရာတြင္ အသုံးျပဳသည့္ လက္နက္စနစ္ကို တရားဝင္ ထုတ္ျပန္ျခင္းမရွိေသးေသာ္လည္း၊ ေပါက္ကြဲမႈပုံစံႏွင့္ ပ်က္စီးမႈအေျခအေနမွာ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဇြန္လအတြင္းက အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ခဲ့ဖူးသည္ စစ္ဆင္ေရး Operation Midnight Hammer ႏွင့္ ပုံစံမ်ိဳး ဆင္တူေနရာအေမရိကန္၏ B-2 ဗုံးႀကဲေလယာဥ္မ်ားက GBU-57/B (Massive Ordnance Penetrator) ဟုေခၚေသာ "ဘန္ကာေဖာက္ဗုံး" မ်ားကို အသုံးျပဳတိုက္ခိုက္ဖြယ္ရွိေနေၾကာင္း သိရသည္။အေမရိကန္သည္ Operation Midnight Hammer စစ္ဆင္ေရးတြင္ အေမရိကန္၏ B-2 ဗုံးႀကဲေလယာဥ္မ်ားက GBU-57/B (Massive Ordnance Penetrator) ဟုေခၚေသာ "ဘန္ကာေဖာက္ဗုံး" မ်ားကို အသုံးျပဳ၍ နာတန႔္ဇ္ (Natanz) ႏွင့္ ေဖာ္ဒို (Fordow) န်ဴကလီးယားစခန္းမ်ားကို တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။အီရန္ႏိုင္ငံသည္ အဆိုပါစခန္းကို အႀကိမ္ႀကိမ္ ျပန္လည္တည္ေဆာက္ၿပီး ခုခံကာကြယ္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ယခုတိုက္ခိုက္မႈေၾကာင့္ Taleghan 2 စခန္း လည္ပတ္မႈ လုံးဝရပ္ဆိုင္းသြားျခင္း ရွိ၊ မရွိကိုမူ ဆက္လက္ေစာင့္ၾကည့္ဖြယ္ရွိေနသည္။ အေမရိကန္ႏွင့္ အစၥေရးတို႔သည္ အီရန္ႏိုင္ငံအေပၚျပဳလုပ္သည့္ စစ္ဆင္ေရးကာလအတြင္း အီရန္၏ န်ဴကလီးယားႏွင့္ ဒုံးက်ည္အစီအစဥ္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္လ်က္ရွိေနေၾကာင္းသိရသည္။